နန်းတော်သခင်လေးနဲ့ သခင်လေး
Vol. 011 Ch. 1050
ကျုံကျန်းဆုန့်မြောင်သည် ကျံုကျန်းမိသားစုဝင်များကို ခေါ်ကာ တောင်ပိုင်းလွင်တီးခေါင်ဒေသသို့သွားလေသည်။ သူတို့သည် တည့်တည့်ပင် လျိုလီစီရင်စုရှိ ရှီရှားတောင်တန်းဆီသို့သွားကြသည်။ လျိုလီစီရင်စုသည် တောင်ပိုင်းလွင်တီးခေါင်ဒေသတွင် ဧရိယာအကြီးဆုံးဖြစ်သည်။ မိသားစုကြီး နှင့် မျိုးနွယ်ကြီးများစွာတို့ ထိုနေရာတွင်ရှိသဖြင့် အင်အားစုမှာလည်း အသန် မာဆုံးဖြစ်သည်။
ရင်ယန်နန်းတော်သည်လည်း လျိုလီစီရင်စုတွင်တည်ရှိသည်။ လျိုလီ စီရင်စု၏ အင်အားအကြီးဆုံးဂိုဏ်းအနေနှင့် လျိုလီစီရင်စုအလယ်တွင် တည် ရှိကာ ချင်းမိသားစုနှင့် သိပ်မဝေးကွာလှပေ။
ကျုံကျန်းဆုန့်မြောင် သူတို့ကို ရှီရှားတောင်တန်းသို့ ခေါ်သွားချိန်တွင် ရင်ယန်နန်းတော်သည် ရောက်နှင့်နေပြီဖြစ်သည်။
“သခင်လေးကျုံကျန်း၊ ကျွန်တော်တို့ နန်းတော်သခင်လေးက အခေါ်ရှိ ပါတယ်” ရင်ယန်နန်းတော်မှ ကိုယ်ရံတော်သည် ကျုံကျန်း အိမ်တော်စခန်း ချရာနေရာသို့ရောက်လာပြီး ဂုဏ်ဝင့်စွာဖြင့်ပြောလေသည်။
ကျုံကျန်းမိသားစုဝင်များ၏ အမူအရာသည် ပြောင်းကုန်ကြသည်။ ရင်ယန်နန်းတော်မှလူများလည်း ထိုနေရာသို့ရောက်နေလိမ့်မည်ဟု သူတို့ မထင်ထားကြပေ။ ထိုလူနှစ်ယောက်၏ ပုံပန်းသဏ္ဍာန်ကိုကြည့်ရသလောက် သူတို့သည် မင်္ဂလာသားရဲသတင်းကိုဖုံးကွယ်ထားသည်ကို ကျေနပ်ဟန်မရှိ ပေ။
“နန်းတော်သခင်လေးလည်း ဒီအထိကိုယ်တိုင်ရောက်လာမယ်လို့ မထင်ထားဘူး မင်္ဂလာသားရဲသတင်းကို အတည်ပြုပြီးတာနဲ့ နန်းတော်သခင် ကိုသတင်းပို့မလို့ပဲ” ကျုံကျန်းဆုန့်မြောင်သည် စိတ်ထဲတွင် မပျော်ရွှင်သော် လည်း ပြုံးပြီးပြန်တုန့်ပြန်လိုက်သည်။
“ဟုတ်ပါပြီ ခင်ဗျားတို့အတွေးအစစ်အမှန်ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်” ကိုယ်ရံတော်တစ်ယောက် ပြောလေသည် “ကျုံကျန်းသခင်လေး ဒီမှာပါ”
“မင်းတို့ဒီမှာပဲ စခန်းချနေလိုက် အကြီးအကဲနှစ်ယောက်က ငါနဲ့လိုက်ပြီး နန်းတော်သခင်လေးကို နှုတ်ဆက်လိမ့်မယ်” ကျုံကျန်းဆုန့်မြောင် ပြောလိုက် သည်။
“ဟုတ်ကဲ့ပါ သခင်လေး”
ကျုံကျန်းဆုန့်မြောင်နှင့် အကြီးအကဲနှစ်ယောက်သည် ရင်ယန် နန်းတော်စခန်းချရာနေရာသို့ ကိုယ်ရံတော်နှစ်ယောက်နောက်မှလိုက်ခဲ့လိုက် ကြသည်။ လမ်းတွင် သူတို့သည် အင်အားစုများစွာ၏ စခန်းများကိုမြင်ရလေ သည်….
“အင်အားကြီးတွေ အဲလောက်လာကြတာလား” အကြီးအကဲ၃ ကျုံကျန်းဟိုင်သည် ထိုစခန်းများကိုမြင်သောအခါ မျက်မှောင်ကြုတ်လိုက် သည်။
“အဲဒီအင်အားစုတွေက ဘယ်လိုလုပ် ဒီလောက်မြန်မြန်ရောက်လာတာ လဲ” အကြီးအကဲ၅ ကျုံကျန်းချွမ်သည်လည်း သိချင်မိသည်။
“ဒီတစ်ခေါက်က မင်္ဂလာသားရဲနဲ့ ထာဝရရှင်သန်သူ နယ်မြေအကြောင်း ပဲ၊ အဲလူတွေမြန်မြန်ရောက်လာမှာပေါ့” ကျုံကျန်းဆုန့်မြောင် ပြောလိုက်သည် “ကျွန်တော့်အမြင်ဆိုရင် နောက်ကို အင်အားစုတွေ အများကြီးရောက်လာဦး မယ်”
တကယ်သာထိုကဲ့သာဆိုရင် သူတို့သည် မင်္ဂလာသားရဲ ရနိုင်ချေနည်း သွားမည်။
မည်သို့ပင်ဖြစ်စေကာမူ သူတို့သည် သားရဲကိုရကိုရရမည်။
သူသည် သူ့ကိုစိုက်ကြည့်နေသည်ဟု ခံစားရသော်လည်း သူ့ကိုကြည့် နေသူကို မမြင်ရပေ။
ရှီမာယူယူ၊ ဝူလင်းယူတို့နှင့်အတူ ရှီမန်ဖန်နှင့် ရှင်းမိုတို့သည် တောင်ထိပ်တွင်ရပ်နေကြသည်။ ကျုံကျန်းဆုန့်မြောင်သည် အစောပိုင်းက ထိုနေရာဘက်သို့ကြည့်ခဲ့သည်။
“ကျုံကျန်းဆုန့်မြောင်က ဒီလောက် ပါးလိမ့်မယ်လို့ မထင်ထားဘူးပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ကျုံကျန်းဆုန့်မြောင်က ပေါ့သေးသေးတော့မဟုတ်ဘူး” ရှင်းမိုပြော လိုက်သည် “ဒီအရွယ်နဲ့ မိသားစုရဲ့ အိမ်တော်သခင်လေးဖြစ်လာမှတော့ အရည်အချင်းရှိလို့ပဲလေ”
“တကယ်လား” ရှီမာယူယူ ပြုံးယောင်သမ်းသွားသည် “အဲလိုဆိုရင် ပို ကောင်းသွားတာပေါ့၊ သူတို့ အမွေးလေးနည်းနည်းနှုတ်လိုက်တာထက် အင်အားကြီးလက်မောင်းတစ်ခုကို ဖြုတ်လိုက်ရတာက ပိုကောင်းတာပေါ့”
“အဲတုန်းက ကျံုကျန်းဆုန့်မြောင်က ငါတို့မိသားစုဝင်တွေကို အများကြီး သတ်ခဲ့တယ်” ရှီမန်ဖန် ပြောလိုက်သည် “ဒီတစ်ခေါက်ကို သေသွားတဲ့ ဆွေမျိုးတွေအစား သူ့ကို ပြန်ပေးဆပ်ခိုင်းရမယ်”
“မစိုးရိမ်ပါနဲ့ ဒီခေါက်ခရီးက သူတို့အတွက် ပြန်လမ်းမရှိဘူး” ရှီမာယူယူ ပြောလိုက်သည်။
ဒီတစ်ခေါက်အစီအစဉ်အတွက် ယူလိုက်သောအချိန်မှာ တိုတောင်း သော်လည်း လုံးဝပြည့်စုံသည်။ တန်ရာတန်ကြေးပြန်ပေးဆပ်ရမှာက သူတို့ လေ။ မထိမခိုက်ပဲ ပြန်မသွားစေရဘူး။
ကျုံကျန်းဆုန့်မြောင်၊ ကျုံကျန်းဟိုင်နှင့် ကျုံကျန်းချွမ်တို့သည် ရင်ယန် နန်းတော်ဆီသို့လာကြသည်။ သူတို့၏ ကြီးမားသောစခန်းကိုကြည့်ပြီး ရင်ယန်နန်းတော်သည် သည်တစ်ခေါက်တွင် လူအများအပြားစေလွှတ်လိုက် သည်ကို သိလိုက်သည်။
သူတို့ကို ဦးဆောင်သွားသော ကိုယ်ရံတော်သည် အကောင်းဆုံးတဲဆီ သို့ခေါ်သွားပေးပြီး ထွက်သွားလေသည်။
တံခါးမှအစောင့်သည် သူတို့ကိုစိုက်ကြည့်ပြီး ပြောလိုက်သည် “ကျုံကျန်းသခင်လေး၊ နန်းတော်သခင်လေးက ခင်ဗျားကို အထဲမှာစောင့်နေ ပါတယ်”
ခင်ဗျားကိုဆိုတော့ အကြီးအကဲနှစ်ယောက်က မပါဘူးပေါ့။
“အကြီးအကဲတို့နှစ်ယောက် ဒီမှာစောင့်နေပါ” ကျုံကျန်းဆုန့်မြောင် သည် အကြီးအကဲနှစ်ယောက်ကိုပြောပြီး ဝင်သွားလေသည်။ ရင်ယန် နန်းတော်၏သခင်လေးဖြစ်သော စောင်းလာကို မိန်းမလှလေးများ အခစား ဝင်နေသည်ကို သူ တွေ့လိုက်သည်။ သူသည် စောင်းလာကို အရိုအသေပေး လိုက်သည် “ဆုန့်မြောင်က နန်းတော်သခင်လေးကို နှုတ်ဆက်ပါတယ်”
စောင်းလာဘေးတွင် မိန်းမလှလေးနှစ်ယောက်ရှိနေသည်။ တစ်ယောက်မှာ သူ့ကိုယပ်ခတ်ပေးနေပြီး နောက်တစ်ယောက်မှာ သူ့ဘေး တွင်ထိုင်ပြီး အသီးများကိုကျွေးနေသည်။ ကျုံကျန်းဆုန့်မြောင်ကို မြင်သောအခါ သူသည် မိန်းမလှလေး၏ လက်ထဲသို့ ပါးစပ်ထဲမှ အစေ့ကို ထွေးထုတ်ပြီး စူးရှစွာပြောလေသည် “ကျုံကျန်းဆုန့်မြောင် မင်းကို မတွေ့တာ နှစ်နည်းနည်းပဲရှိသေးတာ မင်းသတ္တိရှိလာတာပဲ”
“နန်းတော်သခင်လေးက လေးနက်နေပါပြီ၊ ကျွန်တော်တို့ ကျုံကျန်း မိသားစုက ရင်ယန်နန်းတော်ကို သစ္စာစောင့်သိပါတယ်” ကျုံကျန်းဆုန့်မြောင် သည် တရိုတသေပြောလေသည်။
“ဟုတ်လား” စောင်းလာသည် သူ့ဘေးမှ အလှလေးတို့ အသီးမကျွေး တော့ရန် အချက်ပြသည့်အနေနှင့် လက်ကိုဝေ့ရမ်းကာ ကျောခင်းပြီး ပြော လိုက်သည် “မင်းတို့သာ တကယ်သစ္စာရှိရင် ဒီတစ်ခေါက် မင်္ဂလာသားရဲ ပေါ် လာတာကို ဘာလို့မပြောတာလဲ”
“ကျွန်တော်တို့လည်း အခုမှသတင်းရတာပါ၊ ကြားကြားချင်းပဲ နန်းတော် ကိုသတင်းပို့ဖို့ လူတွေလွှတ်ခဲ့ပါတယ်၊ လွှတ်လိုက်တဲ့လူတွေ နန်းတော်ကို ရောက်တဲ့အထိ မစောင့်လိုက်ပါဘူး၊ ဒါပေမဲ့ နန်းတော်သခင်လေးက ဒီကို အရင်ရောက်နှင့်မယ်လို့ မထင်ထားမိဘူး” ကျံုကျန်းဆုန့်မြောင်သည် အလေးအနက်ထားကာ ပြောလိုက်သည်။
“တကယ်လား” စောင်းလာသည် သူ့ကို တည့်တည့်စိုက်ကြည့်ပြီး သူ ယုံသည် မယုံသည်ကို ဘာမှမပြောပေ။
“အမှန်ပါပဲ” ကျုံကျန်းဆုန့်မြောင်၏ အမူအရာသည် အမှန်ပြောနေသည့် အတိုင်း မပြောင်းလဲပဲရှိနေသည်။
စောင်းလာသည် ခေတ္တမျှကြည့်ပြီး ပြောလိုက်သည် “ငါတို့ ရင်ယန် နန်းတော်က မင်းတို့ ကျုံကျန်းမိသားစုကို ယုံနေတုန်းပဲ”
ကျုံကျန်းဆုန့်မြောင်သည် စိတ်အေးစွာ သက်ပြင်းချမိသည်။ သို့သော် သူ့မျက်နှာမှ အမူအရာသည် မပြောင်းလဲပဲရှိနေကာ ပြောလိုက်သည် “မစိုးရိမ် ပါနဲ့ နန်းတော်သခင်လေး ကျွန်တော်တို့ ကျုံကျန်းမိသားစုက ရင်ယန်နန်းတော်ကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး”
“ဒါဆိုရင် မင်း ငါ့ရှေ့မှာပဲ မင်္ဂလာသားရဲဖမ်းလာပေးတာကို စောင့်နေ မယ်” စောင်းလာ ပြောလိုက်သည် “မစိုးရိမ်ပါနဲ့ မင်းသားရဲကိုဖမ်းမိရင် ထာဝရ ရှင်သန်သူနယ်မြေမှာရှိနေတုန်းတော့ မင်းကို ဆိုးဆိုးဝါးဝါးမဆက်ဆံပါဘူး”
“ဆုန့်မြောင် သေချာပေါက် မင်္ဂလာသားရဲကိုဖမ်းပါမယ်”
တဲအပြင်ဘက်တွင် ကျုံကျန်းဟိုင်နှင့် ကျုံကျန်းချွမ်တို့သည် အထဲမှ ပြောနေသည့်စကားများကို ရှင်းလင်းစွာကြားရလေသည်။ ခဏအကြာတွင် ကျုံကျန်းဆုန့်မြောင်ထွက်လာသည်ကို မြင်လိုက်ရသည်။
“သခင်လေး”
“မိသားစုဝင်တွေကို ဒီကိုခေါ်လာခဲ့လိုက်၊ ပြီးတော့ ကျွန်တော်တို့ ရင်ယန်နန်းတော်ကလူတွေနဲ့အတူ စခန်းချမယ်” ကျုံကျန်းဆုန့်မြောင် အမိန့် ပေးလိုက်သည်။
ကျုံကျန်းဟိုင်နှင့် ကျုံကျန်းချွမ်တို့နှစ်ယောက်လုံး သူဆိုလိုသည်ကို နားလည်ကြသည်။ သူတို့အတူနေထိုင်ပါက ကျုံကျန်းလူများသည် အရာ အားလုံးကို လုပ်ကိုင်ရမည်ဖြစ်ကာ နောက်ကွယ်တွင် ရင်ယန်နန်းတော်မှ ကြိုးကိုင်ထားမည်ဖြစ်သည်။
ဒါပေမဲ့ သူတို့က ဘာတတ်နိုင်မှာလဲ။ သူတို့ အင်အားက ရင်ယန် နန်းတော်လောက်ကောင်းတာလည်းမဟုတ်။ ပြီးရင် သူတို့ကိုကာကွယ်ဖို့ ရင်ယန်နန်းတော်ကိုမှီခိုနေရသေးတယ်။
“ငါတို့ မိသားစုဝင်တွေကို ဆင့်ခေါ်လိုက်မယ်”ကျုံကျန်းဟိုင် ပြောလိုက် သည်။
“သွားပါ” ကျုံကျန်းဆုန့်မြောင်၏ အသံသည် တစ်စုံတစ်ရာကို သည်းခံ နေပုံပေါက်သည်။ ရင်ယန်နန်းတော်မှလူများ မကြားသော်လည်း အကြီးအကဲ နှစ်ယောက်သည် သူဆိုလိုသည်ကို နားလည်ကြသည်။
တစ်နာရီအကြာတွင် ကျုံကျန်း၏ တဲသည် ရင်ယန်နန်းတော်ဘေးတွင် တည်ဆောက်ပြီးလေသည်။
ရှီမာယူယူနှင့် ဝူလင်းယူတို့သည် ထိုနေရာမှ အခြေအနေတစ်ခုလုံးကို ကြည့်နေသည်။ သူတို့သည် ရင်ယန်နန်းတော်၏ အာဏာဖြင့်တောင်းဆိုမှုကို မအံ့သြတော့ပေ။
“ရင်ယန်နန်းတော် မသိအောင် သတင်းကိုဘယ်လိုများလွှင့်လိုက်တာ လဲ” ဝူလင်းယူသည် သူမကို ရင်ခွင်ထဲဖက်ထားရင်း မေးလိုက်သည်။
ရှီမာယူယူသည် သူ့ရင်ခွင်ထဲတွင် မြုပ်နေကာ ပြောလိုက်သည် “ရင်ယန်နန်းတော်နဲ့ ရှင်းမိသားစုကမဝေးဘူးလေ၊ သူတို့က ရှင်းမိသားစု အခြေအနေကို အာရုံစိုက်နေကြတာ၊ ရှင်းမိသားစုမှာ နည်းနည်းလှုပ်ရှားလိုက် တာနဲ့ သူတို့ သိမှာပဲ”
“တခြား အင်အားစုတွေကရော”
“သိပ်တောင် အားမထုတ်လိုက်ရဘူး” ရှီမာယူယူ ပြောလိုက်သည် “သူတို့တစ်စုတည်းဆိုရင် ဒီသတင်းမှာ အမှန်ဟုတ်ပုံမရဘူးလေ”
“သူတို့က ဒီလောက်တက်ကြွနေလို့သာရယ် မဟုတ်ရင် ဒီတစ်ခေါက် သတင်းလွင့်တာကို အလွယ်တကူအရူးလုပ်ခံမှာမဟုတ်ဘူး” ဝူလင်းယူ ပြော လိုက်သည်။
“ဒီအချိန်မို့သာမဟုတ်ရင် ဒီလိုနည်းလမ်းကို စဉ်းစားမှာမဟုတ်ဘူးလေ” ရှီမာယူယူသည် ကောက်ကျစ်စွာပြုံးလိုက်သည် “ဒါပေမဲ့ အစ်ကို့သူငယ်ချင်း က စိတ်ချရလား”
***