← Chapters

ရှန်းမိသားစုသို့အပြန်

Vol. 10 Ch. 199

ရှန်းမိသားစုသို့အပြန်

Vol. 10 Ch. 199

ရှန်းရူယန်၏ စကားကိုကြားလျှင် ကျန်းရန်တောက်မှာ အထူးပင် စိတ်လှုပ်ရှားသွားမိသည်။ ကျီဖုအဆင့်ကို ရောက်ရှိလာသူများသည် ပုံမှန်ဓမ္မလက်နက်များအစား ဓမ္မရတနာများကို အစားထိုး၍ အသုံးပြုရစမြဲဖြစ်သည်။ သို့သော် ကျင့်ကြံသူအများအပြား အထူးသဖြင့် တစ်ကိုယ်တော် ကျင့်ကြံသူများသည် ကျီဖုအဆင့်ကို တက်လှမ်းပြီး အချိန်အတန်ကြာသည့်တိုင် ဓမ္မလက်နက်များကို ဆက်လက်သုံးစွဲလေ့ရှိသည်။ ထိုသို့ဖြစ်ရခြင်းမှာ ကျီဖုအဆင့်ကို တက်လှမ်းရာတွင် လိုအပ်သည့် ရင်းမြစ်များကို ဝယ်ယူလိုက်ရ၍ ဝိညာဉ်ကျောက်တုံးများ ကုန်ခန်းသွားသဖြင့် ဓမ္မရတနာတစ်ပါးကို ဝယ်ယူရန် မတတ်နိုင်သောကြောင့်ဖြစ်သည်။

ဤနေရာတွင် မိသားစုနောက်ခံရှိခြင်းနှင့် အတွေ့အကြုံရင့် စီနီယာတစ်ဦးရှိခြင်းက အလွန်စကားပြောသည်။ လက်ရှိ ကျန်းရန်တောက်၏ အနေအထားအရ နောက်ထပ် ဆယ်စုနှစ်များစွာ အပင်ပန်းခံစုဆောင်းလျှင်ပင် ဓမ္မရတနာတစ်ပါးကို ဝယ်ယူနိုင်ဦးမည် မဟုတ်သေးပါ။ ထို့ကြောင့် ကျန်းရန်တောက်အနေနှင့် ရှန်းရူယန်ကို ကျေးဇူးအလွန်တင်မိသွားသည်။ အရိပ်ဓားချက်ဓားကို ဝမ်းသာအားရ လှမ်းယူလိုက်ပြီးနောက်

“ကျေးဇူးအရမ်းတင်မိပါတယ် စီနီယာအဒေါ်”

“မလိုပါဘူး ငါတို့အားလုံးက မိသားစုဝင်တွေပဲမလား”

ထို့နောက် ကျန်မိသားစုဝင်များကလည်း ကျန်းရန်တောက်ကို ပွေ့ဖက်ဂုဏ်ပြုလိုက်ကြသည်။ အားလုံးပျော်ရွှင်နေကြချိန်တွင် ကျန်းချန်ရွှမ်က သူနှင့်ရှန်းရူယန်တို့ ယွင်နိုင်ငံသို့ ခေတ္တခဏပြန် မည်ဖြစ်ကြောင်းအသိပေးပြီး ကျန်းရန်ယီလက်ထဲသို့ ပဲစေ့စစ်သည်ဆေးပြား တစ်ပြားကို ထည့်ပေးလိုက်တော့သည်။ နောက်ခြောက်လအကြာတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကျန်းမိ သားစုကို နှုတ်ဆက်ပြီး ယွင်နိုင်ငံသို့ ထွက်ခွာလာခဲ့ကြသည်။ ဟွမ်းဝမ်ယု၏ အောင်ပွဲခံအခမ်းအနားမှာ ကျင်းပရန် အချိန်အနည်းငယ် လိုသေးသည့်အတွက် ရှန်းမိသားစု အခြေစိုက်ရာ ဟွားဝူတောင်ကို အရင်ဝင်ရန် ဆုံးဖြတ်လိုက်သည်။ ဟွားဝူတောင်ကို ရောက်ရှိသောအခါ ရှန်းမိသားစုသည် ရှေးကထက် များစွာတိုးတက်ပြောင်းလဲနေသည်ကို တွေ့ရသည်။

ဝိညာဉ်အမြစ်ပိုင်ဆိုင်ထားသော မျိုးဆက်သစ် ကျင့်ကြံသူများစွာ တိုးပွားလာသည့်အပြင် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူအရေအတွက်မှာလည်း ၇ ဦးအထိ မြင့်တက်လာခဲ့သည်။ ရှန်းရူ ရွှမ်၊ ရှန်းတောက်ယွမ်နှင့် ကျန်လူများသည်လည်း အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ ထိုအချိန်တွင် ဟွားဝူတောင်ထွတ်တစ်နေရာတွင် ရှန်းယွမ်လုံ၊ ရှန်းတောက်မင်နှင့် ရွှီချန်းဟယ်တို့သည် မိသားစုအရေးကိစ္စများကို ဆွေးနွေးတိုင်ပင်လျက်ရှိ သည်။ ထိုတစ်ခဏတွင် သူတို့သုံးဦးလုံး ထူးခြားသည့် အော်ရာလှိုင်းများကို ခံစားမိလိုက်ကြပြီး နောက် သုံးယောက်လုံး နေရာမှ ရုတ်တရက်ပျောက်ကွယ်သွားတော့သည်။ သူတို့ပြန်ပေါ်လာ သည့်နေရာက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ ရှေ့မှောက်တွင်ဖြစ်သည်။

“ချန်ရွှမ်နဲ့ ရူယန် တကယ်ပဲ မင်းတို့နှစ်ယောက်ကိုး”

ရှန်းယွမ်လုံတို့သုံးဦးသည် ကျန်းချန်ရွှမ်တို့ စုံတွဲကိုမြင်လျှင် ဝမ်းသာအားရ ကြိုဆိုလိုက်သည်။ အနီးရှိ မျိုးဆက်သစ် ဂိုဏ်းတပည့်များသည် ဘိုးဘေးသုံးဦး တောင်ပေါ်မှ တစ်ပြိုင်နက်တည်း ဆင်းလာပြီး အဆိုပါစုံတွဲကို ဝမ်းသာအားရ ကြိုဆိုနှုတ်ဆက်နေသည်ကို မြင်လျှင် ဇဝေဇဝါဖြစ် ကုန်ကြသည်။ ဘိုးဘေးသုံးဦးကိုယ်တိုင် တောင်အောက်ဆင်းပြီး ကြိုဆိုရသည့် ထိုစုံတွဲမှာ မည်သူမည်ဝါများ ဖြစ်နေသည်ကိုလည်း သိချင်စိတ်ပြင်းပြနေကြသည်။ တစ်ချိန်တည်းတွင် ဘိုးဘေးများသည် ထိုစုံတွဲနှင့် ပျော်ရွှင်ရယ်မောရင်း တပျော်တပါး စကားဝိုင်းဖွဲ့နေသည်ကိုလည်း သူတို့ အားလုံး သတိထားမိလိုက်ကြသည်။ ထိုအခါ ကျန်းချန်ရွှမ်တို့အား သိမှီလိုက်ကြသော အကြီးအကဲများက မျိုးဆက်သစ်များကို ရှင်းပြလိုက်ရသည်။

“မရိုမသေမလုပ်ကြနဲ့။ သူတို့နှစ်ယောက်ထဲက အမျိုးသမီးက နင်တို့ရဲ့ ရှန်းမျိုးနွယ်ဝင် ဘိုးဘေး ပဲ။ သူ့ဘေးက တစ်ယောက်က သူ့ရဲ့တာအိုကျင့်ကြံဖော်ပေါ့။ ငါတို့ဘိုးဘေးတွေနဲ့ ကျင့်ကြံမှုအဆင့်အတူတူပဲ။ သူတို့စုံတွဲက ငါတို့မိသားစုအတွက် အများကြီးစွမ်းဆောင်ပေးခဲ့ဖူးတယ်”

စီနီယာများရှင်းပြသည်ကို ပါးစပ်အဟောင်းသားနှင့် နားထောင်နေသော ဂိုဏ်းတပည့်များသည် ထိုစုံတွဲအပေါ်တွင် ကြည်ညိုလေးစားစိတ်များ ဖြစ်ပေါ်လာကြတော့သည်။ ထိုအချိန်တွင် ရှန်းရူ ရွှမ်၊ ရှန်းပိုင်ဖေးနှင့် ရှန်းတောက်ယွမ်တို့လည်း ရောက်ရှိလာကြပြန်သည်။ ရှန်းရူယန်တို့စုံတွဲကို မြင်လျှင် ဝမ်းမြောက်ကြည်နူးစွာ ပွေ့ဖက်နှုတ်ဆက်ကြပြန်သည်။ ထို့နောက် ရှန်းယွမ်လုံမှ ဦးဆောင်ပြီး သူတို့အားလုံး ဟွားဝူတောင်ထွတ်ရှိ ခန်းမဆောင်သို့ ဝင်ရောက်သွားကြသည်။ ကျန်း ချန်ရွှမ်တို့ နေသားတကျဖြစ်မှ ရှန်းယွမ်လုံက ဖြစ်ခဲ့သမျှအကြောင်းစုံကို အသေးစိတ်မေးမြန်းပါတော့သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကလည်း ဖြစ်သမျှကို ဇာတ်စုံခင်းရှင်းပြလိုက်သည်။ ကျန်းချန်ရွှမ်က ရှန်းယွမ်လုံတို့ကို လာရင်းကိစ္စကိုလည်း ရှင်းပြလိုက်သေးသည်။

“ရူယန်နဲ့ ကျွန်တော်တို့ ဒီကိုလာတယ်ဆိုတာက ဘိုးဘိုးတို့ကို တွေ့ဖို့အပြင် လမင်းကြည့်ဂိုဏ်းရဲ့ အောင်ပွဲခံအခမ်းအနားကို တက်ဖို့လည်း ပါပါတယ်”

“လမင်းကြည့်ဂိုဏ်း ဟုတ်လား”

ထိုအခါကျမှ ရှန်းယွမ်လုံနှင့် ရှန်းတောက်မင်တို့လည်း လမင်းကြည့်ဂိုဏ်းက သူတို့ရှန်းမိသားစုကို အောင်ပွဲခံအခမ်းအနား တက်ရောက်ရန် ဖိတ်ကြားထားသည်ကို သတိရလိုက်မိသည်။ လမင်း ကြည့်ဂိုဏ်း၏ ဂိုဏ်းသခင်ကြီး ဟွမ်းဝမ်ယု ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်ခဲ့သည့် သတင်းကိုလည်း သူတို့အားလုံး သိရှိပြီးဖြစ်သည်။ လမင်းကြည့်ဂိုဏ်းက သူတို့ရှန်းမိသားစုအား အရေး တယူပြု၍ ဖိတ်ကြားရခြင်းမှာလည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကြောင့် ဖြစ်မှန်းကိုလည်း နားလည်ထားပြီးဖြစ်သည်။ ရှေးယခင်ကလည်း ကျန်းချန်ရွှမ်တို့ ကျီဖုအဆင့် တက်လှမ်းနိုင်၍ အောင်ပွဲခံကျင်းပသည့် အခမ်းအနားကိုလည်း လမင်းကြည့်ဂိုဏ်းက ကိုယ်စားလှယ်လွှတ်၍ တက်ရောက်ခဲ့သည့် အစဉ်အလာလည်း ရှိဖူးသည် မဟုတ်ပါလား။ ထို့နောက် ကျန်းချန်ရွှမ်ကပင်

“ဒီကိစ္စအပြင် အကြီးအကဲရှုန်း ကွယ်လွန်သွားတဲ့အတွက်လည်း ပါပါတယ်”

ထိုအခါ ရှန်းယွမ်လုံနှင့် ကျန်လူများသည် မျက်နှာများ ညိုးငယ်သွားပြီး ရုတ်တရက် တိတ်ဆိတ်သွားကြသည်။ ရှန်းယွမ်လုံက မချိပြုံးပြုံးလျက်

“အကြီးအကဲရှုန်း ငါ့ဆီမှာ အဇူရာသစ်သား သလင်းကျောက်ကို လာလဲတုန်းက ငါငြင်းဖို့ကြိုးစားခဲ့သေးတယ်။ ကျီဖုအဆင့်ကို အလောတကြီးတက်ဖို့ ကြိုးစားရင် အန္တရာယ်ရှိနိုင်တယ်ဆိုတာကို သူ့ကိုပြောပြခဲ့ပေမဲ့ အကြီးအကဲရှုန်းက ဆုံးဖြတ်ချက် အရမ်းခိုင်မာနေခဲ့တဲ့အပြင် သူ့မှာ သစ်သားသလင်းကျောက်ကို လဲလှယ်ခွင့်လည်း ရှိနေတဲ့အတွက် ငါထုတ်ပေးခဲ့ရတယ်”

စကားဆုံးလျှင် ရှန်းယွမ်လုံသည် သက်ပြင်းချလျက် စိတ်မကောင်းခြင်းကြီးစွာနှင့် ခေါင်းကိုယမ်းလိုက်မိတော့သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း စိတ်မသက်မသာနှင့် သက်ပြင်းကိုယ်စီ ချမိလိုက်ကြသည်။ ထို့နောက်တွင် သူတို့အားလုံး ရှုန်းဝမ်တောက်၏ အုတ်ဂူရှိရာသို့ သွားရောက် ၍ ဂါရဝပြုလိုက်ကြသည်။

***

All Chapters