အတိတ်နေ့ရက်များမှ
Vol. 011 Ch. 1051
“ဒါဖြစ်ရမှာပဲလေ” ဝူလင်းယူ ပြောလိုက်သည် “ဒါပေမဲ့ ပြီးရင်တော့ ပြန်ပေးရမှာရှိတယ်”
“အစ်ကိုက ဘာပေးမယ်လို့ကတိပေးလိုက်တာလဲ”
“မင်းမှာရှိတဲ့ဟာပဲ အဲဒါကြောင့်ကိုယ်ကတိပေးလိုက်တာ” ဝူလင်းယူ ပြန်ဖြေလေသည်။
“ဘာလဲ”
“ရွှေမြွေအသီး”
“ရွှေမြွေအသီးလား” ရှီမာယူူယူသည် ဝူလင်းယူ လက်မောင်းများမှ ရုန်းထွက်လိုက်သည် “ကျွန်တော်တို့က သွေးနည်းနည်းလောက်ပဲလိုတာကို သူက ရွှေမြွေအသီးလိုချင်တယ်ဟုတ်လား”
သူမ ကျွဲမြီးတိုသွားသည်ကို သူမြင်သောအခါ ပြုံးပြီးဆက်ပြောလေ သည် “တစ်လုံးတည်းမဟုတ်ဘူး နှစ်လုံးပေးရမှာ ဘာပဲဖြစ်ဖြစ် မင်းရဲ့ ဝိညာဉ် စေတီထဲမှာ အများကြီးပဲကို နှစ်လုံးလောက်ပေးလဲ ဘာမှမဖြစ်ပါဘူး”
“ဟင်း ကျွန်တော့်ဆီက အမြတ်ယူလိုက်တာပဲ” ရှီမာယူယူ နှုတ်ခမ်းဆူ လိုက်သည်။
“အဲဒါကသူ့အတွက်အသုံးဝင်တယ်လေ” ဝူလင်းယူ အကြောင်းပြလေ သည် “အဲလိုအခြေအနေမဟုတ်ရင်တောင် ကိုယ် သူ့ကိုအသီးနှစ်လုံးပေးဖို့ မင်းကို ပြောမလို့ပဲ”
“အစ်ကိုတို့ ဆက်ဆံရေးက အဲလောက်ကောင်းတာလား” ရှီမာယူယူ မေးလိုက်သည်။
မဟုတ်လျှင် သူ သူမကို ရွှေမြွေအသီးတောင်းမည်မဟုတ်ပေ။
“မဆိုးပါဘူး” ဝူလင်းယူ ပြောလိုက်သည် “သိပ်မကြာခင်က မျိုးနွယ်ဝင် တစ်ဦးက ဆင့်ကဲဖြစ်စဉ်ဖြစ်ခဲ့တယ်၊ ပြီးတော့ မင်းနဲ့နည်းနည်း အဆက်အနွယ်ရှိနေတယ်”
“ကျွန်တော်နဲ့ ဆက်နွယ်နေတယ်ဟုတ်လား ဘယ်သူလဲ” ရှီမာယူယူ သည် သိချင်စိတ်ဖြင့်မေးလိုက်သည်။
“အဲအချိန်ကျရင်သိမှာပါ” ဝူလင်းယူသည် ပြန်မဖြေပဲပြုံးလိုက်သည်။
“ဟင်းဟင်း အကုန်လုံးက လူလိမ်တွေချည်းပဲ” ရှီမာယူယူ သူ့ကို စိုက် ကြည့်လိုက်သည်။
“ဟားဟားဟား…..” ဝူလင်းယူ ကျယ်လောင်စွာအော်ရယ်လိုက်သည်။ သူမသည် ထိုအပြုအမူလုပ်လိုက်လျှင် ချစ်စရာကောင်းသည်။
“အစ်ကို ရွှေမြွေအသီးနှစ်လုံးယူလို့ရပါတယ်” ရှီမာယူယူသည် သူ့ရင်ခွင် ထဲပြန်မှီကာ သူ့ဆံပင်များနှင့်ကစားနေလိုက်သည် “ကျွန်တော့်အတွက် ဒီ ကိစ္စကို ကောင်းကောင်းကိုင်တွယ်ပေးမယ်ဆိုရင် ကျွန်တော် သူ့ကိုပေးမှာပါ၊ ဒါပေမဲ့ ကိစ္စတွေရှုပ်သွားမယ်ဆိုရင်တော့ ရွှေမြွေအသီးဆိုတာ မရှိဘူးနော်”
“မင်းကတော့လေ… သူတကယ်ပဲ ရွှေမြွေအသီးလိုနေတာပါ၊ မင်းဆီက အမြတ်ယူတာမဟုတ်ဘူး၊ အဲလောက်စိတ်မဆိုးပါနဲ့” ဝူလင်းယူသည် သူမ နဖူးကို အသာအယာနမ်းလိုက်ပြီး ပြုံးလိုက်သည်။
“ဒါပေမဲ့ အဲဒါကျွန်တော့်ရတနာတွေလေ” ရှီမာယူယူ နှာမှုတ်လေသည်။
“တခြားသူတွေအတွက်ကတော့ အဲဒါရတနာတွေဆိုပေမယ့် မင်းမှာ အများကြီးရှိနေတာပဲ၊ ရတနာအဆင့်မှမဟုတ်တော့တာ၊ ရင်ယန်နန်းတော်နဲ့ ကျုံကျန်းမျိုးနွယ်တွေ ထာဝရရှင်သန်သူနယ်မြေမှာ ဒုက္ခခံရအောင်လို့ ကိုယ် သူ့သွေးထဲမှာ တစ်ခုခုလုပ်ခိုင်းထားတယ်” ဝူလင်းယူသည် သူမ သံသယကို တိုက်ရိုက်ပင် ဖြေရှင်းလိုက်သည်။
“အဲဒါကောင်းတယ်” ရှီမာယူယူသည် ကျေနပ်စွာပြုံးလိုက်သည်။
ရှီရှားတောင်တန်းအထဲတွင် မျောက်ဝံတစ်ကောင်သည် စောင့်ကြည့်ခံ ထားရသည့်အတိုင်း အေးစိမ့်သွားသည်။
တခြားသာမျောက်ဝံ သတိထားမိကာ ပြောလိုက်သည် “ဦးလေး အဆင် ပြေရဲ့လား”
“အဆင်ပြေတယ်” မျောက်ဝံအိုကြီးသည် ခေါင်းရမ်းလိုက်သည် “မင်းတို့ နှစ်ယောက် ဒီရက်တွေမှာ ငါ့နောက်လိုက်ခဲ့ တစ်ယောက်တည်းမလှုပ်ရှားနဲ့”
“ဦးလေး တကယ်ပဲ သူတို့ကိုကူညီမှာလား” အဝါရောင်အမွေးရှိသော မျောက်ဝံလေးသည် အနည်းငယ်တွန့်ဆုတ်နေသည်။ လူသားများနှင့် ပတ်သတ်လျှင် ကောင်းသောခံစားချက်ဟူ၍မရှိပေ။
“မင်းတို့နှစ်ယောက်က အဆင့်တက်ဖို့အတွက် ရွှေမြွေအသီးလိုတယ် လေ” မျောက်ဝံအိုကြီးပြောလိုက်သည် “ပြီးတော့ ငါ သူနဲ့ဆက်ဆံရေးကောင်း တယ်၊ သူ့ကိုကူညီလိုက်တာက ပြဿနာမရှိဘူး”
“သူ့မှာ တကယ်ပဲရွှေမြွေအသီးရှိလို့လား၊ ကျွန်တော်တို့ ဒီလောက်ကြာ အောင် ရှာတာတောင် မတွေ့တာ၊ သူ့မှာရှိတယ်လို့ပြောတာ တကယ်ရောရှိ လို့လား”
မျောက်ဝံအိုကြီး ခေါင်းညိတ်လိုက်သည် “ငါ သူ့ကိုယုံတယ်”
“ကျွန်တော် နည်းနည်း စိတ်မအေးသေးဘူး၊ ၁၀လေး တစ်ခါတစ်ခါဆို ရွှေမြွေအသီးက အများကြီးသီးတာလေ ဒီတစ်ခါ ဘာလို့တစ်လုံးပဲရတာလဲ” အဝါရောင် မျောက်ဝံသည် ရှောင်ရှီကိုမေးလိုက်သည်။
“အဲတုန်းက အဲအသီးအတွက် လူတွေလုယူခဲ့ကြတယ်” ရှောင်ရှီ ပြန် ဖြေလေသည် “ငါ့သွေးသားစွမ်းအားက မနိုးထသေးဘူး၊ အားကလည်း အရမ်းနိမ့်နေသေးတော့ လူအများကြီးကိုမတိုက်ခိုက်နိုင်ဘူး”
ရှောင်ရှီသည် အတိတ်ကမြင်ကွင်းကိုပြန်တွေးလိုက်ရာ အနက်ရောင် ဝတ်ရုံနှင့် တောက်ပသောမျက်လုံးများသည် မှတ်ဉာဏ်ထဲတွင် ထဲထဲဝင်ဝင် စွဲမြဲနေခဲ့သည်။
သူမသည် ရွှေမြွေအသီးကို သူ့ဆီမှလုယူသွားခဲ့သော်လည်း အကုန်လုံး ယူမသွားပဲ သူ့ကိုတစ်လုံးပေးထားခဲ့သည်။ ထိုအသီးတစ်လုံးကပင် သူ့ သွေးသားကိုနိုးထစေကာ ဒီတိုင်းပြည်ထိလာပြီး သူ့အမျိုးအနွယ်များကိုတွေ့ ရခြင်းဖြစ်သည်။
“ငါတို့ ယိလင်းတိုင်းပြည်ကိုသွားရင် အဲလူကိုရှာတွေ့နိုင်တယ်၊ သူမဆီ မှာ ရွှေမြွေအသီးရှိသေးလားဆိုတာ ကြည့်လို့ရတယ်” အဝါရောင်မျောက်ဝံ သည်အကြံပေးလေသည်။
ရှောင်ရှီသည် ခေါင်းရမ်းလိုက်သည် “ငါသွေးသားနိုးထပြီးတော့ အဲလူ ကို ရှာဖို့ကြိုးစားသေးတယ် ဒါပေမဲ့ သူမကိုထပ်မတွေ့တော့ဘူး၊ အဲတုန်းက သူမ ရုပ်ပြောင်းထားတယ်လို့ထင်တယ်၊ အခု သူမကိုသွားရှာရင်တောင် သူမ ကိုရှာတွေ့မှာမဟုတ်ဘူး”
“မကြိုးစားကြည့်ပဲ ဘယ်လိုလုပ်သိမှာလဲ” အဝါရောင်မျောက်ဝံ ပြော လိုက်လေသည်။
“ဟွမ်လေး မစိုးရိမ်နဲ့ ဝူလင်းယူမှာ ရွှေမြွေအသီးမရှိရင် ငါတို့ ယိလင်း တိုင်းပြည်ကိုသွားပြီး ကြိုးစားလို့ရတယ်” မျောက်ဝံအိုကြီးသည် စိုးရိမ်နေ သော အဝါရောင်မျောက်ဝံကို နှစ်သိမ့်လေသည်။
“ဦးလေး ဦးလေးလည်းရွှေမြွေအသီးလိုတယ်ဆိုတာ ကျွန်တော်သိ တယ်” ဟွမ်လေး ပြောလိုက်သည် “ဦးလေးအဲဒါမပြောဘူးဆိုတာက ဝူလင်းယူမှာ ရွှေမြွေအသီးနှစ်လုံးပဲရှိတာကြောင့်ပဲ၊ ဦးလေးက ကျွန်တော်တို့ ကိုပေးတာ၊ ဒါပေမဲ့ ဦးလေးကကျရော ယိလင်းတိုင်းပြည်ကလူကို ရှာဖို့ နည်းလမ်းရှာရဦး မယ်လေ”
“အဲအကြောင်းကို နောက်မှပြောမယ်” မျောက်ဝံအိုကြီးသည် ထွက်သွား လေသည် “သူတို့ရောက်နေပြီ”
မျောက်ဝံအိုကြီးသည် တောင်ထိပ်ကိုကြည့်လိုက်ရာ ဝူလင်းယူနှင့် ရှီမာယူယူတို့ ပျံလာသည်ကို တွေ့လိုက်ရသည်။
ဝူလင်းယူသည် ရှီမာယူယူကို သစ်ပင်ထိပ်သို့ခေါ်သွားပြီး ရပ်လိုက် သည် “ဒါက မျောက်ဝံအိုကြီးရဲ့ ယာယီအသိုက်ပဲ”
ရှီမာယူယူသည် သစ်ပင်ကြီးကိုစစ်ဆေးလိုက်သည်။ သစ်ပင်ကြီး၏ အမိုးအကိုင်းများသည် အရှေ့အနောက် ကီလိုမီတာဝက်နီးပါးကျယ်သည်။ ထိုအတိုင်းကြီးသွားပါက ဘယ်လောက်အရှည်ထိသွားနိုင်သလဲဆိုသည်ကို သူမ မသိပေ။
သစ်ပင်ပတ်ပတ်လည်မှ ဝိညာဉ်အကာအကွယ်သည် ပျောက်ကွယ် သွားကာ သူတို့နှစ်ယောက်ပျံဝင်လိုက်ကြသည်။ သူတို့ဝင်လိုက်သည်နှင့် အကိုင်းများပေါ်တွင်ထိုင်နေသော မျောက်ဝံသုံးကောင်ကိုတွေ့လေသည်။
“မင်းလား” ရှောင်ရှီသည် ရှီမာယူယူကိုမြင်သောအခါ ပျော်ရွှင်စွာ အော် လေသည်။
ရှီမာယူယူသည် ရှီလေးအား စိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။ သူက သူမကိုသိနေတာလား။ ဘာလို့အဲလောက်တောင် ပျော်သွားတာလဲ။
“မင်းက ပူလွောင်တောင်တန်းမှာ ငါ့ရွှေမြွေအသီးကိုလုယူသွားတဲ့ တစ် ယောက်ပဲ” ရှောင်ရှီသည် သူမကိုစိုက်ကြည့်ပြီး အသေအချာပြောနေလေ သည်။
အဲမျက်လုံးတွေ။ သူ မမှားဘူး… သူမပဲဖြစ်ရမယ်။
ရှီမာယူယူ ထိုအကြောင်းကိုကြားသောအခါ ထိုမျောက်ဝံပြောသည်ကို ချက်ချင်းပင်နားလည်သွားလေသည်။ သူပြောလိုက်သည်မှာ ပူလွောင်တောင် တန်း၊ ရွှေမြွေအသီးဆိုမှတော့ သူမနှင့် ရွှေမြွေအသီးလုရန်ကြိုးစားသည့် မျောက်ဝံကလွဲပြီး တခြားဘယ်သူဖြစ်နိုင်ဦးမှာလဲ။
သူတို့သည် သူမနှင့်အဆက်အနွယ်ရှိသည်ဟု ဝူလင်းယူ အဲဒါကြောင့် ပြောခဲ့တာကိုး။ အသိအကျွမ်းဟောင်းနှင့် ပြန်တွေ့ရမည်ဟု သူမ မထင်မှတ် ထားပေ။
“ဘာလို့မင်း အရင်ကနဲ့မတူတော့တာလဲ” တစ်ဖက်လူသည် သူမကို မှတ်မိနေသဖြင့် သူမ ငြင်းရန်မလိုတော့ပေ။ ထို့အပြင် သူမသည် သူတို့ကို ရွှေမြွေအသီးပေးမည်ဟု ကတိပေးခဲ့သည်။
ရှီလေးသည် ပျော်သွားသည် “တကယ်ပဲမင်းပဲ ငါမမှားပါဘူး”
ရှီမာယူယူ ပခုံးတွန့်လိုက်သည် “မင်းက ယိလင်းတိုင်းပြည်မှာမနေပဲနဲ့ ကမ္ဘာဦးနယ်မြေကို ဘာလို့လာတာလဲ”
ထို့အပြင် သူ့အင်အားသည် များစွာတိုးတက်လာကာ အထွတ်အထိပ် သားရဲအဆင့်ကိုဝင်နေပြီဖြစ်သည်။
“အဲတုန်းက မင်း ပေးခဲ့တဲ့ ရွှေမြွေအသီးက ငါ့သွေးသားကို နိုးထစေပြီး ဒီတိုင်းပြည်ကိုလာပြီး ငါ့လူတွေကိုလာရှာစေခဲ့တယ်” ရှောင်ရှီသည် ရှင်းပြ လေသည်။
မျောက်ဝံအိုကြီးနှင့် ဟွမ်လေးတို့သည် အဖြစ်အပျက်ကိုနားလည်သွား ကြသည်။ သူတို့အရှေ့မှလူသည် အခုလေးတင် သူတို့ဆွေးနွေးခဲ့ကြတဲ့သူပဲ။ ယိလင်းတိုင်းပြည်ရဲ့ ရွှေမြွေအသီးကိုပိုင်တဲ့သူပဲ။
သူတို့သည် တိုင်းပြည်တွင် ရွှေမြွေအသီးကို အချိန်ကြာရှည်စွာရှာခဲ့ သော်လည်း မတွေ့ခဲ့ရပေ။ ရွှေမြွေအသီးရဲ့ သတင်းက ရုတ်တရက်ကြီး ဘာလို့ပေါ်လာတာလဲ။ အဲလူက ရှောင်ရှီပြောတဲ့သူဖြစ်နေတာကိုး။
“ရှောင်ရှီ သူက တကယ်ပဲအဲလူလား” ဟွမ်လေးသည် အလွန် စိတ်ပျက် လျက်ရှိသည်။
ရှောင်ရှီသည် အတိအကျပင် ခေါင်းညိတ်လေသည်။
“အဲဒါကြောင့် ရွှေမြွေအသီးနောက်ထပ်တစ်လုံးကို မတွေ့နိုင်တော့ဘူး ပေါ့” ဟွမ်လေး ရေရွတ်လိုက်သည်။
ရှောင်ရှီသည်လည်း ထိုပြဿနာကို သတိရသည်။ အခု ရှီမာယူယူက ဒီမှာရောက်နေတော့ နောက်ထပ် ရွှေမြွေအသီးတစ်လုံးကို ဘယ်မှာသွားရှာ မှာလဲ။
“ဦးလေး၊ ဟွမ် မင်းနဲ့ ဦးလေးတို့ ရွှေမြွေအသီးနှစ်လုံးကိုသုံးလိုက်ပါ ငါ ကတစ်လုံးစားပြီးပြီဆိုတော့ မလိုတော့ပါဘူး” ရှောင်ရှီ ပြောလိုက်သည်။
ရှီမာယူယူ မျက်ခုံးပင့်လိုက်သည်။ ရွှေမြွေအသီး ၃လုံးမြောက်လား။
***