← Chapters

ပါးရိုက်ထပ်ရိုက်ခံရခြင်း

Vol. 27 Ch. 404

ပါးရိုက်ထပ်ရိုက်ခံရခြင်း

Vol. 27 Ch. 404

အဝတ်လဲခန်း။

လင်းယန်သည် မှန်ရှေ့တွင် ထိုင်ကာ အလှပြင်နေလေသည်။

တကယ်တော့ ဒီဆုပေးပြိုင်ပွဲကသူမအတွက်အရမ်းအရေးကြီးတဲ့ပွဲဟုဆိုနိုင်လေသည်။ထို့ကြောင့်သူမသည်အလှဆုံးပြင်ဆင်နေတာပင်ဖြစ်သည်။

အဝတ်လဲခန်းတံခါးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

မျက်နှာတစ်ခုလုံး နီရဲပြီး ရောင်နေသေးသည့် ဒီရှင်းက “အို.....မိတ်ကပ်လိမ်းနေတုန်းပဲလား’’ ဟု လှမ်းပြောကာ လှောင်ပြောင်ခဲ့သည်။

လင်းယန်သည် သူမကိုမြင်ပြီးနောက် ထိတ်လန့်တကြား ထရပ်လိုက်သည်။

အမျိုးသားများကို အမျိုးသမီးအ၀တ်လဲခန်းသို့ခွင့်မပြုပေ။

ထို့ကြောင့် လင်းဖန်သည် လင်းယန်အနားတွင် မရှိပေ။

ဒီရှင်း က “မင်း ဆုရနိုင်မယ် လို့ထင်နေတာလား။ဒါကဘယ်လောက်ရယ်စရာကောင်းတဲ့အတွေးများလဲ”

“ငါမင်းကိုပြောမယ် ဒီစင်ပေါ်မှာ မင်းဘာဆုမှမရစေရဘူး”

သူမသည် ဤစကားများကို ဖြစ်တော့မယ့်ပုံစံနဲ့ပြောလိုက်တာပင်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော်ဒီရှင်းသည်တန်မိသားစုသည်ရွှေသံစဉ်ဆုပေးပွဲတွင် မည်မျှလွှမ်းမိုးမှုရှိသည်ကို ကောင်းစွာသိသောကြောင့်ဖြစ်သည်။

နောက်မှ နီမင်းနဲ့တွေ့ရင် ဒီကိစ္စကို ပြောလိုက်ရင်.....

ရွှေသံစဉ်ဆုပေးပွဲမပြောနဲ့ဖျော်ဖြေရေးနယ်ပယ်တစ်ခုလုံးမှာ လင်းယန်အတွက် နေရာရှိမျာမဟုတ်ပေ။

“လင်းယန်အဆင်သင့်ဖြစ်ပြီလား”

လီဖေး၏ ပြတ်သားသော အသံသည် အပြင်ကနေထွက်ပေါ်လာပြီး သူမ စကားပြောနေချိန်တွင် အဝတ်လဲခန်းတံခါးကို ဖြည်းညှင်းစွာ တွန်းဖွင့်လိုက်သည်။

ဒီရှင်းကိုတွေ့သောအခါ လီဖေး၏အမူအရာပြောင်းသွားပြီး’’လင်းယန်မင်းအဆင်ပြေရဲ့လား၊ မစ္စတာလင်းကို ခေါ်ချင်သေးလား” ဟု မေးလိုက်သည်။

ဒီရှင်းသည် မစ္စတာလင်းဆိုတဲ့ စကားသုံးခွန်းကို ကြားလိုက်သောအခါတွင် သူမ၏ မျက်နှာသည် ထိတ်လန့်သွားကာ လုံးဝမရပ်တန့်ဝံ့ဘဲ လှည့်ကာ အမြန်ထွက်ခွာသွားတော့သည်။

အပြင်ရောက်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။

ထိုအချိန်တွင် မလှမ်းမကမ်းမှ ခြေသံများထွက်ပေါ်လာသည်။

ကျောက်လီက အမြန်ပြေးလာပြီး “ဒီရှင်း အဆင်သင့်လုပ်ထား၊ ညီမ နီမင်းနဲ့ မစ္စတာ တန်ဟွမ်တို့မကြာခင် လာတော့မယ်!”

ကျောက်လီစကားဆုံးတာနဲ့ဇိမ်ကျကျဝတ်စားပြီး သပ်ရပ်လှပသော ဝတ်စုံနှင့် သားရေဖိနပ်ကို ဝတ်ဆင်ထားသော ထူးထူးခြားခြား အရှိန်အဟုန်ရှိသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးသည် ဖြည်းညှင်းစွာ လျှောက်လာသည်။

သူတို့က တခြားသူတွေမဟုတ်ပေနီမင်းနဲ့ တန်ဟွမ်တို့ပင်ဖြစ်သည်။

တကယ်လာနေပြီ!

ဒီရှင်းက ကျောက်လီကို လုံးဝ လျစ်လျူရှုလိုက်ပြီးစိတ်လှုပ်ရှားလွန်းလို့ တစ်လမ်းလုံးပြေးသွားကာ “ညီမ နီမင်း!”

နီမင်းအသံကြားသောကြောင့်နောက် လှည့်ကြည့်လိုက်သည်။

နီမင်း နှင့် ဒီရှင်း တို့သည် ဝမ်းကွဲများ ဖြစ်သည်။

ဒါပေမယ့် တကယ်တော့ အဝေးကြီးမှာနေတဲ့ ဝမ်းကွဲတစ်ယောက်ပင်ဖြစ်သည်။(ပြောချင်တာကသူစိမ်းတစ်ယောက်ပမာလောက်သူရှိတယ်လို့ဆိုလိုတာပါ)

နီမင်း ကြယ်ပွင့်မဖြစ်ခင်ကတောင် သူမတို့နှစ်ယောက် မတွေ့ဖြစ်ခဲ့ကြပေ။

ကြယ်ပွင့်ဖြစ်ပြီးနောက်မှသာအကြိမ်အနည်းငယ်သာ တွေ့ဖူးကြလေသည်။

ယနေ့တွင်ဒီရှင်း၏ မျက်နှာသည် နီရဲနေပြီး ရောင်နေသေးသည်။

ထို့ကြောင့်နီမင်းသည် အချိန်အတော်ကြာအောင် မမှတ်မိနိုင်ဖြစ်နေသည်။

နီမင်းရဲ့ သံသယကို မြင်တော့ ဒီရှင်းက “ညီမ နီမင်း၊ ငါက ဝမ်းကွဲ ဒီရှင်း ပါ!”

သူမသည် ဝမ်းကွဲအမည်ကို တမင်တကာပြောခဲ့ခြင်းကြောင့် သူတို့နှစ်ဦးကြားက ဆက်ဆံရေးကို ပိုမိုနီးစပ်လာစေသည်။

သေချာပါတယ်၊ နီမင်းသည် ဒီစကားကိုကြားပြီးတာနဲ့ သူမချက်ချင်းသတိရသွားပြီး “ဒီရှင်း၊မင်းမျက်နှာက ဘာဖြစ်နေတာလဲ၊ အနိုင်ကျင့်ခံရတာလား။”

ဒီစကားကိုကြားသောအခညအရမ်းပျော်သွားလေသည်။

ဒီရှင်းက တမင်တကာ အကြိမ်အနည်းငယ် ငိုယိုတဲ့ပုံလုပ်ပြီး “ငါ...ခန်းမထဲမှာ လူသစ်တစ်ယောက်နဲ့ မတော်တဆ ဝင်တိုက်မိခဲ့တယ်” လို့ ပြောလိုက်သည်။

ဒါကိုသူမက ငါ တမင်လုပ်တယ်လို့ ထင်ပြီးတော့ သူ့ရည်းစားကိုငါ့မျက်နှာကို ရိုက်ခိုင်းလိုက်တာ...”

ထိုအချိန်တွင် ​ဒီရှင်းသည် သူမရဲ့မရှိရှိမဲ့မျက်ရည်အနည်းငယ်ကို ညှစ်ထုတ်လိုက်သည်။

ထို့နောက် “ရှောင်မီအင်တာနက်၏ဥက္ကဌသည် သူမ၏ချစ်သူနှင့် အလွန်ခင်မင်ရင်းနှီးကြောင်း ငါမြင်ခဲ့တယ်၊ ဘာပဲဖြစ်ဖြစ် ကိစ္စတွေကပြီးသွားပြီမို့ကိစ္စမရှိပါဘူး “

ဒီရှင်းက တကယ်ပဲ သရုပ်ဆောင်စွမ်းရည်ကောင်းတယ်လို့ ပြောရမည်ဖြစ်သည်။

အမှန်တစ်ဝက်နှင့်အမှားတစ်ဝက်ကိုသုံးကာ သူ့မကိုယ်သူမသနားစရာကောင်းတဲ့ ကလေးလေးအဖြစ် ပုံဖော်ခဲ့သည်။

တစ်ချိန်တည်းမှာပင် လင်းယန်နှင့် လင်းဖန်သည် ရက်စက်ကြမ်းကြုတ်သော ဝံပုလွေများအဖြစ်သို့ ပြောင်းလဲသွားသည်။

နီမင်းသည် ဆင်ခြင်တုံတရားမဲ့ပြီး အနိုင်ကျင့်သူများကို မုန်းသည်။

ဘာကြောင့်လဲဆိုတော့ သူမဟာ အဆိုတော်ဖြစ်စဥ်အချိန်တုန်းကလည်း ဒီလိုသနားစရာကောင်းပြီး အားကိုးရာမဲ့နေတဲ့အချိန်မျိုးကိုလည်း ကြုံတွေ့ခဲ့ရလို့ပင်ဖြစ်သည်။

ချက်ခြင်းပင်သုမကကိုယ်ချင်းစာစိတ်အပြည့်ဖြစ်”ဒါကိုဒီအတိုင်းထားလို့မရဘူး!”

တန်ဟွာ က “ဒီရှင်း မကြောက်ပါနဲ့၊ ငါတို့က မင်းအတွက် သူတို့ကိုပညာပေးပေးပါ့မယ်”

ဒီရှင်းသည် သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမ နှလုံးသားထဲတွင် ပြင်းထန်စွာ ရုန်းကန်နေပုံရသလိုမျိုးဟန်ဆောင်လိုက်သည်။

တကယ်တော့?

သူမ စိတ်ထဲတွင် ရွှင်မြူးလ်န်းလို့ထကချင်နေလေသည်။

လင်းဖန်၊ လင်းယန်မကြာခင်... မကြာခင် မင်းတို့ပြီးပြီပဲ။

ထိုအချိန်တွင် လင်းဖန်၊လင်းယန်၊လီဖေးနှင့်ဝမ်ဟန်ဟူတို့ထွက်လာခဲ့သည်။

ဒီရှင်း၏အမူအရာသည် အနည်းငယ်ရွေ့လျားသွားပြီး ထိတ်လန့်တကြားကြည့်ကာ လင်းဖန် နှင့် လင်းယန်တို့ကို လက်ညှိုးထိုးပြပြီး “သူတို့...သူတို့ပဲ”

တန်ဟွမ်နှင့် နီမင်း သည် ဒီရှင်း ညွှန်ပြသည့် လမ်းကြောင်းအတိုင်း ကြည့်လိုက်သည်။

နောက်အခိုက်အတန့်တွင်သူတို့နှစ်ဦး၏ အမူအရာများ အားလုံး ပြောင်းလဲသွားကြသည်။

ရုတ်တရက် သူတို့ ဒီရှင်းကိုပြန်ကြည့်လိုက်သည်။ထိုအခါငူတို့၏အကြည့်ထဲတွင်သနားကြင်နာခြင်းများမရှိတော့ပဲ။ ရွံရှာဖွယ်အကြည့်အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့သည်။

သိရန်……

လင်းဖန်သည် တန်မိသားစု၏အသက်ကို ကယ်တင်ခဲ့သူဖြစ်သည်။

ထို့အပြင်၊ ၎င်းတို့သည် မစ္စတာဇောင်တန်ထံမှ လင်းဖန်အကြောင်းကိုလေ့လာခဲ့သည်။လင်းဖန်သင်္ချာဘာသာရပ်တွင် အဖြေမရသော မေးခွန်းများစွာကို ဖြေရှင်းပေးခဲ့ကာ ငလျင်ကြိုတင်ခန့်မှန်းစက်၊ အင်ဆူလင် ပြန်လည်ထူထောင်ရေးဆေးများ၊ စူပါဘက်ထရီများနှင့် အခြားအရာများကို တီထွင်ခဲ့သည်။

သေချာတာကတော့ ပညာရှင်ကြီး၊ နိုင်ငံ့ဘဏ္ဍာ အဆင့်အတန်းရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပင်ဖြစ်သည်။

ထိုသို့သော ဇာတ်ကောင်သည် ရက်စက်ကြမ်းကြုတ်ပြီး ထင်ရာစိုင်းသော လူတစ်ဦး ဖြစ်နိုင်ပါသလား။

ဟာသပဲ!

တန်ဟွမ် နှင့် နီမင်း သည် လင်းဖန်ကိုတွေ့သောအခါ လင်းဖန်လည်း သတိထားမိလိုက်သည်။

သူ့မျက်နှာက ခါတိုင်းလိုပဲအမြဲတမ်း တည်ငြိမ်နေသည်။

သူတို့ဘေးနားရှိဝမ်ဟန်ဟူနှင့် လီဖေးတို့၏ မျက်နှာများသည် အရောင်ဖျော့သွားကြသည်။

နီမင်းနှင့် တန်ဟွမ်တို့ကို သူတို့သိကြသည်။

ဒီရှင်းသည် နီမင်းနှင့် တစ်ခုခု ပတ်သက်နေပုံရသည်ကို ယခင်ကလည်း သူတို့ကြားခဲ့ဖူးသည်။

အခု ဒီရှင်းက နီမင်းနဲ့ တကယ်ရှိနေတာကို မြင်တော့ မထိတ်လန့်ပဲ​မနေနိုင်တော့ပေ။

သိရန်……

နီမင်း၏ခင်ပွန်းသည် တန်မိသားစု၏ လက်ရှိခေါင်းဆောင်ဖြစ်သည်။

တန်မိသားစုသည် ဟောင်ကောင်ရှိ အင်အားကြီးဆုံးအဖွဲ့နှစ်ခုထဲမှ တစ်ခုဖြစ်သည်။

ဒါ...ပြီးသွားပြီ။

လင်းဖန်သည် သူတို့ကို လျစ်လျူရှုကာ နီမင်းနှင့် တန်ဟွမိတို့ရှိရာဆီသို့ လျှောက်သွားလိကြ်သည်။

နောက်ဆုံးတော့ သူတို့သည်အသိအကျွမ်းများဖြစ်ကြသည်။

…………

ဒီရှင်းသည် လင်းဖန် သူ့မဆီသို့ လျှောက်သွားသည်ကို မြင်သောအခါ သူမ နှလုံးသားထဲတွင်ပင် ရယ်မောနေခဲ့သည်။

ငါ မင်းကို ဘယ်လိုငါ့နားလာအောင်ပြောရင်ကောင်းမလဲ ဆိုတာစဉ်းစားနေခဲ့တာ။

မထင်မှတ်ပဲ မင်းကိုယ်တိုင်ကငါဆီလာတော့ဝမ်းသာတာပေါ့။(သူမအတွေး)

တန်ဟွမ်က မှုန်ကုပ်ကုပ်မျက်နှာနဲ့ မေးလိုက်သည်။ “မင်းအခုပြောတဲ့လူက ဘယ်ဘက်ခြမ်းက ယောက်ျားလေး၊မိန်းမလေး နှစ်ယောက်လား”

ဒါကိုကြားတော့ဒီရှင်း၏ နှလုံးသားသည် ပျော်ရွှင်မှုများနှင့် ပြည့်နှက်သွားပြီးတန်ဟွာနှင့် နီမင်းတို့၏ ပြောင်းလဲမှုများကို သူမလုံးဝ သတိမထားမိပေ။

သူမသည် ထိတ်လန့်တုန်လှုပ်သွားသောပုံစံဖြင့်”ဟုတ်တယ်... သူတို့ပဲ၊ဒါပေမဲ့သူတို့ကိုဘာမှ မလုပ်ပါနဲ့...”

“ဖက့်”

ထိုအချိန်တွင် တန်ဟွမ်သည် ရုတ်တရက် သူ့လက်ကို မြှောက်လိုက်ပြီး ဒီရှင်း ၏ အလွန်နီရဲနေပြီး ရောင်ရမ်းနေသော မျက်နှာပေါ်ကိုပါးရိုက်လိုက်လေသည်။

သူမမျက်နှာကို ဖုံးအုပ်ထားပြီး သူမမျက်နှာမှာ မယုံနိုင်စရာတွေ ပြည့်နှက်နေသည်။

ဒီ……

ဒီ……

ဘာဖြစ်တာလဲ?

သူဘာလို့ ထပ်ပြီး အရိုက်ခံရတာလဲ။

မဟုတ်ဘူး... ရိုက်တဲ့လူကတန်ဟွမ်ဖြစ်ပုံရတယ်။

ဒီရှင်းကြောင်ငေးနေချိန်တွင် လက်းဖန်နှင့် လင်းယန်တို့သည် လမ်းလျှောက်ပြီးလာကြသည်။

တန်ဟွမ်က “မစ္စတာလင်း၊ မစ္စလင်း...မင်္ဂလာပါ။”ဟုနှုတ်ဆက်လိုက်သည်။

All Chapters