← Chapters

မင်းအတွက်တွင်းတူးထားတယ် ၂

Vol. 011 Ch. 1054

မင်းအတွက်တွင်းတူးထားတယ် ၂

Vol. 011 Ch. 1054

ကုန်ရှန်ယိသည် ကုန်တောင်ကြားမှ အဖွဲ့ဝင်များနှင့်အတူ နောက်မှ တစ်ယောက်ယောက်လိုက်လာသည့် ပုံစံဖြင့် အလောတကြီးပျံလာလေ သည်။ စောင်းလာနှင့် တခြားသူများကို မြင်သောအခါ သူတို့အဖွဲ့သည် လျင်မြန်စွာပျံသွားလိုက်ကြသည်။ “ကုန်ရှန်ယိလား ဘယ်လိုလုပ်ရောက်လာ တာလဲ ဘာတွေဖြစ်နေတာလဲ” စောင်းလာသည် ကုန်ရှန်ယိကိုသိသဖြင့် သူမ လူတစ်စုခေါ်လာသည်ကိုမြင်သောအခါ တအံ့တသြမေးလေသည်။

ထိုမတိုင်ခင်တွင် ကုန်တောင်ကြားအဖွဲ့ဝင်များလာသည်ကိုပင် သူ မသိခဲ့ပေ။

ကုန်ရှန်ယိသည် စောင်းလာကိုမြင်သောအခါ သူမ မျက်နှာတွင် ပျော်ရွှင် မှုအနည်းငယ်ဖြစ်သွားသည်။

“စောင်းလာ ဒီမှာဘာလုပ်နေကြတာလဲ” သူမသည် အကုန်လုံးနှင့်အတူ ပျံသွားလိုက်သည်။ သူမ အဝတ်များသည် ပြဲနေကာ ညစ်ပေနေသည်။

“မင်း ဘာတွေဖြစ်လာတာလဲ” စောင်းလာသည် သူမ ထိုပုံစံအတိုင်းကို မြင်ရခဲသည်။

“ကျွန်မ…” ကုန်ရှန်ယိသည် တွေဝေပြီးနောက် မျက်တောင်ခတ်ကာ “ကျွန်မတို့ ဟိုမှာ ဝိညာဉ်သားရဲတိုက်ခိုက်တာခံလိုက်ရတယ်”

“ဝိညာဉ်သားရဲကတိုက်တယ်ဟုတ်လား” ကျုံကျန်းချွမ်သည် သူမကို ကြည့်လိုက်သည် “မင်းဆီက မျောက်ဝံအိုကြီးအနံ့ရတယ် မင်း မျောက်ဝံကို ရှာနေတာပဲ”

ကုန်ရှန်ယိပုံစံသည် အနည်းငယ် သဘာဝမကျဖြစ်နေသောကြောင့် ပေါ်သွားမလိုဖြစ်သွားသည်။ သို့သော် သူမကို ထိုပုံစံအတိုင်းမြင်လိုက်ရ သောအခါ သူမ ပြောသည့်ဝိညာဉ်သားရဲဆိုသည်မှာ မျောက်ဝံဖြစ်သည်ကို သေချာသွားလေသည်။

“မျောက်ဝံကဒဏ်ရာရနေတာမဟုတ်ဘူးလား၊ မင်းတောင်မတိုက်နိုင် ဘူးဆိုတော့” ကျုံကျန်းချွမ် မေးလိုက်သည်။

သူတို့သိထားသည်ကို ကုန်ရှန်ယိ သေချာသွားကာ မျက်လုံးလှန်လိုက် ပြီး ပြောလိုက်သည် “အင်း အဲဒါက… ဒဏ်ရာရသွားပေမယ့် အားကောင်းနေ တုန်းပဲ ဒီလောက်လူအများကြီးနဲ့တောင် သူ့ကိုမနိုင်ဘူး”

“ငါတော့အဲလိုမထင်ဘူး” ကျုံကျန်းဟိုင် ဆက်ပြောလေသည် “မင်းဆီ မှာ တခြားဝိညာဉ်သားရဲအနံ့ရှိနေသေးတယ် မင်းလိုက်တာ မျောက်ဝံအိုကြီး မဟုတ်ဘူး တခြားဝိညာဉ်သားရဲပဲ”

“အဲဒါက… မှန်းတာမှားသွားပြီ” ကုန်ရှန်ယိ ငြင်းဆန်လေသည်။

“မဖြစ်နိုင်ဘူး” ကျုံကျန်းချွမ် မယုံသေးပေ။

“အာ… အဲအနံ့က မျောက်ဝံအိုကြီးနဲ့ တိုက်ခဲ့တဲ့ ဝိညာဉ်သားရဲရဲ့ အနံ့ပဲ” ရင်ယန်နန်းတော်မှ တပည့်တစ်ယောက် အော်လိုက်လေသည်။

“သေချာရဲ့လား”

“သေချာပါတယ် နန်းတော်သခင်လေး အဲဒါက အဲဒီဝိညာဉ်သားရဲရဲ့ အနံ့ပဲ” ထိုလူသည် ခိုင်မာစွာပြောလေသည် “ကျွန်တော်တို့ သူ့လက်ထဲက လွတ်လာတာ သေချာပါတယ်”

“ရှန်ယိ ငါတို့က မိတ်ဆွေတွေပဲ ငါ့ကိုလိမ်ဖို့လိုလို့လား” စောင်းလာ သည် အနည်းငယ်ပြုံးလိုက်သည်။

“အဲဒါက… ရှင့်ကိုမပြောပြချင်လို့မဟုတ်ဘူး အခုအခြေအနေက…” ကုန်ရှန်ယိ၏ ရှက်ရွံ့မှုကြောင့် စောင်းလာသည် သူ့အတွေးကို အတည်ပြု လိုက်သည်။

“ကုန်ယိ မင်းတို့ မင်္ဂလာသားရဲရဲ့ သွေးကိုရပြီးပြီမလား” သူ ပျော်ရွှင်စွာ လျှောက်သွားပြီး ကုန်ရှန်ယိ၏ လက်မောင်းကိုဖက်ချင်သော်လည်း သူမ ရှောင်ရှားလိုက်သည်။

ကုန်ရှန်ယိသည် စောင်းလာအား နိုးကြားစွာဖြင့်ကြည့်ပြီး ပြောလိုက် သည် “စောင်းလာ ရှင်ကဘာလုပ်ချင်တာလဲ မင်္ဂလာသားရဲသွေးက ကုန်တောင်ကြားရဲ့အဆိပ်မိပြီးသွားပြီ ရှင်တို့ဖမ်းမိရင်တောင်သုံးမရတော့ဘူး”

စောင်းလာ၏ အပြုံးမှာ တောင့်တင်းသွားကာ အလျင်အမြန်ပင် ပုံမှန် အတိုင်းပြန်ဖြစ်သွားပြီး ပြုံးလိုက်သည် “ငါတို့မှာ ဒီလိုဆက်ဆံရေးရှိနေတာပဲ မင်းတို့တကယ်ပဲ မင်္ဂလာသားရဲသွေးကိုရလာတယ်ဆိုရင် မင်းအတွက် ပျော် ပေးမှာပေါ့ ဘာလို့မင်းတို့လက်ထဲကလုရမှာလဲ”

“ဟင်း ရှင်ဘာတွေးနေလဲဆိုတာ ကျွန်မမသိဘူးမထင်နဲ့” ကုန်ရှန်ယိ သည် သူ့ကိုကြည့်လိုက်သည်။ သူ မလုပ်သင့်သည့်အရာကိုလုပ်လိုက်သည် နှင့် သူမ သူ့ကိုအဆိပ်ခပ်၍ရသည်။

“ငါ့မှာ ဘာအတွေးရှိနေတာလဲ၊ မင်းစဉ်းစားတာများနေပြီ” စောင်းလာ ဆက်ပြောလေသည် “ဒါပေမဲ့ မင်းတကယ်ပဲ မင်္ဂလာသားရဲသွေးရခဲ့တာလား”

“ဟုတ်တယ်” ကုန်ရှန်ယိသည် ဖုံးကွယ်ရန်မလိုတော့သည်ကို သေချာ သွားသည် “ကျွန်မတို့ မင်္ဂလာသားရဲကိုတွေ့တယ် သူဒဏ်ရာရနေတော့ ကျွန်မတို့ ပြိုင်ဘက်မဖြစ်နိုင်ဘူး ဒါပေမဲ့ သူ ကျွန်မတို့ကို နောက်ဆုံးထိ တိုက် မယ်ဆိုရင် ကျွန်မတို့လည်း အမြတ်မရှိနိုင်ဘူး အဲဒါကြောင့် ကျွန်မတို့် သဘော တူညီချက်လုပ်လိုက်တယ် သူ့သွေးကိုပေးမယ်ဆိုရင် မတိုက်တော့ဘူးလို့”

“ဒါဆို မင်းတို့ဘယ်လိုဒဏ်ရာရလာတာလဲ” စောင်းလာ မေးခွန်းထုတ် လေသည်။

“အဲဒီမျောက်ဝံအိုကြီး ထောင်ချောက်ဆင်တာခံလိုက်ရတာ” ကုန်ရှန်ယိ သည် ဒေါသထွက်ရင်းပြောလေသည် “သူက တကယ်ပဲ ကျွန်မတို့နဲ့ မတိုက် ချင်ဘူးလို့ထင်လိုက်တာ အဲဒါကြောင့် သွေးပေးမယ်ဆိုပြီးကတိထားလိုက် တာ နောက်ဆုံးတော့ အဲကောင်ကြီးက မကောင်းဘူး သွေးပေးပြီးတော့ သူ့ ရန်သူကို ကျွန်မတို့နောက်ကိုလိုက်အောင်လုပ်လိုက်တယ်”

“အဲတော့ မင်းတို့ဒဏ်ရာရလာတာက မျောက်ဝံအိုကြီးကို ဒဏ်ရာရ အောင်လုပ်လိုက်တဲ့ ဝိညာဉ်သားရဲကြောင့်ပေါ့” ကျုံကျန်းဆုန့်မြောင် ပြော လိုက်သည်။

“အင်း” ကုန်ရှန်ယိ ခေါင်းညိတ်လိုက်သည် “အဲဒီဝိညာဉ်သားရဲက အရမ်းအားကောင်းတယ်၊ ကျွန်မတို့က ဒီလောက်လူအများကြီးနဲ့တောင် မနိုင် ဘူး”

“မင်းတို့တွေက ငါတို့လို အကူပိုမခေါ်ပဲရောက်လာတာကိုး ငါတို့က အဲဒီ ဝိညာဉ်သားရဲလောက်ကိုကြောက်ရမှာလား” စောင်းလာသည် မာန်တက်စွာ ဖြင့်ပြောလေသည်။

ကုန်ရှန်ယိသည် သူ့လူများကိုအကဲခတ်လိုက်သည်။ သူမအဖွဲ့ထက် တစ်ဝက်များသည်။ သို့သော်လည်း…

“ကျွန်မတို့လိုချင်တာရပြီဆိုတော့ သွားတော့မယ်” ကုန်ရှန်ယိ စကား ဆုံးသည်နှင့် ကုန်တောင်ကြားအဖွဲ့ဝင်များကို အချက်ပြကာ သူတို့နှင့်အတူ ထွက်သွားလေသည်။

ရင်ယန်နန်းတော်နှင့် ကျုံကျန်းမျိုးနွယ်၏ အဖွဲ့ဝင်များသည် သူတို့ထွက် သွားသည်ကို ကြည့်ပြီး စောင်းလာကို စိတ်လှုပ်ရှားစွာကြည့်လိုက်ကြသည်။

သူတို့သာ မင်္ဂလာသားရဲသွေးကိုယူလာနိုင်ပါက မျောက်ဝံအိုကြီးကို ရှာရန်မလိုတော့ပေ။ သူတို့သာ ကုန်တောင်ကြားအဖွဲ့ဝင်များနှင့် ယှဉ်တိုက်ပါ က စွန့်စားမှုနည်းသွြးမည်။

သို့သော် စောင်းလာနှင့် ကျုံကျန်းဆုန့်မြောင်တို့သည် မည်သည့် ညွှန် ကြားချက်မှမပေးသဖြင့် မလှုပ်ရှားရဲကြပေ။ ထို့ကြောင့်သူတို့သည် ကုန်တောင်ကြားအဖွဲ့ဝင်များ ထွက်သွားသည်ကို အချည်းနှီးသာစောင့်ကြည့် ရလေသည်။

“နန်းတော်သခင် ဘာလို့မတားလိုက်တာလဲ” ကုန်ရှန်ယိ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ကို မြင်သည်နှင့် သည်းမခံနိုင်တော့ပဲ မေးလိုက် သည်။

“ကုန်တောင်ကြားအဖွဲ့ဝင်တွေက သွေးမှာတစ်ခုခုလုပ်ထားရင် ဘယ်လိုလုပ်မှာလဲ” စောင်းလာသည် ထိုလူကို ကြည့်လိုက်သည်။

သူက မင်္ဂလာသားရဲသွေးကိုလုယူချင်နေတာ ဒါပေမဲ့ အဲဒါကအသုံးဝင် မှာလား… အဖြေမှာ နိုးပါ… ပြီးတော့ ကုန်တောင်ကြားရဲ့အဖွဲ့ဝင်တွေကို ဘာမှမဟုတ်ပဲ ပြစ်မှားသွားမိဦးမည်။

“ကုန်တောင်ကြားရဲ့အဆိပ်က ငါတို့ဖြေရှင်းနိုင်တာမဟုတ်ဘူး၊ အတွေး တွေပြန်ရုတ်သိမ်းလိုက်တာကောင်းမယ်” ကျုံကျန်းဆုန့်မြောင် ဆက်ပြော လေသည် “အဲဒါစဉ်းစားမယ့်အစား အဲဒီမင်္ဂလာသားရဲကို ဘယ်လိုဖမ်းရမလဲ ဆိုတာ စဉ်းစားကြပါလား”

“အခု သေချာတာတစ်ခုရှိတယ် အဲဒီမျောက်ဝံအိုကြီးက အခြေအနေ မကောင်းဘူး၊ ငါတို့သာရှာနိုင်ရင် ဖမ်းမိဖို့အခွင့်အရေးများတယ်” ကျုံကျန်းဟိုင် ပြောလိုက်သည်။

“ဟုတ်တယ်” စောင်းလာ ပြောလိုက်သည် “အဲတော့ မင်းတို့ သတိပြန် ထားကြတော့ မင်္ဂလာသားရဲကဘယ်မှာလဲဆိုတာ သိမှတော့ နောက်ပြန် မဆုတ်ကြနဲ့တော့”

“ဟုတ်ကဲ့” အားလုံးသည် ကျယ်လောင်စွာ ဖြေလိုက်ကြသည်။

“ဒါပေမဲ့ ငါတို့ဂရုစိုက်ရမယ် တောင်ထဲနက်လေ အန္တရာယ်ပိုများလေပဲ၊ မင်းတို့ အလောတကြီးမလှုပ်ရှားကြနဲ့” ကျုံကျန်းဆုန့်မြောင် ဆက်ပြောလေ သည် “ပြီးတော့ မျောက်ဝံအိုကြီးရဲ့ ရန်သူကလည်းရှာနေတယ် ငါတို့ အဲရန်သူကိုလည်းရှောင်ရမယ်”

“သခင်လေး မစိုးရိမ်ပါနဲ့ ငါတို့အဲအနံ့ကိုမှတ်မိနေပါပြီ သူသာ ဖြတ်သွား မယ်ဆိုရင် အဝေးကနေရှောင်နိုင်ပါတယ်” ကျုံကျန်းချွမ် ပြောလိုက်သည်။

“အကုန်လုံးနားလည်ပြီဆိုတော့ ဝင်ဖို့ပြင်ဆင်ကြတော့” စောင်းလာ ပြောလိုက်သည်။

“ခဏလေး” ကျံကျန်းဆုန့်မြောင်သည် သူတို့ကို ထပ်မံတားပြန်သည်။

“ဘာဖြစ်ပြန်တာလဲ” စောင်းလာသည် သူ့ကို မကျေနပ်သော အပြုအမူ ဖြင့် ကြည့်လိုက်သည်။

“ဒီနားမှာ တစ်ယောက်ယောက်ရှိနေတယ်” ကျုံကျန်းဆုန့်မြောင်သည် နေရာတစ်ခုကိုစိုက်ကြည့်ပြီး ပြောလိုက်သည်။

“မျောက်ဝံအိုကြီးရှိနေတာကို တစ်ယောက်ယောက်များသိသွားလို့လား”

အားလုံးသည် လှည့်ကြည့်လိုက်ရာ အနီးအနားတွင်လူရှိသည်ကိုသိ သည်နှင့် သတိရှိမှုများမြင့်လာသည်။

“ရှင်းမိုနဲ့ ရှင်းဟုန်” ကျုံကျန်းချွမ် ပြောလိုက်သည်။

“ရှင်းမိုလည်းလာတာလား” ရှင်းမိုကိုတွေ့သောအခါ စောင်းလာသည် ဒေါသထွက်လာသည်။ သူ့ကို ဆွဲဖြဲရန်မစောင့်နိုင်သည်ကိုကြည့်ရသည်မှာ ရှင်းမျိုးနွယ်နှင့် ရင်ယန်နန်းတော်ကြားမှ ဆက်ဆံရေးသည် မည်မျှဆိုးဝါး သည်ကိုပြသနေသည်။

ရှင်းမိုသည် လူများကိုခေါ်ပြီးပျံလာလိုက်သည်။ သူတို့သည် လေထဲတွင် ရပ်ကာ ရင်ယန်နန်းတော်မှ အဖွဲ့ဝင်များကို ကြည့်လိုက်သည်။

နှစ်ဖက်လုံးသည် အကြည့်မလွှဲကြပေ။ လေထုမှာ ပိုပြီး စိတ်လှုပ်ရှား ဖွယ်ဖြစ်လာကာ အချိန်မရွေးတိုက်ခိုက်မည့်ပုံပေါက်နေသည်။

***

All Chapters