← Chapters

ကျန်းပိုင်လုံ၏ ဆင့်ခေါ်ခြင်း

Vol. 10 Ch. 200

ကျန်းပိုင်လုံ၏ ဆင့်ခေါ်ခြင်း

Vol. 10 Ch. 200

ရှုန်းဝမ်တောက်သည် ရှန်းမျိုးနွယ်စုဝင် သွေးရင်းမဟုတ်ဘဲ ပြင်ပအကြီးအကဲတစ်ဦးသာ ဖြစ်ခဲ့သော်လည်း ရှန်းမိသားစုဝင်များသည် သူ့အား အခြားရှန်းမျိုးနွယ်ဝင်များနည်းတူ ကွယ်လွန်ပြီးနောက် တောင်အနောက်ရှိ မိသားစုသင်္ချိုင်းတွင် မြှုပ်နှံထားပေးကြသည်။ ကျန်းချန်ရွှမ်နှင့် ရှန်း ရူယန်တို့လည်း ရှုန်းဝမ်တောက်၏ အုတ်ဂူရှေ့တွင် ဂါရဝပြုလိုက်ကြပြီးနောက် ကျန်းချန်ရွှမ်က သိုလှောင်လက်စွပ်တစ်ကွင်းကို ရှန်းယွမ်လုံထံ ကမ်းပေးလိုက်သည်။

“ဒီလက်စွပ်ထဲမှာ အဆင့်နိမ့်ကျင့်ကြံသူတွေအတွက် လိုအပ်မဲ့ ရင်းမြစ်တွေ အကုန်ပါပါတယ်။ အကြီးအကဲရှုန်းရဲ့ ကျန်ရစ်ခဲ့တဲ့ မျိုးဆက်တွေကို ခွဲဝေပေးလိုက်ပါ။ ကျွန်တော်တို့ကိုယ်တိုင်တော့ သွားမတွေ့တော့ပါဘူး”

ရှန်းယွမ်လုံက နားလည်ဟန်နင့် လက်စွပ်ကို လက်ခံထားလိုက်သည်။ ထို့နောက်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရှန်းမိသားစုထံတွင် ခေတ္တမျှနေထိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။ ရှေးအတိတ်က သူတို့နှစ်ဦးနေထိုင်ခဲ့သည့် ကျောက်စိမ်းပျံလှိုဏ်ဂူသည် သူတို့ထွက်သွားစဉ်က အတိုင်း မပြောင်းမလဲ ကျန်ရှိနေသည်ကို မြင်ရသောအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ဦးလုံး နှလုံးသားထဲတွင် နွေးထွေးကြည်နူးသွားမိသည်။ ဇနီးမောင်နှံနှစ်ဦးသည် ရှန်းမိသားစုထံတွင် နောက်ထပ်ခြောက်လ ဆက်လက်နေထိုင်လိုက်ကြတော့သည်။ ခြောက်လပြည့်ပြီး နောက်တစ်နေ့တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရှန်းယွမ်လုံတို့ထံသို့ စကားစမြည်ပြောရန် ရောက် အလာတွင် ရှန်းတောက်မင်၊ ရှန်းယွမ်လုံနှင့် မိသားစုအကြီးအကဲများသည် လမင်းကြည့်ဂိုဏ်း၏ ဧည့်ခံပွဲသို့ သွားရောက်ရေးနှင့် ပတ်သက်ပြီး အကြိတ်အနယ် ဆွေးနွေးနေကြသည်ကို တွေ့လိုက်ရသည်။

ထိုအချိန်တွင်ပင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ ဆက်သွယ်ရေးကျောက်စိမ်းပြားများမှတဆင့် ကန်းယန်ဂိုဏ်း၏ ရွှေအမြုတေအဆင့် ကျင့်ကြံသူသုံးဦးအနက် တစ်ဦးဖြစ်သူ ကျန်းပိုင်လုံက သတင်းစကားတစ်ခု ပေးပို့လာသည်ကို တွေ့ရသည်။ သတင်းစကားမှာ ရိုးရှင်းပါသည်။ သူနှင့် အမြန်ဆုံး လာရောက်တွေ့ဆုံရန်ဖြစ်သည်။ ကျန်းပိုင်လုံ၏ ဆိုင်းမဆင့်ဗုံမဆင့် ဆင့်ခေါ်မှုကြောင့် ကျန်းချန်ရွှမ်တို့ ဇဝေဇဝါဖြစ်သွားသည်။ သို့သော် ပေါ့ပေါ့တန်တန်တော့ မတွက်ရဲကြချေ။ ရှန်းယွမ်လုံက သူတို့နှစ်ဦးအား

“ကျန်းပိုင်လုံကိုယ်တိုင် ဆင့်ခေါ်တာဆိုတော့ နှောင့်နှေးလို့မဖြစ်ဘူး၊ အခုပဲ သွားတွေ့လိုက်ပါကွယ်။ အကြောင်းအရင်းတစ်ခုတော့ ရှိပါလိမ့်မယ်”

ကျန်းချန်ရွှမ်တို့က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် အချိန်မဆွဲတော့ဘဲ ကန်းယန်ဂိုဏ်း၏ ဌာနချုပ်ရှိရာသို့ ခရီးနှင်လိုက်ကြတော့သည်။ ရက်အနည်းငယ်ကြာပြီးနောက် ကန်းယန်ဂိုဏ်းအခြေစိုက်ရာ တောင်ခြေရှိ တံခါးဝသို့ ဆိုက်ရောက်လာကြသည်။ သူတို့နှစ်ဦးကို ကျန်းပိုင်လုံ၏ လက်ရင်းတပည့်ဖြစ်သူ ယွင်တုန်းရှန်က ဆီးကြိုလျက်ရှိသည်။ ယွင်တုန်းရှန်က လက်သီးဆုပ်ဂါရဝပြုရင်း

“မတွေ့တာကြာပြီပဲ တာအိုမိတ်ဆွေကျန်းနဲ့ ရှန်းတို့။ နေကောင်းကြရဲ့လား”

“ကောင်းပါတယ်၊ စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေယွင်”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ပြန်လည်နှုတ်ဆက်လိုက်ကြသည်။

“ကောင်းတယ်။ ဆရာက ခင်ဗျားတို့ကို လှိုဏ်ဂူထဲမှာ စောင့်မျှော်နေပါတယ်။ ကျုပ်နောက်လိုက် ခဲ့ကြပါ”

ယွင်တုန်းရှန်က ရှေ့မှလမ်းပြ၍ ခေါ်ဆောင်သွားသည်။ မကြာမီ လှိုဏ်ဂူတစ်ခုရှေ့သို့ ရောက်လာ ကြသည်။ ယွင်တုန်းရှန်က အသံမြှင့်လျက်

“ဆရာခင်ဗျား၊ ကျန်းချန်ရွှမ်နဲ့ ရှန်းရူယန်တို့ ရောက်လာကြပါပြီ”

ဂူထဲမှ ကျန်းပိုင်လုံ၏အသံ ထွက်ပေါ်လာသည်။

“ချန်ရွှမ်နဲ့ ရူယန် ဝင်လာခဲ့ကြပါ”

ထိုအခါ ကျန်းချန်ရွှမ်တို့လည်း တစ်ဦးမျက်နှာတစ်ဦး ကြည့်လိုက်ပြီး ဂူထဲသို့ဝင်လိုက်သည်။ ဂူ အတွင်းတစ်နေရာတွင် အပြာရောင်ဝတ်ရုံ ဆင်းမြန်းထားသည့် ကျန်းပိုင်လုံကို ကျောခိုင်းလျက် သားတွေ့ရသည်။

“နှုတ်ဆက်ပါတယ် စီနီယာပိုင်လုံ”

ကျန်းပိုင်လုံက သူတို့နှစ်ဦးထံ မျက်နှာမူလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ဒါတွေမလိုပါဘူး။ ဒါနဲ့ မင်းတို့နှစ်ယောက် လျန်နိုင်ငံက ကျန်းမိသားစုဆီမှာ ရောက်နေ တယ်လို့ကြားတယ်”

ကျန်းချန်ရွှမ်တို့ တစ်စုံတစ်ရာ မပြောနိုင်မီ ကျန်းပိုင်လုံက စကားဆက်လိုက်ပြန်သည်။

“ဒါဆိုရင် မင်းတို့ လျန်နိုင်ငံ ကျောက်စိမ်းဓားစင်မြင့်က ကိုယ်ပျောက်ဓား ကုယွဲ့ဖန်အကြောင်း ကြားဖူးကြလောက်ပြီပေါ့”

ထိုနာမည်ကိုကြားလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ဦးလုံး အံ့အားသင့်မိသွားသည်။ ကုယွဲ့ဖန်းဆိုသူကို သူတို့နှစ်ဦး ကောင်းစွာသိရှိပါသည်။ အမှန်တွင် လျန်နိုင်ငံရှိ ကျီဖုအဆင့်နှင့် အထက် ကျင့်ကြံသူများအားလုံး ထိုနာမည်ကို ကြားဖူးကြပါသည်။ ထိုသူသည် ကျောက်စိမ်းဓားစင်မြင့်၏ ရွှေအမြုတေအဆင့် အဓိပတိအကြီးအကဲ ငါးဦးအနက် တစ်ဦးဖြစ်ပြီး သူ၏ ကျင့်ကြံမှုအဆင့်ကို တော့ အသေးစိတ်မသိရှိရပါ။ သို့သော် ထိုသူ၏ ဓားတာအိုလမ်းစဉ်မှာ အဆင့်အလွန်မြင့်ပြီး ဓား နည်းစနစ်များနှင့် နတ်ဘုရားစွမ်းအားများသည်လည်း ပြိုင်ဘက်ကင်းမဲ့ကြောင်း အများက လက်ခံထားကြသည်။

“ဒီစာကို သူ့လက်ထဲကို မင်းတို့နှစ်ယောက် ထည့်ပေးစေချင်လို့ပဲ”

ထိုအခါ ကျန်းချန်ရွှမ်တို့ နဝေတိမ်တောင် ဖြစ်သွားရပြန်သည်။ ကျန်းပိုင်လုံလို ပုဂ္ဂိုလ်မျိုးအနေနှင့် သူနှင့်အဆင့်တူပုဂ္ဂိုလ်တစ်ဦးကို ဆက်သားလွှတ်၍ ဆက်သွယ်ရန်မလိုပါ။ ဆက်သွယ်ရေး ကျောက်စိမ်းပြား အသုံးပြု၍ လွယ်ကူစွာ ဆက်သွယ်နိုင်သည် မဟုတ်ပါလား။ ထို့နောက်တွင် ကျန်းချန်ရွှမ်သည် ပြုံးယောင်သမ်းလျက်ရှိသည့် ကျန်းပိုင်လုံ၏ မျက်နှာကိုကြည့်ရင်း တစ်ခုတွေးမိသည်။ ကျန်းပိုင်လုံသည် သူတို့နှစ်ဦးကို ကုယွဲ့ဖန်နှင့် ခင်မင်ရင်းနှီးမှု ရရှိစေရန် စီမံလိုသည့် သဘောများလား ဟူသည့်အတွေးဖြစ်သည်။ ကျန်းချန်ရွှမ်၏အတွေးကို ရိပ်မိနေသည့်အလား ကျန်း ပိုင်လုံသည် ခေါင်းညိတ်လိုက်ပြီး

“ဒီစာထဲမှာ ကုယွဲ့ဖန်းကို ပေးမယ်လို့ ငါကတိပြုထားတဲ့ အချက်အလက်တချို့ပါတယ်၊ မင်းတို့က သူ့လက်ထဲကို ဒီစာထည့်ပေးလိုက်ရုံပဲ။ သူနားလည်ပါလိမ့်မယ်”

ထိုအခါတွင်မှ သူတို့နှစ်ဦး နားလည်သွားကြတော့သည်။ စာထဲတွင် ကျင့်ကြံခြင်းနည်းစနစ်များ သို့မဟုတ် အထူးသတင်းအချက်အလက်များ ပါဝင်နေပါက ကျောက်စိမ်းပြားနှင့် ဆက်သွယ်ပေးပို့၍ အဆင်ပြေမည်မဟုတ်ပါ။ ထို့ပြင် ထိုစာကို ကုယွဲ့ဖန်းထံ ပေးပို့ခြင်းအားဖြင့် သူတို့နှစ်ဦးနှင့် ကုယွဲ့ဖန်းအကြားတွင် ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် လမ်းစခင်းသလို ဖြစ်သွားပါလိမ့်မည်။ ဤသည်မှာ ကျန်းပိုင်လုံ၏ ဒုတိယရည်ရွယ်ချက် ဖြစ်ဟန်တူသည်။ ထို့ကြောင့် ကျန်းချန် ရွှမ်နှင့် ရှန်းရူယန်တို့လည်း ကျန်းပိုင်လုံ၏ စောင်မမှုအတွက် လှိုက်လှိုက်လှဲလှဲ ခံစားမိသွားရ သည်။ ဇနီးမောင်နှံနှစ်ဦးလည်း ရိုသေစွာ ဦးညွတ်လိုက်ပြီး

“စိတ်ချပါ စီနီယာပိုင်လုံ၊ စီနီယာယွဲ့ဖန်းထံကို ဆက်ဆက်ပို့လိုက်ပါ့မယ်”

“ကောင်းပြီ”

ကျန်းပိုင်လုံက ခေါင်းညိတ်လိုက်ပြီးနောက် စကားလမ်းကြောင်းပြောင်းလိုက်သည်။

“မင်းတို့နှစ်ယောက် လမင်းကြည့်ဂိုဏ်းရဲ့ အောင်ပွဲခံအခမ်းအနားကို သွားမယ်လို့ကြားတယ်။ မင်းတို့ကို သတိပေးစရာတစ်ခုရှိတယ်။ မင်းတို့ အဲဒီကိုသွားရင် ရှန်းကွမ်းမန်ဂိုဏ်းရဲ့ နယ်မြေထဲ ကို ယောင်လို့တောင် ခြေဦးမလှည့်မိပါစေနဲ့၊ ကြားလား”

***

စာစဉ် ၁၀ ပြီး၏။

All Chapters