← Chapters

လျှပ်စီးဝိညာဉ်အရည်

Vol. 011 Ch. 1059

လျှပ်စီးဝိညာဉ်အရည်

Vol. 011 Ch. 1059

တိမ်တိုက်ဝိညာဉ်သည် သူမကို ထိုနေရာသို့ခေါ်နေသည်ကို ရှီမာယူယူ သိသည်။ တိမ်တိုက်ထဲတွင် လျှပ်စီးများ ပြိုးပြိုးပြက်ပြက်ဖြစ်နေသည်ကို မြင် လိုက်ချိန်တွင်တော့ သူမ မျက်မှောင်ကြုတ်လိုက်သည်။

သူမ လိုက်သွားရင် မိုးကြိုးအပစ်ခံရပြီး မသေသွားနိုင်ဘူးလား။

“လာခဲ့ မလာရင် ဘာလက်ဆောင်မှမရှိဘူး” ရှီမာယူယူ ခံစားချက်မဲ့နေ သည်ကို တိမ်တိုက်သတိထားမိသောအခါ ဒေါသထွက်လေသည် “မလာရဲ ဘူးလား”

ရှီမာယူယူသည် မေးစေ့ကိုမော့ထားကာ “ဒီလျှပ်စီးကိုကြည့်လိုက်ဦး အနီးကပ်လာရင် မီးမြိုက်လိုက်မှာ ကြောက်ပ”

“ကျွတ် အဲဒါက သာမန်လူတွေအတွက်ပဲ မစိုးရိမ်နဲ့ မင်းခန္ဓာကိုယ်ထဲက ကောင်နဲ့ဆိုရင် တိမ်ထဲဝင်သွားရင်တောင် မင်းကိုလျှပ်မစီးဘူး” တိမ်တိုက် ဝိညာဉ်သည် ထိုသို့ပြောပြီးနောက်တွင် ဆက်ခေါ်လေသည်။

လျှပ်စီးကန်ထဲမှ အကောင်လေးသည် တိမ်တိုက်များထဲတွင် လျှပ်စီး များလက်နေသည်ကို မြင်သောအခါ ပျော်ရွှင်နေသည်။

လျှပ်စီးကန်မှာ ပိုပိုပြီးလှုပ်ရှားလာသည်ကို ရှီမာယူယူ ခံစားမိသည်။ သူမသည် ခရမ်းရောင်ထိပ်တန်းအဆင့်လျှပ်စီးလိုအပ်မှုကို ကျေနပ်အောင် လုပ်ပေးရမည် “ကောင်းပြီ လာခဲ့မယ်”

သူမထိုသို့ပြောလိုက်သည်နှင့် ခရမ်းရောင်ထိပ်တန်းလျှပ်စီးသည် ငြိမ်ကျသွားလေသည်။

“စိတ်တိုစရာကောင်းလိုက်တဲ့ အကောင်လေးပဲ ငါသာ ဓာတ်လိုက်လို့ ကတော့ မင်းရဲ့လက်ခံသူသေသွားမှာပဲ” သူမသည် ရေရွတ်ပြီး တိမ်တိုက် ဝိညာဉ်နောက်လိုက်ကာ တိမ်တိုက်များ၏ အတွင်းထဲသို့သွားလိုက်သည်။

တိမ်တိုက်အတွင်းထဲမှာ မည်းမှောင်နေလိမ့်မည်ဟု ရှီမာယူယူတွေးထင် ခဲ့သည်။ သို့သော် လက်တွေ့မှာပင် သူမ အထဲသို့ဝင်လေလေ ပိုလင်းလာ ကာ အဖြူရောင်ကိုထပ်မြင်ရလေသည်။

တိမ်တိုက်ဝိညာဉ်သည် တိမ်တိုက်များပေါ်သို့ခုန်တက်ပြီး သူမကို ပြန် ကြည့်လေသည်။

ရှီမာယူယူသည် တိမ်တိုက်များဆီသို့လိုက်သွားလိုက်သည်။ ထို တိမ်တိုက်သည် တခြားတိမ်များထက်ပိုထူနေသည်ကို တွေ့လိုကရသည်။ သူမ နင်းလိုက်သောအခါ ထူးခြားသောခံစားချက်ဖြစ်လေသည်။

“အခု ဒါကိုပုလင်းနဲ့ခပ်လို့ရတယ်” တိမ်တိုက်ဝိညာဉ်သည် ကန်ငယ် တစ်ခုရှေ့လာလိုက်သည်။

ရှီမာယူယူသည် တိမ်းညွှတ်ကြည့်လိုက်ရာ တိမ်များထဲတွင် အင်တုံ အရွယ်အစားရှိသော ကန်တစ်ခုအားတွေကလိုက်သည်။ ထိုကန်ငယ်အတွင်း တွင် ကြည်လင်သောအရည်တချို့ရှိနေလေသည်။

ဒီလိုနေရာမှာ ဘယ်လိုလုပ်ပြီး အရည်ရှိနေရတာလဲ။

“ဒါဘာလဲ” ရှီမာယူယူ မေးလိုက်သည်။

“ဒါက လျှပ်စီးဝိညာဉ်အရည်ပဲ” တိမ်တိုက်ဝိညာဉ်ပြန်ဖြေလေသည်။

“ငါ့ကိုပေးချင်လို့လား ဒါဘယ်အတွက်သုံးတာလဲ” ရှီမာယူယူသည် တိမ်တိုက်ဝိညာဉ်ကို အားစိုက်ကြည့်လိုက်သည်။

“အသုံးမဝင်ဘူး” တိမ်တိုက်ဝိညာဉ်သည် လျှပ်စီးဝိညာဉ်အရည်ကို ရေနွေးတစ်ခွက်ကိုကြည့်သလိုကြည့်လိုက်သည်။

“….” ရှီမာယူယူသည် မျက်စောင်းထိုးလိုက်သည်။ “ဒီလိုအသုံးမဝင်တာ ကို ငါ့ကိုလက်ဆောင်ပေးချင်တာပေါ့”

“အဲဒါကငါ့အတွက်အသုံးမဝင်ပေမယ့် လူသားတွေအတွက်အသုံးဝင် တယ်လေ အဲဒါကကောင်းကင်နဲ့ မြေကြီးရဲ့ရတနာတစ်ပါးလို တန်ဖိုးရှိတယ်” တိမ်တိုက်ဝိညာဉ်သည် မျက်လုံးလှန်လိုက်သည် “ဒါတစ်စက်နဲ့ဆိုရင် လျှပ်စီး အရည်အချင်း ၁၀နှစ်စုပ်ယူတာနဲ့ ညီမျှတယ်”

“အဲလောက် ကောင်းတာလား” ရှီမာယူယူသည် အံ့သြကာ တိမ်တိုက် ဝိညာဉ်ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်လေသည်။

“ဟင်း ဒါပေါ့” တိမ်တိုက်ဝိညာဉ်သည် အားရစွာပြောလေသည် “ဒါက မျိုးကြိုးဘေးသင့်မှုပြီးသွားရင် ကျန်ခဲ့တဲ့အဆီအနှစ်ပဲ ပြီးတော့ တခြားလည်း အသုံးဝင်သေးတယ်”

“ဘယ်လိုမျိုးတွေလဲ”

“ဒါက လျှပ်စီးဝိညာဉ်အရည်ဆိုပေမယ့် လျှပ်စီးအရည်အချင်း ဝိညာဉ် စွမ်းအင်ရဲ့ ကျူးကျော်တိုက်ခိုက်တာမျိုးမရှိဘူး၊ အဲတော့ သာမန်လူသောက် လိုက်ရင် ပြဿနာမရှိနိုင်ဘူး သူတို့ရဲ့ခန္ဓာကိုယ်ကိုတောင် ပြောင်းလဲပေးနိုင် တယ်” တိမ်တိုက်ဝိညာဉ်ရှင်းပြလေသည်။

“အဲတော့ ဒါက ငါ့ကိုသက်ရောက်မှုမရှိဘူးပေါ့” ရှီမာယူယူ ပခုံးတွန့်လေ သည်။

“….” တိမ်တိုက်ဝိညာဉ်သည် သူမအား မျက်လုံးလှန်ပြကာ ဆက်ပြော လေသည် “ဒါက မင်းအတွက် သက်ရောက်မှုမရှိပေမယ့် ဒါကိုစားလိုက်ရင် မင်းရဲ့ ဝိညာဉ်စွမ်းအင်ကို မတိုးစေဘူးလား မင်း ငါ့ကိုအထင်သေးရင် မပေး တော့ဘူးနော်”

“မလုပ်ပါနဲ့” ရှီမာယူယူသည် တိမ်တိုက်ဝိညာဉ်ကိုလျင်မြန်စွာပင် ဆုပ် ကိုင်လိုက်သည် “ဒါက ငါ့အတွက်အသုံးမဝင်ပေမယ့် ငါ့နားကလူတွေအတွက် အသုံးဝင်တယ်လေ ဒီလောက်ကောင်းတဲ့ပစ္စည်းကို သေချာသိမ်းထားရမှာ ပေါ့”

“ဟင်း ငါပြောတာအပြင် တခြားအသုံးဝင်တာတွေလည်းရှိတယ်” တိမ်တိုက်ဝိညာဉ်သည် သူ၏ သေးငယ်သော ခြေထောက်များကို ကန်ထုတ် လေသည်။ သူ၏ ချစ်စရာကောင်းသောပုံစံလေးသည် သူမ၏ ဟိန်းသံလေး ကိုပင် သွားသတိရစေသည်။

“ဘာတခြားအသုံးဝင်တာလဲ” ရှီမာယူယူ မေးလိုက်သည်။

တိမ်တိုက်ဝိညာဉ်သည် သူမ လက်များမှဖြတ်ကာ “ဘယ်လိုလုပ်သိမှာ လဲ ငါက လူသားကိစ္စတွေမှ ဂရုမစိုက်တာ မင်းသိချင်ရင် ကိုယ့်ဘာသာ နားလည်အောင်လုပ်ပေါ့”

“ဒီလောက် တန်ဖိုးရှိတဲ့ပစ္စည်းကို စမ်းသပ်တဲ့နေရာမှာ မဖြုန်းချင်ဘူး” ရှီမာယူယူသည် ပုလင်းတစ်လုံးထုတ်ကာ လျှပ်စီးဝိညာဉ်အရည်များကို ခပ် လိုက်သည်။ “ဒီပစ္စည်းက ရှေးကတည်းကရှိတာဖြစ်ရမယ်၊ ငါ ရှေးဟောင်း စာအုပ်တွေမှာ ရှာကြည့်ရမယ် အဲမှာရေးထားနိုင်တယ် မရှိဘူးဆိုရင်တောင်မှ ငါတို့ခန္ဓာကိုယ်ကို ပြန်ပုံသွင်းတဲ့နေရာမှာ သုံးလို့ကောင်းတာပဲ”

သူမ၏ ခန္ဓာကိုယ်သည် လျှပ်စီးကြောင့် ပြောင်းလဲပြီးသားဖြစ်သည်။ ပြောင်းလဲပြီးနောက် မည်သည့်ပုံစံဖြစ်သွားသည်ကို သူမ သိသည်။ ထို့ကြောင့် သူမအနားမှလူများကို ပြောင်းလဲပေးချင်သည်။ သူတို့ မိုးကြိုး ကြောင့် ထိခိုက်မည်ကို သူမ စိုးရိမ်သည်။ သို့သော် လျှပ်စီးဝိညာဉ်အရည်နှင့် ဆိုလျှင် သူမ မကြောက်တော့ပေ။

တိမ်တိုက်ဝိညာဉ်သည် သူမကို တအံ့တသြကြည့်လေသည်။ “အဲဒါကို မင်းအတွက် သိမ်းမထားဘူးလား အဲဒါရှားတယ်နော်”

“လူတစ်ယောက်က အသက်ရှင်တုန်းကို တိုးတက်နိုင်ပါတယ် ဒါပေမဲ့ မိသားစုဝင်တွေရှိမှပိုကောင်းမယ်လို့ ငါထင်တယ် ပစ္စည်းကောင်းတွေကို မိသားစုတွေနဲ့ မျှဝေရမှာပေါ့”

“မင်းအတွေးက တခြားသူတွေနဲ့မတူဘူး” တိမ်တိုက်ဝိညာဉ်သည် သူမ ကိုနားမလည်တော့ပေ “ငါမြင်ရသလောက်ဆိုရင် လူတွေက ပစ္စည်းကောင်း တွေဆိုရင် သူတို့အတွက်ပဲသိမ်းထားကြတယ်၊ တခြားသူအတွက် မစဉ်းစား ကြဘူး”

“အဲဒါကြောင့် ငါတို့ကအတွေးမတူကြတာလေ”

သူမသည် လျှပ်စီးဝိညာဉ်အရည်အားလုံးကို ပုလင်းထဲထည့်လိုက် သည်။ လက်ချောင်းအရွယ်ရှိပုလင်းအားလုံးပေါင်း တစ်ဒါဇင်ဖြစ်သည်။ ပုလင်းတိုင်းသည် အနာဂတ် ကြွယ်ဝခြင်းအတွက်ဖြစ်သည်။

သူမ ပြီးသွားသောအခါ တိမ်တိုက်ဝိညာဉ်ကိုကြည့်လိုက်သည် “ထပ်ရှိ သေးလား”

“ဒီမှာမရှိတော့ဘူး တခြားကိုယ်ပွားမှာတော့ရှိသေးတယ်” တိမ်တိုက် ဝိညာဉ်ပြန်ဖြေလေသည်။

“တခြားကိုယ်ပွားတွေမှာမဟုတ်လား ဒါဆိုရင် နောက်တစ်ခါငါ့ကိုတွေ့ ရင် တခြားကိုယ်ပွားကိုခေါ်ပေး” ရှီမာယူယူသည် လျှပ်စီးဝိညာဉ်အရည်များ ကို သိမ်းပြီး သူ့နားရွက်များကို ဆွဲဆိတ်လိုက်သည်။

တိမ်တိုက်ဝိညာဉ်သည် သူမလက်ကိုရှောင်လိုက်သည်။ “အဲလောက် အများကြီးကို ဘာလို့ထပ်လိုချင်သေးတာလဲ”

“ပစ္စည်းကောင်းဆိုတာက အမြဲတမ်းနည်းနေတာပဲ” ရှီမာယူယူသည် ဝိုင်တစ်ကရားထုတ်ကာ တစ်ကျိုက်သောက်လိုက်ပြီး တိမ်တိုက်ဝိညာဉ်ကို ပေးလိုက်သည် “မင်းလည်း အဲဒါနည်းနည်းပဲရတာလား”

“ဟင်း” တိမ်တိုက်ဝိညာဉ်သည် မရှက်တော့ပဲ ဝိုင်ကရားပေါ်ခုန်တက် ကာ စတင်သောက်တော့သည်။

ရှီမာယူယူသည် တိမ်တိုက်များအပေါ်တွင်ထိုင်ပြီး ဆက်ပြောလေသည် “ပြီးတော့ ဒီပစ္စည်းကမင်းအတွက် အသုံးမှမဝင်တာ ဟုတ်တယ်မလား၊ တခြားအသုံးဝင်တဲ့နေရာမှာသုံးဖို့ ငါ့ကိုပေးလိုက်တာပိုကောင်းတယ် အပေးအယူလုပ်ပြီးရင် မင်းအတွက် အသီးဝိုင်ပေးမယ်”

“မင်းပြောသလိုပဲနော်” တိမ်တိုကဝိညာဉ်သည် ဝိုင်ကရားမှ သူ၏ ခေါင်းသေးသေးလေးကို ဆန့်ထုတ်ကာ ရှီမာယူယူကိုကြည့်လေသည်။

“ဒါပေါ့” ရှီမာယူယူသည် ပြုံးပြီးချည်းကပ်လိုက်သည် “ဒါ့အပြင် တခြား ကောင်းတဲ့ပစ္စည်းရှိသေးလား”

“ရှိတယ် ဒါပေမဲ့ မင်းမရနိုင်ဘူး” တိမ်တိုက်ဝိညာဉ် ပြောလိုက်သည်။

“ဘာလဲ”

“အဆင့်မြင့်လျှပ်စီးဝိညာဉ်အရည်ပဲ ပိုပြီးအတွင်းကျတဲ့နေရာမှာရှိတယ် မင်းအခုထိ သွားလို့မရသေးဘူး” တိမ်တိုက်ဝိညာသည် ဘေးသင့်မှုတိမ်တိုက် အနက်ပိုင်းသို့ ညွှန်ပြလေသည်။

“ငါ တိမ်ထဲကိုဝင်လို့ရတယ်လို့ မင်းပဲမပြောခဲ့ဘူးလား” ရှီမာယူယူ မေး လိုက်သည်။

“ငါပြောတာချဲ့ကားပြောလိုက်တာ၊ မင်းခန္ဓာကိုယ်ထဲက ကောင်ကြီး လာရင် ကြောက်ဖို့မလိုတော့ပါဘူး” တိမ်တိုက်ဝိညာဉ်ရှင်းပြလေသည်။

ရှီမာယူယူသည် တိမ်တိုက်အတွင်းပိုင်းကို စိတ်မပါစွာကြည့်လိုက်သည် “အဲဒါယူပြီးထွက်လာလို့မရဘူးလား”

“မင်းလိုချင်ရင် ကိုယ့်ဘာသာယူပါလား ကူပြီးတော့ယူမပေးနိုင်ဘူး” တိမ်တိုက်ဝိညာဉ်သည် ဝိုင်ကရားမှ တွားသွားထွက်လာသည် “ကောင်းပြီ ငါတော့ပြီးပြီ ပြန်သွားတော့မယ် မင်းလည်း ဒီကနေမြန်မြန်ဆင်းတော့”

“ကောင်းပြီ အခုတော့မရသေးဘူး ဒါပေမဲ့ အဲဒါငါ့အတွက်ချန်ထားပေး” ရှီမာယူယူ ပြောလိုက်သည်။

“မင်းကလွဲပြီး အရည်ထူတဲ့သူ ဘယ်သူမှမရှိဘူး” တိမ်တိုက်ဝိညာဉ် ပြီး သွားသည်နှင့် သူ၏ခန္ဓာကိုယ်သည် ခုန်ပြီး ရှီမာယူယူကို ခေါက်လိုက်သည်။ ထို့နောက်တွင် သူ၏ ဘေးသင့်မှုတိမ်တိုက်ကို ဆွဲသွားလေသည်။

ရှီမာယူယူသည် လေထဲတွင်ရပ်နေကာ သူ၏ တင်ပါးကိုပွတ်ပေးပြီး ပြုံး လိုက်သည်။

သူပြောလိုက်သည်မှာ သူမအတွက် ချန်ပေးထားမည်ဟု….

***

All Chapters