အဆင့်မြှင့်ခြင်း
Vol. 011 Ch. 1052
မျောက်ဝံအိုကြီး သက်ပြင်းချလိုက်သည် “မင်းတို့နှစ်ယောက်က အနာဂတ်ရဲ့ မျှော်လင့်ချက်တွေလေ ငါက အိုနေပါပြီ အဲလိုကောင်းတဲ့ပစ္စည်း ကို ငါ့အတွက် အဟသအဖြစ်ခံစရာမလိုပါဘူး”
“ဦးလေး” ရှောင်ရှီ အော်လေသည်။
“ဒါကိုနောက်မှပြောကြမယ် အခုဧည့်သည်ရှိတယ်” မျောက်ဝံအိုကြီး ပြောလိုက်သည်။
ရှောင်ရှီသည် ငိုတော့မလိုပင်။
“ဘာတွေဖြစ်နေကြလို့လဲ” ရှီမာယူယူ မေးလိုက်သည်။
ရှောင်ရှီသည် ရှီမာယူယူဘက်သို့ကြည့်ကာ ပြောလိုက်သည် “မင်းက ရွှေမြွေသီးတွေအများကြီးယူသွားတာ နောက်ထပ်ရှိသေးလား”
“ရှိသေးလား ဟုတ်လား”
“ဟုတ်တယ်” ရှောင်ရှီသည် သူမကို မျှော်လင့်တကြီးကြည့်လိုက်သည် “နောက်ထပ် တစ်လုံးလောက်ရှိဦးမလား”
“ငါတို့အပေးအယူက ရွှေမြွေအသီးနှစ်လုံးပဲလေ” ရှီမာယူယူ ပြောလိုက် သည်။
“ငါသိပါတယ် ဒါပေမဲ့ ငါတို့….” ရှောင်ရှီသည် မျောက်ဝံအိုကြီးဆီမှ အကြည့်ခံလိုက်ရသဖြင့် စကားတစ်ဝက်တစ်ပြတ် နှင့်ရပ်သွားလေသည်။
“သုံးယောက်ဆိုတော့ ရွှေမြွေအသီးသုံးလုံးလိုတာပေါ့” ရှီမာယူယူသည် မျောက်ဝံအိုကြီးကိုမေးလိုက်သည်။
“ဟုတ်ပါတယ်” မျောက်ဝံအိုကြီးသည် မတတ်သာတော့ပဲ ဖြေလိုက် သည် “ရွှေမြွေအသီးအက ငါတို့သွေးသားနိုးထဖို့နဲ့ ဆင့်ကဲဖြစ်စဉ်အတွက် အဓိကမရှိမဖြစ်လိုအပ်တဲ့ဟာပဲ၊ ရွှေမြွေအသီးသာရှိရင် အဆင့်မြင့်ကို တက် လို့ရတယ်၊ အရင်က ဘာမျှော်လင့်ချက်မှမရှိခဲ့ဘူး ဒါပေမဲ့ ရှောင်ရှီကိုတွေ့ပြီး တော့ ရွှေမြွေအသီးရှိသေးတယ်ဆိုတာ သိခဲ့ရတယ်”
“အရေးတကြီးလိုနေတဲ့ပုံပဲ” ရှီမာယူယူ မှတ်ချက်ပေးလေသည်။
“ဦးလေးက အရင်ကထိခိုက်ဖူးတယ်၊ သူ ဆင့်ကဲဖြစ်စဉ်မှာ အဆင့် မတက်ရရင် ဒီတစ်ခေါက်ကို ခရီးလမ်းဆုံးသွားမှာစိုးရတယ်” ဟွမ်လေး ပြော လေသည် “ဒါပေမဲ့ ငါတို့မစားရင်လည်း မဖွံ့ဖြိုးနိုင်ဘူး၊ ဦးလေးက ငါတို့ နှစ်ယောက်ပေးဖို့ တင်းခံနေတယ်”
“ဘာလို့လဲ” ရှီမာယူယူသည် မျောက်ဝံအိုကြီးကိုမေးလိုက်သည်။
“ငါ ရွှေမြွေအသီးစားလိုက်ရင်တောင် သွေးသားက ထပ်ပြီးမတိုးတက် နိုင်တော့ဘူး အဲတော့ အဲလောက်တန်ဖိုးကြီးတဲ့အသက်ရှည်ဆေးကို ဘာလို့ အလဟသအဖြစ်ခံမှာလဲ” မျောက်ဝံအိုကြီး ပြန်ဖြေလေသည် “သူတို့ကို စား ခိုင်းလိုက်တာ ပိုကောင်းပါတယ်၊ သူတို့က ငါတို့မျိုးနွယ်အတွက် နောက် အဆင့်တစ်ခုကို တက်အောင်လုပ်ပေးနိုင်မှာလည်းဖြစ်နိုင်တယ်လေ”
“ဒါပေမဲ့ အဲဒါက ဦးလေးရဲ့အသက်ကိုကယ်နိုင်တယ်လေ” ရှီမာယူယူ ပြောလိုက်သည်။
မျောက်ဝံအိုကြီးခေါင်းရမ်းလိုက်သည် “မျိုးနွယ်ရဲ့ တိုးတက်မှုထက် အရေးကြီးတာဘာမှမရှိပါဘူး သူတို့ အနာဂတ်က ငါ့ရဲ့ ပျက်စီးနေတဲ့ခန္ဓာ ကိုယ်ထက် ပိုအရေးကြီးတယ်”
“တကယ်ပဲနော်…” ရှီမာယူယူသည် မျောက်ဝံအိုကြီးကို လေးစားသွား သည်။ ထိုအခါမှပင် ဝူလင်းယူသည် သူနှင့် ဘာကြောင့်ဆက်ဆံရေးကောင်း သလဲဆိုသည့် အကြောင်းအရင်းကို သူမ နားလည်သွားသည်။
“ခင်ဗျား ငါတို့ကိုလုပ်ခိုင်းတာ အန္တရာယ်မများဘူးမလား” ဟွမ်လေး သည် ဝူလင်းယူကို ကြည့်လိုက်သည် “ငါတို့် အပြင်က လှုပ်ရှားမှုကိုတွေ့ပြီးပြီ လူတွေအများကြီးလာကြတယ်”
“နည်းနည်းတော့များတယ်” ဝူလင်းယူ ပြန်ဖြေလိုက်သည်။
“ဦးလေးရဲ့ ခန္ဓာကိုယ်က သိပ်မကောင်းဘူး အန္တရာယ်များလွန်းရင် ဆက်လုပ်ဖို့ သဘောမတူနိုင်ဘူး” ဟွမ်လေး ပြောလိုက်သည်။
“အဲလိုဆိုမှတော့ မင်းတို့ ရွှေမြွေအသီးမရနိုင်တော့ဘူး” ရှီမာယူယူ သည် သူတို့တစ်ဝက်တစ်ပြတ်ထွက်လိုက်သည့်အပေါ် ဂရုမစိုက်သလို ပခုံး တွန့်လေသည်။
“ရွှေမြွေအသီးမရှိရင်တောင်…” ဟွမ်လေးသည် ခိုင်မာစွာ ပြောလေ သည်။
“ငါ့ကိုမစိုးရိမ်နဲ့ အဆင်ပြေတယ်” မျောက်ဝံအိုကြီး ပြောလိုက်သည်။
ရှီမာယူယူသည် သူ့ကို အချိန်ကြာအောင်စိုက်ကြည့်ပြီး ပြောလိုက်သည် “ကျွန်တော် နောက်တစ်ခုတောင်းဆိုတာကိုလုပ်ပေးရင် ရွှေမြွေအသီး သုံးလုံး ပေးမယ်”
“သုံးလုံးလား နောက်တစ်လုံးရှိသေးတာလား” ရှောင်ရှီသည် သူမကို ပျော်ရွှင်စွာ စိုက်ကြည့်လေသည်။
ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။
သူမ ခေါင်းညိတ်လိုက်ချိန်တွင် ဟွမ်လေးနှင့် မျောက်ဝံအိုကြီးတို့သည် ပျော်ရွှင်သွားကြသည်။ မျောက်ဝံအိုကြီးသည် ဝူလင်းယူကို ကြည့်လိုက်သည်။ သူ့အတွင် ထူးဆန်းသည့် အမူအရာမရှိသည်ကိုမြင်သော် သူမစကားများကို သူ ယုံလိုက်သည်။
“ဘာလုပ်ပေးစေချင်တာလဲ”
“နောက်ဆုံးပိုင်းကျရင် ကျွန်တော်တို့က ဦးလေးတို့သွေးကိုတောင်းထား တာမလား” ရှီမာယူယူသည် ဖျားယောင်းသည့် နတ်ဆိုးသဖွယ်ဖြစ်ကာ “အဲ အထဲကို တစ်ခုခုထည့်ချင်တယ်…”
တစ်နာရီကျော်ကြာသောအခါ ရှီမာယူယူနှင့် ဝူလင်းယူတို့သည် မျောက်ဝံသုံးကောင် ကြောင်စီစွာဖြစ်နေသည်ကိုထားပြီး ထွက်ခဲ့လိုက်ကြ သည်။
“ဒီလူက အရမ်းမှောင်မိုက်လွန်းတယ် ကံကောင်းလို့ ငါတို့က သူ့ရဲ့ ရန်သူမဖြစ်မိတာ” ဟွမ်လေး ရေရွတ်လေသည်။
“ခက်ခဲတဲ့လမ်းကိုမရွေးမိတာ အရမ်းဝမ်းသာမိတယ်” ရှောင်ရှီ သက်ပြင်းချလေသည်။
မျောက်ဝံအိုကြီးသည် အတည်ငြိမ်ဆုံးဖြစ်သည်။ သူသည်သူ့ကိုယ်သူ ကုတ်ပြီး “နောက်ကိုသူမနဲ့ သွားထိပ်တိုက်မတွေ့နဲ့ သူမနဲ့ရန်သူမဖြစ်စေနဲ့ မှတ်ထားနော် မင်းတို့ရဲ့ ဉာဏ်လောက်နဲ့ သူမကိုမနိုင်ဘူး”
“….”
ဟွမ်လေးနှင့် ရှောင်ရှီတို့သည် မျောက်ဝံအိုကြီးကိုကြည့်လိုက်ကြသည်။ ဦးလေး ဘာလို့များအဲလောက်တည့်တိုးပြောရတာလဲ။
“ဒါပေမဲ့ သူမက သူမရဲ့ရန်သူတွေအပေါ် ရက်စက်ပေမယ့် စိတ်ထားနဲ့ အကျင့်ကတော့ကောင်းပါတယ်” ရှောင်ရှီသည် ရွှေမြွေအသီးသုံးလုံးပေးမည် ဟုပြောခဲ့သည်ကို ပျော်နေသည်။
“ဦးလေး အရင်ဒဏ်ရာကိုကုပြီးမှ ရွှေမြွေအသီးစားသင့်တယ်လို့ သူမ ပြောသွားတယ် အဲဒါမှ သွေးသားစွမ်းအင် တိုးတက်မှာတဲ့” ဟွမ်လေးပြော လိုက်သည် “သူမက ဦးလေးကိုကုနိုင်တယ်လို့တောင် ပြောသွားသေးတယ်”
“အံ့ဖွယ်နတ်ဆိုးတောင်ကြားကလူတွေက ငါ့ကိုမကုနိုင်ရင် ရွှေမြွေ အသီးကိုပဲ မှီခိုရတော့မှာပဲ” မျောက်ဝံအိုကြီးပြောလေသည်။
“ဒါဆိုရင် သူတို့ထောင်ချောက်ဆင်တာကို စောင့်ရုံပဲ”
ရှီမာယူယူနှင့် ဝူလင်းယူတို့သည် တောင်ကိုအကြိမ်အနည်းငယ်ပတ်ပြီး နောက် သင့်တော်သောနေရာတစ်ခုကိုရွေးကာ ထောင်ချောက်ဆင်ပြီးနောက် မျောက်ဝံများကို ထိုနေရာသို့လာရန် ဆက်သွယ်လိုက်ပြီး နောက်လုပ်မည့် အစီအစဉ်ကိုပြောပြလိုက်သည်။
ရှီမာယူယူသည် သစ်တောထူထဲသော ချောက်နက်တစ်ခုကို ရွေးထား သည်ကို မျောက်ဝံအိုကြီးတွေ့လိုက်သည်။ ချောင်းမြောင်းတိုက်ရန်အတွက် နေရာကောင်းတစ်ခုပင်။
ရှီမာယူယူ၏ ရှင်းပြချက်ကိုနားထောင်ပြီးနောက်တွင် မျောက်ဝံသုံး ကောင်သည် နောက်ကို သူမနှင့် ရန်သူမဖြစ်စေရဟု ထပ်မံကတိပေးကြလေ သည်။
တောင်တန်းအပြင်ဘက်တွင် မျိုးစုံသော အင်အားစုများမှလူအားလုံး သည် သူတို့အာရုံခံမိသည့် မင်္ဂလာသားရဲ၏ ရောင်ဝါအကြောင်းကိုပြောနေ ကြသည်။ သူတို့သာ မင်္ဂလာသားရဲကိုရလိုက်ပါက ထာဝရရှင်သန်သူနယ်မြေ ကိုဝင်နိုင်မည်ဖြစ်သည်။
ရှင်းမိုနှင့် ရှီမန်ဖန်သည် သူတို့၏ ပျော်ရွှင်နေပုံများကို စောင့်ကြည့်နေကြ သည်။ သူတို့အတွက် အနည်းငယ်နာကျင်ပေးမိသည်။
“ဒါတွေအကုန်လုံး ဇာတ်လမ်းဆင်ထားတယ်ဆိုတာကို သူတို့ နောက်ဆုံးကျသိသွားရင် ဘယ်လိုခံစားရမလဲ” ရှင်းမိုသည် ထိုကိစ္စ လုပ်ရသည့်အတွက် အပြစ်မခံစားရသလို အသာအယာပြုံးလိုက်သည်။
“သူတို့မသိပါဘူး” ရှီမန်ဖန် ပြန်ဖြေလိုက်သည် “ဒီကိစ္စကအတုမဟုတ် ဘူး ကြိုပြီးစီစဉ်ထားတာပဲရှိတာ”
“အမှန်ပဲ” ရှင်းမိုသဘောတူလိုက်သည် “ဒီလောက်နှစ်တွေကြာနေပြီ နောက်ဆုံးတော့ သူတို့ဈေးအနိမ့်ဆုံးကိုပြန်ပေးဆပ်ရတော့မယ်”
ရှီမန်ဖန်သည် နှုတ်ခမ်းကိုတွန့်ရုံသာတွန့်ကာ ဘာမှမပြောပေ။
ဟုတ်သည်။ နှစ်ပေါင်းများစွာကြာပြီးနောက်တွင် စိတ်ဝင်စားမည့် တချို့ အရာများပြသပေးရန် အချိန်ရောက်လာခဲ့ပြီ။
ရုတ်တရက် လေဟာပြင်တွင် လှိုင်းအတက်အကျဖြစ်သွားသည်။ သူတို့နှစ်ယောက်ကြည့်လိုက်ရာ ကုန်တောင်ကြားမှလူများကို ဦးဆောင်ကာ ကုန်ရှန်ယိသည် လေဟာပြင်ဝင်ပေါက်မှထွက်လာသည်ကို မြင်လိုက်ရသည်။
“ဘာလို့ရောက်လာတာလဲ” ရှီမန်ဖန်သည် ကုန်ရှန်ယိကိုမြင်သောအခါ ပြုံးသွားလေသည်။
ကုန်ရှန်ယိသည် ရောက်သည်နှင့် ရှီမန်ဖန်ကိုမြင်ရလိမ့်မည်ဟု မထင် ထားပေ။ သူမ ပျံသွားပြီး ပြန်ပြုံးပြလိုက်သည် “ရှင်ကအကုန်လုံးကို မျှဝေ လာတာ၊ ရှင့်အစီအစဉ်ပိုပြီပြင်အောင် ကျွန်မ မလာသင့်ဘူးလား”
“မင်းလူတွေ အရှုပ်ထုတ်ထဲဝင်ပါမိမှာမစိုးဘူးလား”
“မစိုးရိမ်ပါဘူး ရှင်က သူတို့ကိုသေခွင့်ပြုမှာမဟုတ်ဘူးလေ” ကုန်ရှန်ယိ သည် အသေအချာပင်ပြောလေသည် “ရှင်က လက်စားချေဖို့အတွက် အပြစ် မရှိတဲ့သူကို သတ်မယ့်လူမျိုးမှမဟုတ်တာ”
“တကယ်ပဲ ငါတို့ကိုနားလည်တာပဲ” ရှီမာယူယူနှင့် ဝူလင်းယူတို့သည် ရောက်လာကြပြီး ကုန်ရှန်ယိ၏ စကားများကိုကြားလေသည်။ သူမသည် ပြုံး ပြီးပြန်ပြောလေသည်။
“ဒီလိုပဲဖြစ်ရမယ်လေ” ကုန်ရှန်ယိသည် မေးစေ့ကိုပင့်လိုက်သည် “ပြောပြဦး အစီအစဉ်ကဘာလဲ ကျွန်မလုပ်ပေးနိုင်တာမရှိဘူးလား”
“မင်းရောက်လာတာ အချိန်ကိုက်ပဲ လုပ်ရမယ့်ကိစ္စရှိတယ်၊ ရှင်းမိသားစု လုပ်ရင် အဆင်မပြေဘူး” မည်သို့ပင်ဖြစ်စေကာမူ ဒီမိန်းကလေးသည် မကြာခင်တွင် သူမ၏ ယောင်းမဖြစ်လာမည်။ ရှီမာယူယူသည် အားနာနေရန် မလိုပေ။
ရှီမာယူယူ၏ စကားများကိုကြားသောအခါ ကုန်ရှန်ယိ၏ မျက်လုံးများ အရောင်တောက်သွားသည်။ အန္တရာယ်ရှိသောအပြုံးနှင့်အတူ သူမ ပခုံးကို ရိုက်လိုက်ပြီး ကြေညာလေသည် “မင်းကတကယ်ကောက်ကျစ်တာပဲ”
***