မင်းအတွက်တွင်းတူးထားတယ် ၃
Vol. 011 Ch. 1055
ရင်ယန်နန်းတော်နှင့် ကျုံကျန်းမျိုးနွယ်တို့သည် တိုက်ပွဲကို ရှောင်မရ တော့ဟုတွေးနေချိန်မှာပင် ရှင်းမိုဘေးမှ မူဝမ်သည် သတိပေးလိုက်သည် “ဆရာ မျောက်ဝံအိုကြီး….” ထိုသို့ပြောလိုက်သည်နှင့် ရှင်းမိုသည် အကြည့်လွှဲ ကာ လက်ကိုဝေ့ရမ်းလိုက်သည် “သွားတော့”
ရှင်းမျိုးနွယ်သည် ရုတ်တရက် ရင်ယန်နန်းတော်အဖွဲ့ဝင်များကို ချန် ထားပြီး ဒီအတိုင်းပင်ဖြတ်ကျော်သွားလေသည်။
“နန်းတော်သခင်လေး အခုမူဝမ်က မျောက်ဝံအိုကြီးကို ပြောသွားတာပဲ ကြည့်ရတာ မျောက်ဝံအိုကြီးဒဏ်ရာရထားတာကို သူတို့သိပြီးတဲ့ပုံပဲ” ကျုံကျန်းဆုန့်မြောင် ပြောလိုက်သည်။
“ငါလည်းကြားတယ်” ဟောင်းလာသည် ရှင်းမို၏ ကျောပြင်ကို လူသတ် မည့်အကြည့်များဖြင့်ကြည့်လိုက်သည် “မင်္ဂလာသားရဲကိစ္စရှင်းပြီးရင် ရှင်းမိုကို လည်း သေချာပေါက် အဆုံးသတ်ပေးမယ်”
ထိုအချိန်တွင် ရှင်းမိုသည် အထင်သေးသော အကြည့်ဖြင့် သူ့ကိုကြည့် လိုက်သည်။
ရှင်းမိုသည်လည်း စောင်းလာကို သဘောမတွေ့ပေ။
သူက ဒီအတိုင်းပဲနည်းနည်းအရည်အချင်းရှိတာမလား၊ ဘဝင်မြောက် နေတဲ့ပုံကိုကြည့်ဦး…
“နန်းတော်သခင်လေး သူတို့ကမျောက်ဝံအိုကြီးဆီသွားမှတော့ ဒီအချိန် ကိုအသုံးချရမယ် မဟုတ်ရင် သူတို့ကိုရှုံးသွားလိမ့်မယ်” ကျုံကျန်းဆုန့်မြောင် ဆက်ပြောလေသည် “အဲဒီမင်္ဂလာသားရဲကိုသာ ရှင်းမျိုးနွယ်မိသွားရင် မျှဝေ ပိုကပိုခက်သွားလိမ့်မယ်”
“အင်း မြန်မြန်သွားပြီးရှာမယ်” စောင်းလာသည် သူတို့ကို တင်းမာသော မျက်နှာဖြင့် အမိန့်ပေးလေသည်။ ထိုသည်မှာ ရင်ယန်နန်းတော်နှင့် ကျုံကျန်း မျိုးနွယ်အဖွဲ့ဝင် အားလုံးကို တစ်ကိုယ်လုံးဖိအားရသွားစေသည်။ လျင်မြန်စွာ ပင် သားရဲပျံများကိုဆင့်ခေါ်ပြီး တောင်တန်းဆီသို့ ပျံသန်းသွားလိုက်ကြ သည်။
ရှင်းမျိုးနါယ်သည် သူတို့နောက်လိုက်လာသည်ကို သိပြီး အရှိန်မြှင့်ကာ သူတို့ကို မျက်ခြေဖြတ်ရန်ကြိုးစားလေသည်။ သို့သော် ရင်ယန်နန်းတော်၏ သားရဲပျံများသည် သန်မာသဖြင့် ရှင်းမျိုးနွယ်နောက်မှ ဆက်တိုက်လိုက်လာ လေသည်။
“ဆရာ သူတို့နောက်ကလိုက်လာတယ်” မူဝမ်သည် အနောက်သို့ပြန် ကြည့်ပြီး ရှင်းမိုကို ပြောလိုက်သည်။
“သူတို့လိုက်လာတာကောင်းတယ်” ရှင်းမိုဆက်ပြောလေသည် “သူတို့ ကိုလိုက်ခိုင်းပြီး မျောက်ဝံအိုကြီးကိုယူခိုင်းလိုက် ရှင်းမန်ကိုဆက်သွယ်ပြီး မျောက်ဝံအိုကြီးကို အဆင်သင့်ပြင်ခိုင်းလိုက် ငါတို့မကြာမီရောက်တော့မယ် လို့”
“ဟုတ်” မူဝမ် ပြန်ဖြေလေသည်။
ရှင်းမန်နှင့် မျောက်ဝံအိုကြီးတို့သည် အတူနားနေရာမှ မူဝမ်ဆီမှ သတင်းကြားပြီးနောက်တွင် မျောက်ဝံအိုကြီးကိုပြောလိုက်သည် “သူတို့လာ နေကြပြီ၊ သူတို့ခဏလောက် တည်ဆောက်မှုထဲမှာ လည်နေပါစေ၊ သူတို့ တည်ဆောက်မှုကထွက်လာတာနဲ့ ငါ လှုပ်ရှားမယ်၊ မင်းလည်းမြန်နေရမယ်”
“ငါသိပါတယ်” မျောက်ဝံအိုကြီးသည် ပြန်ဖြေပြီးနောက် ရှောင်ရှီနှင့် ဟွမ်လေးတို့ကိုပြောလိုက်သည် “မင်းတို့ဒီမှာနေပြီး ထွက်မလာကြနဲ့ နားလည် လား”
ရှောင်ရှီနှင့် ဟွမ်လေးတို့သည် ခေါင်းညိတ်လိုက်ကြသည်။ သူတို့ကို ဖမ်းရန်ကြိုးစားကြသည့် လူများသည်ကို သူတို့သိထားကြသည်။ ထိုအချိန် အတွင်းတွင် သူတို့ထွက်လိုက်ပါက ဦးလေးကိုဒုက္ခပိုများစေမည်ကို သူတို့ သိ ကြသည်။
မျောက်ဝံအိုကြီးသည် သူ့ကြောင့်ဒဏ်ရာရပြီးသားဖြစ်သည်။ ထို့ကြောင့် သူသည် သွေးတချို့ကို သူ့သားမွေးပေါ်သို့ ပွတ်လိုက်ပြီး ဒုက္ခရောက်နေဟန် ပြုလိုက်သည်။ ထို့နောက်တွင်တော့ ဒဏ်ရာရထားသော ဝိညာဉ်သားရဲ အသွင်ပြောင်းပြီးလေသည်။
သူသည် ပျံထွက်သွားပြီး ကြီးမားသောကျောက်တုံးတစ်တုံးပေါ်၌ထိုင် ကာ အားယူနေသည့်ဟန်ပြုကာ ရင်ယန်နန်းတော်မှလူများလာသည်ကို စောင့်နေလိုက်သည်။
ရှင်းမိုသည် ရင်ယန်နန်းတော်မှအဖွဲ့ဝင်များကိုခေါ်လာပြီး အရှေ့သို့ ဆက်ပျံသန်းလေသည်။ သူ ခရီးလမ်းဆုံးရောကါခါနီးတွင် လှည့်ကြည့်ပြီး စောင်းလာကို အေးစက်သောမျက်နှာဖြင့်ပြောလိုက်သည် “စောင်းလာ ဘာလို့ငါ့နောက်လိုက်နေတာလဲ”
“လမ်းနဲ့ မိုးကောင်းကင်ကအကျယ်ကြီးပဲ ဘယ်သူက မင်းနောက်လိုက် နေလို့လဲ” စောင်းလာ ဆက်ပြောလေသည် “ငါသွားမယ့်နေရာက အဲနေရာ ဖြစ်နေတာ”
“မင်းလည်း ဒီလမ်းသွားမလို့လား” ရှင်းမိုသည် မျက်လုံးထဲမှ ဒေါသကို ချိုးနှိမ်ရင်း မေးလိုက်သည်။
“ဟုတ်တယ်” စောင်းလာသည် မေးမော့လိုက်သည်။
“ဟင်း အဲဒါဆိုလည်း ကောင်းပြီလေ မင်းဒီလမ်းကသွား ငါတို့ တခြား လမ်းကသွားမယ်” ရှင်းမို ပြောလိုက်သည်။
“ဆရာ ဒါပေမဲ့ မျောက်ဝံအိုကြီးက အဲဒီဘက်မှာရှိတယ်လို့ သတင်းရ ထားတယ်…” ရှင်းဟုန် ထိုသို့ပြောပြီးနောက်တွင် ရှင်းမျိုးနွယ်သည် မပြော သင့်သည့်အရာကို ပြောမိသည့်အလား အချင်းချင်းကြည့်ကြလေသည်။
မူဝမ်သည် ရှင်းဟုန်ဆီသို့ တစ်ချက်ကြည့်လိုက်ပြီး ရှင်းမိုကိုပြောလေ သည် “ဆရာ ရှင်းဟုန်ပြောတာမှန်တယ် မျောက်ဝံအိုကြီးသာ တကယ်အဲမှာ ရှိရင် တခြားဘက်ကသွားရင် အရှုံးပေါ်သွားမယ်”
“မျောက်ဝံအိုကြီးက သေနေတာမှမဟုတ်တာ၊ သူ့ဘာသာသွားနိုင်သေး တယ်” ရှင်းမို ဆက်ပြောလေသည် “သူတို့သာဆက်လိုက်နေရင် ငါ့ကိုယ်ငါ ထိန်းနိုင်တော့မှာမဟုတ်ဘူး”
“ဆရာ…” မူဝမ်သည် ရှင်းမိုကို မတတ်သာစွာကြည့်လိုက်သည် “ဒါက မျောက်ဝံအိုကြီးနဲ့ဆက်စပ်နေတယ်နော် ရဖို့လွယ်တာမဟုတ်ဘူး ကျွန်တော် တို့လက်မလျော့နိုင်ဘူး”
“သူတို့ကိုအဲလမ်းကသွားခိုင်းလိုက် ငါတို့က ဘေးကနေရှာမယ်” ရှင်းမို ဆက်ပြောလေသည် “သူတို့ မျောက်ဝံအိုကြီးကိုအရင်တွေ့မယ်လို့ ငါမယုံဘူး”
မူဝမ်သည် သူသေချာနေသည်ကိုမြင်သောအခါ သူ့သွားလိုသည့်နေရာ နောက်ကိုသာလိုက်ရတော့သည်။
ရှင်းမိုသည် အမှန်တကယ်ပင် သူ့လူများကို ထိုလမ်းသို့ ခေါ်သွားသည် ကို မြင်သောအခါ စောင်းလာသည် မှင်တက်သွားလေသည်။
“နန်းတော်သခင်လေး ဒါထောင်ချောက်ဖြစ်နိုင်မလား” လူတစ်ယောက် သည်ထူးဆန်းသည်ဟု ခံစားမိလိုက်သည်။
“သခင်လေး ဘယ်လိုထင်လဲ” ကျုံကျန်းချွမ်သည် ကျုံကျန်းဆုန့်မြောင် ကို ကြည့်ပြီးမေးလိုက်သည်။
ကျုံကျန်းဆုန့်မြောင်သည် တင်းကျပ်သွားကာ မြင်ကွင်းမှပျောက်ကွယ် သွားသော ရှင်းမျိုးနွယ်ကိုကြည့်ပြီး ပြောလိုက်သည် “ထူးဆန်းတယ် နန်းတော်သခင်လေး ကျွန်တော်တို့နဲ့ ရှင်းမျိုးနွယ်ဆက်ဆံရေးက အမြဲတမ်း ဆိုးနေတာ၊ ဒါ လှည့်ဖျားတာဖြစ်နိုင်တယ် သတိထားရမယ်”
“ဒီရှင်းမိုလောက်က ငါ့ကိုလှည့်ဖျားချင်တာလား” စောင်းလာသည် အထင်သေးစွာပြောလေသည် “အဲလူကတကယ်ဆိုးတာ ဒါပေမဲ့ သူက ငါ့ကို လှည့်ဖျားလောက်တဲ့အထိ အရည်အချင်းမရှိဘူး၊ ငါတို့ဒီလမ်းအတိုင်းပဲ ဆက် သွားမယ်”
“နန်းတော်သခင်လေး ဒါထောင်ချောက်များဖြစ်နေမလား” ကျုံကျန်းဟိုင်သည် တွေဝေစွာမေးလေသည်။
“ဘာထောက်ချောက်ရှိရမှာလဲ” စောင်းလာ ဆက်ပြောလေသည် “မမေ့ လိုက်နဲ့ ကုန်တောင်ကြားလည်း ဒီကိုရောက်တာတယ် အဲဒီမျောက်ဝံအိုကြီးက ဒီဘက်မှာပဲရှိနိုင်တယ်၊ ငါတို့ ဆက်သွားမယ် ထောင်ချောက်ဖြစ်မှာကြောက် ရင် ရှေ့လျှောက်ပိုဂရုစိုက်ရမယ်”
ကျုံကျန်းချွမ်သည် စဉ်းစားပြီးနောက် သဘောတူလိုက်သည်။ ကုန်တောင်ကြား၏ အဖွဲ့ဝင်များသည် ထိုနေရာသို့ရောက်လာခဲ့ကြသည်။ မျောက်ဝံအိုကြီးက ဒီနေရာမှာရှိနေတာမဟုတ်ရင် ဘယ်နေရာမှာဖြစ်မှာလဲ။
“ဂရုစိုက်ရအောင်” ကျုံကျန်းဆုန့်မြောင် ပြောလိုက်သည်။
ရှင်းမျိုးနွယ်၏ ဦးဆောင်သွားမှုမရှိသောကြောင့် သူတို့ ဖြည်းဖြည်းသာ သွားကြသည်။ သို့သော သူတို့၏ ဦးတည်ရာကိုတော့မပြောင်းပေ။ နောက်ဆုံး တွင် သူတို့သည် မျောက်ဝံအိုကြီး၏ အသက်ရှုသံကိုခံစားမိလေသည်။။
“အသက်ရှုသံကဒီလောက်သိသာလား ထူးဆန်းတယ်” ကျုံကျန်းဟိုင် ပြောလိုက်သည်။
“ဘာထူးဆန်းတာလဲ” စောင်းလာ ဆက်ပြောလေသည် “အဲဒါ မျောက်ဝံ အိုကြီးက ဒဏ်ရာအပြင်းအထန်ရထားလို့ အသက်ရှုတာကိုတောင် မထိန်းချုပ်နိုင်ဘူးဆိုတာကို ပြနေတာပဲ”
“ဟုတ်တယ်”
“သွားမယ် သွားကြည့်မယ် သူသေနေလောက်ပြီ”
ရင်ယန်နန်းတော်နှင့် ကျုံကျန်းနန်းတော်အဖွဲ့ဝင်များသည် စိတ်လှုပ်ရှား စွာဖြင့် အရှိန်မြှင့်လိုက်ကြသည်။ အမှန်တကယ်ပင် မျောက်ဝံအိုကြီးသည် တောင်ကြားတွင် သွေးအလိမ်းလိမ်းဖြင့် လဲနေသည်။
သူတို့သည် ကျောက်တုံးပေါ်မှ သွေးများကိုကြည့်ရင်း နှမြောနေသည်။ ထိုသွေးများသည် သူတို့အတွက် ထာဝရရှင်သန်သူနယ်မြေသို့ဝင်ရောက်ရန် ရတနာဖြစ်သည်။ သို့သော် ထိုနေရာတွင် အလဟသဖြစ်နေသည်။ သူတို့ သည်ထိုကျောက်တုံးကိုပါ သိမ်းရမလိုပင်။ ထိုသွေးများသည် လူ အမြောက်အများကို ထာဝရရှင်သန်သူနယ်မြေသို့ဝင်ရောက်ရန် လုံလောက် စေသည်။
ကျုံကျန်းဟိုင်နှင့် ကျန်လူများသည် မျောက်ဝံကိုကြီးကိုကြည့်ပြီး ဒဏ်ရာရနေသည်ကို သေချာသွားကာ ပြောလိုက်သည် “အဆင်ပြေလောက် တယ် အားလုံးပဲ သွားဖမ်းကြ”
ကျုံကျန်းမျိုးနွယ်သည် ချက်ချင်းပင် ဦးဆောင်သွားကာ မျောက်ဝံအိုကြီး ဆီသို့ပျံလေသည်။
မျောက်ဝံအိုကြီးသည် အစပိုင်းတွင် အားယူနေရာမှ တစ်စုံတစ်ယောက် နီးကပ်လာသည်ကိုခံစားမိပြီး သူတို့၏ လောဘတက်သော မျက်လုံးများကို မြင်သောအခါ ဘာမှမပြောပဲ တောင်ကြားဆီသို့ပျံလေသည်။ သို့သော် ဒဏ်ရာရထားသဖြင့် အရှိန်မှာမမြန်လှပေ။
“ထွက်ပြေးဖို့စဉ်းစားနေတာလား လိုက်ကြ” စောင်းလာသည် အော်ပြီး နောက် မျောက်ဝံအိုကြီးနောက်သို့လိုက်ခိုင်းလေသည်။
ရှင်းမန်သည် မျောက်ဝံအိုကြီး၏ နေရာကို ချိပ်ပိတ်လိုက်ပြီး သူ တောင်ကြားမှထွက်သည်နှင့် တောင်ကြားကို ချက်ချင်းပင် တည်ဆောက်မှု ဖြင့် ပိတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းတွင် တောင်တစ်ခုလုံးသည် ထူထဲသော မြူခိုးများဝန်းရံလာပြီး အပြင်မှကြည့်လျှင် ဘာကိုမှမမြင်ရတော့ ပေ။
***