← Chapters

ငါးနှစ်တာ

Vol. 10 Ch. 181

ငါးနှစ်တာ

Vol. 10 Ch. 181

ငါးနှစ်ဟူသော အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားပြန်သည်။ ထိုအတောအတွင်း ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ကျန်းမိသားစုတို့အားလုံး အတိုင်းအတာ တစ်ခုအထိ ပြောင်းလဲခဲ့ပြီးဖြစ်သည်။ ကျန်းချန်ရွှမ်သည် ထိုငါးနှစ်တာအတွင်း ရွှေနက်တုတ်နှင့် အရပ်ခြောက်မျက်နှာစေတီတို့ကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည့်အပြင် သစ်သားသလင်းကျောက်ကို အသုံးပြုပြီး အဇူရာဧကရာဇ် ကောင်းကင်ဘုံ ရန်နှိမ်ဓားကိုလည်း အဆင့်မြှင့်နိုင်ခဲ့သည်။ တစ်ချိန်တည်းတွင် ဓမ္မစွမ်းအင်များကို အတိုင်းအတာ တစ်ခုထိ မြှင့်တင်စုဆောင်းနိုင်ခဲ့သည့်အတွက် ကျီဖုနယ်ပယ် တတိယအဆင့်ကို ပြင်ပအကူအညီ မပါဘဲ တက်လှမ်းနိုင်ခဲ့သည်။

ရှိရင်းစွဲ ဓမ္မစွမ်းအင်ထက် ၃၀ ရာခိုင်နှုန်း တိုးတက်လာပြီဖြစ်ရာ ကျန်းချန်ရွှမ်တွင် ရှိနှင့်ပြီးသည့် နတ်ဘုရားစွမ်းအားများ၊ နည်းစနစ်များ၊ အဆောင်လက်နက်များနှင့် ပေါင်းစပ်လိုက်လျှင် ကျီဖုနယ်ပယ် ပဉ္စမအဆင့်နှင့် ဆဋ္ဌမအဆင့် ကျင့်ကြံသူများကိုပင် ရင်ဆိုင်နိုင်မည်ဟု ယုံကြည်ထားသည်။ သို့သော် ဖြေရှင်းရန် ကျန်နေသေးသော ပြဿနာမှာ သူ၏ဝိညာဉ်ဖြစ်သည်။ ယခုအချိန်အထိ ဝိညာဉ်ကို တိုးတက်ပြုပြင်ရန် နည်းလမ်းရှာမရသေးပေ။ ရှန်းရူယန်သည်လည်း ထိုနည်းလည်းကောင်းဖြစ်သည်။

အစပထမတွင် ဟွမ်ဝမ်ယု ပေးအပ်ခဲ့သည့် အနှစ်သာရ ဝိညာဉ်သစ်သီးကို ဆေးပြားအဖြစ် ပြောင်းလဲဖော်စပ်မည်ဟု စိတ်ကူးထားသော်လည်း အဓိကပါဝင်ပစ္စည်းဖြစ်သည့် တိမ်လွှာဝိညာဉ် ခရမ်းပြာရေစင်ကို ရှာမတွေ့သေး၍ ထိုစီမံကိန်းကို ခေတ္တရပ်ဆိုင်းထားရသည်။ အကယ်၍ ထိုရေစင်ကို လုံးဝရှာမတွေ့ပါက အနှစ်သာရ ဝိညာဉ်သစ်သီးကို တိုက်ရိုက်အသုံးပြုမည်ဟု နှစ်ဦးလုံး စိတ်ပိုင်းဖြတ်ထားကြသည်။ သူတို့နှစ်ဦး၏ ဝိညာဉ်ခွန်အားများ တိုးတက်လာသည့် အချိန်တွင် လိုက်ဖက်သင့်တော်မည့် ဝိညာဉ်မွမ်းမံရေးနည်းစနစ်ကို ရွေးချယ်အသုံးပြုမည် ဟုလည်းကြံရွယ်ထားကြသေးသည်။

ထို့ပြင် ရှန်းရူယန်အနေနှင့် ကျီဖု တတိယအဆင့်ကို တက်လှမ်းနိုင်ချိန်တွင် နတ်ဘုရားစွမ်းအားတစ်ခုနှင့်အတူ အတိတ်ဘဝက မှတ်ဉာဏ်တချို့ကိုပါ တစ်ပါတည်း ရရှိလိုက်သေးသည်။ နတ်ဘုရားစွမ်းအား၏ အမည်မှာ မီးနှင့်ရေ နတ်ဘုရားလျှပ်စီး ဟုခေါ်တွင်သည်။ ထိုမှတ်ဉာဏ်ကို အသုံးချ၍ အတိတ်ဘဝက ပြင်ဆင်ထားခဲ့သော ရင်းမြစ်များ၊ ရတနာများကိုလည်း ကျန်းချန်ရွှမ်နှင့်အတူ ရှာဖွေမည်ဟုလည်း စီစဉ်ထားသည်။ ဓာတ်ငါးပါး လျှပ်စီးရေကန်ကို ရှာဖွေခဲ့စဉ်တုန်းကလို ဖြစ်သည်။ ထိုမျှမကသေး ရှန်းရူယန်သည် လျှပ်စီးလေငှက်၏ နတ်ဆိုးအမြုတေနှင့် အဆီအနှစ် လျှပ်စီးကျောက်တုံးကို ပေါင်းစပ်လျက် မူလဓမ္မရတနာတစ်ပါးဖြစ်သည့် ရောင်စဉ်ငါးသွယ် မသေမျိုးရန်နှိမ်ဓားကိုလည်း အဆင့် ၃ အလယ်အဆင့်ထိ မြှင့်တင်နိုင်ခဲ့သေးသည်။

မူလဓမ္မရတနာများသည် သာမန်ဓမ္မရတနာများနှင့် ကွဲပြားပြီး အသုံးပြုသူနှင့် နက်ရှိုင်းသော ဆက်နွှယ်မှုမျိုးရှိတတ်ကြသည်။ သာမန်ဓမ္မရတနာများထက်လည်း အဆင့်အတန်း မြင့်မားသောကြောင့် ရှန်းရူယန်၏ အဆင့် ၃ အလယ်အဆင့် မူလဓမ္မရတနာသည် ပုံမှန် အဆင့် ၃ အမြင့်ဆုံးအဆင့် ဓမ္မရတနာများထက် ပိုမိုအဆင့်မြင့်သည်ဟု ဆိုရမည်။ ထို့ပြင် မူလဓမ္မရတနာများသည် အသုံးပြုသူ၏ နှလုံးသည်းပွတ်ပမာ တစ်သားတည်း ဖြစ်တည်နေသော လက်နက်မျိုးဖြစ်၍ အသုံးပြုရန် ကုန်ကျသည့် ဓမ္မစွမ်းအင် ပမာဏသည်လည်း ပုံမှန်ထက် အဆများစွာ နည်းပါးသည်။

ကျန်းမိသားစုသည်လည်း ငါးနှစ်တာအတွင်း ကြီးမားစွာ တိုးတက်ပြောင်းလဲခဲ့သည်။ ကျန်းမျိုးနွယ်စုဝင်အားလုံး၏ ကျင့်ကြံမှုအဆင့်မှာ အနည်းနှင့်အများ တိုးတက်လာခဲ့သည်။ မိသားစုအကြီးအကဲ ကျန်းရန်ယီသည် အခြေခံတည်ဆောက်ခြင်း သတ္တမအဆင့်ကို တက်လှမ်းနိုင်ခဲ့သလို ဒုတိယအကြီးအကဲ ကျန်းရန်ချွမ်းသည်လည်း စတုတ္ထအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြန်သည်။ တတိယအကြီးအကဲ ကျန်းရန်တောက်မှာမူ ခန္ဓာကိုယ်နှင့် အဆီအနှစ်စွမ်းအင်ကို ပြုပြင်မွမ်းမံလျက် ကျီဖုနယ်ပယ်ကို ဝင်ရောက်ရန် အသင့်ပြင်ဆင်နေသည်။

လျူလင်းလုံမှာမူ အခြေခံတည်ဆောက်ခြင်း အဋ္ဌမအဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။ ထိုအတောအတွင်း ကျန်းမိသားစုတွင် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူအသစ်များလည်း ပေါ်ထွန်းလာခဲ့သည်။ ကျန်းရန်ချွမ်း၏ သမီးဖြစ်သူ ကျန်းယွင်ရုံ၊ ကျန်းရန်တောက်၏ ဒုတိယသား ကျန်းယွင်ချန်းနှင့် ကျန်းရန်ယီတို့နှင့် မျိုးဆက်တစ်ခုတည်းဖြစ်သည့် ကျန်းရန်ရွှီတို့ပင်ဖြစ်သည်။ အဆိုပါတိုးတက်မှုများသည် ကျန်းချန်ရွှမ် ပေးအပ်ခဲ့သည့် အခြေခံတည်ဆောက်ခြင်း ဆေးပြားများနှင့် ရင်းမြစ်များကြောင့် ဖြစ်သည်ဟု ဆိုရမည်။

ကျန်းမိသားစု ဌာနချုပ်ရှိ အဓိကတောင်ထွတ်ဖြစ်သည့် တန့်ကျန်းတောင်ထွတ်တွင် ဖြစ်သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကျန်းရန်ယီတို့ ညီအစ်ကိုသုံးဦးနှင့် အကြီးအကဲလျူလင်းလုံ အပါအဝင် ကျန်းမိသားစုဝင်များ၏ အစီရင်ခံတင်ပြမှုများကို စိတ်ဝင်စားစွာ နားထောင်နေသည်။ သူတို့အဆိုအရ ကျန်းချန်ရွှမ်တို့နှစ်ဦး ကျန်းမိသားစုကို စတင်အုပ်ချုပ်ပြီးနောက်တွင် ကျန်းမိသားစု လက်လွှတ်ဆုံးရှုံးခဲ့သော နယ်မြေများကို ပြန်လည်ရရှိခဲ့သည်ဟုဆိုသည်။ အချို့သော မိသားစု၊ ဂိုဏ်းများသည် သူတို့အလစ်သုတ်ထားသည့် ကျန်းမိသားစုပိုင် နယ်မြေများကို လိုလိုလားလားပင် ပြန်လည်ပေးအပ်ကြသည်။ အချို့မိသားစုများမှာ လူကိုယ်တိုင် သွားရောက်တောင်းဆိုမှ မပေးချင်ပေးချင်နှင့် ပြန်လည်ပေးအပ်ကြသည်။

ကျန်းချန်ရွှမ်သည် သူတို့အားလုံး၏ တင်ပြမှုကို ကြားဖြတ်ခြင်းမရှိဘဲ စိတ်ပါဝင်စားစွာ နားထောင်နေမိသည်။ ကျန်းရန်ယီတို့လူစုသည် မိသားစုအရေးကို စီမံခန့်ခွဲရာ၌ နိုင်နင်းမှုရှိသည်ဟု သူရှုမြင်မိသည်။ ထို့နောက် ကျန်းရန်ယီသည် တစ်စုံတစ်ခုကို သတိရဟန်နှင့် ကျောက်စိမ်းသေတ္တာတစ်လုံးကို ကျန်းချန်ရွှမ်တို့ထံ ကမ်းပေးလိုက်သည်။ အထဲတွင် အပြာရောင်သမ်းလျက်ရှိသည့် ဝိညာဉ်ဆေးပင်တစ်မျိုးကို တွေ့ရသည်။ အရွက်နှင့် အမြစ်များတွင် ကြယ်အလင်းရောင်သဲ့သဲ့ ဖြာထွက်နေသည်။

“ယို့မိသားစုက ပို့လိုက်တဲ့ အဆင့် ၃ ထူးကဲကြယ်မြက်ပါ”

“ယို့မိသားစု ဟုတ်လား”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကျန်းရန်ယီ၏ စကားကြောင့် အနည်းငယ် အံ့အားသင့်သွားပြီး စိတ်ဝင်တစား မေးခွန်းထုတ်သည်။

“ဘာတွေဖြစ်ကုန်တာလဲ”

ကျန်းရန်ယီက ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြသည်။ ယို့မိသားစု၏ ဘိုးဘေးသည် မူလအပြန်ဂိုဏ်းနှင့် ပူးပေါင်းသော မိသားစုအကြီးအကဲကို ဖြုတ်ချ၍ ယို့ချန်းရှန်ဆိုသူကို အကြီးအကဲအသစ်အဖြစ် တင်မြှောက်လိုက်ကြောင်း၊ ယို့ချန်းရှန်သည် ကျန်းမိသားစုထံသို့ လူကိုယ်တိုင် လာရောက်တောင်းပန်သွားကြောင်း စသဖြင့် အသေးစိတ်ရှင်းပြသည်။ ထို့ပြင် ယို့ချန်းရှန်၏ စိတ်နေစိတ်ထားနှင့် လုပ်ရည်ကိုင်ရည်ကိုလည်း ကျန်းရန်ယီက သူမြင်သလောက် သုံးသပ်ပြသေးသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်လည်း ယို့ချန်းရှန်ဆိုသူကို အနည်းငယ် စိတ်ဝင်စားသွားသည်။ ထိုသူသည် မိမိတို့ ကျူးလွန်ခဲ့သည့် အပြစ်ကို ဝန်ခံရုံမက ထိုက်သင့်သည့် နစ်နာကြေးအဖြစ် ကြယ်မြက်ကိုပါ လက်ဆောင်အဖြစ် ပေးအပ်သွားသေးသည်။

ကျင့်ကြံခြင်းလောကတွင် ထိုအဖြစ်မျိုးမှာ ရှားသည်ဟု သတ်မှတ်ရမည်။ ယို့ချန်းရှန်သည် တာဝန်ခံတတ်ခြင်း၊ ရိုးသားခြင်း၊ ထောက်ထားညှာတာတတ်ခြင်း စသည့် အရည်အချင်းများနှင့်လည်း ပြည့်စုံကြောင်းသိရသည်။ အဆိုပါခေါင်းဆောင်မျိုး ပိုင်ဆိုင်ထားသည့် ယို့မိသားစုသည် လွယ်လွယ်နှင့် ပြိုလဲရန် မဖြစ်နိုင်ဟု ကျန်းချန်ရွှမ် ကြိတ်၍ မှတ်ချက်ချမိသည်။ တစ်ချိန်တည်းတွင် ယို့မိသားစု၏ ဘိုးဘေးသည်လည်း အရှည်ကို မျှော်တွေးတတ်သလို ဆုံးဖြတ်ချက်ပြတ်သားသည်ဟု သူမြင်မိသည်။ ကျန်းရန်ယီတို့လူစု ပြန်လည်ထွက်ခွာသောအခါ ကျန်းချန်ရွှမ်သည် ရှန်းရူယန်အား

“ရူယန် ယို့မိသားစုကို ဘယ်လိုသဘောရလဲ”

***

All Chapters