← Chapters

မင်းအတွက်တွင်းတူးထားတယ် ၁

Vol. 011 Ch. 1053

မင်းအတွက်တွင်းတူးထားတယ် ၁

Vol. 011 Ch. 1053

ထိုနေ့က မင်္ဂလာသားရဲ၏ ရောင်ဝါကိုခံစားမိပြီးနောက်တွင် အားလုံး သည် ပျော်ရွှင်ကာ မင်္ဂလာသားရဲကို ခြေရာခံရန် လူများလွှတ်ကြလေသည်။ သို့သော် ရင်ယန်နန်းတော်မှလူများ မပါဝင်ပေ။ ကျုံကျန်းမိသားစုမှ အဖွဲ့ဝင် များရှိနေသဖြင့် ရင်ယန်နန်းတော်မှလူများသည် မသွားကြပဲ ကျုံကျန်းအဖွဲ့ ဝင်များနောက်သို့လိုက်ရန် လူအနည်းငယ်သာထည့်ပေးလေသည်။

ရင်ယန်နန်းတော်နှင့် ကျုံကျန်းမျိုးနွယ်ကပင် ကံကောင်းသည်လား ကံဆိုးသည်လားမသိပေ။ တခြားသူများသည် အသေးစိတ်လှည့်ပတ်ရှာဖွေ သော်လည်း မင်္ဂလာသားရဲ၏အရိပ်အယောင်ကို မတွေ့ရပေ။ သို့သော် သူတို့ ဝင်လိုက်သည်နှင့် ချက်ချင်းပင် မျောက်ဝံအိုကြီးနှင့် တခြားသော ဝိညာဉ် သားရဲတို့ တိုက်ခိုက်နေသည်ကို ပက်ပင်းတိုးလေသည်။

တိုက်ပွဲ၏ သက်ရောက်မှုမှာ မျိုးနွယ်တစ်ခုလုံးကို တန်ပြန်လေသည်။ အဖွဲ့ဝင် တစ်ရာရှိသော မျိုးနွယ်တစ်ခုမှာ အနည်းငယ်သာကျန်၍ ကျန်လူများ မှာ သေကြလေသည်။

သို့သော် သေဆုံးသူအများစုမှာ ကျုံကျန်းမျိုးနွယ်ဝင်များဖြစ်ကြသည်။ ထိုအရာနှင့်ပတ်သတ်၍ စောင်းလာသည် အားနာစိတ်ဖြစ်ရမည့်အစား ရောက်လာသည့် သတင်းကြောင့် တက်ကြွနေသည်။

“အဲမျောက်ဝံအိုကြီး ဒဏ်ရာရတယ်လို့ ပြောလိုက်တာလား” သူသည် စိတ်လှုပ်ရှားကာ ဘေးမှ အလှလေးများကို တွန်းလိုက်သည်။

“ဟုတ်ပါတယ် နန်းတော်သခင်လေး မျောက်ဝံအိုကြီးက သူ့ပြိုင်ဘက် ကြောင့် ဒဏ်ရာရသွားပြီး ခက်ခက်ခဲခဲထွက်ပြေးသွားတာကို ကျွန်တော် ကိုယ်တိုင်မြင်လိုက်ရတာပါ၊ သူသုံးတဲ့စွမ်းအားက အရမ်းအားကောင်းတယ် ကျွန်တော်တို့သာ အပြေးမမြန်ရင် ကျုံကျန်းအဖွဲ့ဝင်တွေလိုပဲ သေနေ လောက်ပြီ” ရင်ယန်းနန်တော်၏ အစောင့်ပြောလေသည်။

“အခုမျောက်ဝံကြီးဘယ်လိုနေလဲ” ကျုံကျန်းဆနု့်မြောင်သည် ဘေးမှ မေးလေသည်။

ကျုံကျန်းမျိုးနွယ်သည် လူအနည်းငယ်ဖြင့်သာ ပြန်လာနိုင်လေသည်။ မင်္ဂလာသားရဲကိုတွေ့သည်မှာ ကောင်းသော်လည်း မင်္ဂလာသားရဲကိုမဖမ်း နိုင်ပါက အရှုံးဖြင့်သာ ရင်ဆိုင်ရမည်ဖြစ်သည်။

“ဟုတ်တယ် ဟုတ်တယ် မျောက်ဝံအိုကြီးဘယ်လိုနေလဲ” စောင်းလာ မေးလိုက်သည်။

“နန်းတော်သခင်လေးကိုပြန်ဖြေပါတယ် မျောက်ဝံအိုကြီးအခြေအနေ က ကောင်းပုံမရဘူး၊ သူ့အသက်က နောက်ဆုံးအခြေအနေဖြစ်နေပြီ၊ နောက်ဆုံးအချိန်မှာ မျောက်ဝံငယ်လေး ထွက်လာပြီး သူ့ကိုသာမကယ်လိုက် ရင် သေချာပေါက် သေနေလောက်ပြီ” ထိုအစောင့်ဆက်ပြောလေသည် “ကျွန်တော် မှန်းရသလောက်ဆိုရင် သူ့ဒဏ်ရာက ပြင်းထန်လောက်တယ် မင်္ဂလာသားရဲရဲ့ ကိုယ့်ကိုယ်ကို ကုနိုင်စွမ်းကသန်မာတယ်ဆိုပေမဲ့ အချိန်တို အတွင်းကို ကုဖို့ဆိုတာကမဖြစ်နိုင်ဘူး၊ သူ့ကိုအချိန်တိုအတွင်းရှာရနိုင်ရင် ရနိုင်ချေမြင့်တယ်”

“နောက်ဆုံးအချိန်မှာထွက်လာတဲ့ အဲဒီမျောက်ဝံရဲ့ အားကဘယ်လိုရှိ လဲ” ကျုံကျန်းဆုန့်မြောင်မေးလိုက်သည်။

“သာမန်အထွတ်အထိပ်သားရဲပါပဲ”

“ကောင်းတယ်” ဟောင်းလသည် အလှလေးများကြားတွင် ရပ်ကာ ပြောလိုက်သည် “မင်းအကုန်လုံးကိုခေါ်ပြီး မျောက်ဝံအိုကြီး ပြန်မကောင်းခင် ကိုသွားရှာလိုက်”

“ဟုတ်ကဲ့ပါ နန်းတော်သခင်လေး” အစောင့်သည် တက်ကြွနေလေ သည်။

“မှတ်ထားဦး ဒီအကြောင်းကို တခြားအင်အားစုတွေမသိစေနဲ့” ကျုံကျန်းဆုန့်မြောင် အမိန့်ပေးလိုက်သည်။

“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ဒီအကြောင်းကို တခြားအင်အားစု တွေသိသွားရင် အဲလူတွေနဲ့ ညှိရနှိုင်းရနဲ့ ပြဿနာရှုပ်တယ်” စောင်းလာ ပြော လိုက်သည်။

“အခုပဲ လူတွေခေါ်ပြီး မျောက်ဝံအိုကြီးနောက်လိုက်လိုက်ပါမယ်”

“သွားတော့” စောင်းလာသည် ခေါင်းညိတ်ပြီးောက် သူ့ကိုခေါ်ပြီး ပြော လေသည် “အားလုံးကိုခေါ်လိုက် ငါကိုယ်တိုင်သွားမယ်”

“နန်းတော်သခင်လေး တောင်တွေထဲမှာ အန္တရာယ်များပါတယ် ကျွန်တော်တို့ တွေ့ရင်…”

“အဓိပ္ပာယ်မရှိတာ ဒီလောက်ရှားတဲ့အခွင့်အရေးကို ငါတို့လွတ်သွားရင် သခင်ကို ဘယ်လိုရှင်းပြရမှာလဲ” စောင်းလာ ဆက်ပြောလေသည် “သွား အားလုံးကို မြန်မြန်စုလိုက် မှတ်ထား အရမ်းလှုပ်လှုပ်ရှားရှားဖြစ်အောင် မလုပ် နဲ့”

“ဟုတ်ကဲ့ပါ နန်းတော်သခင်လေး”

ကျုံကျန်းနှင့် ရင်ယန်နန်းတော်အဖွဲ့ဝင်များသည် လျင်မြန်စွာပင် စုဝေး ကြကာ လူအင်အားတစ်ရာထပ်ဖြည့်ရာ အဖွဲ့ကြီးဖြစ်သွားလေသည်။ တခြား သူများ၏ အာရုံစိုက်မှုကိုရှောင်ရှားရန် သူတို့သည် တဲများကိုမသိမ်းပဲ ထိုနေရာကို စောင့်ကြည့်ရန်လူတချို့ချန်ထားခဲ့ပြီး တခြားသူများသည် စောင်းလာနှင့် ကျုံကျန်းဆုန့်မြောင်တို့နောက်လိုက်ပြီး တောင်များဆီသို့သွား လေသည်။

သူတို့ တောင်များဆီသို့လာသည်ကို မြင်သည်နှင့် ရှီမာယူယူနှင့် ရှီမန်ဖန်တို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။

“ရင်ယန်နန်းတော်နဲ့ ကျုံကျန်းအဖွဲ့ဝင်တွေ ဝင်လာပြီလို့ ရှင်းမိုနဲ့ ရှန်ယိ ကိုသတင်းပို့လိုက်တော့ အစီအစဉ်အတိုင်းလုပ်လိုက်တော့” ရှီမာယူယူသည် တိုးညင်းစွာပြောလေသည်။

“အင်း” ရှီမန်ဖန်သည် သားအမိကျောက်တုံးထုတ်ကာ တောင်တွင်ရှိ နေသော လူနှစ်စုကို ဆက်သွယ်ပြီး ထိုနေရာမှလှုပ်ရှားမှုအကြောင်းကို သတင်းပေးလိုက်သည်။

“သွားမယ် နောက်ကလိုက်ပြီးကြည့်ကြမယ်” ရှီမာယူယူသည် ဟိန်းသံ ထောင်ချီကိုဆင့်ခေါ်ပြီး ပေါင်းစပ်လိုက်ရာ တခြားတစ်ယောက်အဖြစ် ရုပ်ပြောင်းသွားလေသည်။

ဝူလင်းယူသည် ထင်ယောင်ထင်မှားတည်ဆောက်မှုကိုလှည့်လိုက်ရာ သာမန်လူတစ်ယောက်အသွင် ရုပ်ပြောင်းသွားလေသည်။

ရှီမန်ဖန်သည် လူသားအရေမျက်နှာဖုံးဝတ်လိုက်သည်။ သူတို့သုံး ယောက်သည် အနံ့များကိုပါပြောင်းလိုက်ကြပြီး တခြားလူသုံးယောက် အသွင် ပြောင်းလိုက်ကြသည်။

သူတို့အသွင်ပြောင်းသည်ကို ကိုယ်တိုင်မျက်လုံးဖြင့်မမြင်ရလျှင် သူတို့ ၏ သရုပ်မှန်ကိုသိရမည်မဟုတ်ပေ။

ရှင်းမိုနှင့် ကုန်ရှန်ယိတို့သည် သူတို့လူများကိုခေါ်ကာ တောင်ထဲတွင် တိတ်ဆိတ်စွာနေရာမှ ရှီမန်ဖန်ဆီမှ သတင်းရသည်နှင့် စတင်လှုပ်ရှားလေ သည်။

“ညီအစ်ကိုတို့ အခုအချိန်ကျပြီ ကျုံကျန်းမျိုးနွယ်ကလူတွေရောက်လာ ပြီ ပွဲကြီးပွဲကောင်းလေးပြပေးရအောင် ရှီမာယူယူကို စိတ်မပျက်စေနဲ့ နားလည်လား” ကုန်ရှန်ယိသည် သူမ အဖွဲ့ဝင်များကို ပြောလိုက်သည်။

“သခင်မလေး မစိုးရိမ်ပါနဲ့ သေချာပေါက် တကယ့်အစစ်အမှန်လို သရုပ်ဆောင်ပေးမယ်” တစ်ယောက်သည် ရင်ဘတ်ကို ပုတ်ပြီး အာမခံလေ သည်။

ထိုလူများသည် ကုန်တောင်ကြား၏ သာမန်အဖွဲ့ဝင်များမဟုတ်ကြပေ။ သူတို့အားလုံးသည် သူမနှင့် အမြဲလိုက်ပါတတ်သော လူယုံများဖြစ်ကြသည်။ သူမ ထိုသို့လုပ်ရသည့်အကြောင်းအရင်းကို သူတို့မသိသော်လည်း သူမ လုပ်စေချင်ပါက သူတို့ ကောင်းကောင်းလုပ်ပေးမည်။

တစ်ဖက်တွင် ရှင်းမိုသည် သားအမိကျောက်တုံးကိုသိမ်းကာ သူ့ဘေးမှ လူများကို ပြောလိုက်သည် “ကြားလိုက်လား”

“ဟုတ်ကဲ့ပါ ဆရာ ကျွန်တော်တို့ စီစဉ်လိုက်မယ်” မူဝမ် ပြောလိုက် သည်။

“ဆရာ စိတ်ချပါ ကျွန်တော် သူတို့ကို ဘေးကင်းတဲ့နေရာကို သေချာ ပေါက်ခေါ်သွားပေးပါမယ်” ရှင်းဟုန် ပြောလိုက်သည်။

“အင်း သူတို့ ထောင်ချောက်ထဲမဝင်ရင် နေရာတင်ပဲသတ်လိုက်လို့ရ တယ်” ရှင်းမို ပြောလိုက်သည်။

“ကောင်းတယ် ဆရာအဲလိုပြောလိုက်တော့ ဘာလုပ်ရမလဲဆိုတာ ရှင်း သွားပြီ” ရှင်းဟုန်နှင့် မူဝမ်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကာ စီစဉ်ရန် ထွက်သွားလေသည်။

စောင်းလာနှင့် ကျုံကျန်းဆုန့်မြောင်တို့သည် မျောက်ဝံအိုကြီးနှင့် တခြား သော ဝိညာဉ်သားရဲတို့ တိုက်ပွဲဖြစ်နေသည့်နေရာသို့ လူများနှင့် ရောက်လာ ကြသည်။

“နန်းတော်သခင်လေး ဒါက မျောက်ဝံအိုကြီးတို့ တိုက်ခိုက်ခဲ့ကြတဲ့ နေရာပဲ” ရင်ယန်နန်းတော်၏ အစောင့်များသည် တောင်ထိပ်ကို ညွှန်ပြလေ သည်။

“တကယ်ပဲ မင်္ဂလာသားရဲရဲ့အနံ့ရှိတာပဲ” လူတစ်ယောက်သည် မျောက်ဝံအိုကြီး၏ အနံ့ကို ရှုမိပြီး စိတ်လှုပ်ရှားစွာပြောလေသည်။

“မျောက်ဝံအိုကြီးက ဘယ်ဘက်ကိုပြေးသွားတာလဲ” ကျုံကျန်းချွမ်သည် ပျက်စီးနေသော တောင်ထိပ်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လေသည်။

“အရှေ့ဘက်”

ကျုံကျန်းဆုန့်မြောင်သည် အရှေ့ဘက်သို့ကြည့်လိုက်သည်။ ထိုတောင် ထပိသည် ပိုမြင့်ပြီး တောထူထပ်ကာ ပိုအားကောင်းသော ဝိညာဉ်သားရဲများ ရှိနေတတ်သည်။

“အဲမှာ မျောက်ဝံအိုကြီးနေတာဖြစ်လောက်တယ်” သူဆက်ပြောလေ သည် “အားကောင်းတဲ့ဝိညာဉ်သားရဲတွေ အများကြီးပဲ ငါတို့ဝင်သွားရင် အန္တရာယ်များတယ်”

“အဲလိုဆိုရင်တောင် ဆက်လိုက်သင့်တယ်” စောင်းလာ ဆက်ပြောလေ သည် “ဒီတစ်ခါကို မင်္ဂလာသားရဲကိုဖမ်းမိမှဖြစ်မယ် မဟုတ်ရင် ထာဝရ ရှင်သန်သူ နယ်မြေမှာ ဝေစုရလိုက်မှာမဟုတ်ဘူး”

“ဒါပေမဲ့ နန်းတော်သခင်လေး….” ကျုံကျန်းချွမ်သည် အန္တရာယ် အကြောင်းကိုထပ်ပြောပြီး စဉ်းစားစေချင်သည်။ သို့သော် သူ စကားမဆုံးခင် မှာပင် စကားဖြတ်ခံလိုက်ရသည်။

“ဘာလဲ မင်းတို့ ကျုံကျန်းတွေက နောက်ဆုတ်ချင်လို့လား မင်းတို့ နောက်ဆုတ်လို့ ငါ သခင်ကြီးကိုသတင်းပို့တာကို ငါ့ကိုလာအပြစ်မတင်နဲ့ နော်” စောင်းလာသည် ကျုံကျန်းဆုန့်မြောင်ကို မျက်စိထောင့်မှာကြည့်လိုက် သည်။ ခြိမ်းခြောက်နေသည်မှာ အထင်အရှားပင်။

ကျုံကျန်းဆုန့်မြောင်သည် စောင်းလာ၏ ခန္ဓာကိုယ်မှ လူသတ်မည့် အာရုံကို ခံစားမိလေသည်။ သူသည် ကျုံကျန်းချွမ်ကိုစိုက်ကြည့်ပြီး စောင်းလာ ကိုပြောလိုက်သည် “နန်းတော်သခင်လေးဘာကိုပဲလုပ်ချင်လုပ်ချင် ကျွန်တော်တို့ ကျုံကျန်းမျိုးနွယ်က သေချာပေါက်လိုက်လုပ်မှာပါ အကြီးအကဲ ၅က နောက်ဆုတ်ချင်တဲ့အဓိပ္ပာယ်မဟုတ်ပါဘူး အရှေ့ဘက်မှာ မင်္ဂလာ သားရဲတကယ်ရှိရဲ့လားဆိုတာကို အတည်မပြုနိုင်ပဲ လိုက်သွားရင် အန္တရာယ် ဖြစ်နိုင်တယ်ဆိုတာကို သူပြောဖို့ကြိုးစားတာပါ ကျွန်တော်တို့ မင်္ဂလာသားရဲ ကိုမဖမ်းနိုင်ရင် လူတွေပဲဆုံးရှုံးလိုက်ရပြီး မတန်လို့ပါ”

“ဒါဆိုရင် မင်းကဘာပြောဖို့ကြိုးစားနေတာလဲ” စောင်းလာသည် စွေကြည့်ကာ ကျုံကျန်းဆုန့်မြောင်ကို အေးစက်သောမျက်လုံးများဖြင့် စိုက် ကြည့်လေသည်။

ကျုံကျန်းဆုန့်မြောင် ပါးစပ်မဟခင်မှာပင် လူတစ်ယောက်သည် အော် လိုက်လေသည်။

“ဟိုမှာလူတွေလာနေတယ် ကုန်တောင်ကြားကအဖွဲ့ဝင်ပဲ”

***

All Chapters