← Chapters

မင်းအတွက်တွင်းတူးထားတယ် ၆

Vol. 011 Ch. 1058

မင်းအတွက်တွင်းတူးထားတယ် ၆

Vol. 011 Ch. 1058

ရှီမာယူယူသည် တောင်တန်းကိုကြည့်နေသည်။ အတွေးတစ်ချက်နှင့် ပင် ရွှေမြွေအသီးသုံးလုံးသည် အားလုံးရှေ့တွင်ပေါ်လာသည် “ဒါက ဒါက..” မျောက်ဝံအိုကြီးသည် ရွှေမြွေအသီးများကို ကြည့်နေသည်။ သူသည် ပျော်လွန်းသဖြင့် စကားပင်ပြောထွက်မလာပေ။

ရှီမာယူယူ အားရပါးရပြုံးလိုက်သည် “ဒါကရွှေမြွေအသီးပဲ သဘောတူ ထားတဲ့အတိုင်း သုံးလုံးပဲ အခု သဘောတူညီမှုပြည့်မြောက်သွားပြီဆိုတော့ မင်းတို့ကိုပေးမယ်”

မျောက်ဝံအိုကြီးသည် ရွှေမြွေအသီးကိုယူလိုက်သည်။ သူ့လက်များ သည် တုန်ယင်နေသည်။ သူသည် တစ်ဘဝလုံး ရွှေမြွေအသီးနောက်လိုက် နေခဲ့သည်။ အခုတော့ သူ၏ဆန္ဒသည် နောက်ဆုံးတွင် ပြည့်ဝသွားလေပြီ။

“ငါနည်းနည်းလောက်ပဲလုပ်ခဲ့တာကို…” သူ မယုံနိုင်ပေ။ အစပိုင်းတွင် သူမ သူ့ကိုထပ်တောင်းဆိုဦးမည်ဟု ထင်ထားခဲ့သည်။ သို့သော် သူမသည် အနည်းငယ်သာလုပ်ခိုင်းမည်ဟု မထင်မိပေ။

ရှီမာယူယူ မျက်လုံးလှန်လိုက်သည်။ “ဒါကိုသေချာလေးသိမ်းထား ကျွန်တော်ပြန်လာရင် ကုပေးမယ်”

“ကျေးဇူးတင်ပါတယ်” မျောက်ဝံအိုကြီးသည် စိတ်ထဲမှ ပျော်ရွှင်မှုကို ချိုးနှိမ်လိုက်သည်။ သူသည် ရွှေမြွေအသီးများကိုယူပြီး ရှီမာယူယူတို့နှင့်အတူ ရှောင်ရှီနှင့် ဟွမ်လေးတို့ကိုခေါ်ရန်သွားလေသည်။

မျောက်ဝံအိုကြီးနှင့် ဟွမ်လေးတို့နှစ်ယောက်လုံး လူသားအသွင်ပြောင်း နိုင်သော်လည်း ရှောင်ရှီမှာတော့ မပြောင်းနိုင်ပေ။ သူသာ မြို့ထဲသို့ ထိုပုံစံ အတိုင်းပေါ်လာပါက ကြည့်လိုက်သည်နှင့်ပင် သတိထားမိနိုင်သည်။ ထိုသို့ ဖြစ်ပါက အင်အားစုရာချီသည် သူ့ကိုချက်ချင်းပင် ဖမ်းလိုက်နိုင်သည်။

“ငါ လူသားအသွင်ပြောင်းရင်ဘယ်လိုလဲ” ရှောင်ရှီ အကြံပေးလေသည် “ငါ ဒီအတိုင်းဘေးသင့်မှုရင်ဆိုင်လိုက်ရင်ရပြီ”

“မရဘူး” ဟွမ်လေးသည် စိတ်လှုပ်ရှားနေသော ရှောင်ရှီကို ကြည့်ပြီး ရုတ်တရက် အော်လေသည်။ “မင်းဒီလိုလည်း အဆင်ပြေနေတာကို”

“ဘာဖြစ်လို့လဲ” ရှီမာယူယူ ရှုပ်ထွေးသွားသည်။ ဟွမ်လေးရဲ့ တုန့်ပြန်မှု ကဘာလို့ဒီလိုဖြစ်နေတာလဲ။

“ငါတို့မျိုးနွယ်က နဂိုကတည်းကနည်းတာ၊ အရင်တုန်းက ငါတို့ သုံးယောက်ရှိခဲ့တယ် နောက်တော့ ငါတို့ထဲကတစ်ယောက်က ဘေးသင့်မှုနဲ့ ရင်ဆိုင်ပြီးတော့ အသက်မရှင်လိုက်ဘူး…” မျောက်ဝံအိုကြီး ရှင်းပြလေသည်။

“ကျွန်တော်သာ လူသားအသွင်ပြောင်းနိုင်ရင် နောက်ကို ပြဿနာနည်း သွားမယ်၊ ဘေးသင့်မှုလေးတစ်ခုပါပဲ ဦးလေးဟွမ်လေး မစိုးရိမ်ပါနဲ့” ရှောင်ရှီ ပြုံးလိုက်သည်။

“မဖြစ်ဘူး” ဟွမ်လေးသည် ခိုင်မာစွာပင် ကန့်ကွက်လေသည်။

ရှောင်ရှီသည် မျောက်အိုကြီးဘက်ကြည့်လိုက်ရာ သူအသွင်ပြောင်း သည်ကို ခွင့်မပြုသည့်အနေနှင့် ခေါင်းရမ်းပြလေသည်။ “ငါတို့ မျိုးနွယ် အရေအတွက်ကနည်းတယ် တစ်ခုခုသာဖြစ်သွားရင်…”

“ဦးလေး ကျွန်တော့်ကိုယုံမှဖြစ်မယ်” ရှောင်ရှီ လျှောက်လဲချက်တင်လေ သည် “ကျွန်တော် ဦးလေးတို့ကို ဝန်ထုတ်ဝန်ပိုးမဖြစ်စေချင်ဘူး”

“ရှောင်ရှီ….”

“အဟမ်း အဲဒါကလေ… ငါတို့က တိုင်းပြည်တစ်ခုတည်းကလာကြတာ ဆိုတော့ မင်း ဘေးသင့်မှုဖြတ်ကျော်ဖို့ကို ငါကူညီပေးပါမယ်” ရှီမာယူယူ ကမ်းလှမ်းလိုက်သည်။

“ဘေးသင့်မှုကို ကူပြီးဖြတ်ကျော်ပေးမယ်ဟုတ်လား ဘယ်လိုကူညီမှာ လဲ ငါ မင်းရဲ့ စာချုပ်သားရဲမဖြစ်ချင်ဘူး” ရှောင်ရှီသည် သူ့အခြေအနေကို ပြောပြလေသည်။

ရှီမာယူယူသည် တစ်ခဏတာ ဆွံ့အသွားသည်။ သူ သူမနောက်ကို လိုက်ချင်ရင်လည်း သူမက လက်မခံပါဘူး။

“သူ ဘေးသင့်မှုကျော်ဖြတ်နိုင်အောင် ဘယ်လိုကူညီမှာလဲ” မျောက်ဝံအိုကြီးမေးလိုက်သည်။

“အချိန်ရောက်လာရင် သိလိမ့်မယ်….”

တစ်ရက်ကြာပြီးနောက် ရှီရှားတောင်တန်းအတွင်းပိုင်းတစ်နေရာ.. စာသိမ်းငှက်တို့၏ အသိုက်တွင် ကြည်လင်နေသောကောင်းကင်သည် ရုတ်တရက် တိမ်ထူလာလေသည်။ စာသိမ်းငှက်အားလုံးသည် ပတ်ပတ်လည် ပျံသန်းကြကာ ကောင်းကင်ဘေးသင့်မှုမှ အဝေးကိုရှောင်ကြလေသည်။

ဘေးသင့်မှုတိမ်တိုက်အောက် တောင်ကြားတွင် ရှောင်ရှီသည် အလယ် တွင်တစ်ကောင်တည်းရပ်နေသည်။ သူသည် ကောင်းကင်ပေါ်မှ ဘေးသင့်မှု တိမ်တိုက်ကိုကြည့်ပြီး ရှီမာယူယူ ပြောခဲ့သည်များကို ပြန်တွေးနေလိုက်သည်။

“မင်းအတွက်လုပ်ပေးတဲ့ တည်ဆောက်မှုက မိုးကြိုးဘေးသင့်မှု တစ်စိတ်တစ်ပိုင်းကို ကာပေးလိမ့်မယ်၊ အများကြီးမကာနိုင်ဘူးဆိုပေမယ့် အချိန်တိုင်းမှာတော့ အားပျော့နိုင်တယ်၊ သက်ရောက်မှုကတော့ မသေးဘူး ပြီးတာနဲ့ ဒါက မင်းဝိညာဉ်စွမ်းအင်မြန်မြန်ပြည့်စေမယ့် မင်းအတွက် ငါဖော် ထားတဲ့ဆေး၊ ဒီဆေးက ဘေးသင့်မှုကိုရင်ဆိုင်မယ့် ဝိညာဉ်သားရဲတွေ အတွက် အထူးတလည်ဖော်ထားတာ၊ ငါ ဒီနေ့ ဒါတွေကိုမင်းကိုပေးမယ်၊ ပြီးတော့ ဒီဟာတွေက မိုးကြိုးဘေးသင့်မှုကိုခုခံဖို့ ငါ့သူငယ်ချင်းလုပ်ထားတဲ့ ဝိညာဉ်ကိရိယာတွေ မင်းဒါတွေသုံးလို့ရတယ်…”

သူသည် ဆေးများကိုလက်ဖြင့် တင်းကြပ်စွာဆုပ်ထားရင်း ရင်များသည် အဆက်မပြတ်ခုန်နေလေသည်။ သူမ ဘေးသင့်မှုကိုအကြောင်းပြ အခွင့် ကောင်းယူပြီး သူ့ကို သူမ၏စာချုပ်သားရဲအဖြစ် အတင်းအကြပ်လုပ်ခိုင်းမည် ကို သူစိုးရိမ်ခဲ့သည်။ အခုစဉ်းစားကြည့်သော ထိုအတွေးများသည် ရယ်စရာ ပင်။ သူမမှာ ဒီလောက်ပစ္စည်းကောင်းတွေရှိနေတာ ဘယ်လိုလုပ် သူ့ကို စိတ်ဝင်စားတော့မှာလဲ။

သို့သော် အခု သူမဆီမှ ပစ္စည်းများစွာရလိုက်ရာ ဘေးသင့်မှုကို ဖြတ်ကျော်ရန် ပြဿနာမဖြစ်လောက်ပေ။

ဘေးသင့်မှုတိမ်တိုက်သည် ဘေးသင့်မှုကို ဖြတ်ကျော်မည့် ဝိညာဉ်သားရဲကို အာရုံခံမိလေသည်။ သူလာသောအခါ ရှီမာယူယူအဝေးမှ တောက်ပစွာပြုံးပြနေသည်ကို တွေ့လိုက်သည်။

“ဟိုင်း မိတ်ဆွေလေး ဒါ ငါ့သူငယ်ချင်းပဲ ခဏနေရင် သက်သက်သာသာ လုပ်ပေးလိုက်ပါ”

ဘေးသင့်မှုတိမ်တိုက်သည် တိမ်တိုက်များစုလိုက်သည်။ သူသည် အလိပ်ပြေကျတော့မလိုပင်။

“ဒီလူက ဘာလို့အမြဲတမ်းပြဿနာပဲရှာနေတာလဲ”

သူသည် သူမကို အာရုံမစိုက်ရန် စဉ်းစားနေချိန်မှာပင် သူမသည် ချက်ချင်းပင် ဖော်စပ်ထားသောဝိုင်နှင့် ဆွဲဆောင်လေသည်။

“ဒီမှာ အသီးဝိုင်တွေအများကြီးရှိတယ် အခုပဲလတ်လတ်ဆတ်ဆတ် ဖော်စပ်ပြီးတာ အရမ်းကောင်းတယ် ပြီးသွားရင် မင်းယူသွားလိုက်ပေါ့”

ဘေးသင့်မှုတိမ်တိုက်သည် ရေများကို ပြင်းထန်စွာမှုတ်ထုတ်လိုက် သည်။ သူသည် သေးငယ်သောခြေထောက်နှစ်ဖက်စုကာ ရေရွတ်လေသည် “မုန်းဖို့ကောင်းလိုက်တာ မုန်းဖို့ကောင်းလိုက်တာ ငါ့ကိုထပ်ပြီးဆွဲဆောင်ပြန် သည်၊ ငါ သူဖြားယောင်းတာကို တောင့်ခံနိုင်ရမယ်… ဒါပေမဲ့… ငါ အရမ်း သောက်ချင်တယ်”

မျောက်ဝံအိုကြီးနှင့် ဟွမ်လေးတို့သည် ရှီမာယူယူ ဘေးသင့်မှုတိမ်တိုူက် နှင့် စကားပြောနေသည်ကို ကြည့်နေကြသည်။ အသုံးဝင်ပါ့မလားဟု သူတို့ သိချင်နေကြသည်။

“အဲဒါကတကယ်ပဲ ဘေးသင့်မှုတိမ်တိုက်လား” ဟွမ်လေးသည် ရေရွတ် လေသည်။

“ဖြစ်..ဖြစ်နိုင်လောက်တယ်” မျောက်ဝံအိုကြီးသည် မသေချာပေ။ သို့သော် ထိုမိုးကြိုးများသည် အမှန်တကယ်ပင် ရှောင်ရှီကို ပစ်ချလေသည်။ အဲဒါက အသွင်ပြောင်း ဘေးသင့်မှုတိမ်တိုက်မဟုတ်ရင်ဘာလဲ။

သို့သော် ထိုစွမ်းအားပမာဏသည် မိုးကြိုးဘေးသင့်မှုနှင့် ဆက်စပ်၍ပင် မရပေ။ ထိုအချိန်အခါက ယခုကဲ့သို့မိုးကြိုးဘေးသင့်မှု စွမ်းအားနှင့်ဆိုလျှင် ထိုမျိုးနွယ်ဝင်သေဆုံးခဲ့မည်မဟုတ်ပေ။

ကြီးမားသော မိုးကြိုးဘေးသင့်မှုကိုတွေ့ကြုံပြီးနောက်တွင် ထို မိုးကြိုး ဘေးသင့်မှုသည် ရှီမာယူယူ၏ မျက်လုံးထဲတွင် ဘာမှမဟုတ်တော့ပေ။ ပိုပြီး တိကျစွာဆိုရလျှင် ခရမ်းရောင်ထိပ်တန်းလျှပ်စီး၏ မျက်လုံးထဲတွင်လည်း ဘာမှမဟုတ်တော့ပေ။

သို့သော် ဒီလူက တိမ်တိုက်ဝိညာဉ်ကိုတွေ့ရင် ပီတိကိုဖြစ်နေတာ။ သူ သည် လျှပ်စီးများကို လှိမ့်နေသည်။ (ဒီလူဆိုတာ ယူယူ့ကိုယ်ထဲက ခရမ်း ရောင်လျှပ်စီးကိုပြောတာပါ)

ရှီမာယူယူသည် သူ့အတွေးများကို အာရုံခံမိသည်။ သူမသည် ဆွံ့အ သွားကာ တိုက်ရိုက်ပင်ငြင်းဆန်လိုက်သည်။ သို့သော် ဒီလူသည် လျှပ်စီးကန် ထဲတွင် ပြဿနာလုပ်နေဆဲပင်။ ထို့ကြောင့် သူ့ကို မုန့်ကျွေးမည်ဟု ကတိ ပေးလိုက်ရသည်။

“ကျွန်တော်သွားပြီး ကြည့်ချင်တယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဘယ်ကိုလဲ” ဝူလင်းယူ မေးလိုက်သည်။

ရှီမာယူယူ ဘေးသင့်မှုတိမ်တိုက်ကိုကြည့်လိုက်ရာ အားလုံးသည် သူမ၏ ရည်ရွယ်ချက်ကိုနားလည်သွားကြသည်။

“ဘေးသင့်မှုတိမ်တိုက်ပေါ်ကိုလား” မျောက်ဝံအိုကြီးနှင့် ဟွမ်လေးတို့ သည် သူမကို တအံ့တသြကြည့်လေသည်။

“အင်း ဒီကောင်က လျှပ်စီးကန်ထဲမှာ တွန့်လိမ်နေပြီ” ရှီမာယူယူ ပြန်ဖြေ လိုက်သည်။

“သွားလိုက်” ဝူလင်းယူ ပြောလိုက်သည်။

သူသည် သူမ ကိစ္စများတွင်ဝင်ပါနိုင်သည်။ သို့သော် ထိုအရာကိုတော့ သူ မထိရဲပေ။

ရှီမာယူယူသည် ဘေးသင့်မှုတိမ်တိုက်ပေါ်သို့ ပျံတက်သွားပြီး တိမ်တိုက်ဝိညာဉ်ဘေးတွင်ထိုင်လိုက်သည်။ တိမ်တိုက်ဝိညာဉ်သည် ဘေးသင့်မှုတိမ်တိုက်တွင် အားမထည့်ထားသဖြင့် ရှောင်ရှီ၏ မိုးကြိုး ဘေးသင့်မှုမှာ မဆိုးဝါးလှပေ။

“မင်းအတွက် တစ်ခုခုပေးဖို့လာတာ” ရှီမာယူယူသည် အသီးဝိုင်များစွာ ထုတ်ကာ တိမ်ပေါ်တင်လိုက်သည်။

တိမ်တိုက်ဝိညာဉ်သည် ပျော်ရွှင်စွာခုန်ပေါက်လေသည်။ သူ့မျက်လုံး များသည် ငါးခိုးမည့်ကြောင်မျက်လုံးကဲ့သို့ တောက်ပနေသည်။

တိမ်တိုက်ဝိညာဉ်သည် ဆေးသောက်ပြီးနာက် ဝိုင်တစ်ပုလင်းထုတ်ကာ ကျန်ပုလင်းများကိုသိမ်းလိုက်သည်။ သူ တစ်ဝက်မျိုချလိုက်သည်။

“ဘယ်လိုလဲ ကောင်းတယ်မလား” ရှီမာယူယူသည် သွားဖြဲလေသည်။

တိမ်တိုက်ဝိညာဉ်သည် ခိုင်မာစွာ ခေါင်းညိတ်လေသည်။ တကယ်ကို ကောင်းတယ်

“ဒါဆိုရင် ငါ့ကိုဘာလက်ဆောင်ပြန်ပေးမှာလဲ” ရှီမာယူယူ မေးလိုက် သည်။

တိမ်တိုက်ဝိညာဉ်သည် မျက်လုံးလှန်ကာ တိမ်တိုက်များအတွင်းသို့ ပြေး သွားလာသည်။ ရှီမာယူယူလိုက်မလာသည်ကို တွေ့သောအခါ သူ၏ လက်ကလေးများဖြင့် သူမကိုလက်ရမ်းပြလေသည်။

***

All Chapters