← Chapters

ဆုပေးပွဲအခမ်းအနား

Vol. 27 Ch. 402

ဆုပေးပွဲအခမ်းအနား

Vol. 27 Ch. 402

လင်းယန်သည်ချက်ခြင်းပင် အမာခံပရိုတ်သံ အသွင်ပြောင်းသွားပြီး သူမ၏စကားများက လဲစိတ်လှုပ်ရှားမှုကြောင့်အနည်းငယ်တုန်နေလေသည်။

ထို့နောက် လင်းယန်သည်အနည်းငယ်ရှက်သွားပြီး “နီမင်း၊ ငါ့ကိုလက်မှတ်ထိုးပေးလို့ရမလား” လို့ပြောလိုက်သည်။

နီမင်းက ပြုံးပြီး “ရပါတယ်” လို့ ပြောလိုက်သည်။

လင်းယန်က သူမသည် ဘောပင်နှင့် စာရွက်ကို ရှာချင်သော်လည်း လုံးဝမယူခဲ့ဘူးဆိုတာကိုပြန်အမှတ်ရသွားသည်။

သူ့ဘေးမှာထိုင်နေတဲ့ ဇောင်တန် က “ငါ့မှာ စာရွက်နဲ့ဘောပင်ရှိတယ်”

စကားပြောနေစဉ်တွင် ပက်ကာဘောပင်နှင့် မှတ်စုစာအုပ်ငယ်ကို ထုတ်ပေးလိုက်သည်။

လင်းယန် က “ကျေးဇူးတင်ပါတယ် အဘိုး။”

နီမင်းသည် ဘောပင်ကို ကောက်ကိုင်လိုက်ပြီး လတ်မှတ်ရေးထိုးပေးလိုက်သည်။

လင်းယန်သည် ကလေးတစ်ယောက်လို လက်ထဲတွင် လက်မှတ်စာအုပ်ကို တင်းကျပ်စွာ ကိုင်ထားလေသည်။

လင်းဖန်က ပြုံးပြီး “မင်းဆန္ဒတွေ ပြည့်သွားပြီလား”

လင်းယန်က အားတက်သရော ခေါင်းညိတ်ပြီး “အင်း”

“လင်းဖန်မင်း ဒီတစ်ခါ လင်းယန်ကို ဟောင်ကောင်ကို တမင်တကာ ခေါ်လာခဲ့တာလား။” ဇောင်တန်က မေးလိုက်သည်။

လင်းဖန် က “ မဟုတ်ဘူး လင်းယန်က ဒီတခေါက် ရွှေသံစဉ်ဆုရဲ့ဆန်ကာတင် စာရင်း သွင်းတာခံခဲ့ရ တယ်။ဒါကြောင့် သူနဲ့ အတူ လာခဲ့တာပါ”

ဒါကိုကြားတော့ဇောင်တန် က ကြောင်တက်တက်ဖြစ်သွားသည်။

သူ့ဘေးက နီမင်း က သူ့မျက်လုံးတွေ အနည်းငယ် တောက်ပလာပြီး “လင်းယန် ဆိုတဲ့ နာမည်က နည်းနည်းရင်းနှီးနေတယ်လို့ ထတွေးနေတာ၊မင်းက “ဂလက်ဆီ” ရဲ့ အဆိုတော် ပဲ”

“ဂလက်ဆီ သီချင်းက ပေါ့ပေါ့ပါးပါးနဲ့ အရမ်းနားထောင်လို့ကောင်းတယ်။’’

ဒါကိုလင်းယန် ကြားလိုက်တာနဲ့ သူမ ပိုလို့တောင် ပျော်ရွှင်လာခဲ့သည်။

တကယ်တော့ ကိုရဲ့ အိုင်ဒေါက ကိုယ့်ကိုချီးကျူးတာက ဂုဏ်ယူစရာတစ်ခုဆိုတာ သေချာသည်။

“ချီးမွမ်းမှုအတွက် နီမင်းကို ကျေးဇူးတင်ပါတယ်။ ဒီသီချင်းကိုလင်းဖန်က ရေးစပ်ထားတာ ဖြစ်ပြီး သူက ငါထက် အများကြီး ပိုကောင်းအောင်ဆနုတတ်တယ်” လင်းယန် က ပြောသည်။

“တကယ်လား?” နီမင်းသည် ချက်ချင်းပင် စိတ်ဝင်စားလာသည်။

သူမသည် ဂီတကို အလွန်နှစ်သက်သည်။

အကယ်၍ လင်းဖန် သာ တန်မင်းယွင် ကို ကယ်တင်ခဲ့သောသူဖြစ်နေလို့ငါမဟုတ်ရင်သူမသည်ဒီနေရာမှာလင်းဖန်ကို သီချင်းဆိုခိုင်းချင်မှာသေချာသည်။

လင်းဖန်က ပြုံးပြီး “လင်းယန် မင်းက နှိမ့်ချလွန်းနေတယ်၊ မင်းကငါ့ထက်အရမ်းကောင်းတယ်” လို့ ပြောလိုက်သည်။

နီမင်း က “ဒါက အရမ်းကောင်းတယ်၊ အနည်းဆုံးတော့ ငါ့အမြင်အရတော့ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ မင်းထက် ပိုကောင်းတဲ့ သီချင်း၊အဆိုတော်ဆိုတာ မရှိခဲ့ဘူး” လို့ ဆိုလိုက်သည်။

ဒါကို လင်းယန်ကြားလိုက်တဲ့အခါ သူမရဲ့ လှပတဲ့မျက်နှာက ချက်ချင်းဆိုသလို ရယ်မောသွားသည်။ “တကယ်လား?”

“တကယ်ပေါ့” နီမင်းကပြောသည်။

သူ့ဘေးက တန်ဟွမ်က ပြုံးပြီး “နီမင်း ဒီလိုလူတွေကို ချီးကျူးခဲတယ်။ ဒီနှစ် ရွှေသံစဉ်ဆုနဲ့ မျက်နှာသစ်ဆုက မင်းအတွက်ပဲလို့ ထင်တယ်”

“စကားမစပ် လင်းယန်မင်းမသိသေးဘူးထင်တယ်။ နီမင်းက ဒီနှစ်ရဲ့ ဂုဏ်ထူးဆောင်ဧည့်သည်လေ။”

နီမင်းသည် တန်ဟွမ်ကို ငြိမ်သက်စွာ ကြည့်လိုက်သည်။

တကယ်တော့ ရွှေသံစဉ်ဆုပေးပွဲမှာ နီမင်းကို ဒီနှစ်ရဲ့ ဧည့်သည်တော်အဖြစ် ဖိတ်ကြားခဲ့တာ ဖြစ်သည်။

တနည်းအားဖြင့်ပြောရရင် ဒီနှစ်တင်မကဘဲ နှစ်တိုင်းလိုလိုဒီလိုပဲဖိတ်ကြားလေ့ရှိသည်။

သို့သော် နီမင်းသည် နှစ်စဉ်နှစ်တိုင်း တိုက်ရိုက်ငြင်းဆိုသည်။

ဒီနှစ်ကလဲခြွင်းချက်မရှိပေ။

သို့သော်လည်း တန်ဟွမ်က ထိုကဲ့သို့ပြောသောကြောင့်သူမသည်ဒိုင်တွေမတရားမှုမလုပ်အောင်သွားရမည်ဖြစ်သည်။

နီမင်းက ခေါင်းညိတ်ပြီး “ဟုတ်တယ်”

“ကောင်းလိုက်တာ!” လင်းယန်က ဝမ်းသာအားရပြောသည်။

နေ့လည်စာစားပြီးနောက် လင်းယန်နှင့်လင်းဖန် တို့သည် တောင်ပေါ်ဗီလာမှထွက်ခွာလာကြသည်။

ဘာဖြစ်လို့လဲဆိုတော့ ညနေတွင် ရွှေသံစဉ်ဆုပေးပွဲ အခမ်းအနားရှိလို့ပင်ဖြစ်သည်။

မိတ်ကပ်စောစောလိမ်းပြီး ပြင်ဆင်မှုအချို့ပြုလုပ်ရန် လိုအပ်သည်။

ပန်နီလာဟိုတယ်ကို ရောက်တဲ့အခါ အေးဂျင့် လီဖေးက အလျင်လိုနေပြီဖြစ်သည်။

လက်စယန်ကိုတွေ့ပြီးနောက် သူမသည် မိတ်ကပ်ပညာရှင်အား စတိုင်လ်ကျစေရန် အလျင်အမြန်တောင်းဆိုခဲ့သည်။

ဒါက နာရီအနည်းငယ်ကြာလေသည်။

ဒါပေမယ့် အကျိုးသက်ရောက်မှုက အရမ်းကောင်းတယ်လို့ ပြောရမည်ဖြစ်သည်။

လင်းယန်သည် အနက်ရောင်ဆံပင်ကို မြင့်မြင့်ကောက်ကောက်ထားပြီးစည်းထားကာသူမ၏ နှင်းဖြူရောင်လည်ပင်းအောက်တွင် တောက်ပနေသော စိန်လည်ဆွဲကို ၀တ်ထားသည်။ သူမသည် အဖြူရောင်ဝတ်စုံနှင့် ခမ်းနားထည်ဝါသော သလင်းကျောက်ဖိနပ်တစ်ရံကို ၀တ်ဆင်ထားသည်။

အရာအားလုံးသည် လူတွေကို ကောင်းကင်ကနေ ကြွေကျလာတဲ့ နတ်သမီးတစ်ယောက်ရဲ့ ခံစားချက်ကို ပေးစွမ်းလေသည်။ ဒါဟာ အရမ်းလန်းတယ်ဆိုလို့ဆိုရမည်ဖြစ်သည်။

“မင်းအရမ်းလှတာပဲ” လင်းဖန်က မထိန်းနိုင်ဘဲ ပြောလိုက်သည်။

လင်းယန်သည်ဒီစကားများကိုကြားပြီးနောက်ချက်ချင်းပျော်သွားလေသည်။

ယခုနှစ် ရွှေသံစဉ် ဆုပေးပွဲ အခမ်းအနားကို တိုင်းဟိုတယ် ၌ ကျင်းပရန် ရွေးချယ်ခဲ့သည်။

ထိုအချိန်တွင် တိုင်းဟိုတယ် အဝင်ပေါက်ရှေ့တွင် ကော်ဇောနီခင်းထားသည်။

ပူပြင်းသောခန္ဓာကိုယ်(ဒါကဘာကိုဆိုလိုတာလဲသိတယ်မလားဂေါင်ကြီးတို့)နှင့် မီးခိုးရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦး ကော်ဇောပေါ်သို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

အဝေးမှာ ရပ်နေတဲ့ သတင်းထောက်တွေက တယောက်ပြီး တယောက် အော်ပြောကြတော့သည်။

“ဒါက...ဒီရှင်းပဲ”

ထို့နောက် သတင်းထောက်များသည် ကင်မရာကို ကောက်ကိုင်လိုက်ပြီးဆက်တိုက်ဓာတ်ပုံရိုက်တော့လေသည်။

ဒီရှင်းသည် စောင့်ကြည့်ခံရခြင်းနှင့် ဓာတ်ပုံရိုက်ခံရခြင်း၏ ခံစားချက်ကို အမှန်တကယ် နှစ်သက်သောကြောင့် သူမ၏ ခြေလှမ်းများကို တမင်နှေးကွေးစွာလျှောက်စေခဲ့သည်။

ထိုအချိန်တွင်၊ Rolls-Royce Phantom(ကား) သည် ဆိုင်းဟိုတယ်ရှေ့တွင် ရပ်လိုက်သည်။

ထို့နောက် လင်းယန်သည် ဖြည်းညှင်းစွာ ဆင်းလာသည်။

ချက်ချင်းဆိုသလိုပင် သတင်းထောက်များက ထိန်းမနိုင်သိမ်းမရ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

“အို ဘုရားသခင်၊ ဒါက အရမ်းလှတာပဲ မဟုတ်လား”

“ဒါက ငါမြင်ဖူးသမျှထဲမှာ အလှပဆုံးမိန်းမလေးပဲ!”

“မိန်းမလေး? မဟုတ်ဘူး! ဒါ နတ်သမီးပဲ!”

“ဓာတ်ပုံရိုက်!

ရုတ်တရက်ဒီရှင်းကို အာရုံစိုက်ကာရိုက်နေသောဓာတ်ပုံရိုက်ချက်များသည် လင်းယန်ပေါ်သို့ ကျရောက်သွားသည်။

မကြာမီလင်းယန်သည်သည် တဖျောက်ဖျောက်အသံနှငိ့အလင်းကြောင့်မျက်စိကန်းတော့မလိုခံစားမိသောကြောင့် သူမသည် ကော်ဇောနီပေါ်တွင် အရှိန်တင်ပြီးလျှောက်သော​ကြောင့်မကြာမီ ဒီရှင်းကိုဖြတ်ကျော်သွားလေသည်။

ဒီရှင်း၏ မျက်နှာသည် အနည်းငယ် အေးစက်နေသော်လည်း အပြင်လူများကိုတော့တစ်ချိန်လုံး ပြုံးပြနေခဲ့သည်။

လက်မှတ်ဘုတ်ပေါ်တွင် သူမ၏နာမည်ကို ရေးထိုးပြီး နောက်စင်မြင့်သို့ လမ်းလျှောက်သွားသောအခါတွင် သူမ၏မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်းပျောက်ကွယ်သွားတော့သည်။

အဲဒီအစား၊ အဆုံးမဲ့အေးစက်မှုကအစားဝင်လာတော့သည်။

ဒီရှင်းသည် လင်းယန်ကို စူးစူးစိုက်စိုက်ကြည့်ပြီးနောက် လင်းယန်ဆီသို့ လျင်မြန်စွာ လျှောက်လာပြီး သူမကို တိုက်လိုက်လေသည်။

တိုက်မိသောကြောင့်လင်းယန်သည်မတော်တဆ မြေပြင်ပေါ်သို့ လဲကျသွားသည်။

ဒီရှင်းက “တောင်းပန်ပါတယ် ငါ မင်းကို ကူညီပေးမယ်”

စကားပြောနေစဉ်တွင် သူမသည် လင်းယန်ကို ဆွဲထူရန် လက်ကိုဆန့်လိုက်သည်။

ဒီရှင်း၏လက်ကိုအားပြုပြီးလင်စယန်ကထဖို့လုပ်လိုက်သည်။

သို့သော် လမ်းတစ်ဝက်တွင် ဒီရှင်းသည် သူမလက်ကို တမင်တကာ လွှတ်လိုက်သည်။

လင်းယန်လဲကျသွားပြန်သည်။

ဒီရှင်းသည် ဖြည်းညှင်းစွာ ခေါင်းငုံ့ကာ လင်းယန်၏ နားထဲသို့အေးစက်စွာ ပြောလိုက်သည် “ နောက်တစ်ခါလူသစ်တွေကလူဟောင်းတွေကိုမကျော်ဖို့သတိရပါ။”

ထို့နောက် ဒီရှင်းက ‘’အိုး၊ ငါမင်းကို ဆွဲမထူနိုင်လောက်အောင် အားနည်းလွန်းနေတယ်...”

သူစကားပြောနေစဉ်တွင် သူမလက်ကို ခါယမ်းကာ အနည်းငယ်အားနည်းနေပုံလုပ်ပြလိုက်သည်။

ဒီရှင်း တကယ်ပဲ သရုပ်ဆောင်စွမ်းရည်ကောင်းတယ်လို့ပြောရမည်ဖြစ်သည်။

နှစ်ကြိမ်ဆက်တိုက် လဲကျသွားပြီးနောက် လင်းယန်၏ ခန္ဓာကိုယ်သည် အလွန်နာကျင်ခဲ့ပြီး သူမ၏ ဝမ်းနည်းနေသော မျက်လုံးများသည် အနည်းငယ်နီလာပြီး ကြည်လင်သော မျက်ရည်များ ကျလာသည်။

မြေပြင်ပေါ်ကနေ ဖြည်းဖြည်းချင်းထဖို့ သူမ အများကြီး ကြိုးစားခဲ့ရသည်။

ထိုအချိန်တွင် လင်းဖန်နှင့် လီဖေးတို့သည် အဝေးမှ ရောက်လာကြသည်။

၎င်းတို့သည် အမည်စာရင်းတင်သွင်းထားသော ပုဂ္ဂိုလ်များမဟုတ်သောကြောင့်ကော်ဇောနီပေါ်တွင် လမ်းလျှောက်ခွင့်မရှိပါ။

သို့သော်လည်း လင်းယန်၏ အေးဂျင့်နှင့် သူဌေးအဖြစ်၊ နောက်ကနေရောက်ခြင်းသည် သဘာဝကျသည်။

လင်းဖန်သည် လင်းယန်၏ မျက်လုံးများ အနည်းငယ်နီလာသည်ကို သတိပြုမိကာ “လင်ယန်မင်းဘာကိစ္စရှိလို့လဲ” ဟု မေးသည်။

လင်းယန်၏ နှလုံးသားထဲတွင် မကျေနပ်ချက်သည် တစ်ဖန် ထွက်ပေါ်လာပြီး သူမ၏ တစ်ကိုယ်လုံးသည် လင်းဖန်၏ ရင်ခွင်ထဲသို့ တိုက်ရိုက်ကျသွားကာ မိုးစက်များကဲ့သို့ မျက်ရည်များ အဆက်မပြတ် စီးကျလာသည်။

ဒါကိုမြင်တော့လင်းဖန်၏နှလုံးသည် နာကျင်သွားပြီးလင်းယန်၏ပခုံးကို အသာအယာပုတ်ကာ “ရပါတယ်၊ ရပါတယ်၊ ငါဒီမှာရှိနေပြီမို့မငိုနဲ့တော့နော်...”

နှစ်သိမ့်မှုရပြီးနောက် လင်းဖန်း က “လင်းယန်ဒီမှာဘာဖြစ်သွားတာလဲ၊ တစ်စုံတစ်ယောက်က မင်းကို အနိုင်ကျင့်ခဲ့တာလား။”

All Chapters