မင်းကိုအဖော်ပြုပေးဖို့ပြန်လာတာ
Vol. 011 Ch. 1047
“မင်းအခုထိ ကုန်တောင်ကြားကလူတွေနဲ့ အဆက်အသွယ်ရှိတုန်းပဲ လား” လျန်ဝူမင်သည် အံ့အားသင့်စွာမေးလိုက်သည်။
“ဟုတ်ပါတယ်” ရှီမာယူယူ ဆက်ပြောလေသည် “ကျွန်တော်တို့ တပည့် အလစ်ချောင်းတိုက်ခံရတဲ့နေ့က အဲနေရာမှာ ကုန်တောင်ကြားအဖွဲ့ဝင်ရှိနေ တယ်ဆိုလို့ လျှို့ဝှက်ပြီးစုံစမ်းခိုင်းထားတာ၊ အဲနေ့ကို သူတို့မှာလည်း ပြဿနာ ဖြစ်နေတယ် အဲဒါကြောင့် ကျွန်တော် ကြားဝင်ဖျန်ဖြေပေးဖို့ လူတစ်ယောက် ကို အကူအညီတောင်းထားတယ်”
“အဲလူ ကြားဝင်ဖျန်ဖြေတာ အောင်မြင်ပါ့မလား” ရင်ဘိုင်ချွန်းသည် စိုးရိမ်စွာမေးလေသည်။
ဒီပြဿနာသာမဖြေရှင်းနိုင်လျှင် နောင်တစ်ချိန် အင်အားကြီးနှစ်ခုလုံး ရန်သူဖြစ်ချိန်မှ ညှိနှိုင်းရန်ပိုခက်သွားမည်။
“မစိုးရိမ်ပါနဲ့ ကုန်တောင်ကြားမှာ သူ့ရာထူးကမြင့်ပါတယ်” ရှီမာယူယူ ဆက်ပြောလိုက်သည် “အဲဒါကြောင့် ကုန်တောင်ကြားကိစ္စကို စိုးရိမ်ဖို့မလိုပါ ဘူး”
“ကျေးဇူးတင်ပါတယ် ယူယူ”
“ရပါတယ် ဆရာဦးလေး ဆရာဦးလေးကအခုရက်ပိုင်းအလုပ်များနေ တာကို ကျွန်တော်ကလည်း တောင်ကြားအတွက် ဘာမှမကူညီပေးနိုင်ခဲ့ဘူး အခုချိန်မှာ တစ်ခုခုတော့လုပ်ပေးရမှာပဲလေ”
“အတွင်းပိုင်းဒေသဝင်ပါလာရင် ဒီပြဿနာက လွယ်လွယ်နဲ့ဖြေရှင်းလို့ မရတော့ဘူး” ရင်ဘိုင်ချွန်း ပြောလိုက်သည်။
သူတို့သည် တိမ်ပင်လယ်မြို့မှပြဿနာ အကြောင်းအရင်းကိုပင် ရှာမတွေ့ခဲ့ရာ ဒီတစ်ခေါက်တွင်လည်း ရှာမတွေ့နိုင်ဟု ခန့်မှန်းထားကြသည်။
“ကျွန်တော်ထင်တာတော့ အခုကျွန်တော်တို့လက်ရှိ ဦးစားပေးလုပ်ရမှာ က ဘယ်သူလုပ်တယ်ဆိုတာကို စစ်ဆေးဖို့မဟုတ်ဘူးထင်တယ်၊ အတွင်းပိုင်း ဒေသက အင်အားကြီးတွေနဲ့ ပတ်သတ်နေတယ်ဆိုတော့ စစ်ဆေးဖို့က ခက် သွားမယ်” ရှီမာယူယူ ဆက်ပြောလေသည် “အခု ကျွန်တော်တို့လုပ်ရမှာက လက်ရှိ ဘေးကျပ်နံကျပ်ကိစ္စကိုဘယ်လိုဖြေရှင်းမလဲဆိုတာပဲ သူတို့ကို လမ်း မပေါက်စေရဘူး”
“မင်းပြောတာမှန်တယ် ငါတို့အာရုံစိုက်ရမှာကို လှုပ်ရှားဖို့လိုတယ်” လျန်ဝူမင် ပြောလိုက်သည် “ဒါကိုအသေးစိတ်ဆွေးနွေးဖို့လိုတယ်”
ရှီမာယူယူသည် ထိုကိစ္စပြီးနောက်တွင် ဝင်မပါဖြစ်တော့ပေ။ သူမတွင် အံ့ဖွယ်နတ်ဆိုးတောင်ကြားရှိ အရာအားလုံးကို စောင့်ကြည့်နေသော နီရဲပျား များရှိသော်လည်း ပြိုင်ဘက်သည် သူတို့၏ လှုပ်ရှားမှုကို သိထားသည့်ပုံပင်။ ထို့ကြောင့် သူတို့သည် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ တာဝန်ရှိသူ အသတ်ခံ ရသည်မှလွဲပြီး မည်သည့်လှုပ်ရှားမှုမှမလုပ်ပေ။
ထိုအချိန်တွင် သူတို့သည် အသုံးဝင်သည့်သတင်းမရပေ။ သို့သော် အံ့ဖွယ်နတ်ဆိုးတောင်ကြား၏ သူလျှိုကို သူတို့အတည်ပြုပြီးလေသည်။ ထို့နောက်တွင် ကိစ္စတစ်ခုလုံးသည် ထိုအတိုင်းသာဆက်သွားလေသည်။
သူတို့သည် ကိစ္စ၏နောက်ကွယ်မှ အမှန်တရားကိုစစ်ဆေးပြီး ရန်ငြိုးများ ကိုဖြေရှင်းသည်။ တခြားသောအင်အားကြီးများနှင့် ရန်ငြိုးရှိရန်မဖြစ်ပေ။ အရာအားလုံးကို သူမ ကိုင်တွယ်ရန် မလိုအပ်ပေ။ ထို့ကြောင့် သူမ ထပ်မံ ပျင်းရိလာသည်။ သူမသည် ဘာမှလုပ်စရာမရှိချိန်တွင် ဒဏ်ရာရထားသူများ ဆီသို့သွားကာ ကြည့်ပေးသည်။
“ကောင်းကောင်း သက်သာလာပြီပဲ” ရှီမာယူယူသည် ယွန်ယိ၏ ကျန်းမာရေးကို စစ်ဆေးရင်းပြံုးလိုက်သည်။
ယွန်ယိသည် ပြံုးပြီး သူ့လက်ကိုရွေ့လိုက်သည်။ သူ အားအင်ကို ခံစား မိသည်။
“ကျေးဇူးတင်ပါတယ်၊ သခင်လေးသာ ခန္ဓာကိုယ်လုပ်ဆောင်မှု လည်ပတ်ဖို့အတွက် ငွေအပ်စိုက်ကုထုံးနဲ့သာလုပ်မပေးဘူးဆိုရင် ကျွန်တော် တော့ မသန်မစွမ်းဖြစ်နေလောက်ပြီ” သူသည် သူမကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။
“မင်းတို့ကိုကူညီနေရတာနဲ့တင် ပျော်နေပြီလို့ပဲပြောနိုင်သေးတယ်” ရှီမာယူယူ ဆက်ပြောလေသည် “ဒါပေမဲ့ ဒါကလည်း ကျွန်တော်လုပ်နိုင်သမျှ ပဲ တခြားသူတွေအတွက်ကတော့ ကျွန်တော်လုပ်နိုင်တာထက် ကျော်လွန် နေတယ်၊ သူတို့ကိုကြည့်ပဲကြည့်နေနိုင်တယ်….”
“သခင်လေးက ခြေတွေလက်တွေမှာ ကျိုးသွားတဲ့အကြောတွေကို ကုသပေးထားတာပဲ အကုန်လုံးက တောင်ကြားသခင်လေးကိုကျေးဇူးတင် နေကြတာ” ယွန်ယိ၏အသံသည် နာကျင်သည့်ပုံပေါက်နေသည် “ကိုယ့်ကိုယ် ကိုအပြစ်မတင်ပါနဲ့ ခြေလက်ကျိုးသွားတဲ့သူတွေကို ပြန်ကောင်းအောင်ကျ လည်းမလုပ်နိုင်ဘူးလေ အဲဒါတောင်ကြားသခင်လေးအမှားမဟုတ်ပါဘူး”
“အင်း” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူမသည် တချို့သော သူတို့အတွက် အမှန်တကယ်ပင် အကူအညီမဖြစ်ပေ။ “သြော် ဟုတ်သားပဲ အကဲဖြတ်ပြိုင်ပွဲက နောက်ဆုတ်ထားတယ် ကောင်းကောင်းပြင်ဆင်ထားပေါ့”
“အကဲဖြတ်ပွဲကို ဆက်လုပ်မှာလား” ယွန်ယိအံ့သြသွားလေသည်။ ထို ပြဿနာများကြောင့် တောင်ကြားသည် အကဲဖြတ်ပွဲကိုဆက်မလုပ်ဟု သူ ထင်ထားခဲ့သည်။
“ဟုတ်တယ် ပြဿနာကိုဘယ်သူမှရှာမတွေ့တော့ တောင်ကြားက ပုံမှန်အတိုင်း လှုပ်ရှားမှုတွေလုပ်သွားမယ်လို့ ဆုံးဖြတ်လိုက်တယ်” ရှီမာယူယူ ဆက်ပြောလေသည် “ဒါပေမဲ့ ရက်အတိအကျကိုမသတ်မှတ်ရသေးပါဘူး မင်းတို့ ပြန်ကောင်းလာမယ့်အချိန်ကိုစောင့်နေတာ”
“အခုကို ကျွန်တော်ပြန်ကောင်းနေပါပြီ တခြားသူတွေလည်း အတူတူပဲ နေမှာပါ” ယွန်ယိ ဆက်ပြောလေသည် “အကဲဖြတ်ပွဲကနီးလာမှတော့ အရှိန် ပျက်လို့မရတော့ဘူး လေ့ကျင့်ရမယ့်အချိန်ရောက်ပြီပဲ”
“အမှန်ပဲ ဒါပေမဲ့ ကိုယ့်ကိုယ်ကို အရမ်းမတင်းကြပ်နဲ့ လေ့ကျင့်တာနဲ့ နားတာကို ညီမျှအောင်လုပ်ရမယ် ကျွန်တော်တို့အရင်လှုပ်ရှားလိုက်မယ်” ရှီမာယူယူသည် မတ်တတ်ရပ်ပြီးနောက် နှုတ်ဆက်သွားလေသည်။
ယွန်ယိခြံဝန်းမှထွက်ပြီးနောက်တွင် သူမ ထောင့်ချိုးအနည်းငယ်သို့ လှည့်လိုက်ရာ ရှောင်ချီကိုတွေ့သဖြင့် သူမကိုခေါ်ပြီးပြန်လာလိုက်သည်။
ရှောင်ချီသည် အဂ္ဂိရတ်ခန်းမကိုအကြိုက်တွေ့နေသည်။ အကြောင်းမှာ ထိုခန်းမ၏နေရာတိုင်းတွင် တန်ဖိုးရှိဆေးများဖြင့်ပြည့်နေကာ သူမ စားချင် သည့်အချိန်တိုင်း ရနိုင်သောကြောင့်ဖြစ်သည်။
ကောင်းပြီ၊ အဲဆေးရဲ့ ဆေးဖက်ဝင်အပင်တွေကိုက သူမအတွက် မုန်လာဥနီလိုပဲလေ။
အဂ္ဂိရတ်ခန်းမမှ အဖွဲ့ဝင်များသည် ရှီမာယူယူကို ပိုပြီးလေးစားသမှုရှိ သဖြင့် ရှောင်ချီကိုလည်း အချစ်ပိုကြသည်။ ရှီမာယူယူ၏ အခြေခံကိုမူတည်ပြီး သူမ၏ သရုပ်မှန်နှင့် အားအင်ကိုသိသွားပါက သူမကို ပိုပြီးချစ်ကြမည်။
“ဘာကောင်းတာများတွေ့ထားလို့လဲ” ရှောင်ချီပျော်နေသည်ကို ရှီမာယူယူ မြင်သောအခါ သူမ ခံစားချက်ကောင်းနေသည်ကို ချက်ချင်းသိ လိုက်သည်။
“ဟီးဟီး မုန်လာဥနီအကြီးကြီးတချို့ပါ” ရှောင်ချီသည် ရှီမာယူယူ၏ လက်ထဲသို့ ဆေးဖက်ဝင်အပင်များထည့်ပေးလိုက်သည် “ရှောင်ချီ သကြား လုံး စားချင်တယ်”
ရှီမာယူယူသည် ဆေးပင်များကိုသိမ်းကာ ပြောလိုက်သည် “သွားမယ် ငါ မင်းအတွက် သကြားလုံးလုပ်ပေးမယ်”
သကြားလုံး ဖော်စပ်နည်းသည် ရိုးရှင်းသည်။ ဆေးဖက်ဝင်အပင်များကို သန့်စင်ပြီးနောက်တွင် ဖော်စပ်ရုံပင်။ တခြားပစ္စည်းများ ထပ်ထည့်ရန်မလိုပေ။ ရှောင်ချီသည် ထိုကဲ့သို့ဆေးစားရသည်ကို နှစ်သက်သည်။
သူတို့ ခြံဝန်းဆီသို့ပြန်ချိန်တွင် ခြံထဲသို့ခြေလှမ်းချလိုက်သည်နှင့် အထဲ တွင် တစ်စုံတစ်ယောက်ရှိနေသည်ကို ခံစားရလေသည်။
“အထဲမှာ တစ်ယောက်ယောက်ရှိနေတယ်” ရှောင်ချီ ပြောလိုက်သည်။
ရှီမာယူယူသည် အထဲမှလူကိုအာရုံခံမိသည့်အခါ ပြံုးလိုက်သည်။ မျက်နှာတွင် အပြံုးပန်းပွင့်ကာ တံခါးတွန်းဖွင့်လိုက်ပြီး အထဲသို့ လျှောက်သွား လိုက်သည်။ သူမ ဝင်လိုက်သည်နှင့် ခြံဝန်းထဲတွင်ထိုင်နေသောသူကို တွေ့ လိုက်သည်။
“စီနီယာအစ်ကို ဘယ်လိုလုပ်ရောက်လာတာလဲ၊ ပညာရှိစံအိမ်တော်က ကိစ္စကဖြေရှင်းပြီးပြီလား” သူမလျှောက်သွားပြီး သူ့ဘေးတွင်ထိုင်လိုက်သည်။
ရှောင်ချီသည် ပါးနပ်စွာဖြင့် အပြင်သို့ထွက်ပြီး ကစားလေသည်။
ရှီမာယူယူ ထိုင်မည်အလုပ်တွင် ဝူလင်းယူသည် သူမကိုဆွဲလိုက်ရာ သူ့ ရင်ခွင်ထဲကျသွားလေသည်။
သူသည် သူမခေါင်းကို ကိုင်ပြီး ရှည်ကြာသောအနမ်းများပေးပြီးနောက် လွှတ်လိုက်သည်။
“မင်းကို လွမ်းနေတာ” ဝူလင်းယူသည် သူမ လည်တိုင်တွင် ခေါင်းမှီ လိုက်သည်။
“ကျွန်တော်လည်းလွမ်းတာပဲ” ရှီမာယူယူသည် သူ့ပခုံးများကို ကိုင်ကာ “ကျွန်တော့်ကိုမဖြေရသေးဘူးနော် ပညာရှိစံအိမ်တော်ကကိစ္စတွေက ရှင်းပြီး ပြီလား”
“အင်း သူတို့ နောက်ထပ်စံအိမ်တော်သခင်ပို့လိုက်တယ်” ဝူလင်းယူ ပြောလိုက်သည်။
“အစ်ကိုက မြင့်မြတ်သောသားတော်မဟုတ်ဘူးလား ရှောင်ယွန်ရှောင် သေသွားတော့ အစ်ကိုက စံအိမ်တော်သခင်ဖြစ်ရမှာမဟုတ်ဘူးလား” ရှီမာယူယူသည် တအံ့တသြဖြင့်ပြောလေသည်။
“ကိုယ် ငြင်းလိုက်တာ” ဝူလင်းယူသည် သူမ ခန္ဓာကိုယ်ကို ပွတ်သပ် လေသည်။
“ဘာလို့လဲ”
“ကိုယ်သာ စံအိမ်တော်သခင်ဖြစ်ရင် အလုပ်များမှာလေ၊ ပြန်လာဖို့ အချိန်ရှိမှာမဟုတ်ဘူး” ဝူလင်းယူ ဆက်ပြောလေသည် “အဲလိုဆိုရင် နောက် တစ်ခါ မင်းကိုအဖော်ပြုပေးနိုင်မှာမဟုတ်ဘူး”
ရှီမာယူယူ မျက်လုံးပင့်ကြည့်ကာ သူ့မျက်နှာကိုကိုင်ပြီးပြောလိုက်သည် “နောက်ကို လမ်းတစ်လျှောက်လုံး အဖော်လုပ်ပေးမယ်လို့ ပြောလိုက်တာ လား”
“နောက် နှစ်နည်းနည်းလောက်အထိပေါ့”
“တကယ်လား”
ဝူလင်းယူ ခေါင်းညိတ်လိုက်သည်။ သူမ မျက်လုံးထဲမှ ပျော်ရွှင်မှုကို မြင် သောအခါ သူ့နှုတ်ခမ်းထောင့်တွင် အပြံုးတစ်ခုချိတ်သွားလေသည်။
ရှီမာယူယူသည် အဖြေကိုအတည်ပြုပြီးနောက်တွင် ပျော်ရွှင်မှုကိုပြသ သည့်အနေဖြင့် သူ့ပါးပြင်ကို မွှေးမွှေးပေးလိုက်သည်။
သူမ နောက်ပြန်ဆုတ်မည်အလုပ်တွင် သူ သူမခေါင်းကို ကိုင်ပြီး သူမ၏ နှုတ်ခမ်းများကို နမ်းကာ သူမအလှကိုခံစားလေသည်။
ခဏအကြာမှပင် သူ သူမကိုလွှတ်လိုက်သည်။ ငွေရောင်အမျှင်အတန်း များသည် သူတို့၏ နှုတ်ခမ်းများနှင့် သွားများတွင် တွယ်ချိတ်သွားသည်။
“တကယ်ပဲ အကြာကြီးမပြန်လို့ဖြစ်လား ပညာရှိစံအိမ်တော်က ဘယ်လို လုပ်မှာလဲ”
“စံအိမ်တော်သခင်အသစ်နဲ့ ကိုယ်နဲ့က ဆက်ဆံရေးအဆင်ပြေတယ် အဲဒါကြောင့် ကိုယ်ရှိနေတာကို သူ့ကို ပြဖို့မလိုဘူး” ဝူလင်းယူသည် အသေအချာပင် ပြောလေသည်။
သူ့ပုံစံကိုကြည့်ပြီး သူတို့သည် သာမန်ဆက်ဆံရေးမျိုးမဟုတ်နိုင်သည် ကို ရှီမာယူယူ သိလိုက်သည်။ စံအိမ်တော်သခင်အသစ်သည် သူ့အဖွဲ့ဝင် ဖြစ်စေမဟုတ်လျှင် သူ ထိန်းချုပ်နိုင်သည့် သူတစ်ယောက်ယောက်ဖြစ်နိုင် သည်။
ဘာပဲဖြစ်ဖြစ် သူ သူမကို အဖော်ပြုပေးနိုင်တော့မည်။ ကောင်းလိုက်တာ။
***