← Chapters

တောင်းပန်ခြင်း

Vol. 27 Ch. 403

တောင်းပန်ခြင်း

Vol. 27 Ch. 403

လင်းယန်က လင်းဖန်ကို ပွေ့ဖက်လိုက်ပြီးနောက် နွေးထွေးပြီး ကျယ်ပြန့်တဲ့ ရင်ဘတ်ကနေအရမ်းသက်တောင့်သက်သာရှိသလို ခံစားလိုက်ရသည်။

ဒါပေမဲ့လည်းသူမသည်ဖြစ်ပျက်ခဲ့သမျှကိုပြန်ပြောလိုက်သည်။

လင်းယန်ပြောစကားများကိုနားထောင်ပြီးနောက် လင်းဖန်၏ မျက်နှာတစ်ခုလုံး ချက်ချင်း အေးစက်သွားကာ စူးရှသော ဓားသွားကဲ့သို့ အေးစက်သော မျက်လုံးတစ်စုံဖြင့်မဝေးလှသော ဒီရှင်းကိုကြည့်လိုက်လေသည်။

ဒီရှင်း၏နှလုံးသည် နားမလည်နိုင်စွာ တုန်လှုပ်သွားပြီး သူမ နောက်သို့ ခြေလှမ်းနှစ်လှမ်းဆုတ်ရန် မကူညီနိုင်ခဲ့ပေ။

လင်းဖန်သည်ရှေ့သို့သွားကာလေးလံသောမိတ်ကပ်များဖြင့် ဖုံးလွှမ်း(လိမ်း)ထားသော ဒီရှင်း ၏မျက်နှာကို ဖြတ်ရိုက်လိုက်လေသည်။

“ဖတ့်”

“ဖတ့်!”

အခင်းဖြစ်ပွားရာနေရာတွင်ထူးခြားသောအသံနှစ်ခုပေါ်လာတော့သည်။

ဒီရှင်း ၏ မျက်နှာပေါ်တွင် လက်ဖဝါးယာနှစ်ခု ပေါ်လာပြီး တဖြည်းဖြည်း ဖောင်းကာနီရဲ့လာသည်။

လင်းဖန် က “လင်းယန် ကို သွားတောင်းပန်ပါ” ဟု လျစ်လျူရှုပြီးပြောလိုက်သည်။

ဒီပါးရိုက်ချက်နှစ်ချက်က ဒီရှင်းကို ကြောင်သွားစေသည်။

အခု လင်းဖန်ပြောတာကို ကြားပြီးတဲ့ နောက်မှာတော့ သူမက သတိပြန်ဝင်လာပြီး ‘’မင်း ငါ့ကို ရိုက်ဝံ့တာလား”

စကားများကျလာသောအခါတွင် သူမသည် သူမ၏ လက်ဖဝါးကို ဆန့်ထုတ်ကာ လင်းဖန်၏မျက်နှာကို ရိုက်လိုက်သည်။

လင်းဖန်က တင်းမာစွာပြောသည် “ငါပြောတာကို မင်းနားမလည်ဘူးထင်တယ်!”

စကားပြောနေစဉ်တွင် သူသည် ဒီရှင်း ၏လက်ကိုတားလိုက်ပြီးသူမ၏မျက်နှာကိုနောက််တစ်ကြိမ်ရိုက်လိုက်လေသည်။

“ဖတ့်”

“ဖတ့်”

....

မကြာမီဒီရှင်း၏မလှပသောမျက်နှာသည်ဝက်ခေါင်းသဖွယ်ဖြစ်သွားပြီးလင်းဖန်အား ထိတ်လန့်စွာကြည့်ကာ မျက်ရည်များက အလိုအလျောက် ကျဆင်းလာတော့သည်။

ထိုအချိန်တွင် ရှပ်အင်္ကျီအဖြူ ၀တ်ထားသော အမျိုးသားတစ်ဦး အမြန်လျှောက်လာခဲ့သည်။

“ဒီရှင်း၊ မင်းဘာဖြစ်နေတာလဲ?”

ထိုလူကိုမြင်ပြီးနောက် ဒီရှင်းသည် ကယ်တင်ရှင်တစ်ဦးကိုတွေ့လိုက်သလိုမျိုး ထိတ်လန့်တကြားပြောတော့သည် “ကျောက်လီနောက်ဆုံးတော့ မင်းဒီကိုရောက်ပြီပဲ သူ... သူ့ကငါ့ကို ရိုက်နှက်ခဲ့တဲ့အတွက် မင်းငါ့ကို လက်စားချေပေးရမယ်’’

ကျောက်လီသည် ဒီရှင်း ၏ အေးဂျင့်ဖြစ်ပြီး လင်းဖန်နှင့် လီဖေး ကဲ့သို့ ကော်ဇောနီပေါ်တွင် လျှောက်လှမ်းနိုင်ခြင်း မရှိပေ။

ဒါကြောင့် အခုမှဒီကိုရောက်လာခြင်းဖြစ်သည်။

ထိုအချိန်တွင်၊ ကျောက်လီ သည် ဒီရှင်း ၏ မျက်နှာသည်နီရဲပြီး ဝက်ခေါင်းကဲ့သို့ ရောင်ရမ်းနေသည်ကို မြင်လိုက်ရသောအခါသူအလွန်ဒေါသထွက်သွားလေသည်။

ဒီရှင်း သည် လူကြိုက်များလာခြင်း အကြောင်းရင်းအများစုမှာ သူမ၏မျက်နှာကြောင့်ပင်ဖြစ်သည်။

အခုခေတ်မှာ နာမည်ကြီးတွေကိုဒီလို အရိုက်ခံရတာက ကျော်ကြားမှုကို ထိခိုက်စေမှာ သေချာသည်။

ကျော်ကြားမှုကို ထိခိုက်ခြင်းသည် သူမ၏၀င်ငွေအပေါ် သက်ရောက်မှုရှိမည်မှာသေချာသည်။

ထိုအချိန်တွင် မနီးမဝေးကနေနောက်ထပ် ခြေသံတစ်ခု ထွက်ပေါ်လာသည်။

၎င်းမှာ ရှောင်မီအင်တာနက်၏ ဥက္ကဌ ဝမ်ဟန်ဟူဖြစ်သည်။

ရွှေသံစဉ်ဆုက အရေးကြီးတဲ့ဆုပင်ဖြစ်သည်။

သို့သော်လည်း ယေဘုယျအားဖြင့်ပြောရလျှင် ဝမ်ဟန်ဟူကဲ့သို့သော ဥက္ကဌတစ်ဦးသည် ဒီဆုဟာအရေးမပါပေ။

ဒါပေမယ့် ဒီတစ်ခါတော့ မတူပေ...

ဒီတစ်ကြိမ်ကတော့ သူဌေးရဲ့မိန်းမ... လင်းယန်က ပထမအဖြစ်လျာထားခံရပြီး ဆုလည်း ရနိုင်မှာသေချာသည်။(ဝမ်ဟူဟန်အတွေး)

ထို့အပြင် သူဌေး လင်းဖန်လည်း လူကိုယ်တိုင်လာရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ထို့ကြောင့်ဝမ်ဟန်ဟူသည် သဘာဝအတိုင်း မလာပဲနေမှာမဟုတ်ပေ။

လင်းဖန်နှင့် လင်းယန်တို့ကို အဝေးကမြင်ပြီးနောက် အလျင်အမြန်လမ်းလျှောက်ပြိးနောက်ခါးကိုအနည်းငယ်ကွေးပြီး “မစ္စလင်း မစ္စတာလင် မင်္ဂလာပါ’’ ဟု ရိုသေစွာပြောလိုက်သည်။

လင်းဖန်က သူ့ကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်ပြီးစကားမပြောပေ။

သို့သော် သူ့ကို ကြိမ်းမောင်းတော့မည့် ကျောက်လီသည် သူ့ပါးစပ်ကို ရုတ်တရက်ပိတ်ထားလိုက်သည်။

သိရန်……

အမေရိကန်အင်တာနက်အဖွဲ့သည် ဖျော်ဖြေရေးနယ်ပယ်တွင် ထိပ်တန်းကုမ္ပဏီကြီး သုံးခုအနက်တစ်ခုဖြစ်သည်။

သို့သော်လည်းရှောင်မီအင်တာနက်ရဲ့ ဥက္ကဌ ဝမ်ဟန်ဟူကတောင် သူ့ရှေ့က လူငယ်လေးအပေါ် လေးစားမှု ရှိလေသည်။

ဒါဆိုရင် ဒီလူငယ်လေးရဲ့ အမှတ်သညာကို စဉ်းစားဖို့တော့လိုအပ်သွားပြီဖြစ်သည်။

ကျောက်လီက “ဒါက မစ္စတာဝမ်ပဲ၊ ခုနက ဖြစ်ပျက်ခဲ့တာတွေကနားလည်မှုလွဲတာထင်တယ်...”

စကားပြောပြီးနောက် သူသည်ဒီရှင်းကို ခေါ်သွားပြီး ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

ဒီရှင်းသည် သူမ၏ နှလုံးသားထဲတွင် အလွန်မသက်မသာဖြစ်နေသည်။

သို့သော် သူမသည် မိုက်မဲသူမဟုတ်ပေ။နှုတ်ခမ်းစူကာ ထွက်ခွာဖို့လုပ်လိုက်သည်။

လင်းဖန်က “မင်းမတောင်းပန်ရသေးဘူး၊ မင်းကိုဘယ်သူက သွားခွင့်ပြုလိုက်တာလဲ။”

ဒီရှင်းသည် စိတ်မသက်မသာ ခံစားလိုက်ရသည်။ လင်းဖန်၏ ဤကဲ့သို့သော စကားကိုကြားတော့ လူအများက သူ့တို့ကိုတဖြေးဖြေး ဝိုင်းလာသည်ကို သူမမြင်လိုက်ရသည်။

ထိုလူတွေကြောင့်သူမလည်း ရဲရင့်လာပြီး “ငါထွက်သွားမယ်လေ၊မင်းမှာ အရည်အချင်းရှိရင် မင်း ငါ့ကို ဆက်ပြီးရိုက်လို့ရတယ်”

စကားပြောပြီးနောက် ဒီရှင်းသည် ရှေ့သို့ ဆက်လျှောက်သွားသည်။

လင်းဖန်သည် ရှေ့သို့ တိုးလာကာ သူ့လက်ကို မြှောက်လိုက်ပြီးရိကြ်လိုက်လေသည်။

“ဖတ့်”

“ဖက့်”

လင်းဖန်သည် ဒီရှင်း၏ မျက်နှာကိုထပ်မံရိုက်လိုက်လေသည်။

ရုတ်​တရက်​ပင်​ သူမ၏ ပါးစပ်​​ထောင့်​မှ နီရဲ​သော ​သွေးများ ဖြည်းညှင်းစွာ စီးကျလာသည်​။

ဒီရှင်း ၏ မျက်နှာသည် ထိတ်လန့်ခြင်းနှင့် မယုံနိုင်သောအမူအရာများဖြင့် ပြည့်နှက်နေသည်။

ဝိုင်းအုံနေသော လူများစွာရှိနေသည်ကိုလက်းဖန်ကဂရုမစိုက်ပဲသူမကိုရိုက်လိမ့်မည်ဟုသူမ မထင်ခဲ့ပေ။

ကျောက်လီက တစ်ခုခုပြောချင်လို့ ပါးစပ်ကိုဖွင့်လိုက်သည်။

သို့သော်လည်းလင်းဖန်၏ အေးစက်သော မျက်လုံးများကို မြင်လိုက်ရတော့ စကားလုံးများကို ပြန်မျိုချလိုက်ရသည်။

“တောင်းပန်ပါတယ်လို့မပြောသေးဘူးလား” လင်းဖန်ကပြောသည်။

ဒါကိုကြားတော့ဒီရှင်း၏ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး သူမ၏ ပါးစပ်သည် ထိန်းမနိုင် သိမ်းမရ ဖြစ်ကာ သူမက”ဟုတ်... တောင်းပန်ပါတယ်...”

လင်းဖန်က အေးစက်စွာပြောသည် “ငါ့ကိုမဟုတ်ဘူး၊ လင်းယန်ကမု တောင်းပန်ရမှာ”

ဒီရှင်းက “တောင်းပန်ပါတယ်...”

ထို့နောက် ထွက်ပြေးသွားသလိုမျိုး ရှေ့သို့ ပြေးသွားလေသည်။

ဒါကိုကြည့်ပြီးနောက်ကြည့်ရှုသူများလည်း လူစုခွဲသွားကြသည်။

တစ်ချို့အရာတွေက အရမ်းသိတာကကောင်းမှာမဟုတ်ဘူးဆိုတာ သူတို့နားလည်သည်။

လင်းဖန်သည် လင်းယန်၏ခါးကို ညင်သာစွာ ပွေ့ဖက်လိုက်ပြီး “အခု ပိုနေကောင်းသွားပြီမလား?”

“ဟုတ်တယ်!” လင်းယန်က အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။

လီဖေးနှင့် ဝမ်ဟန်ဟူတို့သည် သူတို့ဘေးနားတွင် စိုးရိမ်သော အရိပ်အယောင်များ ပေါ်လာသည်။

…………

အဝတ်လဲခန်းထဲတွင်။

ဒီရှင်းက သူမရဲ့ နီရဲပြီး ရောင်ရမ်းနေတဲ့ မျက်နှာပေါ် ရေခဲတုံးတွေ တင်ပြီး “ငါ အခု အရိုက်ခံလိုက်ရတယ်၊မင်းအဲဒီမှာ ဘာလုပ်နေတာလဲ၊ မင်းကသူရဲဘောကြောင်တဲ့သူပဲ၊ဒါတောင်း မင်းကိုယ်မင်း ယောက်ျားလို့ခေါ်တာလား” ဟု ပြောလိုက်သည်။

ကျောက်လီက အကြောင်းပြချက်ရှာပြီး “ငါကနင့်ကိုစိတ်ပူလို့ပါ၊ မင်းစကားများများပြောလေ မင်းဒက္ခပိုရောက်လိမ့်မယ်...”

“ရှောင်မီအင်တာနက်ရဲ့ ဥက္ကဌ ဝမ်ဟန်ဟူ... က အဲဒီလူငယ်လေးအပေါ် အရမ်းလေးစားတာကို နင်မမြင်ဘူးလား? သူကအကောင်ကြီးကြီးတစ်ယောက်ဆိုတာ သေချာတယ်။”

တကယ်တော့ ဒါက အကြောင်းပြချက်တစ်ခုပင်ဖြစ်သည်။

ပိုအရေးကြီးတဲ့ အကြောင်းအရင်းကတော့ သူကြောက်နေလို့ပင်ဖြစ်သည်။

လင်းဖန်၏ သန်မာသော စွမ်းအားကြောင့် သူ ထိတ်လန့်သွားသည်။

သူသာစကားသွားပြောရင် အရိုက်ခံရရင် ဘယ်လိုလုပ်မလဲ။

ဒီရှင်းက ကျောက်လီပြောတဲ့စကားဟာ မှန်တယ်လို့ထင်ပေမဲ့လည်းသူမက ဒေါသတကြီးနဲ့ပြောလိုက်သည်။ “ဒါဆို မင်းဘာမှမပြောပဲဘေးမှာရပ်လိုက်နေလိုက်လေ”

ကျောက်လီက “ငါစကားမပြောရင် ငါတို့မှားတာဆိုတာကိုဆိုတာဝန်ခံနေတာနဲ့အတူတူပဲလေ”

ခေတ္တနားပြီးနောက် ကျောက်လီက “ဒီရှင်း ညီမ နီမင်းနဲ့ မရင်းနှီးဘူးလား။ ဒီတစ်ခါ ဆုပေးမယ့် ဧည့်သည်က ညီမ နီမင်းဆိုတဲ့ သတင်းကို ကြားလိုက်ရတယ်။”

“သူ ဒီကို နောက်ကျမှ လာလိမ့်မယ်၊ လာတဲ့အခါကျရင်ညီမ နီမင်းနဲ့ မင်းစကားပြောကြလေ။အစ်မ နီမင်းဆီကနေအကူညီတစ်ချို့တော့ရနိုင်မှာပဲ”

“သူ့ရဲ့ နောက်ခံ ဘယ်လောက်ပဲ ကြီးမားပါစေ ညီမ နီမင်း နဲ့ ယှဉ်နိုင်လား တန်မိသားစု နဲ့ ယှဉ်နိုင်လား “

ဒါကို ဒီရှင်း ကြားတော့ မျက်လုံးတစ်စုံ ချက်ချင်း တောက်ပလာပြီး “တကယ်လား ညီမ နီမင်း က ဂုဏ်ယူစရာ ဧည့်သည်(အထူးဒိုင်)လား။”

“ဒါက အတုရှိလို့လား။ဒါကိုငါ ဒါရိုက်တာကြီးဆီက ကြားတာ။” ကျောက်လီက ပြောလိုက်သည်။

“ကောင်းပြီ ညီမ နီမင်းနဲ့ နောက်မှတွေ့မယ် ၊ သူနဲ့ လင်းယန် က ဘယ်လောက် မာနကြီးလိုက်သလဲ ကြည့်ရအောင်” ဒီရှင်းကပြုံးပြီးပြောလိုက်သည်။

All Chapters