← Chapters

မူရင်းအချိန်စီးကြောင်းအရ

Vol. 12 Ch. 152

မူရင်းအချိန်စီးကြောင်းအရ

Vol. 12 Ch. 152

အာရန်သည် တည်ငြိမ်စွာဖြင့် တွေးတောလိုက်သောအခါ ထိုအမည်မသိသော ပါမောက္ခနှင့် သူ၏ စွမ်းရည်များ မည်သို့ အလုပ်လုပ်သည်နှင့် ပတ်သက်၍ အရေးကြီးသော ကောက်ချက်အချို့ကို ချနိုင်ခဲ့လေသည်။

“ဟို နာမည်မသိတဲ့ ပါမောက္ခ... သူက အနာဂတ် ဒါမှမဟုတ် ရတနာတွေအကြောင်း ဘာပဲမြင်မြင် မူရင်းအချိန်စီးကြောင်းအတိုင်းပဲ သိနိုင်တာဖြစ်တယ်”

“သူက ငါ ဒါမှမဟုတ် အခြားကမ္ဘာကူးပြောင်းလာသူတွေကြောင့် ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေကို မြင်နိုင်တာ မဟုတ်ဘူးပဲ တကယ်လို့ မြင်နိုင်ခဲ့ရင် စာအုပ်က မိစ္ဆာဂိုဏ်းထဲမှာ ရှိနေမယ်လို့ သူမကို ပြောခဲ့လိမ့်မယ်”

“အဲဒါသာမှန်ရင် သူ့ရဲ့ ခြိမ်းခြောက်မှုအဆင့်က နည်းနည်း လျော့သွားနိုင်တယ်လို့ပြောလို့ရတယ် မူရင်းဝတ္ထုထဲမှာဆိုရင် ငါက အခုအချိန်မှာ သေနေလောက်ပြီ သူက အဲဒီအချိန်ကာလကိုပဲ မြင်နိုင်တာဆိုရင် ငါက သူ့ရဲ့ ခန့်မှန်းချက်တွေထဲမှာမပါတဲ့ မခန့်မှန်းနိုင်တဲ့ ဝှက်ဖဲတစ်ချပ်ဖြစ်နေလိမ့်မယ်”

သူသည် ထိုအကြောင်းအရာကို ပို၍ တွေးတောလေ ပို၍ စိတ်ဝင်စားလေ ဖြစ်လာသည်။

သို့သော် ၎င်းသည် ယခုအချိန်တွင် ယူဆချက်တစ်ခုသာဖြစ်ကြောင်း သူသည် နားလည်လေသည်။

ထိုသူ၏ စွမ်းရည်များ မည်သို့ အလုပ်လုပ်သည်ကို အတိအကျ မသိဘဲ ဘာကိုမှ အတည်မပြုနိုင်ပေ။

၎င်းသည် အလွန်အန္တရာယ်ကြီးသော ခြိမ်းခြောက်မှုတစ်ခုဖြစ်သော်လည်း ထူးဆန်းစွာပင် သူ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။

“တကယ်လို့ အဲဒါက သွေးမျိုးဆက်ကြောင့်ရတဲ့ စွမ်းရည်တစ်ခုသာဆိုရင် သူ့ကို သာ သတ်လိုက်နိုင်ရင် အဲ့ဒီအစွမ်းကို ငါခိုးယူလို့ ရနိုင်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား”

သူသည် ဝါးမြိုသူ ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားလေသည်။

၎င်းသည် ပင်ကိုစွမ်းရည်များစွာ မရှိပုံရ

သော်လည်း အခြားသူများ၏ သွေးမျိုးဆက်ကို ဝါးမြိုနိုင်သော ထူးခြားသည့် အားသာချက်ကို ပိုင်ဆိုင်ထားလေသည်။

သူ၏ သွေးမျိုးဆက်သည် အခြားသွေးမျိုးဆက်တိုင်းကို ဝါးမြိုပစ်နိုင်သော ဆာလောင်မွတ်သိပ်နေသော မြွေတစ်ကောင်နှင့် တူညီလေသည်။

ထိုအခြားသူများ၏ စွမ်းရည်များကို ခိုးယူနိုင်သရွေ့ သူသည် ၎င်းတို့ကို သူ၏ ကိုယ်ပိုင်အဖြစ် ပြုလုပ်နိုင်ပြီး ၎င်းအား စိတ်ကြိုက် အသုံးပြုနိုင်မည်ဖြစ်လေသည်။

“သူက မူရင်းအချိန်ကာလအတိုင်းပဲ မြင်နိုင်ရင်တောင် အဲဒါက အလွန်အသုံးဝင်နေဦးမှာဖြစ်တယ်”

သူသည် အရှေ့ဘက်တိုက်ကြီး၏ ဝတ္ထုဖြစ်သော “မိစ္ဆာဘုရင်အဖြစ် တက်လှမ်းခြင်း” ၀တ္ထုအား အပိုင်း (၂၀၀) အထိသာ ဖတ်ဖူးထားလေသည်။

ကျန်ဝတ္ထုသုံးပုဒ်နှင့် ပတ်သက်၍မူ သူသည် စာမျက်နှာတစ်ခုတစ်လေပင် မဖတ်ဘူးသေးပေ။

အကယ်၍ ထိုစွမ်းရည်သည် မူရင်းအချိန်ကာလကို အကန့်အသတ်ဖြင့် မြင်နိုင်စေပါက ၎င်းသည် သူ့အတွက် အလွန်အသုံးဝင်လိမ့်မည်ဖြစ်သည်။

“ဒါပေမယ့် အဲ့ဒီအစွမ်းဟာ သူ့ရဲ့ သွေးမျိုးဆက်ကြောင့် မဟုတ်ရင်ကော ဘယ်လိုလုပ်မလဲ”

အာရန်သည် အသံထွက်၍ ရည်ရွတ်လိုက်မိသည်။

လွန်ခဲ့သော မိနစ်အနည်းငယ်အတွင်း သူသည် ခံစားချက်အမျိုးမျိုးကို ဖြတ်သန်းနေခဲ့ရသည်။

“သူက သွေးမျိုးဆက်ကြောင့်ရတဲ့ စွမ်းရည်ကြောင့် သိနေတာမျိုးမဟုတ်ရင် ကော ဘယ်လိုလုပ်မလဲ သူက ငါ့လိုပဲ ၀တ္ထုကိုကြိုဖတ်ထားတဲ့သူဆိုရင်ကော ငါ့သိထားသလိုမျိုး အသိပညာတွေ ရှိနေတဲ့သူတစ်ယောက် ဖြစ်နေလိမ့်မယ်”

တောင်ဘက်ပိုင်းတိုက်ကြီး၏ ဝတ္ထုတွင် မည်သည့်အကြောင်းအရာများ ပါဝင်သည်ကို သူ မသိနိုင်ပေ။

“မိစ္ဆာဘုရင်အဖြစ် တက်လှမ်းခြင်း” ဝတ္ထု တွင် အခြားတိုက်များအကြောင်း အနည်းငယ်ဖော်ပြထားသကဲ့သို့ ဤရတနာများအကြောင်းသည် “SSS အဆင့် သူရဲကောင်းတစ်ဦး၏ ပြန်လည်မွေးဖွားခြင်း” ဝတ္ထုတွင်လည်း ဖော်ပြထားနိုင်သည့် ဖြစ်နိုင်ချေများရှိနေလေသည်။

“အဲဒါက တကယ့်ကို စိတ်ပျက်စရာကောင်းတဲ့ အကျိုးဆက်တစ်ခု ဖြစ်နေလိမ့်မယ် ဒါပေမယ့် အဲဒါဆိုရင်တော့ သူဟာ ငါ့လို ကူးပြောင်းလာသူတစ်ယောက် ဖြစ်တယ်လို့လည်း ဖော်ပြရာရောက်နေလိမ့်မယ်”

အာရန်က ပင်ပန်းစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။

“ဘာလို့ အရာတွေက ဒီလောက် ရှုပ်ထွေးနေရတာလဲ”

အာရန်သည် သူ၏ ပခုံးပေါ်မှာ ထိုင်နေတဲ့ ဆီလက်စ်၏ ခေါင်းအား ညင်သာစွာ ပုတ်ပေးလိုက်သည်။

....

သင်္ဘောသည် အရှေ့ဘက်တိုက်ကြီးတစ်ခုလုံးကို ဖြတ်သန်း၍ ရှည်လျားသော ခရီးကို ဆက်လက်ထွက်ခွာနေစဉ် နေ့တစ်ဝက်ခန့် ကြာသွားခဲ့လေသည်။

သူတို့သည် နောက်တစ်နေ့နံနက်စောစောတွင် မိစ္ဆာဂိုဏ်းအနီးသို့ ပြန်လည် ရောက်ရှိလာခဲ့လေသည်။

နံနက်ခင်းနေရောင်ခြည်အောက်တွင် မိစ္ဆာဂိုဏ်း၏ တောင်တန်းများသည် ပို၍ပင် ခမ်းနားထည်ဝါလျက် ရှိနေလေသည်။

ဂိုဏ်းအုပ်ဘုန်တော်ကြီး နာသန်နီယယ်သည် ထိုတောင်တန်းကို ငေးမောကြည့်ရှုနေသော်လည်း မိစ္ဆာဂိုဏ်း၏တည်ရှိမှုကိုတော့ မမြင်နိုင်သေးပေ။

ထိုသို့ မမြင်နိုင်သော်လည်း တောင်တန်းတစ်ခုလုံးကို ဝန်းရံလျက်ရှိသည့် အလွန်အားကောင်းစွာ ဖုံးကွယ်ထားသော အကာအကွယ်လွှာတစ်ခု ရှိနေသည်ကို တော့ သူခံစားမိလေသည်။

ထိုအတားအဆီးကြောင့်ပင် မိစ္ဆာဂိုဏ်းကို ယခုထိ မမြင်နိုင်သေးကြောင်း သိလိုက်သည်။

မိစ္ဆာဂိုဏ်းအနီးသို့ ရောက်သွားသောအခါ လူတိုင်းသည် စိတ်လှုပ်ရှားစွာနှင့် ကုန်းပတ်ပေါ်တွင် စုရုံးလိုက်ကြသည်။

အပြင်စည်းတပည့်များသည် အတွင်းစည်းဂိုဏ်းအတွင်းသို့ အဆင့် တိုးမြှင့်ခံရမည့်အချိန်ကို စောင့်မျှော်နေကြလေသည်။

တစ်ချိန်တည်းမှာပင် သူတို့သည် စိတ်လှုပ်ရှားနေကြပြီး ရွေးချယ်ခံရမည်လား မရွေးချယ်ခံရမည်လားဟူ၍လည်း စိုးရိမ်နေကြလေသည်။

ဤခရီးစဉ်အတွင်း သူတို့သည် အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်ခဲ့ကြလေသည်။

သူတို့သည် အစွမ်းကုန် ပေးဆပ်ခဲ့ကြသော်လည်း အကြီးအကဲရန်၏ စံနှုန်းနှင့် ကိုက်ညီမှုရှိမရှိကို မသေခြာနေခဲ့ပေ။

တစ်ဖက်တွင်မူ ရဲ့လန်သည် သက်ပြင်းချကာ စောင့်ကြည့်နေခဲ့လေသည်။

သူသည် ဂိုဏ်းသို့ ပြန်ရောက်သည်နှင့် အကြီးအကဲရန်၏ ချုပ်ကိုင်မှုလက်မှ လွတ်မြောက်တော့မည်ဖြစ်လေသည်။

ရက်အနည်းငယ်သာ ကြာသော ဤခရီးစဉ်တွင်း သူ မည်သို့ ရင်ဆိုင်ခဲ့ရသည်ကို သူတစ်ယောက်တည်းသာ အသိဆုံးဖြစ်လေသည်။

အထူးသဖြင့် သူ၏ ရယ်မောခြင်း ပြစ်ဒဏ်အားဖြစ်လေသည်။

ဤသင်္ဘောပေါ်ရှိ လူအများအပြားသည် သူ့ကို အရူးတစ်ယောက်ဟု စတင်သတ်မှတ်စပြုနေပြီဖြစ်လေသည်။

အကြောင်းမှာ သူသည် နေ့စဉ် မည်သည့်အကြောင်းပြချက်မှမရှိဘဲ အချိန်မရွေး ရုတ်တရက် ထထရယ်နေတတ်သောကြောင့် ဖြစ်လေသည်။

အာရန်နှင့် နာသန်နီယယ်တို့ အဆိပ်ခတ်ခံရသောအချိန်က သူ မရယ်မောမိခဲ့ခြင်းအတွက် သူ၏ ကံကောင်းမှုကိုပင် ကျေးဇူးတင်နေရသည်။

ထိုအချိန်တွင် သူ၏ ရယ်မောခြင်းပြစ်ဒဏ်သာသက်ရောက်ခဲ့လျှင် အကျိုးဆက်ကိုပင် သူပင် မတွေးဝံ့ပေ။

ကံကောင်းစွာဖြင့် သူသည်မည်သူမျှမရှိသည့် ဝိုင်ထဲတွင် အဆိပ်ရောနေသောအချိန်တုံးကသာ သူ၏ ပြစ်ဒဏ်သက်ရောက်ခြင်းခံခဲ့ရလေသည်။

အာရန်သည်လည်း ဂိုဏ်းသို့ ပြန်ရောက်သောကြောင့် စိတ်သက်သာရာရခဲ့သည်။

ယခု သူသည် ဂိုဏ်းချုပ်ဖန်းယု၏ ပေးအပ်ထားသော အလုပ်တာဝန်ကို ပြီးစီးခဲ့ပြီးဖြစ်သောကြောင့် သူ၏ ကိုယ်ပိုင်အလုပ်များတွင် အာရုံစိုက်နိုင်ပြီဖြစ်သည်။

သူ၏ ဖီးနစ်ကို ပြန်တွေ့ရန်လည်း မျှော်လင့်နေလေသည်။

ဇီယာနှင့် သူ၏ဖီးနစ်ကို ထားခဲ့ရသည်မှာ ရက်အနည်းငယ် ကြာပြီဖြစ်လေသည်။

ယခုအချိန်တွင် သူမသည် လုံးဝကောင်းမွန်နေသင့်ပြီဖြစ်သည်။

သူမကို ဆေးဝါးကုသဆောင်တွင် မိဘမဲ့ကလေးတစ်ဦးကဲ့သို့ နေထိုင်စေမည့်အစား သူနှင့်အတူပြန်ခေါ်သွားချင်နေပြီဖြစ်သည်။

ကောင်းကင်စစ်သင်္ဘောသည် မိစ္ဆာဂိုဏ်း၏ အကာအကွယ်လွှာကို ဖောက်ထွင်းဝင်ရောက်ကာ ဂိုဏ်းထဲသို့ ဝင်ရောက်သွားလေသည်။

ယခုမှသာ ကျယ်ပြောသော တောင်တန်းတစ်လျှောက် ပျံ့နှံ့တည်ရှိနေသော အလွန်လှပသည့် ဂိုဏ်းကြီးတစ်ခုအား မျက်ဝါးထင်ထင် မြင်တွေ့လိုက်ကြရလေသည်။

ဂိုဏ်းအုပ်ဘုန်တော်ကြီး နာသန်နီယယ်သည် ဤနေရာအကြောင်း များစွာ ကြားဖူးထားသည်။

သို့သော် ဤသည်မှာ အခြားအရှင်သခင်တစ်ဦး၏ နယ်မြေကို သူတကယ်မြင်ဖူးသော ပထမဆုံးအကြိမ်ဖြစ်၏။

သူသည် ၎င်းကို ဝန်ခံလိုစိတ်မရှိသော်လည်း ဤနေရာသည် တကယ်ကို လှပလွန်းနေကြောင်းကိုတော့ မသိစိတ်ကအလိုလိုလက်ခံနေမိသည်။

“ဘယ်လိုလဲ ကျုပ်တို့ ဂိုဏ်းက တကယ် ခမ်းနားတယ်မဟုတ်လား” ဂိုဏ်းအုပ်ဘုန်တော်ကြီး၏ အမူအရာများကို စောင့်ကြည့်နေသော အာရန်က မေးလိုက်သည်။

“တကယ်ကို ခမ်းနားပါတယ် သန့်စင်အင်ပါယာထက် နည်းနည်းလေးလောက်ပဲ လျော့တယ်ပြောရတယ် အဲဒါကလည်း အတော်လေးကောင်းတဲ့ အရာတစ်ခုလို့ သတ်မှတ်ရမှာပဲ”

ဂိုဏ်းအုပ်ဘုန်တော်ကြီး နာသန်နီယယ်က ပြန်ဖြေလိုက်သည်။

“အလုံးစုံခြုံပြောရရင် မဆိုးပါဘူး”

……………

ကောင်းကင်သင်္ဘောကြီးသည် မကြာမီ တာဝန်ခန်းမဆီသို့ ပြန်လည်ရောက်ရှိကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်လေသည်။

အာရန်သည် နာသန်နီယယ်နှင့်အတူ ထွက်လာခဲ့ပြီး အပြင်စည်းတပည့်များမှာ သူ၏ နောက်မှ လိုက်လာကြသည်။

“ပြန်လာတာ ကြိုဆိုပါတယ် နတ်ဆိုးအကြီးအကဲခင်ဗျာ” တာဝန်ခန်းမသခင်က အာရန်အား စနောက်သည့် အပြုံးတစ်ခုနှင့် ကြိုဆိုလိုက်သည်။

“နတ်ဆိုးအကြီးအကဲ ဟုတ်လား ခင်ဗျား ဘာတွေပြောနေတာလဲ” တာဝန်ခန်းမသခင် ဘာပြောနေမှန်း အာရန်တကယ်နားမလည်ခဲ့ချေ။

တာဝန်ခန်းမသခင်ကလည်း ထိုအရာကို မရှင်းပြခဲ့ချေ။ ယင်းအစား အပြင်စည်း တပည့်များဖြင့်သာ ယခုတာဝန်ကို အောင်မြင်စွာ ပြီးမြောက်ခြင်းအတွက် အာရန်အား ဂုဏ်ပြုစကားဆိုခဲ့သည်။

ထို့နောက်မှသာ သူသည် ဂိုဏ်းအုပ်ဘုန်တော်ကြီး ကို လှည့်ကြည့်လိုက်မိသည်။

ထိုသူ၏ ဝတ်ရုံကို ကြည့်ခြင်းဖြင့် သူသည် ဘယ်ကလာသည်ကို ခန့်မှန်းရန် ခက်ခဲသည်မဟုတ်ပေ။

“မင်း ဧည့်သည်တစ်ယောက်နဲ့အတူ ပြန်လာမယ်လို့ တကယ်မထင်ထားခဲ့ဘူး...”။

#Catfoot

All Chapters