← Chapters

မင်းအတွက်တွင်းတူးထားတယ် ၅

Vol. 011 Ch. 1057

မင်းအတွက်တွင်းတူးထားတယ် ၅

Vol. 011 Ch. 1057

မြူခိုးများပါးသွားသည်နှင့် ထင်ယောင်ထင်မှားတည်ဆောက်မှု၏ သက်ရောက်မှုမှာလည်း ပျောက်ကွယ်သွားသည်။ မြင်ကွင်းမှာမပြောင်းလဲ ပေ။ သို့သော် မျောက်ဝံအိုကြီးမရှိတော့ပေ။ ကျုံကျန်းဆုန့်မြောင်သည် မျက်လုံးကိုပင့်လိုက်ရာ လူတစ်စုသည် မျောက်ဝံအိုကြီးကိုအလယ်တွင်ထား ကာ တောင်ထိပ်တွင်ရပ်နေသည်ကို မြင်လိုက်ရလေသည်။

သို့သော် မျောက်ဝံအိုကြီးသည် သူတို့မြင်ခဲ့ရသည့် အကောင်နှင့် မတူ ပေ။ ပုံပန်းသဏ္ဍာန်မှာတူသော်လည်း မည်သည့်ဒဏ်ရာမှရထားခြင်းမရှိပေ။

“ခုနက အကောင်က တကယ်ပဲမင်းမဟုတ်ဘူးပဲ” ကျုံကျန်းဆုန့်မြောင် သည် သွားဖြဲပြီးပြောလိုက်သည် “မင်းတို့က ဘယ်သူတွေလဲ”

ရှီမန်ဖန်သည် မျက်နှာဖုံးကိုချွတ်ပြီး ကျုံကျန်းဆုန့်မြောင်ကိုကြည့်ပြီး ပြောလိုက်သည် “နှစ်၂၀လောက်မတွေ့လိုက်ရတော့ ငါ့ကိုတောင်မမှတ်မိ တော့ဘူးလား”

ကျုံကျန်းဆုန့်မြောင်သည် ရှီမန်ဖန်ကိုမြင်သောအခါ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ပြောလိုက်သည် “ရှီမန်ဖန်လား ဘယ်လိုလုပ်ပြီး မင်းဖြစ်နေ တာလဲ ဘယ်လိုလုပ် မင်းက….”

“ဘယ်လိုလုပ် ငါအသက်ရှင်နေတာလဲ ဟုတ်လား” ရှီမန်ဖန် ဆက်ပြော လေသည် “မင်းမျက်နှာက အရမ်းအံ့သြနေတာကို ပြနေတာပဲ ဟီးဟီး…”

“ရှီမန်မျိုးနွယ်ဝင်တွေအကုန် သေကုန်ပြီမဟုတ်ဘူးလား” ကျုံကျန်းဟိုင် ၏ မျက်နှာမှတုန်လှုပ်မှုသည် ကျုံကျန်းဆုန့်မြောင်ထက်မလျော့ပေ။ သူတို့ သည် ပြီးခဲ့သည့်အဖြစ်အပျက်တွင် ပါဝင်ခဲ့ကာ အားလုံးကိုသတ်ခဲ့ကြပြီး ရှီမန်ယူယူနှင့် ရှီမန်ဖန်တို့ကို သတ်လိုက်နောက်မှလိုက်ကြသူများကို ဦးဆောင်ခဲ့သည်မှာလည်း သူတို့ပင်ဖြစ်သည်။

သူ သတ်ပြီး အသည်းကွဲတောင်ကြားသို့ကျသွားသည်ကို ကိုယ်တိုင် မျက်စိနှင့်မြင်ခဲ့တာပဲ။ ဘယ်လိုလုပ် မသေရတာလဲ။

“ကျုံကျန်းဟိုင် ခင်ဗျားမျက်နှာအမူအရာကိုကြည့်ရတာ ပျော်ဖို့ကောင်း လိုက်တာ” ရှီမန်ဖန် ပြောလိုက်သည်။

“ရှီမန်ဖန် မင်းတို့ရှီမန်မျိုးနွယ်က ပျက်သုဉ်းသွားပြီလေ မင်း အသက်ရှင် နေဦးမယ်လို့ မထင်မိဘူး” ကျုံကျန်းဟိုင် အော်လေသည်။

“ခဏတော့ သက်ရှင်ရဦးမှာပေါ့ မဟုတ်ရင် မင်းတို့ကို ဘယ်လိုလုပ် လက်စားသွားချေမလဲ” ရှီမန်ဖန်သည် သူတို့ကို မညှာတာစွာကြည့်လိုက် သည်။ “ဒီနှစ်တွေရဲ့ အမုန်းတရားကို ဒီအချိန်နည်းနည်းလေးနဲ့ ဖြေရှင်းမယ်”

“မင်းတို့ ဒီလောက်လူနည်းနည်းနဲ့ပဲလား မင်းကိုယ်မင်း စိတ်ကူးယဉ် လွန်းနေပြီ” ကျုံကျန်းဟိုင်သည် အထင်သေးစွာပြောလေသည်။

“ငါ တကယ်ပဲစိတ်ကူးယဉ်နေတာလား” ရှီမန်ဖန် နှာမှုတ်လိုက်သည် “မင်းတို့ အခုဘယ်လိုခံစားနေရလဲဆိုတာ သိချင်မိသား… ကိုယ့်လူကိုယ် သတ်ရတဲ့ခံစားချက်က ကောင်းလား”

“တကယ်ပဲ မင်းလုပ်တာပဲ” ရင်ယန်နန်းတော် တပည့်များသည် စောင်းလာကို တွဲပြီး မတ်တတ်ရပ်ကာ ပြောလေသည် “ငါတို့ကို ဘာလုပ် လိုက်တာလဲ”

“တကယ်တော့ ဘာမှမလုပ်ပါဘူး ထင်ယောင်ထင်မှားတည်ဆောက်မှု ရဲ့ အရသာကို ခံစားခိုင်းလိုက်တာ” ရှီမန်ဖန် ပြောလေသည်။

“ထင်ယောင်ထင်မှားတည်ဆောက်မှု မင်းတို့ ဘယ်လိုဖြစ်လို့ အဲလောက် အားကောင်းတဲ့တည်ဆောက်မှုကိုလုပ်နိုင်တာလဲ” ကျုံကျန်းဟိုင် သည် တအံ့တသြဖြင့် အော်လေသည်။

“အဲဒါကို စိုးရိမ်ဖို့မလိုပါဘူး” ကုန်ရှန်ယိ ပြောလိုက်သည်။

ကျုံကျန်းဆုန့်မြောင်သည် ကုန်ရှန်ယိနှင့် ရှင်းမိုဘက်သို့ အာရုံရောက် သွားသည်။

“ကုန်ရှန်ယိ ရှင်းမို မင်းတို့ဒါကိုလက်ဝါးချင်းရိုက်ထားကြတာပဲ၊ မင်းတို့ က ရှီမန်မျိုးနွယ်လက်စားချေတာကို ကူပေးနေတာပဲ” စောင်းလာ ဆက်ပြော လေသည် “မင်းတို့ရှင်းမျိုးနွယ်နဲ့ ကုန်တောင်ကြားက ရင်ယန်နန်းတော်နဲ့ တိုက်ပွဲဖြစ်ချင်နေကြတာလား”

“ရှင်ပြောသလိုပဲ ကျွန်မတို့ ရှင်တို့ကိုဒီမှာထားခဲ့ရင် ဘယ်သူက ဒီအကြောင်းတွေသိဦးမှာလဲ” ကုန်ရှန်ယိ ပြောလိုက်သည် “မစိုးရိမ်ပါနဲ့ မင်္ဂလာသားရဲသွေးကို ရှင်တို့ဆီကိုပို့ပေးလိုက်ပါမယ်”

ကျုံကျန်းဆုန့်မြောင်သည် တစ်ခုခုလွဲမှားနေသည်ကို ဉာဏ်ထက်စွာ ခံစားမိလေသည် “ဘာအဓိပ္ပာယ်လဲ”

“မှန်းကြည့်လေ” ကုန်ရှန်ယိသည် သူတို့ကိုကြည့်ပြီး ပြုံးလိုက်သည်။

ကျုံကျန်းဆုန့်မြောင်သည် သူမအားစိုက်ကြည့်ပြီး ပြောလိုက်သည် “မင်းတို့က မင်္ဂလာသားရဲသွေးမှာ တစ်ခုခုလုပ်ထားပြီး ငါတို့မျိုးနွယ်ကိုပို့ချင် နေတာပဲ၊ သူတို့ကို ထာဝရရှင်သန်သူနယ်မြေထဲဝင်လို့မရအောင်လုပ်ပြီး ဘာမဟုတ်တာအတွက် ပျော်စေချင်နေတာပဲ”

“မဆိုးဘူး ရှင်က တကယ်ပဲ ကျုံကျန်းမျိုးနွယ်ရဲ့ ပါရမီရှင် သခင်လေးပဲ” ကုန်ရှန်ယိ ဆက်ပြောလေသည် “ဒါပေမဲ့ ရှင်မှန်းတာ အလုံးစုံမမှန်သေးဘူး အဆုံးသတ်မမှန်သေးဘူး”

ကျုံကျန်းဆုန့်မြောင်သည် မျက်စိစောင်းကြည့်ကာ မြွေပွေးတစ်ကောင် ကဲ့သို့ အဆိပ်ပြင်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။

“မင်းတို့် ဘာလုပ်မလို့လဲ” စောင်းလာ မေးလိုက်သည်။

“အချိန်ရောက်ရင်တော့သိလာမှာပေါ့” ရှီမန်ဖန် ဆက်ပြောလေသည် “ကျေနပ်ရောင့်ရဲစွာ သေရမည်ဆိုတဲ့ စကားရှိပေမယ့် မင်းတို့ မကျေမနပ်နဲ့ သေသွားရတာကို မြင်ရတာတော့ ငါပျော်သားပဲ”

“ဟား…”

ရှီမာယူယူ ရယ်မောလိုက်သည်။ ဖန်အာ၏ စကားလုံးများသည် သူမ တွေးနေသည်နှင့် တစ်ထပ်တည်းပင်။

သူမသည်လည်း သူတို့ မကျေမနပ်နှင့် သေသွားသည်ကို ကြည့်ရမည် ကို သဘောကျသည်။

“ဟင်း မင်းတို့က ငါတို့ကိုဒီမှာ ဆက်ပိတ်ထားချင်နေတာ တကယ့်ကို ရူးကြောင်မူးကြောင်နဲ့ ဂယောင်ချောက်ချားပြောနေကြတာပဲ” ကျုံကျန်းဟိုင် နှာမှုတ်လေသည်။

သူတို့ အပြင်းအထန်ဒဏ်ရာရထားသော်လည်း သူတို့ထွက်ပြေးချင်ပါ က မျှော်လင့်ချက်မဲ့နေခြင်းမဟုတ်ပေ။

“မင်းတို့ငါတို့ကိုတိုက်ခိုက်ပြီး ထွက်ပြေးနိုင်မယ်လို့ ထင်နေကြတာ မလား” ရှီမန်ဖန်သည် ကျုံကျန်းဟိုင်၏ အတွေးကိုပြောပြလိုက်သည် “မင်းတို့ ဒီတောင်ကြားကိုခြေချလိုက်တာနဲ့ ပြန်ထွက်နိုင်မယ်လို့ထင်နေတာလား၊ မသေချာဘူးဆိုရင် ငါတို့က ဘယ်သူတွေလဲဆိုတာ မင်းတို့ကိုအသိခံမယ် ထင်လား”

“မင်းတို့ဘာလုပ်ကြမလို့လဲ” ကျုံကျန်းဆုန့်မြောင် မေးခွန်းထုတ်လေ သည်။

“ဒီက တည်ဆောက်မှုသခင်နဲ့ဆိုရင် ရှင်တို့ကိုတိုက်ခိုက်ဖို့ ကျွန်မတို့ လက်သုံးစရာတောင်မလိုဘူး” ကုန်ရှန်ယိသည် ရှီမာယူယူကို မြှောက်ပင့် လိုက်သည်။ တည်ဆောက်မှုသခင်သည် သူတို့ကို အလွယ်တကူပင် မမြင်ရ လောက်အောင် သတ်ပစ်နိုင်သည်။

လူတစ်ယောက်သည် သူတို့ဆိုလိုရင်းကို ရိပ်မိသွားပြီး တောင်ကြားမှ ပျံထွက်လာသော်လည်း လေထဲတွင် ပုံစံမရှိသော တစ်စုံတစ်ရာပိတ်ခြင်းကို ခံလိုက်ရလေသည်။

“ဝိညာဉ်အတားအဆီးတည်ဆောက်မှုပဲ” စောင်းလာ အော်လိုက်သည်။

“မင်းက အမှောင်တောကလူပဲ မင်းက ရှီမာယူယူပဲ” ကျုံကျန်းဆုန့်မြောင်သည် ရှီမာယူယူကို ကြည့်ရင်း ပြောလိုက်သည်။

ရှီမာယူယူ ပြုံးလိုက်သည် “ဉာဏ်ကောင်းတယ် ငါတို့မှာ သွေးကြွေးမရှိ ရင် မင်းနဲ့ မိတ်ဆွေလုပ်မိမှာပဲ”

“တကယ်ပဲ မင်းပဲ… မင်းက ရှီမန်ဖန်နဲ့အတူရှိနေတာတော့ ငါအံ့သြမိ တယ်” ကျုံကျန်းဆုန့်မြောင်သည် အံ့အားသင့်နေလေသည်။ သူနဲ့ ရှီမန်ဖန်နဲ့ ကဘာလို့အတူတူရှိနေကြတာလဲ။

“အတူတူရှိရမှာပေါ့ သူက ငါ့မောင်လေးပဲ” ရှီမာယူယူ ဆက်ပြောလေ သည် “ဒီနေ့ ငါတို့လက်တွဲလိုက်တာက ငါတို့ရှီမန်ဖန်မျိုးနွယ်အတွက် လက်စားချေဖို့ပဲ”

“မင်းကလည်း ရှီမန်မျိုးနွယ်ကလား”

“ဟုတ်တယ်” ရှီမာယူယူ ဆက်ပြောလေသည် “ငါတို့က ရင်းနှီးပြီး ထမင်းတောင်စားခဲ့တဲ့ ဆက်ဆံရေးပဲ၊ ဒါပေမဲ့ ငါ ဘယ်သူလဲဆိုတာ မင်းသိ ချင်နေမယ်မထင်ဘူး”

“ထမင်းအတူစားတယ်ဟုတ်လား မင်းက…”

ကျုံကျန်းဆုန့်မြောင် စကားမဆုံးခင်တွင် ရှီမာယူယူသည် တည်ဆောက်မှုထဲသို့ ဝိညာဉ်စွမ်းအင်ပစ်သွင်းလိုက်ရာ နေရာတစ်ခုလုံးသည် လှုပ်ရမ်းသွားကာ သူစကားပြောရင်းနှင့် ရပ်သွားသည်။

သူ သူမသရုပ်မှန်ကိုခန့်မှန်းမိသည်ကို ရှီမာယူယူသိသည်။ သူ့မျက်နှာမှ အံ့သြမှုကိုမြင်သောအခါ သူမနှုတ်ခမ်းထောင့်သည် အနည်းငယ်ပြုံးသွားကာ မျက်လုံးများတွင် လူသတ်မည့်အရိပ်အယောင်ပြည့်သွြးလေသည်။

“ငါဒီတည်ဆောက်မှုကို နည်းနည်းပြောင်းလိုက်ပြီ အခုဒီနဂါး ထောင်ချောက်တည်ဆောက်မှုက နဂါးသတ်တည်ဆောက်မှုဖြစ်လာပြီ ဒီနေ့ ပြောင်းလဲမှုရဲ့ သက်ရောက်မှုကို မင်းတို့ကိုအတွေ့အကြုံပေးတွေ့မယ်”

လူသတ်တည်ဆောက်မှုစတင်သည်နှင့် အဖြူရောင်အလင်းတန်းများ သည် နေရာစုံမှ ထွက်လာရာ အားနည်းသောလူများသည် အဖြူရောင် အလင်းတန်းများကြောင့် အပိုင်းအစများအဖြစ် ကြေမွသွားလေသည်။

ထိုမျှမြင့်မားသော အားအင်နှင့်ဆိုလျှင် ကျုံကျန်းဆုန့်မြောင်နှင့် ကျုံကျန်းဟိုင်နှင့် တခြားသူများသည် အားအပြည့်သုံးလျှင်တောင် ခဏတာ သာ တောင်ခံနိုင်မည်ဖြစ်သည်။ သို့သော် လူသတ်တည်ဆောက်မှု၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမှာ သူတိုပထင်ထားသည်ထက် ပိုအားကောင်းသည်။ လျင်မြန်စွာပင် တောင်ကြားထဲတွင် မတ်တတ်ရပ်ကျန် နေသူများမရှိတော့ပေ။

ရှီမာယူယူသည် တည်ဆောက်မှုကိုပြန်သိမ်းကာ အားလုံးသည်ပျံဆင်း လိုက်ကြသည်။ လူနှစ်ယောက်သည် နောက်ဆုံးထွက်သက်ကျန်နေသေး သည်ကို တွေ့လိုက်ရသည်။

“ကျုံကျန်းမျိုးနွယ်နဲ့ ရင်ယန်နန်းတော် တစ်ခုစီ” ကုန်ရှန်ယိနှင့် ရှီမန်ဖန် တို့သည် ပြောရင်းနှင့် တစ်ခုစီကိုင်ထားကြသည်။

ရှီမာယူယူသည် ပြင်ဆင်ထားသောပုလင်းနှစ်ခုထုတ်ကာ သူတို့ကို ပေးပြီးပြောလိုက်သည် “ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးပဲ”

“မစိုးရိမ်ပါနဲ့ ဒါတွေကို တံခါးရှေ့ထိရောက်အောင်ပို့ပေးမယ်” ကုန်ရှန်ယိပြောလိုက်သည်။ ရှီမန်ဖန်နှင့် သူမသည် ထိုလူနှစ်ယောက်ကို ကိုင် ပြီး ဝိညာဉ်လေဟာပြင်ဖွင့်ကာ ထွက်သွားလေသည်။

“အဲတော့ နောက်တစ်ခုကဘာလုပ်ရမှာလဲ” မျောက်ဝံအိုကြီးမေးလိုက် သည်။

***

All Chapters