သူတစ်ယောက်ပဲ
Vol. 12 Ch. 153
တာဝန်ခန်းမသခင်သည် ဤဂိုဏ်းတွင် အချိန်အတော်ကြာကတည်းက ရှိနေခဲ့ခြင်းဖြစ်သော်လည်း သန့်စင်ဘုရားကျောင်းမှ တစ်စုံတစ်ယောက် ဤနေရာသို့ ရောက်လာသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ဘူးခြင်းဖြစ်လေသည်။
“သူက သန့်စင်ဘုရားကျောင်းရဲ့ ဂိုဏ်းအုပ်ဘုန်တော်ကြီးနာသန်နီယယ်ပါ”
အာရန်သည် သူ၏ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ဂိုဏ်းအုပ်ဘုန်တော်ကြီးနှင့် မည်သို့ တွေ့ဆုံခဲ့ကြောင်းနှင့် ဂိုဏ်းသို့ ခေါ်ဆောင်လာရန် ဆုံးဖြတ်ခဲ့ရသည့် အကြောင်းရင်းကို ရှင်းပြလိုက်သည်။
၎င်းသည် အရှင်သခင်နှစ်ပါးကြားကိစ္စဖြစ်သောကြောင့် သူ့တွင် ရွေးချယ်စရာ များများစားစား မရှိခဲ့ပေ။
“ကျုပ်သိပြီ သန့်စင်ပရောဟိတ်မက ဂိုဏ်းချုပ်ဆီ စာတစ်စောင် ပို့လိုက်တာပေ့ါ အဲ့ဒါက အရေးကြီးတဲ့ သတင်းစကားတစ်ခု ဖြစ်ရမယ်”
ခန်းမသခင်မှာ အံ့အားသင့်သွားသော်လည်း အာရန်ကို ယုံကြည်လိုက်လေသည်။
ထိုကဲ့သို့သော အရာမျိုးကို လိမ်ညာရန် မဖြစ်နိုင်ပေ။ အထူးသဖြင့် သက်သေများစွာ ရှိသောကြောင့်ဖြစ်သည်။
“အဲဒီလိုဆိုရင် အကြီးအကဲကိုယ်တိုင်ပဲ ဧည့်သည်ကို ဂိုဏ်းချုပ်ဆီ ခေါ်သွားပေးလိုက်ပါ ဒီကအရာတွေ ကို ဒီကအဘိုးကြီးကပဲ ကြည့်ပြီးကိုင်တွယ်လိုက်ပ့ါမယ်”
အာရန်သည် ထိုခန်းမသခင်အဘိုးကြီးမှ နာသန်နီယယ်အား ဂိုဏ်းချုပ်ဆီသို့ ကိုယ်တိုင် ခေါ်သွားလိမ့်မည်ဟု ထင်ခဲ့သော်လည်း အံ့အားသင့်စွာဖြင့် ဤတာဝန်ကိုလည်း သူ့ကို လွှဲအပ်ပေးခဲ့သည်။
“ဒါဆိုလဲ ကျုပ်သူ့ကို ခေါ်သွားပေးလိုက်ပါ့မယ်” စာ၏ အကြောင်းအရာကို အနည်းငယ် စိတ်ဝင်စားနေသောကြောင့် အာရန်သည်သဘောတူခဲ့သည်။
သူသည် ဂိုဏ်းအုပ်ဘုန်တော်ကြီး နာသန်နီယယ်ကို သူ၏ နောက် လိုက်လာရန် ပြော၍ ထွက်ခွာရန်ပြင်လိုက်စဉ် သူနှင့်အတူ တာဝန်ထမ်းဆောင်ခဲ့ကြသော အပြင်စည်းတပည့်များကို သတိပြုမိလိုက်သည်။
“မေ့ထားလို့ဘယ်ဖြစ်မလဲ သူတို့ဆယ်ယောက်စလုံး တာဝန်ချိန်အတွင်းမှာ အတော်လေး ကောင်းကောင်း လုပ်ဆောင်ခဲ့ကြတယ် သူတို့အတွက် အတွင်းစည်းတပည့်နေရာတစ်ခုစီ စီစဉ်ပေးနိုင်မလား”
အာရန်သည် တာဝန်များအားလုံးအတွက် ဆုလာဘ်များကို ကိုင်တွယ်ချမှတ်ပေးသော တာဝန်ခန်းမသခင်ကို မေးလိုက်သည်။
“အတွင်းစည်းတပည့်နေရာလား ဒါပေမယ့် သူတို့က အပြင်စည်းဂိုဏ်းမှာတောင် အားအနည်းဆုံးတွေလေ”
တာဝန်ခန်းမသခင်သည် ဤတောင်းဆိုချက်ကို သဘောတူရန် ခက်ခဲနေသည်ဟု ယူဆမိ၏။
“သူတို့တစ်ယောက်စီကို ဆုလာဘ်အဖြစ် ရမှတ်တစ်ထောင်စီ ပေးလိုက်ရင်ကော ဘယ်လိုလဲ”
အာရန်သည် မျက်မှောင်ကြုတ်လိုက်မိ၏။
သူသည် တာဝန်ခန်းမသခင်ဆီသို့ ချဉ်းကပ်ကာ ထိုအဘိုးကြီးသူ၏ နားရွက်နားသို့ကပ်၍ တိုးတိုးလေးပြောလိုက်သည်။
“ကျုပ်က သူတို့ကိုဒီတာဝန်ပြီးမြောက်ခဲ့ရင် အတွင်းစည်းတပည့်ဖြစ်စေရမည်လို့ ကတိပေးထားတယ် ကျုပ်ကတိကို ချိုးဖောက်ပစ်ဖို့ ခင်ဗျားပြောနေတယ်တာမဟုတ်ဘူးလို့ ယူဆချင်ပါတယ်” ဟု ခန်းမသခင်အား ပြောလိုက်သည်။
မိစ္ဆာဂိုဏ်းတွင် ခန်းမသခင်အားလုံးသည် တူညီသော ရာထူးများ မရရှိကြပေ။
အဂ္ဂိရတ်ဆောင်ခန်းမသခင်သည် မဟာအကြီးအကဲဖြစ်သော်လည်း ဘဏ္ဍာတိုက်ခန်းမမသခင်သည် သာမန်အကြီးအကဲတစ်ဦးသာ ဖြစ်လေသည်။
ထို့အတူ တာဝန်ခန်းမသခင်သည်လည်း သာမန်အကြီးအကဲတစ်ဦးသာ ဖြစ်လေသည်။
သူသည် ခန်မသခင်များထဲတွင် အသက်အကြီးဆုံးတစ်ဦးဖြစ်သော်လည်း သူ၏ ရာထူးသည် အကြီးအကဲများကြားတွင်ပင် အနိမ့်ဆုံးဖြစ်လေသည်။
အာရန်သည် ဇီယာကို ထိုနည်းတူ ဖိအားမပေးနိုင်သော်လည်း တာဝန်ခန်းမသခင်ကိုမူ အနည်းငယ် ဖိအားပေးနိုင်သည်မှာ သေချာနေသည်။
အထူးသဖြင့် သူတောင်းဆိုသောအရာသည် အရမ်း ကြီးမားသောအရာ တစ်ခု မဟုတ်သောကြောင့်လည်း ဖြစ်လေသည်။
တာဝန်ခန်းမသခင်သည် စိုးရိမ်တကြီးဖြင့် တံတွေးမြိုချလိုက်သည်။
အခြားအကြီးအကဲတစ်ဦးဆိုလျှင် သူသည် ခိုင်မာစွာငြင်းပယ်နိုင်သော်လည်း အာရန်သည် အခြားအကြီးအကဲတစ်ဦး မဟုတ်ပေ။
အာရန်သည် ဂိုဏ်းချုပ်ကိုယ်တိုင် ဤဂိုဏ်းသို့ ခေါ်ဆောင်လာသူဖြစ်သည်။
သူမသည် ဤတာဝန်ကို အခြားအကြီးအကဲတစ်ဦးကို မပေးဘဲ သူ့ကိုသာ တာဝန်ပေးအပ်ခဲ့သည်။
အာရန်သည် ဂိုဏ်းချုပ်နှင့် နီးစပ်သည်ဟူသော ကောလာဟလများစွာလည်း ရှိနေပြီးဖြစ်သည်။
ထိုကောလာဟလများ တင်မကပဲ အာရန်သည် သူသတ်ခဲ့သောသူများ၏ သွေးကို သောက်ပြီး အသားကို စားသည်ဟူသော ကောလာဟလများလည်းထပ်မံ ရှိနေသေးသည်။
၎င်းဂုဏ်ပုဒ်များသည် တာဝန်ခန်းမမှူးကို ခြိမ်းခြောက်ရန် လုံလောက်လေသည်။
“ကျုပ်…ကျုပ် အဆင်ပြေအောင်ကြည့် လုပ်ပေးလိုက်ပါ့မယ်”
“ပိုကောင်းသွားတာပေါ့”
အာရန်သည် အဘိုးကြီး၏ ပခုံးကို ပုတ်ရင်း ပြုံးပြလိုက်သည်။
တစ်ခါတလေ သူသည် အခြားသူများကို ကြောက်ရွံ့စေသော ဂုဏ်သတင်းကို ရရှိထားသည်ကို တကယ်ပင် နှစ်သက်မိသည်။
၎င်းသည် အချို့အရာများကို ကိုင်တွယ်ရန် ပိုမိုလွယ်ကူစေလေသည်။
သူသည် တပည့်ဆယ်ယောက်ကို ပြန်လှည့်ကြည့်သော်လည်း သူတို့အား စကားတစ်ခွန်းမျှ ထပ်မံမပြောတော့ပေ။
သူသည် နာသန်နီယယ်နှင့်အတူ ဂိုဏ်း၏ အဓိကအတွင်းပိုင်း နေရာသို့ ရိုးရှင်းစွာ ပျံသန်းထွက်ခွာသွားခဲ့သည်။
တပည့်များသည် အာရန်ထွက်သွားသည်ကို ကြည့်နေခဲ့ကြသည်။
အချို့မှာ ယခုအချိန်တွင် အတွင်းစည်းတပည့်များဖြစ်လာတော့မည် ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေကြသော်လည်း အများစုမှာ စိတ်ပျက်နေကြဆဲဖြစ်သည်။
သူတို့ထဲမှ တစ်ဦးတစ်ယောက်ကိုမျှ အကြီးအကဲရန်က သူ့တပည့်အဖြစ် ရွေးချယ်ခြင်း မခံခဲ့ရပေ။
“မင်းတို့က အရမ်းကံကောင်းတယ် မင်းတို့မှာ အကြီးအကဲရန်ရဲ့ ထောက်ခံပေးချက်ရှိနေတယ် အဲဒီထောက်ခံချက်တစ်ခုတည်းနဲ့ အတွင်းစည်းဂိုဏ်းထဲမှာ ကြံတွေ့ရမဲ့ဒုက္ခတွေဆီကနေ မင်းတို့ကို အတော်လေး ကာကွယ်ပေးနိုင်လိမ့်မယ်”
အဝေးမှာ အာရန် ပျောက်ကွယ်သွားတာကို ကြည့်ရင်း အဘိုးကြီးက သက်ပြင်းချရင်းပြောလိုက်သည်။
အတွင်းစည်းဂိုဏ်းသည် အပြင်စည်းဂိုဏ်းထက် ပို၍ ရှုပ်ထွေးလေသည်။
ဤနေရာရှိ တပည့်များအတွက်မူ စည်းမျဉ်းစည်းကမ်းများသည် မရှိသလောက်ပင်ဖြစ်သည်။
သူတို့သည် ဖြစ်လာမည့်အကျိုးဆက်များကို ရင်ဆိုင်နိုင်သရွေ့ အခြားတပည့်များကို လုယက်ခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းပင် ခွင့်ပြုထားလေသည်။
အထူးသဖြင့် သူတို့၏ အရင်းအမြစ်များကို မကြာခဏ လုယက်ခံရသော အတွင်းစည်းတပည့်သစ်များအတွက် ပိုဆိုးလေသည်။
အကြီးအကဲရန်သည် ဤတပည့်များကို ကိုယ်တိုင် မခေါ်ယူခဲ့သော်လည်း သူက ၎င်းတို့ကို ထောက်ခံမှုပြုပေးခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။
ခန်းမသခင်ဖြစ်သူ ထိုအဘိုးကြီးသည် မကြာမီ ထိုသတင်းသည် အတွင်းစည်းဂိုဏ်းတစ်လျှောက် ပျံ့နှံ့သွားလိမ့်မည်ဟု သိနေလေသည်။
နတ်ဆိုးအကြီးအကဲက ထောက်ခံပေးထားသောသူများကို လုယက်ရန် ကြိုးစားသောသူသည် လူမိုက်သာ ဖြစ်ပေလိမ့်မည်။
“ငါနဲ့ လိုက်ခဲ့ကြ”
သူသည် လူငယ်များကို တာဝန်ခန်းမအတွင်းသို့ လိုက်ပါရန် ပြောကာ လုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်စေခဲ့သည်။
ရဲ့လန်သည်သာ တာဝန်ခန်းမအပြင်ဘက်တွင် တစ်ဦးတည်း ကျန်ရစ်ခဲ့သည်။
သူသည် ထိုနေရာမှလှည့်ထွက်သွားလိုက်သောအခါ သူ၏ မျက်လုံးများမှ အပြစ်ကင်းစင်သော အမူအရာများ ပျောက်ကွယ်သွားခဲ့သည်။
[သင့်ကို တာဝန်အသစ်တစ်ခု ပေးအပ်လိုက်ပြီ]
သူထွက်သွားရန်ပြင်လိုက်စဉ်မှာပင် စနစ်၏ မျက်နှာပြင်တစ်ခု သူ့ရှေ့တွင် ပေါ်လာလေသည်။
....
အာရန်သည် အကာအကွယ်လွှာတစ်ခုဖြင့် ကာကွယ်ထားသော မိစ္ဆာဂိုဏ်း၏ ဗဟိုဧရိယာအတွင်းပိုင်းသို့ ရောက်ရှိလာခဲ့သည်။
သို့သော် ဝင်ရောက်လာသူများသည် ဂိုဏ်းသားအချင်းချင်းဖြစ်နေသရွေ့ မည်သူ့ကိုမဆို ဤအတားအဆီးသည် ဗဟိုဧရိယာဒေသသို့ ဝင်ရောက်ခြင်းအား မတားဆီးခဲ့ပေ။
ယင်းအစား ၎င်းတို့၏ ရောက်ရှိလာမှုကိုသာ အစောင့်များအား သတိပေးလေသည်။
အာရန်သည် အကာအကွယ်အလွှာအနီးသို့ ရောက်သည်နှင့် တစ်ပြိုင်နက် အစောင့်များ ရောက်ရှိလာပြီး သူ၏ လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်သည်။
ကံကောင်းစွာဖြင့် ဤတစ်ကြိမ်တွင် သူသည် ခိုးဝင်လာခြင်း မဟုတ်ပေ။
သူ့တွင် သင့်လျော်သော အကြောင်းပြချက်ရှိနေလေသည်။
အာရန်က လာရင်းအကြောင်းအရင်းကို ရှင်းပြပြီးနောက် အစောင့်များက သူ့ကို ဖြတ်သန်းခွင့်ပေးခဲ့သော်လည်း သန့်စင်ဘုရားကျောင်းမှ ထို ဂိုဏ်းအုပ်ဘုန်တော်ကြီးနှင့် အတူသီးသန့် သွားခွင့်မပေးခဲ့ပေ။
အစောင့်များ၏ ခေါင်းဆောင်ဖြစ်သူသည် အာရန်နှင့်အတူ လိုက်ပါလာသည့်အပြင် ဂိုဏ်းအုပ်ဘုန်တော်ကြီးနာသန်နီယယ်ကို စောင့်ကြည့်နေသော အခြားအစောင့်အနည်းငယ်လည်း ပါဝင်လေသည်။
မကြာမီ အာရန်သည် ဗဟိုဧရိယာဒေသ၏ အတွင်းပိုင်းသို့ ရောက်ရှိခဲ့ပြီး နန်းတော်နှင့်တူသော အဆောက်အအုံတစ်ခုကို သတိပြုမိခဲ့သည်။
သူသည် ယခင်က ထိုနေရာကို ဖန်းယု နေထိုင်သည့်နေရာဟု အမြဲထင်ခဲ့သော်လည်း ရှုယင်ကို ရှာဖွေရန် ဤနေရာသို့ နောက်ဆုံးဝင်ရောက်ခဲ့သောအခါတွင်မှ ထိုသို့မဟုတ်ကြောင်း သူသဘောပေါက်ခဲ့သည်။
“ဂိုဏ်းချုပ်က အထဲမှာရှိနေပါတယ် ကျွန်တော်ဝင်သွားပြီး သူ့ကို အသိပေးလိုက်ပါ့မယ် အပြင်မှာ ခဏလောက်စောင့်နေပေးကြပါနော်”
အစောင့်များ၏ ခေါင်းဆောင်သည် ထိုနန်းဆောင်ထဲသို့ မဝင်မီ အာရန်နှင့် ဂိုဏ်းအုပ်ဘုန်တော်ကြီးအား ပြောလိုက်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ထိုအစောင့်ခေါင်းဆောင်သည် ပြန်ထွက်လာခဲ့သည်။
“ဝင်လို့ရပြီ”
အာရန်နှင့် နာသန်နီယယ်တို့သည် ဝင်ပေါက်အနီးသို့ ချဉ်းကပ်လာသော်လည်း အစောင့်က အာရန်ကို တားဆီးလိုက်သည်။
“အကြီးအကဲရန်ခဗျာ ဂိုဏ်းချုပ်က သူ့ကိုပဲ အခု ဝင်ခွင့်ပြုထားပါတယ် ဒါကြောင့် ကျေးဇူးပြုပြီး ခဏလောက်အပြင်ကနေပဲ စောင့်နေပေးပါ”
#Catfoot