ဖြားယောင်းခြင်း
Vol. 011 Ch. 1060
တိမ်တိုက်ဝိညာဉ်သည် ပြီးဆုံးသည်မှာကြာပြီဖြစ်သည်။ သို့သော် သူ သည် ရှီမာယူယူနှင့် စကားပြောနေသဖြင့် နောက်ကျမှထွက်သွားရလေ သည်။
မျောက်ဝံအိုကြီးနှင့် ဟွမ်လေးတို့သည် မထွက်သွားသေးသော ဘေးသင့်မှုတိမ်တိုက်ကိုကြည့်လိုက်ကြသည်။ သူတို့ စိုးရိမ်သွားကြသည်။
ဒါ ပြီးသွားတာလား မပြီးတာလား။
ရှောင်ရှီသည် ခံနိုင်ရည်ရှိသော မိုးကြိုးလျှပ်စီးများကို ရေတွက်ထား သည်။ ပြီးသွားသင့်တာကို… ဒီဘေးသင့်မှုတိမ်တိုက်က ထွက်မသွားသေးတာ လဲ။ သူ မသိတဲ့ ပိုအားကောင်းတဲ့ မိုးကြိုးဘေးသင့်မှုထပ်လုပ်မလို့လား။
အားလုံး စိုးရိမ်နေချိန်မှာပင် ရှီမာယူယူ ဘေးသင့်မှုတိမ်တိုက်မှထွက် လာသည်ကို မြင်လိုက်ရသည်။ ထို့နောက်တွင် ဘေးသင့်မှုတိမ်တိုက်သည် သူ သူ၏ တင်ပါးကိုပုတ်ပေးပြီးနောက် ထွက်သွားလေသည်။
ဘေးသင့်မှုတိမ်တိုက်ထွက်သွားသည်နှင့် ပြောင်းလဲမှုအလင်းတန်း သည် ချက်ချင်းပင် ရှောင်ရှီဆီသို့ နီးကပ်လာသည်။ မျောက်ဝံအိုကြီးနှင့် တခြားသူများသည် နောက်ဆုံးမှပင် စိတ်အေးသွားလေသည်။
ရှီမာယူယူ ပျံသွားလိုက်သည်။ မျောက်ဝံအိုကြီးနှင့် တခြားသူများသည် သူမကို တစ္ဆေတစ်ကောင်လို ကြည့်ကြလေသည်။
“အဆင်ပြေရဲ့လား” ဝူလင်းယူသည် သူမကိုဖမ်းပြီး မေးလိုက်သည်။
ဒီတစ်ကြိမ် သူမ ဘေးသင့်မှုတိမ်တိုက်ထဲတွင်နေသည်မှာ အရင်နှင့် မတူပဲ ကြာသွားသည်။
“အဆင်ပြေပါတယ်” ရှီမာယူယူ အားရပါးရပြုံးလိုက်သည်။ သူမသည် တောင်ကြားတွင်ရှိနေသာ ရှောင်ရှီဘက်သို့လှည့်ကာ “ပြောင်းလဲပြီးရင် သူ ဘယ်လိုပုံဖြစ်မလဲမသိဘူး”
မျောက်ဝံအိုကြီး ရောက်လာပြီး အရိုအသေပေးလေသည်။ ရှီမာယူယူ သည် အလျင်အမြန်ပင် သူ့ကိုပင့်ထူလိုက်သည် “မျောက်ဝံအိုကြီး ဘာလုပ် တာလဲ”
“ကျေးဇူးတင်ပါတယ် မင်းကြောင့်သာမဟုတ်ရင် ရှောင်ရှီတော့ အောင် မြင်နိုင်မှာမဟုတ်ဘူး” မျောက်ဝံအိုကြီးသည် သူမကို စိတ်ရင်းဖြင့် ကျေးဇူးတင်လေသည်။
“ခင်ဗျားရဲ့ခန္ဓာကိုယ်ကို ကုပေးပြီးမှ ကျေးဇူးတင်ပါ” ရှီမာယူယူ ပြုံးလိုက်သည်။
“သခင်လေး မင်းက ကျုပ်တို့ကိုမျက်စိပွင့်နားပွင့်ဖြစ်စေတယ် မိုးကြိုး ဘေးသင့်မှုပြီးတော့ ဒီလိုအသွင်ပြောင်းတာကို ဘယ်တုန်းကမှမတွေ့ဖူးဘူး” နှာခေါင်းကောက်ကောက်နှင့် လူတစ်ယောက်သည်လာကာ ရှီမာယူယူကို မယုံကြည် နိုင်သောအကြည့်ဖြင့် ကြည့်လေသည်။
သူတို့လူတွေသာ ဒီလိုအခြေအနေမှာ အသွင်ပြောင်းနိုင်ရင် ဘာတွေ စိုးရိမ်ဖို့လိုဦးမှာလဲ။
“စာသိမ်းငှက်ဘုရင်” ရှီမာယူယူသည် စာသိမ်းငှက်ဘုရင်ကို ခေါင်းညိတ်ပြလိုက်သည်။
“သခင်လေး… အဲဒါက.. အင်း” စာသိမ်းငှက်ဘုရင်သည် ရှီမာယူယူကို ရှက်ရွံ့စွာကြည့်လေသည်။
“မင်းတို့မျိုးနွယ်ဝင်တွေ အသွင်ပြောင်းတာကို ကူညီစေချင်တာလား” ရှီမာယူယူ မေးလိုက်သည်။
“ဟုတ်တယ်” စာသိမ်းငှက်ဘုရင်သည် ပြန်ဖြေလေသသည် “ကျုပ်တို့ ဆီမှာ အသွင်ပြောင်းဖို့ပြင်နေတဲ့ မျိုးနွယ်ဝင်တွေအများကြီးရှိတယ် ကျုပ်သမီး အပါအဝင်ပဲ ဒါပေမဲ့ အောင်မြင်မှုနှုန်းကမမြင့်ဘူး ပြီးတော့ မျိုးနွယ်ဝင် အများအပြားက အသွင်ပြောင်းတဲ့လုပ်ငန်းစဉ်မှာ….”
“ဒါက ကိုင်တွယ်ဖို့လွယ်ပါတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။ “ဒါပေမဲ့ ကျွန်တော် ဒီကိစ္စကိုဖြေရှင်းပြီးတဲ့အထိ စောင့်ပါ”
“ကောင်းပါပြီ ကောင်းပါပြီ” စာသိမ်းငှက်ဘုရင်သည် အလွန်စိတ် လှုပ်ရှားစွာဖြင့် ခေါင်းကိုထပ်ခါထပ်ခါ ညိတ်လေသည်။
ရှောင်ရှီကို ဝန်းရံထားသော အလင်းသည် တဖြည်းဖြည်းဖျော့သွား လေသည်။ အချိုးစားကျသော လူငယ်တစ်ယောက်သည် အားလုံးရှေ့တွင် ပေါ်လာလေသည်။
ရှောင်ရှီသည် သူ့လက်များကို ပျော်ရွှင်စွာကြည့်လိုက်သည်။ သူသည် သူ့အဝတ်များကို ကြမ်းတမ်းစွာဆွဲပြီး ပျံလိုက်သည်။
“ဦးလေး” ရှောင်ရှီသည် ချီးကျူးခံလိုသည့် ကလေးတစ်ယောက် သဖွယ် မျောက်ဝံအိုကြီးကိုကြည့်လိုက်သည်။
“ကောင်းတယ် ကောင်းတယ်” မျောက်ဝံအိုကြီးသည် ပြုံးပြီး ခေါင်းညိတ် လေသည်။
“မင်း အသွင်ပြောင်းတာ အောင်မြင်ပြီဆိုတော့ အဘိုးမျောက်ဝံရဲ့ ဒဏ်ရာကိုကုဖို့ပြင်ရအောင်” ရှီမာယူယူ ပြောလိုက်သည် “ဒီဒဏ်ရာကြောင့် ဆွဲချခံရလို့မဖြစ်ဘူးလေ အဲဒါကြောင့် မြန်မြန်ကုတာကောင်းမယ်”
“အင်း”
“စာသိမ်းငှက်ဘုရင် ကျွန်တော်တို့ကို တိတ်ဆိတ်တဲ့နေရာတစ်ခုရှာပေး ပါ” ရှီမာယူယူ ပြောလိုက်သည်။
“ကျုပ်မျိုးနွယ်နယ်နိမိတ်မှာဆိုရင် တခြားဝိညာဉ်သားရဲတွေ ပြဿနာ မရှာရဲပါဘူး” စာသိမ်းငှက်ဘုရင် ပြောလိုက်သည်။
“ကျွန်တော်က လုံးဝတိတ်ဆိတ်တာကိုလိုချင်တာ ဘယ်သူမှ နှောင့်ယှက်လို့မရအောင်လို့” ရှီမာယူယူ ပြောလိုက်သည် “ဘုရင်ကြီးတို့ မျိုးနွယ်ဝင်တွေတောင်မှလေ”
“ဒါဆိုရင် ကျုပ်ရဲ့နေရာကိုသွားရအောင်” စာသိမ်းငှက်ဘုရင် ကမ်းလှမ်း လေသည် “ကျုပ်အမိန့်မရှိပဲ ဘယ်မျိုးနွယ်ဝင်ကမှ အဲဒီကိုမသွားရဲကြဘူး”
“ကောင်းပါပြီ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “အဘိုးမျောက်ဝံနဲ့ ငါ နဲ့နှစ်ယောက်တည်းသွားမယ် မင်းတို့ဒီမှာပဲစောင့်နေကြ”
“အင်း”
“ဘာလိုအပ်တာရှိသေးလဲ” ဟွမ်းလေး မေးလေသည်။
“မရှိဘူး အဲလူတွေမင်းကိုရှာမတွေ့ရင် သူ့အလိုလိုထွက်သွားလိမ့်မယ် ရင်ယန်နန်းတော်နဲ့ ကျုံကျန်းမျိုးနွယ်ကတော့ ဖန်အာနဲ့ ရှန်ယိတို့ ဖြေရှင်းလိမ့် မယ်”
ထို့နောက်တွင် သူမနှင့် မျောက်ဝံအိုကြီးတို့သည် စာသိမ်းငှက်နောက် လိုက်ကာ သူ့နေရာသို့သွားလေသည်။
စာသိမ်းငှက်သည် ခန္ဓာကိုယ်အရွယ်အစားကြီးသဖြင့် သူ၏ နေရာမှာ လည်းကြီးမားသည်။ တစ်ပိုင်းကာထားသော အကာအရံများလည်းရှိသည်။
ရှီမာယူယူသည် ထူးခြားသောအပြင်အဆင်ကိုမြင်သောအခါ အနည်းငယ် အံ့သြမိလေသည်။
“သခင်လေး ဒါကျုပ်နေရာပဲ အထဲသွားလို့ရပါတယ် ကျုပ်အပြင်ကနေ စောင့်ပေးမယ်” စာသိမ်းငှက် ပြောလိုက်သည်။
“ဒါဆိုရင် ကျွန်တော်ဒုက္ခပေးရတော့မယ်” ရှီမာယူယူ ခေါင်းညိတ်လေ သည် “အဘိုးမျောက်ဝံ အထဲသွားရအောင်”
“ဝင်ပါ”
စာသိမ်းငှက်ဘုရင်သည် သူတို့ဝင်သွားသည်ကို စောင့်ကြည့်နေခဲ့ သည်။ သူ သက်ပြင်းချမိသည်။ ဒီသခင်လေးကတော့ အကန့်အသက်မရှိတဲ့ အနာဂတ်ကိုပိုင်ဆိုင်ထားတာပဲ။ ထို့နောက်တွင် သူသည် သူတို့ထွက်လာ သည်ကိုစောင့်ရင်း သစ်ပင်အောက်တွင်တရားထိုင်နေလိုက်သည်။
ဝူလင်းယူလည်း ရောက်လာသည်။ ဝူလင်းယူဖြစ်သည်ကို စာသိမ်းငှက် ဘုရင်မြင်သောအခါ သူ့ကိုမတားပေ။
ဝူလင်းယူသည် သစ်ပင်အောက် စာသိမ်းငှက်ဘုရင်၏ ၁၂ပေလောက် အကွာတွင်ရပ်နေလေသည်။ သူသည် စာသိမ်းငှက်ဘုရင်၏နေရာသို့ကြည့် နေလိုက်သည်။
အနှောင့်အယှက်မခံရစေရန် ရှီမာယူယူသည် နေရာတစ်ခုလုံးကို ဝိညာဉ်အတားအဆီးလုပ်လိုက်သည်။ အဝေးမှကြည့်လျှင် ရှီမာယူယူနှင့် မျောက်ဝံအိုကြီး၏ အပေါ်ပိုင်းကို ခပ်ဖျော့ဖျော့မြင်ရလေသည်။
တခြားသူများလည်း လိုက်လာကြသည်။ သူတို့သည် အနားမကပ်ရဲ သဖြင့် သစ်ပင်ကြီးဘေးတွင်သာ စောင့်ကြလေသည်။
ဝူလင်းယူနှင့် ရှင်းမိုသည် ထိုအရာကို သိပ်မဂရုမစိုက်ပေ။ သို့သော် ရှောင်ရှီနှင့် ဟွမ်လေးတို့သည် စောင့်ရတာကြာသည်ဟု ခံစားရသည်။
၃ရက်ကြာပြီးသောအခါ နေရာအပြင်ဘက်မှအတားအဆီးမှာ ဖယ်ရှားခံ လိုက်ရလေသည်။ စောင့်နေကြသူအားလုံး ကြည့်လိုက်ကြသည်။ သူတို့သည် အနည်းငယ်ပင်ပန်းနေသော ရှီမာယူယူနှင့် ဖြူဖျော့နေသော မျောက်ဝံကိုကြီး ကိုတွေ့လိုက်ရလေသည်။
“ယူယူ” ဝူလင်းယူသည် ရှီမာယူယူဆီသို့ ပျံသွားလိုက်သည် “ဘယ်လို နေလဲ”
“ဘာမှမဟုတ်ပါဘူး နည်းနည်းပင်ပန်းသွားတာပါ နားလိုက်ရင် ကောင်း သွားမှာ” ရှီမာယူယူ၏ ဖျော့တော့သော မျက်နှာတွင် အပြုံးခပ်ဖျော့ဖျော့ဖြစ် သွားလေသည်။
“မင်း နားဖို့ခေါ်သွားမယ်” ဝူလင်းယူ ပြောလိုက်သည်။
“အင်း” ရှီမာယူယူ ပြန်ဖြေလိုက်သည် “အဘိုးမျောက်ဝံ ကျွန်တော်ခုန ကပြောတာကို စဉ်းစားကြည့်ပါ မလုပ်ချင်ဘူးဆိုရင် သူတို့ကို ရှီရှားတောင်တန်းကနေ ဖြစ်နိုင်သလောက် မြန်မြန်ထွက်သွားပါ၊ ပြီးတော့ အပြင်မှာ အန္တရာယ်များတဲ့လူတွေအများကြီးပဲ”
“ငါစဉ်းစားကြည့်လိုက်ပါမယ်” မျောက်ဝံအိုကြီး ပြောလိုက်သည်။
“ကျွန်တော် နားပြီးလို့ထွက်လာရင် ထပ်လာတွေ့ပါမယ်၊ စီနီယာအစ်ကို သွားရအောင်” ရှီမာယူယူ ပြောလိုက်သည်။
ဝူလင်းယူသည် ရှီမာယူယူကို ခေါ်ပြီးထွက်သွားလိုက်သည်။ ထို့အချိန်မှ ပင် ရှောင်ရှီနှင့် ဟွမ်လေးတို့ အနားကပ်ရဲလေသည်။
သူတို့သည် ရှီမာယူယူ၏ ဖြူဖျော့သောမျက်နှာကိုမြင်သောအခါ ဖိအား ကိုခံစားရကာ အသက်ပင်မရှုရဲကြပေ။
“ဦးလေး ဘယ်လိုနေလဲ” ဟွမ်လေး မေးလိုက်သည်။
“လုံးဝပျောက်သွားပြီ” မျောက်ဝံအိုကြီးသည် ပျော်ရွှင်စွာ ပြောလိုက် သည်။
“တကယ်လား” ဟွမ်လေးသည် သူ့လက်ကို ပျော်ရွှင်စွာ ကိုင်လိုက် သည်။
သူရထားသောဒဏ်ရာမှာ နှစ်ပေါင်းကြာပြီဖြစ်သည်။ သူသည် အဂ္ဂိရတ် ပညာရှင်တချို့ကိုရှာရန်ကြိုးစားခဲ့သည်။ ငွေအမြောက်အမြားသုံးခဲ့ သော်လည်း မထူးခြားခဲ့ပေ။ မထင်မှတ်စွာပင် ရှီမာယူယူသည် အမှန်တကယ် ပင် သူ့ကိုကုနိုင်လေသည်။
“ဦးလေး သူဘာပြောခဲ့တာလဲ” ရှောင်ရှီ မေးလေသည်။
မျောက်ဝံအိုကြီး၏ မျက်လုံးများသည် ရှီမာယူယူ ပြောခဲ့သည့်စကားများ ကိုစဉ်းစားနေလသည်။
ထိုစကားများသည် သူမ သူ့ကို မကုသခင်ပြောခဲ့သော စကားများဖြစ် သည်။
သူမ ပြောခဲ့သည်မှာ…ရွှေမြွေအသီးသည် သူတို့မျိုးနွယ် ဆင့်ကဲဖြစ်စဉ် အတွက် အဓိကသော့ချက်ဖြစ်သည်။ သူသာ သူ့နောက်လိုက်လျှင် ရွှေမြွှေ အသီးကိုပိုပေးနိုင်သည်ဟူ၍ ဖြစ်သည်။
“မင်းက ငါ့ကိုမင်းရဲ့ အင်အားစုမှာ ဝင်ပါစေချင်တာလား” သူ မေးလိုက် သည်။
ရှီမာယူယူ ပြုံးလိုက်သည် “ခင်ဗျားတို့ မှန်ကန်တဲ့ရွေးချယ်မှုလုပ်မယ်လို့ ယုံပါတယ်”
ထို့နောက်တွင် သူမသည် အေးအေးဆေးဆေးလျှောက်ထွက်လာ သည်။ သို့သော် ထိုအပြုအမူသည် လေးနက်သော ထင်မြင်ချက်များကို ချန် ထားခဲ့လေသည်။
***