← Chapters

နတ်ဆိုးအကြီးအကဲ

Vol. 12 Ch. 151

နတ်ဆိုးအကြီးအကဲ

Vol. 12 Ch. 151

မိစ္ဆာဂိုဏ်း၏ စစ်သင်္ဘော ဖြတ်ကျော်သွားသည့်နောက်တွင် ပျက်စီးခြင်းများသာ ကျန်ရစ်ခဲ့လေသည်။

ရက်အနည်းငယ်အတွင်း အရှေ့ဘက်တိုက်ကြီးရှိ ဂိုဏ်းများအားလုံး ပျောက်ကွယ်သွားခဲ့ပြီး နောက်ဆုံးတွင်မိစ္ဆာဂိုဏ်းတစ်ခုတည်းသာ ကျန်ရစ်ခဲ့သည်။

သတင်းများ ပျံ့နှံ့လာသောအခါ ထိုဂိုဏ်းများ အဘယ့်ကြောင့် ဖျက်ဆီးခံရသည်ကို လူများစွာ တွေးတောလာကြသည်။

ထိုကဲ့သို့ အင်အားကြီးမားသော အရှင်သခင်ဂိုဏ်းကို သေးငယ်သော ဂိုဏ်းများသည် မည်သို့ စော်ကားနိုင်သည်ကို သူတို့ နားမလည်နိုင်ကြပေ။

လမ်းတစ်လျှောက်တွင် ကောလာဟလများစွာလည်း ပေါ်ပေါက်လာခဲ့သည်။

ထိုဂိုဏ်းများသည် မိစ္ဆာဂိုဏ်းကို တိုက်ခိုက်ရန် စီစဉ်နေသောကြောင့်ဟု ကောလာဟလအချို့က ဆိုသည်။

မိစ္ဆာဂိုဏ်း၏ လက်ချက်မဟုတ်ကြောင်း ဖော်ပြသော အခြားကောလာဟလများလည်း ရှိနေသေးသည်။

ထူးဆန်းသည်မှာ ဤကောလာဟလများကို လူအများကပိုမို၍ ယုံကြည်နေကြခြင်း ဖြစ်သည်။

ဤကောလာဟလများသည် အာရန်၏ နာမည်နှင့် ဆက်စပ်နေလေသည်။

အကြီးအကဲရန်ဟု အများသိထားသော အာရန်သည် အသူရာဂိုဏ်း၏ ဂိုဏ်းချုပ်ကို သတ်ခဲ့သူဖြစ်ကြောင်း လူများစွာ သိထားကြသည်။

အကြောင်းမှာ အသူရာဂိုဏ်းချုပ် ၏သားသည် မိစ္ဆာဂိုဏ်းမှ တပည့်တစ်ဦးကို တိုက်ခိုက်ရန် ကြိုးစားသောကြောင့်ဖြစ်သည်။

ကောလာဟလများအရ ထိုအရာအားလုံးပြီးနောက် အကြီးအကဲရန်သည် ငြိမ်သက်ခြင်း မရှိခဲ့ပေ။

သူသည် ထိုဖြစ်ရပ်အား အလွန်စိတ်ဆိုးခဲ့သောကြောင့် ထိုကဲ့သို့သော အရာမျိုး နောက်တစ်ကြိမ် မဖြစ်ပွားစေရန် သူသည် တည်ရှိနေသော ဂိုဏ်းတိုင်းကို ဖျက်ဆီးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟူ၍ ဖြစ်လေသည်။

အာရန်သည် ဂိုဏ်းသို့ ပြန်လာနေစဉ်တွင် သူသည် အရှေ့တိုက်တစ်တိုက်လုံးတွင် လူသိများ ကျော်ကြားလာပြီဖြစ်သည်ကိုပင် သတိမထားမိခဲ့ပေ။

သူသည် အခြား မိစ္ဆာဂိုဏ်း၏ အကြီးအကဲများထက်ပင် ပို၍ လူသိများလာခဲ့သည်။

ဂိုဏ်းချုပ် ဖန်းယုကို ချန်လှပ်ထားလျှင် သူသည် တိုက်တစ်ခုလုံးရှိ လူတိုင်းအတွက် အကြောက်ရဆုံးသော သူတစ်ဦးဖြစ်လာသည်ဟု ဆိုလျှင် မှားမည်မဟုတ်ပေ။

မိစ္ဆာဂိုဏ်းမှ အခြားအကြီးအကဲများသည် တိုက်ရိုက်စော်ကားခံရမှသာ နိုင်ငံတစ်ခုကို ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။

ဂိုဏ်း၏ အကြီးအကဲတစ်ဦးအတွက် နိုင်ငံတစ်ခုကို ဖျက်ဆီးရန် လွယ်ကူသည်။

အာရန်သည် သာမန်နိုင်ငံတစ်ခုကို မဖျက်ဆီးခဲ့ပေ။

ယင်းအစား သူ၏ ဒေါသကို ငြိမ်သက်စေရန် တည်ရှိနေသော ဂိုဏ်းတိုင်းကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင် သူသည် တိုက်ရိုက်စော်ကားခံရခြင်းပင် မရှိခဲ့ပေ။

ဂိုဏ်း၏ သာမန်တပည့်တစ်ဦးလောက် တိုက်ခိုက်ခံရသောကြောင့် သူသည် ဂိုဏ်းတိုင်းကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

အကယ်၍ ထိုတပည့်သာ တစ်ခုခုဖြစ်သွားခဲ့ပါက မည်သည့်အရာများဖြစ်လာမည်ကို သူတို့တွေးပင်မတွေးရဲကြတော့ပေ။

သို့မဟုတ် တစ်ယောက်ယောက်က အကြီးအကဲရန်အား တိုက်ရိုက်စော်ကားရင် ဘာဖြစ်မလဲ။

အာရန်သည် မိစ္ဆာဂိုဏ်း၏ အသက်အငယ်ဆုံး အကြီးအကဲတစ်ဦးဖြစ်သည်။

သူသည် ဤတိုက်ကြီးတွင် လူသိမများခဲ့သည့်အပြင် အတော်များများသည် သူ၏ အမည်ကိုပင် မကြားဘူးခဲ့ကြပေ။

သို့သော် ယခုတစ်ကြိမ်တွင်မူ သူသည် နာမည်တစ်ခု ရရှိခဲ့ပြီဖြစ်လေသည်။

တိုက်တစ်ခုလုံးတွင် မည်သူမျှ သူ့ကို နာမည်ဖြင့် မခေါ်ဝံ့တော့ပေ။ လူတိုင်းက သူ့ကို သူ၏ အမည်သစ်... ‘နတ်ဆိုးအကြီးအကဲ’ ဟုသာ ခေါ်ကြသည်။

သူ့အကြောင်း ကောလာဟလများတွင် တဖြည်းဖြည်းပိုမို ချဲ့ကား ပြောဆိုလာကြသောကြောင့် သူ၏ထိုအမည်သည် ဤတိုက်ရှိ လူတိုင်း၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများကို ဖြစ်လာစေခဲ့သည်။

အချို့ကောလာဟလများတွင် အာရန်သည် သူသတ်ခဲ့သော လူများ၏ အသားကို စားခဲ့ကြောင်း၊ သို့မဟုတ် လူများကို သတ်သောအခါ အရူးကဲ့သို့ ရယ်မော၍ ထိုသူတို့၏ သွေးများထဲတွင် စိမ်၍ ရေချိုးခဲ့ကြောင်းပင် ဆိုလာကြသည်။

သူသတ်ခဲ့သောသူများ၏ ဝိညာဉ်များကို ကျွန်ပြုခဲ့ကြောင်းလည်း ကောလဟာလများ ထပ်မံထွက်ပေါ်လာသေးသည်။

သူ၏ ရက်စက်မှုများ အကြောင်း ပုံပြင်များသည် အရက်ဆိုင်များ၊ ဈေးများ၊ နေအိမ်များတွင်ပင် တိုးတိုးတိတ်တိတ် ပျံ့နှံ့သွားခဲ့လေသည်။

ပုံပြင်သစ်တစ်ခုစီသည် ယခင်ပုံပြင်တစ်ခုစီထက် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာပြီး

ကလေးများအတွက် အကြီးအကဲရန်ဟူသောအသံကြားရုံဖြင့်ပင် အငိုတိတ်သွားကြသည်အထိ အာရန်အား လုံးဝ ဘီလူးသရဲတစ်ကောင်နှင့် တူလာအောင် တဖြည်းဖြည်းချဲ့ကား၍ ဖန်တီးပြောဆိုလာကြသည်။

သူ၏ လုပ်ရပ်များကြောင့် လူများသည် မိစ္ဆာဂိုဏ်းမှ တပည့်များကို စော်ကားခြင်းပြုမိမည်ကိုစိုး၍ ပို၍ပင် သတိထားလာကြလေသည်။

မိစ္ဆာဂိုဏ်းသို့သူတို့၏မျိုးဆက်များ ဝင်ရောက်နိုင်ခဲ့သော မိသားစုဝင်များ၏ လွှမ်းမိုးမှုသည် ပို၍ပင် မြင့်တက်လာခဲ့လေသည်။

တပည့်တစ်ဦးကို စော်ကားခြင်းကို မဆိုထားနှင့်၊ အာရန်သည် ဒေါသဖြင့် သူတို့ကို သတ်ရန် မည်သည့်အချိန်တွင် ပေါ်လာမည်ကိုပင် မသေချာသောကြောင့် မိစ္ဆာဂိုဏ်းမှ ဝေးကွာသော နေရများရှိမိသားစုများကိုပင် မည်သူမျှ မစော်ကားရဲကြတော့ချေ။

ထို့ကြောင့်မိသားစုကြီးများသည် နောက်နှစ် ဂိုဏ်းရွေးချယ်ပွဲတွင် ပါဝင်ရန် ပြင်ဆင်နေသူများကို အကောင်းဆုံး ကြိုးစားရန်နှင့် အခွင့်အရေးရပါက အကြီးအကဲရန်အား သူတို့၏ ဆရာအဖြစ် ရွေးချယ်ရန် ထပ်ခါထပ်ခါ ပြောဆိုသတိပေးကြလေသည်။

လအနည်းငယ်အတွင်း အာရန်သည် မည်သူမျှမသိသော အညတရအကြီးအကဲတစ်ဦးအဖြစ်မှ ဤတိုက်၏ လူသိအများဆုံး ဘီလူးသရဲတစ်ကောင်အဖြစ်သို့ ပြောင်းလဲကျော်ကြား လာခဲ့လေသည်။

သူ့အကြောင်း ကောလာဟလများစွာဖြင့်နာမည်ကြီးနေပြီဖြစ်ကြောင်း မသိသော အာရန်သည် ကောင်းကင်သင်္ဘောပေါ်တွင်ပတ်ဝန်းကျင် ရှုခင်းမြင်ကွင်းများကို သက်တော့င်သက်သာရှိစွာ ခံစားရင်း မိစ္ဆာဂိုဏ်းသို့ ပြန်သွားလျက်ရှိလေသည်။

လမ်းတွင် သူသည် တစ်နှစ်ပတ်လုံး မြူခိုးများဖြင့် ဝန်းရံထားသော ဝေးကွာသည့် တောင်တန်းကြီးတစ်ခုကို သတိပြုမိခဲ့သည်။

သင်္ဘောသားများသည် ဤဒေသတွင် အလွန်သတိထားနေကြကာ ထိုတောင်တန်းဒေသနှင့် တတ်နိုင်သမျှ ဝေးဝေးနေရန် ကြိုးစားနေကြသည်။

“အဲဒါက ဆုံးရှုံးခြင်းတောင် ဖြစ်ရမယ် နှောင်ကြိုးဖြတ်ဓားကို ဟိုမိန်းကလေးက ယူသွားတာ တော်တော်ဆိုးတာပဲ အစက ဒီခရီးစဉ်မှာ ငါက ရဲ့လန်ကို တောင်ပေါ် ပို့ပြီး ဓားကို ငါ့ဆီ ယူလာခိုင်းဖို့ စီစဉ်နေတာ...”

အာရန်သည် ရဲ့လန်အား ရက်အနည်းငယ်ကြာ သူ၏ ကျွန်အဖြစ် ရွေးချယ်ရခြင်း၏ အကြောင်းရင်းတစ်ခုမှာ သူ့ကို ပြစ်ဒဏ်ပေးရန်ဖြစ်သော်လည်းနောက်ထပ် အရေးကြီးဆုံး အကြောင်းရင်းတစ်ခုမှာ အပြန်လမ်းတွင် နှောင်ကြိုးဖြတ်ဓားအားရယူရန် စီစဉ်ထားခဲ့ခြင်းကြောင့်လည်းဖြစ်လေသည်။

သူ၏ ကိုယ်ပိုင်ကျွန်တစ်ဦးအနေဖြင့် ရဲ့လန်သည် သူ့နောက်သို့ လိုက်ပါရမည်ဖြစ်သည်။

ထို့ကြောင့် သူသည် ရဲ့လန်နှင့်အတူ ဆုံးရှုံးခြင်းတောင်သို့ ဝင်ရန် စီစဉ်နေခဲ့ခြင်းဖြစ်သည်။

ထိုဓားကို ရယူပြီးနောက် ရဲ့လန်၏ ဇာတ်ညွှန်းအကာအကွယ်ကို အသုံးချ၍

ပြန်ထွက်ခွာရန် စီစဉ်ထားခဲ့ခြင်းဖြစ်လေသည်။

ကံမကောင်းစွာဖြင့် ထိုနှောင်ကြိုးဖြတ်ဓားသည် အခြားသူတစ်ဦးမှ ယူသွား ပြီးသားဖြစ်နေခဲ့သောကြောင့် သူ၏ အစီအစဉ်တစ်ခုလုံးသည် ယခုအချိန်တွင် အသုံးမဝင်တော့ပေ။

၎င်းသည် ရိုးရိုးရှင်းရှင်းနှင့်ပင် အခွင့်အရေးတစ်ခု ဆုံးရှုံးသွားရခြင်းသာ ဖြစ်သည်။

ဆုံးရှုံးသွားသော အခွင့်အရေးအကြောင်း သူတွေးတောနေစဉ် သူ၏ မျက်နှာတွင် စိတ်ပျက်မှုများ ထင်ရှားနေခဲ့လေသည်။

ဆီရာကို နှောင်ကြိုးဖြတ်ဓားအကြောင်းနှင့် ၎င်း၏ တည်နေရာအကြောင်း ပြောပြခဲ့သော ထိုနာမည်မသိရသေးသော ပါမောက္ခကို သူ မေ့မရနိုင်ပေ။

ထိုသူသည် ဆီရာကို အရာသုံးခုအကြောင်း ပြောပြခဲ့သည်။ ထိုအရာသုံးခုစလုံးသည် အာရန်လိုချင်သော အရာများဖြစ်လေသည်။

ပထမအရာမှာ အဆိပ်ဖြေဆေးနှင့် လဲလှယ်၍ ဆီရာထံမှ သူရယူခဲ့သော ရှေးဟောင်းအမွေအနှစ်ဖြစ်လေသည်။

စနစ်၏ ဆုလာဘ်နှင့် လဲလှယ်၍ သူ၏ ဒုတိယတပည့်ကို ပေးခဲ့ပြီးဖြစ်သည်။

ဒုတိယအရာမှာ သူကိုယ်တိုင်လိုချင်သော နှောင်ကြိုးဖြတ်ဓားဖြစ်လေသည်။

သူသည် ထိုအရာကို ရယူရန် ကြိုးပင်မကြိုးစားရသေးခင်မှာပင် ဆီရာက ယူဆောင်သွားနိုင်ခဲ့ပြီ ဖြစ်လေသည်။

တတိယအရာမှာ ဒြပ်စင်ခြယ်လှယ်ခြင်း အနုပညာ စာအုပ်ဖြစ်သည်။

ကံကောင်းစွာဖြင့် ထိုအရာမကိုမူ ဆီရာလက်ထဲသို့ မရောက်မီ သူသည် ဖြတ်ယူနိုင်ခဲ့လေသည်။

မူလ၀တ္ထုတွင်းရှိ အချိန်ကာလအတွင်း ၎င်းသည် အသူရာဂိုဏ်း၏ ဂိုဏ်းချုပ်က ဘဏ္ဍာတိုက်တွင် ထားရှိရန် အလားအလာအများဆုံးဖြစ်သည်ဟု သူသေချာနေသည်။

ဂိုဏ်းချုပ်၏ သားသည် ထိုအရာကို ယူသွားသည်အထိ ထိုနေရာတွင် ရှိနေရဦးမည်ဖြစ်ပြီး နောက်ဆုံးတွင် ရဲ့လန်၏ လက်ထဲသို့ ရောက်သွားမည်ဖြစ်သည်။

သို့သော် ယခုအချိန်စီးကြောင်းတွင်မူ တစ်ခုခု ကွဲပြားနေလေသည်။

ထိုနာမည်မသိသော ပါမောက္ခကြောင့် သူသာထိုစာအုပ်ကိုကြိုတင်ယူမထားခဲ့ပါက ဆီရာမှာ ကြိမ်းသေယူဆောင်သွားနိုင်ခဲ့မည်ဖြစ်လေသည်။

“သူမက အဲ့ဒီစာအုပ်ဟာ အသူရာဂိုဏ်းရဲ့ ဘဏ္ဍာတိုက်ထဲထို မရောက်ခဲ့တဲ့ အချိန်စီးကြောင်းကို မသိထားဘူးပဲ အဲဒါက ငါ့ရဲ့ သံသယတွေကို အတည်ပြုပေးလိုက်တာပဲ”

#Catfoot

All Chapters