အစီအစဉ်
Vol. 011 Ch. 1049
အကဲဖြတ်ပွဲပထမဆုံးနေ့သည် အဂ္ဂိရတ်ခန်းမမှ တပည့်များအတွက်ဖြစ် သည်။ ယွန်ယိနှင့်တခြားသူများသည် အထဲတွင် စုဝေးနေကြသည်။ သူသည် ပြီးခဲ့သည့်တစ်ခေါက်က ဒဏ်ရာရထားသော်လည်း အပြည့်အဝပြန်ကောင်း လာပြီဖြစ်ရာ အဂ္ဂိရတ်လုပ်ငန်းစဉ်အတွက် အတားအဆီးမဖြစ်နိုင်ပေ။ “ယူယူ” ရှောင်ကျင်းရှုံသည် တိုးညင်းစွာခေါ်လိုက်သည် “အကြီးအကဲရှောင် ဘာဖြစ် လို့လဲ” ရှီမာယူယူသည် သူ့ဘက်သို့လှည့်ကြည့်လိုက်သည်။
“ဘာမှမဟုတ်ဘူး မင်းကိုကျေးဇူးတင်ချင်လို့” ရှောင်ကျင်းရှုံ ပြောလိုက် သည် “ယွန်ယိတို့ကိုကြည့်လိုက်လေ မင်းကြောင့်သာမဟုတ်ရင် အဂ္ဂိရတ် ပညာကို နောက်ထပ်ဘယ်တော့မှ လေ့ကျင့်လို့ရတော့မှာမဟုတ်ဘူး”
“ဟုတ်တယ်” ဟော်ဝမ် ပြောလိုက်သည် “ယူယူ မင်းရဲ့ ငွေအပ်ကုထုံး က တော်တော်ကောင်းတယ် ဝိညာဉ်ဆေးတော်တော်များများထက် ပိုကောင်း တယ်”
“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲဟော်” ရှီမာယူယူ ပြံုးလိုက်သည်။
“အရင်ကအလုပ်များနေလို့… အခုစဉ်းစားကြည့်တော့ မင်းကို အဲအကြောင်းမေးချင်သေးတယ်” ဟော်ဝမ်သည် တွေဝေနေသည်။
“အကြီးအကဲဟော် ပြောဖို့အခက်အခဲရှိလို့လား” ရှီမာယူယူသည် သူ တွေဝေနေသည်ကို မေးလိုက်သည်။
“ဒီလိုပါ…” ဟော်ဝမ် စပြောလေသည် “အရင်က မင်းရဲ့ငွေအပ်ကုထုံး ဆိုတာကို တစ်ခါမှမကြားဖူးဘူး၊ တောင်ကြားကတပည့်တွေကို သင်ပေးလို့ရ မလား ဒီအကြံကရုတ်တရက်ဖြစ်လွန်းတယ် ဒါပေမဲ့…”
“အကြီးအကဲဟော်က အတွေးလွန်နေပါပြီ၊ ကျွန်တော်က အံ့ဖွယ် နတ်ဆိုးတောင်ကြားရဲ့ တောင်ကြားသခင်လေးပဲလေ ပြီးတော့ ငွေအပ်ကုထုံး ကလည်း လူတွေကိုကုသနိုင်တယ်၊ တောင်ကြားကို ကျွန်တော် နည်းနည်း မျှဝေပေးနိုင်ရင် ကောင်းတာပဲ” ရှီမာယူယူ စကားဖြတ်ပြောလိုက်သည်။
ပုံမှန်လူအတွက်သာဆိုလျှင် ထိုအရည်အချင်းများကို ဖုံးကွယ်ပြီး လျှို့ဝှက်ထားတတ်ကြသည်။ လျှို့ဝှက်နည်းရှိသူများသည် ဂိုဏ်းတစ်ခု တည်ထောင်ခြင်းမဟုတ်လျှင် တခြားတစ်ခုခုမှပင် သူတို့ကိုမျှဝေပေးတတ်ကြ သည်။ သို့သော် သူမ ဒီလောက်မြန်မြန်သဘောတူလိမ့်မည်ဟု ထင်မထား ပေ။
“တကယ်လား” သူ ဝမ်းမြောက်သွားသည်။
“တကယ်ပြောတာပါ” ရှီမာယူယူသည် သူ့ပုံစံကြောင့် သဘောကျသွား လသေည်။ “ဒါပေမဲ့ ငွေအပ်ကုထုံးက သင်ဖို့လွယ်တယ် ကျွမ်းကျင်ဖို့က ခက် တယ်၊ ကျွန်တော် တောင်ကြားကို အခြေခံဗဟုသုတလောက်ပဲပြောပြပေးနိုင် မှာပါ၊ ကျွမ်းကျင်ဖို့ဆိုရင်တော့ တပည့်တွေကပဲ ထပ်ပြီးလေ့လာရမယ်”
“ဒါကတော့ သဘာဝပါပဲ” ဟော်ဝမ် ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင် နောက်မှ ကျွန်တော်ပြန်ပြီးတော့ အပ်စိုက်ရမယ့် အဓိကနေရာ တွေအကြောင်းနဲ့ အပ်စိုက်ကုထုံးနည်းတွေကို အကျဉ်းချုပ်ပြီး ဆေးသခင် ခန်းမကိုပို့လိုက်ပါမယ်”
“ကောင်းပါပြီ ဟားဟားဟား..”
တခြားသောခန်းမသခင်များသည် ဟော်ဝမ်၏ ပျော်ရွှင်မှုကြောင့် မှင် တက်သွားကြသည်။ သူတို့သည် မတတ်သာပဲ သူ့ကို မျက်လုံးလှန်မိကြလေ သည်။
နောက်ပိုင်းတွင် အကဲဖြတ်မှုများသည် ဆက်လက်ကျင်းပသည်။ အဂ္ဂိရတ်အကဲဖြတ်မှုပြီးနောက်တွင် လက်နက်အကဲဖြတ်မှု၊ တည်ဆောက်မှု အကဲဖြတ်မှုနှင့် တခြားသောအကဲဖြတ်မှုများကျင်းပသည်။ အကဲဖြတ်ပွဲ ကျင်းပရာ ရက်တော်တော်များများ ကုန်ဆုံးသွားသည်။
ရှီမာယူယူနှင့် တောင်ကြားအဖွဲ့သားများသည် အကဲဖြတ်သည့်ပွဲကို ဦးစီးနေစဉ်တွင် ထာဝရရှင်သန်သူနယ်မြေဖွင့်မည့် သတင်းသည် တိုင်းပြည် တွင် ပြန့်နေကာ လှုပ်ရှားမှုများမြင့်တက်လျက်ရှိသည်။ အမျိုးမျိုးသော အင်အားစုများသည် လှုပ်ရှားမှု စတင်နေပြီဖြစ်သည်။
ထာဝရရှင်သန်သူနယ်မြေကို ဖွင့်ရန်လိုအပ်သည်မှာ မင်္ဂလာသားရဲ၏ သွေးဖြစ်သည်။ ထိုအရာသည် အမှောင်တောတွင်ရှိစဉ်က တုလေးကို ဖမ်း သည့်ပွဲကိုပင် သတိသွားရစေသည်။ ထိုအချိန်မှပင် ထာဝရရှင်သန်သူ နယ်မြေ ထွက်ပေါ်လာမည်ဖြစ်ကြောင်းကို သူတို့သိခဲ့ခြင်းဖြစ်သည်။
သို့သော် တုလေးသည် ခေါ်သွားခံရပြီးပြီ။ လျှို့ဝှက်ချက်ဟူ၍မရှိပေ။ မင်္ဂလာသားရဲမရှိပါပဲနှင့် ထာဝရရှင်သန်သူနယ်မြေတံခါးကိုဖွင့်ရန် မင်္ဂလာ သားရဲ၏သွေးကို မည်သည့်နေရာတွင် သွားရှာပါမည်နည်း။
ထိုအချိန်မှစ၍ ခုချိန်ထိ တိုင်းပြည်အတွင်းတွင် မင်္ဂလာသားရဲရှာသည့် လှိုင်းသည် ထပ်မံရှိခဲ့သေးသည်။
မင်္ဂလာသားရဲကို ပိုင်ဆိုင်သည့်တချို့အင်အားစုများသည် အလောမကြီးပေ။ သို့သော် ထိုတစ်ကိုယ်ရေသမားများသည် သူတို့၏ မင်္ဂလာ သားရဲကိုကာကွယ်ရန်အတွက် ခိုလှုံရာရှာကြလေသည်။
ဒီနေ့တွင် ရှီမာယူယူသည် ခြံဝန်းသို့ပြန်လာသည်။ သူမသည် သားအမိ ကျောက်ကိုထုတ်ကာ ရှီမန်ဖန်နှင့် ဆက်သွယ်လိုက်သည်။
“အစ်မကြီး ဘာလဲ” ရှီမန်ဖန် မေးလိုက်သည်။
“ဖန်အာ မင်းကိုပြောရမယ့်ဟာရှီတယ်” ရှီမာယူယူသည် ဝူလင်းယူဆီမှ ဝိညာဉ်အသီးကိုယူလိုက်သည်။ သူမ ကိုက်ပြီး ပြောလိုက်သည် “အမှောင် တောမှာတုန်းက တုလေးကို လုယူချင်တဲ့သူတွေကိုမှတ်မိလား”
“မှတ်မိတယ်လေ နင် ထာဝရရှင်သန်သူနယ်မြေအကြောင်းပြောချင်လို့ လား” ရှီမန်ဖန် မေးလိုက်သည်။
“မင်းလည်းသိတာလား”
“သိတာပေါ့ တစ်တိုင်းပြည်လုံးက ထာဝရရှင်သန်သူနယ်မြေအကြောင်း ကိုပြောနေကြတာ၊ ငါတို့ အသည်းကွဲတောင်ကြားမှာ ဘယ်လောက်ပဲ ပုန်းနေ နေ၊ ဒီလောက်ကိစ္စကြီးတစ်ခုကို မသိပဲနေပါ့မလား” ရှီမန်ဖန် အားရပါးရပြုံး လိုက်သည်။
“မင်းသိမှတော့ အဲဒါကိုဘယ်လိုထင်လဲ” ရှီမာယူယူ မေးလိုက်သည်။
“တစ်ခုခုတော့ရှိရမယ်….”
“မင်းကတော့ ခံစားနိုင်စွမ်းကောင်းတယ် ဘယ်လိုထင်လဲ၊ ပြောဦး” သူ့အသံ တိုးတိုးလေးကိုနားထောင်ရသည်မှာ ခံစားချက်မကောင်းဟု ရှီမာယူယူ ခံစားရသည်။
“ကျုံကျန်းမျိုးနွယ်လည်း ထာဝရရှင်သန်သူနယ်မြေကိုဝင်မှာ” ရှီမန်ဖန် ပြောလိုက်သည်။
“ကျုံကျန်းမျိုးနွယ်ကလား” ရှီမာယူယူ၏ မျက်လုံးများအရောင်တောက် သွားသည်။ သူမ နှုတ်ခမ်းများတွန့်ချိုးလိုက်သည်။ “သူတို့မှာ မင်္ဂလာသားရဲ ရှိလို့လား”
“မရှိဘူး” ရှီမန်ဖန် ပြန်ဖြေလေသည်။
“ဒါဆို သူတို့ဘယ်လိုသွားကြမှာလဲ”
“အဲဒါကြောင့် သူတို့ နည်းလမ်းရှာနေကြတာ” ရှီမန်ဖန် ပြောလေသည် “သူတို့ ဒီနောက်ပိုင်းကို ခြေလှမ်းစိပ်လာတယ်၊ နည်းလမ်းရှာတွေ့ပြီထင် တယ်၊ သူတို့ရှာမတွေ့ရင်လည်း သူတို့ကို ပေးတွေ့ရမှာပေါ့”
“အစ်ကိုဖန် အကြံဆိုးကြီးနဲ့” ရှောင်ချီသည် အသားအမိကျောက်ထဲသို့ အော်လိုက်သည်။
“ငါက သူတို့ကိုကူညီတာမဟုတ်ဘူးလား” ရှီမန်ဖန် ပြန်ချေပလေသည်။
“သူတို့ကို ကူညီတာမှမဟုတ်တာ သူတို့ကို အကွက်ဝင်အောင်ဆင်ပြီး သတ်ချင်နေတာလို့ ထင်တယ်” ရှောင်ချီ ရယ်လို်က်သည်။
“ဟီး ဟီး” ရှီမန်ဖန် မျက်နှာရွဲ့လိုက်သည်။
“ဘာအစီအစဉ်ရှိလဲ” ရှီမာယူယူသည် ဘေးမှပြံုးနေလေသည်။
“သဘာဝကျကျပဲ သူတို့ကို မင်္ဂလာသားရဲရှာတွေ့ဖို့ ကူညီပေးမယ်…” ရှီမန်ဖန် ပြောလေသည်။
“အင်း မင်းမှာအကြံရှိရင် ပြည့်စုံအောင်လုပ်နိုင်ပါတယ်၊ လိုတာရှိရင် ငါ့ကိုပြောလေ” ရှီမာယူယူသည် သူ့ကို လုပ်ပိုင်ခွင့်အပြည့်အဝပေးလိုက် သည်။
“ဒါဆိုရင် မင်္ဂလာသားရဲဘယ်မှာရှိလဲဆိုတာသိလား”
“….”
ထိုသည်မှာ ပြောရန်အမှန်တကယ်လိုအပ်သည်။
မင်္ဂလာသားရဲကို မည်သည့်နေရာသွားရှာရမည်ကို သူမ မသိပေ။ ထို့ကြောင့် သူမအကြည့်များသည် ဝူလင်းယူဆီသို့ရောက်သွားလေသည်။
“ကိုယ်က မင်္ဂလာသားရဲဘယ်မှာရှိလဲဆိုတာ သိရုံပဲ…” ဝူလင်းယူသည် ရှီမာယူယူ၏ လက်ထဲသို့ ဝိုင်ခွက်ပေးလိုက်သည်။
“….” ရှီမာယူယူသည် သူ၏ တည်ငြိမ်သောမျက်လုံးများကိုစိုက်ကြည့် ပြီး ကောင်းကင်သို့ကြည့်လိုက်သည်။ “အစ်ကိုမသိတာဘာရှိသေးလို့လဲ”
ဝူလင်းယူသည် ပြုံးပြီး ဘာမှမပြောပေ။
ရက်အနည်းငယ်ကြာသောအခါ ကျံုကျန်းမျိုးနွယ်တွင် ပျော်ရွှင်စရာ သတင်းကြားရလေသည်။
“မျိုးနွယ်ခေါင်းဆောင် မျိုးနွယ်ခေါင်းဆောင် ရှာတွေ့ပြီ ရှာတွေ့ပြီ” အကြီးအကဲတစ်ဦးသည် အစည်းအဝေးခန်းမသို့ ပျော်ရွှင်စွာပြေးလာလေ သည်။
ကျံုကျန်းမျိုးနွယ်၏ ခေါင်းဆောင် ကျံုကျန်းချင်းရန်သည် သူ့နေရာမှ ချက်ချင်းပင်ထလိုက်သည်။
“သေချာလား မင်္ဂလာသားရဲရဲ့နေရာကို တွေ့ပြီလား”
အကြီးအကဲသည် ပျော်ရွှင်မှုဖြင့်ပြည့်နေကော အခိုင်အမာ ခေါင်းညိတ် ကာ “ဟုတ်တယ် မျိုးနွယ်သခင် ဒီတစ်ခေါက်သတင်းက အမှန်အကန်ပဲ”
“ဘယ်မှာလဲ”
“တောင်ပိုင်းလွင်တီးခေါင်ရဲ့ တောင်ကြားတစ်ခုမှာ ဒါပေမဲ့….”
“ဒါပေမဲ့ ဘာဖြစ်လဲ” ကျုံကျန်းချင်းရန် မေးလိုက်သည်။
“အင်အားစုတော်တော်များများ ဒီသတင်းကိုသိကြတယ် အခု အကုန် လုံးသွားကုန်ကြပြီ” အကြီးအကဲပြန်ဖြေလေသည် “ကျုပ်တို့ အခုပဲလှုပ်ရှားရ တော့မယ်၊ မဟုတ်ရင် တခြားသူတွေထက်နောက်ကျကျန်နေခဲ့မယ်”
“ရှာတွေ့ပြီဆိုမှတော့ လူတွေခေါ်ပြီး ဆုန့်မြောင်ကိုသွားခိုင်းလိုက် ငါတို့ မင်္ဂလာသားရဲကို သေချာပေါက်ပြန်ယူလာရမယ်” ကျုံကျန်းချင်းရန် အမိန့် ပေးလေသည်။
“ဟုတ်ကဲ့ပါ မျိုးနွယ်သခင်” အကြီးအကဲသည် အလျင်စလိုပင် ထွက် သွားလေသည်။
“မျိုးနွယ်သခင် ဒီမင်္ဂလာသားရဲက ထာဝရရှင်သန်သူနယ်မြေနဲ့ ဆက်စပ် နေတယ်၊ အိမ်တော်သခင်လေးက အခုထိငယ်သေးတယ် အကြီးအကဲ တစ်ယောက်ကို သွားကြည့်ခိုင်းတာ ပိုကောင်းပါမယ်” အကြီးအကဲ နောက် တစ်ယောက် မတ်တတ်ရပ်လေသည်။
“ဟုတ်တယ် ခင်ဗျားနဲ့ အကြီးအကဲ၅တို့ သခင်လေးနဲ့ အတူသွားလိုက်” ကျုံကျန်းချင်းရန် အမိန့်ပေးလေသည်။
“ဟုတ်ကဲ့ မျိုးနွယ်သခင်”
နေ့တစ်ဝက်ကြာပြီးနောက်တွင် ကျုံကျန်းဆုန့်မြောင်သည် မျိုးနွယ်အဖွဲ့ နှင့်အတူ တောင်ပိုင်းလွင်တီးခေါင်ဆီသို့ အလောတကြီးသွားလေသည်။
နေ့တစ်ဝက်အကြာတွင် ရှီမာယူယူသည် ရှီမန်ဖန်ဆီမှ သတင်းရလေ သည်။
“အစ်မ ကျုံကျန်းဆုန့်မြောင်နဲ့ တခြားနှစ်ယောက်ထွက်သွားတယ်လို့ သတင်းရတယ်”
ရှီမာယူယူ၏ မျက်နှာတွင် တောက်ပသောအပြံုးဖြစ်သွားကာ “ကောင်းတယ် အစီအစဉ်အတိုင်းလုပ်မယ်…”
***