← Chapters

ထာဝရရှင်သန်သူနယ်မြေသတင်း

Vol. 011 Ch. 1048

ထာဝရရှင်သန်သူနယ်မြေသတင်း

Vol. 011 Ch. 1048

“ဒါနဲ့ အစ်ကိုပြန်လာတာကို ဆရာဦးလေးသိလား” ရှီမာယူယူသည် ခေါင်းမော့ပြီး သူ့ကို ကြည့်လိုက်သည်။

“ကိုယ် ဆရာဦးလေးနဲ့တွေ့ပြီးပြီ မင်းနဲ့ ယွန်ယိတို့ စကားပြောနေတုန်း က” ဝူလင်းယူ ပြောလိုက်သည်။

“ကျွန်တော် အဂ္ဂိရတ်ခန်းမမှာဆိုတာကို သိရဲ့သားနဲ့ ဘာလို့ လာမရှာ တာလဲ” ရှီမာယူယူသည် သူ့မျက်နှာကို ပုတ်လိုက်သည်။

ဝူလင်းယူသည် သူမ လက်ကိုဆုပ်ကိုင်ကာ “မင်း တခြားယောက်ျား လေးတွေနဲ့ စကားပြောတာကို ကိုယ်မပျော်ဘူး၊ တခြားသူတွေနဲ့ စကားမပြော ခိုင်းပြန်ရင်လည်း မင်း မပျော်နိုင်ဘူးလေ”

ရှီမာယူယူသည် နှုတ်ခမ်းတွန့်ကာ ရယ်မောလိုက်သည်။ ဒီလူကြီးက သူမ တခြားသူတွေနဲ့ရှိတာကို မကြိုက်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းပြော သွားတာပဲ။

“ကိုယ် သတင်းတချို့လည်းယူလာတယ်” ဝူလင်းယူ ပြောလိုက်သည်။

“ဘာအကြောင်းလဲ”

“အတွင်းပိုင်းဒေသရဲ့ စီမံကိန်းတွေ” ဝူလင်းယူ ပြန်ဖြေလိုက်သည်။

“ဘာတဲ့လဲ၊ တောင်ကြားတပည့်တွေကို တိုက်ခိုက်တာနဲ့ပတ်သတ်တာ လား”

“ကိုယ် ဆရာဦးလေးကို သတင်းတွေပြောပြီးပြီ” ဝူလင်းယူသည် သူမ၏ စပ်စုသောမျက်လုံးများကို ကြည့်လိုက်သည် “အဲကိစ္စတွေကို မင်း စိုးရိမ်ဖို့ မလိုပါဘူး၊ အများကြီးသိရင် ပင်ပန်းတယ်”

“အာ… ဟုတ်ပါပြီ” ရှီမာယူူယူသည် အတင်းမမေးပေ။ မည်သို့ပင်ဖြစ် စေကာမူ သူဒီရောက်လာပြီဆိုပါက သူမသည် အရာတိုင်းကိုဂရုစိုက်ရန်မလို ကာ သူမ အလုုပ်ကို အာရုံစိုက်ရမည်။

“ဆရာက အဒေါ်ဖန်နောက်လိုက်သွားတယ်လို့ ပြောတယ်နော်၊ ဒီလောက်နှစ်တွေအများကြီးကြာသွားတာတောင် သူ ဘာလို့ပြန်မလာတာလဲ တစ်ခုခုဖြစ်လို့လား” သူမ စိုးရိမ်တကြီးမေးလေသည်။

“မဖြစ်ပါဘူး” ဝူလင်းယူ ပြန်ဖြေလေသည်။ “အဘိုးကြီးရဲ့ အသက် ကျောက်စိမ်းက ဘေးကင်းသေးတယ် အဲတော့ ဘာမှမဖြစ်ဘူးရယ်”

“ဒါပေမဲ့ သတင်းမကြားရတာဒီလောက်ကြာနေပြီ ကျွန်တော် စိုးရိမ် တယ်” ရှီမာယူယူ ပြောလိုက်သည်။

“မင်း အဒေါ်ဖန်ကိုသွားရှာပါလား အဘိုးကြီးက သူမကိုရှာနေသရွေ့ တော့ သူလက်လျော့မှာမဟုတ်ဘူး”

“ဒါဆိုရင်လည်း ထားလိုက်ပါတော့” ရှီမာယူယူ ပြောလိုက်သည် “အဒေါ်ဖန်ကို ဘယ်လိုသွားရှာရမလဲဆိုတာ မသိတဲ့အပြင် သူမကိုရှာတွေ့ ရင်တောင် သူမသတင်းကိုဘယ်သူ့ကိုမှမပြောဘူးဆိုတာ ကတိပေးထားသေး တယ်”

“ဒါဆို စိုးရိမ်မနေနဲ့တော့” ဝူလင်းယူ ပြောလိုက်သည်။

“အင်း” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ဒါပေမဲ့ အဒေါ်ဖန်ရဲ့ သရုပ်မှန်ကို တကယ်သိချင်တာ၊ အမှောင်တောမှာတုန်းက တုလေးကို ယူ ချင်တဲ့သူတွေအကုန်လုံးက သန်မာကြာတယ်၊ ဒါပေမဲ့ အဒေါ်ဖန်ရဲ့ ဝိညာဉ်ကို လည်းမြင်ရော…. ရုတ်တရက်ကြီး တလေးတစားဖြစ်သွားကြတာ”

“သူမ သရုပ်မှန်… ကိုယ်မမှားဘူးဆိုရင် ကိုယ်တို့သိတဲ့လူတွေထက် မြင့် လောက်တယ်” ဝူလင်းယူ ပြောလိုက်သည်။

“အစ်ကိုကသိလို့လား”

“မသိပါဘူး ဒါပေမဲ့ စုံစမ်းလို့ရတယ်” ဝူလင်းယူ ပြောလိုက်သည်။

“ဟူး အချိန်ကျရင်တော့သိမှာပါလေ” ရှီမာယူယူ သက်ပြင်းချလိုက် သည် “ကံကောင်းလို့ အံ့ဖွယ်အရွတ်ရဲ့ ကြီးထွားနှုန်းကကောင်းတယ်လို့ ဝိညာဉ်လေးပြောတယ်၊ အပင်ပေါက်ရင်တော့ အဒေါ်ဖန်ရဲ့ ဒဏ်ရာကိုကုသ နိုင်သလို ရွှမ်ချူဟော်ရဲ့ မျက်လုံးလည်းကောင်းအောင်ကုနိုင်တယ်၊ သူ့ကို ကုပေးမယ်လို့ ကျွန်တော်ကတိပေးထားတယ်”

ဝူလင်းယူသည် သူမ၏ နဖူးကိုတောက်ကာ ပြောလိုက်သည် “မင်း နေ့တိုင်းအဲဒါတွေပဲတွေးနေတာလား ကိုယ့်အကြောင်းကိုဘာလို့မတွေးတာ လဲ”

“အဲဒါတွေက တခြားသူတွေကို ကတိပေးထားခဲ့တာတွေလေ စိတ်ထဲမှာ ထည့်ထားရမှာပေါ့”

“တုလေးအကြောင်းပြောရင်းနဲ့ မင်္ဂလာသားရဲကို ဘာလို့လုကြတာလဲ ဆိုတာ မှတ်မိသေးလား” ဝူလင်းယူ မေးလိုက်သည်။

“အင်း ထာဝရရှင်သန်သူနယ်မြေမကြာခင် ပေါ်လာတော့မယ်လို့ ပြော တယ်၊ ထာဝရရှင်သန်သူ နယ်မြေတံခါးကို မင်္ဂလာသားရဲရဲ့သွေးနဲ့ ဖွင့်နိုင်မယ် တဲ့” ရှီမာယူယူ ပြောလိုက်သည် “ထာဝရရှင်သန်သူနယ်မြေက မကြာခင် ဖွင့် တော့မယ်လို့ ပြောတာမလား၊ ဖွင့်တောင်ပြီးပြီလားပဲ”

“မဖွင့်သေးဘူး” ဝူလင်းယူ ပြောလိုက်သည် “အကြောင်းအရင်းတချို့ ကြောင့် ထာဝရှင်သန်သူနယ်မြေက ပြဿနာရှိလို့ ဖွင့်မယ့်အချိန်နှောင့်နှေး သွားတယ်”

“အဲလိုဆိုရင် ကျွန်တော်တို့ အဲဒါကိုမှီနိုင်မလား” ရှီမာယူယူ၏ မျက်လုံး များအရောင်တောက်သွားလေသည်။

သူမ ထိုကဲ့သို့ဖြစ်သွားသည်ကို ဝူလင်းယူ မြင်သောအခါ သူမ စိတ် လှုပ်ရှားသွားသည်ကို သိသည်။ သူသည် သူမ နှာခေါင်းလေးကိုဆွဲလိုက် သည် “မင်းသွားချင်တယ်ဆိုတာကို ကိုယ်သိတယ်”

“ဒါဆိုရင် ထာဝရရှင်သန်သူနယ်မြေကဘယ်မှာလဲဆိုတာ အစ်ကိုသိ လား ဖွင့်ဖို့ဘယ်လောက်လိုသေးလဲ” ရှီမာယူယူ သွားဖြဲလေသည်။

“၇လလိုသေးတယ် မင်း ပြင်ဆင်ဖို့အချိန်လောက်ပါတယ်” ဝူလင်းယူ ပြောလိုက်သည်။

“ဟား အကဲဖြတ်ပွဲပြီးသွားမှကြည့်ကြတာပေါ့” ရှီမာယူယူသည် ခံစား ချက်ကောင်းနေသည်။ ထာဝရရှင်သန်သူနယ်မြေသည် ထိပ်တန်းကျွမ်းကျင် သူများ ချန်ထားခဲ့သည့်နေရာဖြစ်သဖြင့် လောကအသေးထက်ပင် ပိုကောင်း သောနေရာဖြစ်သည်။ အခွင့်အရေးပိုရသည့်အပြင် ကံကောင်းလျှင် လူတစ် ယောက်၏ အင်အားကို အလျင်အမြန်တိုးတက်နိုင်သည်။

နောက်ရက်များတွင် ရှီမာယူယူသည် ပိုပိုပြီး သက်တောင့်သက်သာ ဖြစ် လာသည်။ တောင်ကြားကိစ္စများကို စိုးရိမ်ရန်မလိုတော့ပေ။ သူမသည် စကား ပြောချင်သည့်သူသည် သူမကို အဖော်ပြုစကားပြောခြင်း၊ သူမ အတွေးများ ကိုဖြေရှင်းပေးခြင်း ညွန်ပြပေးခြင်းများ ပြုလုပ်ပေးလေသည်။ သူမ အရေး တကြီးလုပ်ရမည့်ကိစ္စများမရှိပေ။ တစ်လကျော်အတွင်းကို ကိုယ်အလေးချိန် တက်လာသည်ဟုပင် ခံစားရလေသည်။

“ယူယူ ယူယူ ဝိတ်တက်လာတယ်လို့ ရှောင်ချီလည်းထင်တယ်” ရှောင်ချီသည် ရှီမာယူယူ သူမ ပါးမို့များကိုဆွဲလိုက်ချိန်တွင် ပြံုးလိုက်သည်။

ရှီမာယူယူသည် သူမအား မျက်စောင်းထိုးလိုက်သည်။ သူမ သိရင် တောင် ပါးစပ်ကပြောဖို့မလိုဘူးလေ။

ဝူလင်းယူသည် သစ်ပင်အောက်တွင်ထိုင်ပြီး လက်ထဲတွင် လက်ဖက် ရည်ခါက်ကိုကိုင်ထားလေသည်။ သူမ၏ မျက်စောင်းကို သူ မြင်လိုက်သော အခါ ပြံုးပြီး ခေါင်းရမ်းလိုက်သည်။

“ယူယူ စိတ်မတိုပါနဲ့ ယူယူ ဝလာရင်တောင် အစ်ကိုကြီးလင်းယူက ယူယူ့ကို အထင်မသေးပါဘူး” ရှောင်ချီသည် ပါးစပ်ကိုကာရင်း ရယ်မောလေ သည်။

“အထင်သေးစရာမရှိပါဘူး” ပြန်ဖြေခဲလှသော ဝူလင်းယူသည် ပြော လေသည်။

“ဟင်း ဟင်း အထင်သေးလဲ နောက်မကျသေးပါဘူး” ရှီမာယူယူသည် ဝိညာဉ်အသီးထုတ်ကာ သူ့ဆီသို့ပစ်လိုက်သည်။

ဝူလင်းယူသည် ရေဖြင့်ဆေး၍ တောက်ပြောင်နေသော အသီးကိုဖမ်း လိုက်သည်။ သူ တစ်ကိုက်ကိုက်လိုက်ရာ ချိုမြနေသည်။

“ကိုယ် ဆရာဦးလေးနဲ့ဆွေးနွေးပြီးသွားပြီ အကဲဖြတ်ပွဲပြီးသွားတာနဲ့ ထာဝရရှင်သန်သူနယ်မြေကိုသွားမယ့်သူတွေအတွက် ကိုယ်စီစဉ်ပေးရမယ်” ဝူလင်းယူ ပြောလိုက်သည်။

“တောင်ကြားမှာ မင်္ဂလာသားရဲရှိလား” ရှီမာယူယူ မေးလိုက်သည်။

“မင်းမှာလည်းရှိတယ်မဟုတ်ဘူးလား” ဝူလင်းယူ မျက်တောင်ခတ် လိုက်သည်။

“ဟင်း သူ့မှာလည်းရှိရဲ့သားနဲ့” ရှီမာယူယူ သူ့ကိုကြည့်လိုက်သည်။

“တောင်ကြားကလူတွေအပြင် မင်းကရောဘာလုပ်ဖို့ရှိလဲ” ဝူလင်းယူ မေးလိုက်သည်။

ရှီမာယူူယူသည် သူ့ဘေးတွင်ထိုင်ပြီး ခေတ္တမျှစဉ်းစားလိုက်သည် “အစ်ကိုတွေနဲ့ တခြားသူတွေက လောကအသေးမှာရှိတာ ထွက်မလာသေး ဘူး၊ သူတို့ကိုဂိုဏ်းကနေခေါ်ပြီးသွားဖို့ပဲလိုတော့တယ် အင်း စီနီယာအစ်ကိုနဲ့ စီနီယာအစ်မသာ ဂိုဏ်းမှာရှိမနေရင် သူတို့လည်း ပါလို့ရတယ်”

“ဒါဆိုရင် အကဲဖြတ်ပွဲပြီးတဲ့အချိန်ကျရင် သူတို့ကို သတိပေးလိုက်ပေါ့” ဝူလင်းယူ အကြံပေးလေသည်။

“အင်း သူတို့ကို ဖြစ်နိုင်သလောက်မြန်မြန်ဆက်သွယ်လိုက်ပါမယ်၊ ဒီ အခွင့်အရေးက ရှားတယ်၊ လွဲသွားရင် တစ်ဘဝလုံးနောင်တရနေရမယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

နှစ်ရက်အကြာတွင် အံ့ဖွယ်နတ်ဆိုးတောင်ကြား၏ တပည့်များအကဲ ဖြတ်ပွဲသည် တရားဝင်စတင်လေသည်။

ရှီမာယူယူနှင့် ဝူလင်းယူတို့သည် ခန်းမခေါင်းဆောင်များနှင့် စင်မြင့် အထက်တွင် ပေါ်လာကြသည်။ ခန်းမ တပည့်များသည် အောက်တွင်စောင့် ကြလေသည်။

“ယူယူ ရှောင်ချီက ယူယူသွားနေကျဖြစ်တဲ့ ပြိုင်ပွဲဝင်နေရာမဟုတ်ရင် ပွဲကြည့်စင်နေရာတွေကို အမြဲလိုက်နေကျ၊ ဒီတစ်ခေါက်တော့ စင်ပေါ်ကနေ ရမယ်လို့ မထင်ထားဘူး” ရှောင်ချီသည် ရှီမာယူယူ ဘေးတွင်ထိုင်လိုက် သည်။ သူမသည် ခုံကိုလှုပ်ရမ်းနေသည်။

“အင်း ငါလည်း ဒီလိုနေရာမှာရှိတာ ပထမဆုံးပဲ” ရှီမာယူယူ ပြောလိုက် သည်။ “တိတ်တိတ်နေ မလှုပ်နဲ့”

“အင်း” ရှောင်ချီသည် ငြိမ်ကျသွားကာ လည်ပင်းကလေးရှည်ထွက်ပြီး ပြိုင်ပွဲကို စောင့်ကြည့်နေလေသည်။

ပွဲတင်ဆက်သူတက်လာပြီး အတွင်းပိုင်းတောင်ကြား၏ အကဲဖြတ်မှုကို စတင်ဦးစီးလေသည်။ စည်းမျဉ်းမျာကို မိတ်ဆက်ပြီးနောက်တွင် အကဲဖြတ်မှု ပထမဆုံးပွဲစတင်လေသည်။

ထိုနေရာတွင် ပထမဆုံးထိုင်သည့် ရှီမာယူယူအဖို့တော့ ထိုနေရာမှ ကြည့်ရသည်မှာ အမြင်ကွဲပြားနေသည်။ အရင်ကဆိုလျှင် ပြိုင်ပွဲဝင်များ သင်ယူစိတ်ဖြင့်ယှဉ်ပြိုင်သည်ကို ကြည့်ရှုခဲ့သည်။ ဒီတစ်ခေါက်ကြည့်သည်မှာ တော့ ကိုယ်ကျင့်တရားကို စေ့စေ့စပ်စပ်ကြည့်ရသည်။ သို့သော် တပည့်များ ၏ ကိုယ့်ကျင့်တရားမှာ အားလုံးကောင်းကြသည်။

***

All Chapters