အဲ့ဒါငါပဲ
Vol. 12 Ch. 154
အာရန်သည် ယခုလိုက်ပို့နေစဉ်တွင် ဂိုဏ်းအုပ်ဘုန်တော်ကြီးနာသန်နီယယ်နှင့် အတူရှိနေပါက စာ၏ အကြောင်းအရာများကို သိနိုင်မည်ဟု ထင်ထားခဲ့သည်။
ဤသည်မှာ သူ၏ ပထမဦးဆုံး ဤနေရာသို့ လိုက်လာမိခြင်း၏ အကြောင်းရင်းတစ်ခုလည်းဖြစ်လေသည်။
နာသန်နီယယ်နှင့်အတူ လိုက်ပါခွင့်ပင် ရလိမ့်မည်မဟုတ်မှန်း သူ မမျှော်လင့်ထားခဲ့ပေ။
အာရန်သည် အတင်းအကျပ် ဝင်ရောက်နိုင်စွမ်း မရှိသောကြောင့် ဘေးသို့ ဖယ်ပေးကာ ဂိုဏ်းအုပ်ဘုန်တော်ကြီးနာသန်နီယယ်ကိုသာ ဝင်ခွင့်ပေးခဲ့ရသည်။
သို့သော် သူသည် လက်လျှော့လိုက်ခြင်း မရှိသေးပေ။
အာရန်သည် ဆီလက်စ်ကလေး၏ ခေါင်းကို ပုတ်ကာ သူမကို အချက်ပြလိုက်သည်။
ဆီလက်စ်သည် အာရန်ဘာလိုချင်သည်ကို နားလည်နေသည့်အလာ နာသန်နီယယ်နှင့်အတူ ဂိုဏ်းချုပ်၏ နန်းဆောင်အတွင်းသို့ ပျံသန်းဝင်ရောက်သွားလေသည်။
သူတို့သည် ထိုစာတွင်ပါသော အကြောင်းအရာများကို သူ့အား မသိစေချင်သော်လည်း ဘာအရေးနည်း သူ့တွင် အဖြေရရန် အခြားနည်းလမ်းများ ရှိနေသည်။
အာရန်သည် နာသန်နီယယ်နှင့်ဂိုဏ်းချုပ်၏ တွေ့ဆုံခြင်းပြီးဆုံးပြီး ဆီလက်စ်ကလေး၏ ပြန်အလာကို နန်းဆောင်အပြင်ဘက်တွင် တိတ်တဆိတ် စောင့်ဆိုင်းနေလေသည်။
သူနှင့် မနီးမဝေးတွင် အစောင့်ခေါင်းဆောင်သည်လည်း အတူစောင့်ဆိုင်းလျက်ရှိနေသည်။
တိတ်ဆိတ်မှုသည် အချိန်အတော်ကြာသည်အထိ ကြာမြင့်ခဲ့ပြီးနောက် အစောင့်ခေါင်းဆောင်သည် ထိုတိတ်ဆိတ်မှုအား စတင်ချိုးဖျက်လိုက်သည်။
“အကြီးအကဲရန်ခင်ဗျာ ကျွန်တော် မေးစရာတစ်ခု ရှိလို့ပါ”
“မေးပါဗျာ”
အစောင့်ခေါင်းဆောင်က ဘာမေးမည်ကို အာရန် မသေချာပေ။
ဤလူသည် ရိုးရှင်းပုံရသော်လည်း အမှန်တကယ်မူ ထိုသို့မဟုတ်ချေ။
သူသည် မဟာအကြီးအကဲတစ်ဦးနှင့်ပင် တူညီသော ခွန်အားမျိုးရှိသည်ဟု ဆိုကြသည်။
ထို့ကြောင့် သူသည် အစကတည်းက အဘယ့်ကြောင့် အစောင့်အဖြစ်သာ ဆက်လက် အလုပ်လုပ်နေသည်ကို မည်သူမျှ နားမလည်နိုင်ကြပေ။
“လွန်ခဲ့တဲ့ လတုန်းက အကြီးအကဲ ရဲ့ ဖီးနစ်က ဗဟိုဒေသထဲကို ဝင်ရောက်လာခဲ့ဘူးပါတယ်”
“ဟုတ်လား”
အာရန်က ထိုအကြောင်းကို ပထမဆုံး ကြားဖူးသကဲ့သို့ အံ့အားသင့်ဟန်ဆောင်လိုက်သည်။
အစောင့်ခေါင်းဆောင်သည် မျက်လုံးများ တစ်ချက် ကျဉ်းမြောင်းသွားသည်။
“အဲဒီနေ့က ခြေရာအချို့ကိုလည်း တွေ့ခဲ့ပါတယ် ဒါ့ကြောင့် အကြီးအကဲများ အဲဒီအကြောင်း သိထားတာမျိုးရှိနေမလားလို့”
“ခြေရာဟုတ်လား မင်း ဘာတွေပြောနေမှန်း ငါနားမလည်ဘူး ငါ့ငှက်လေးက ငယ်သေးတော့ ငါအိပ်နေတဲ့အချိန်တိုင်း နေရာစုံ လျောက်ပျံသန်းရတာကို ကြိုက်တယ် ဒါပေမယ့် ဘယ်နေရာမှာမှ ခြေရာချန်ထားမယ်လို့တော့ မထင်မိပါဘူး”
“အဲဒါ လူ့ခြေရာတွေပဲ”
အစောင့်ခေါင်းဆောင်က ထပ်ပြောလိုက်သည်။
[ရွေးချယ်မှု တစ်- ဒါတွေကို သင့်ရဲ့ ခြေရာတွေလို့ ဝန်ခံလိုက်ပါ။
ဆုလာဘ်- ကျပန်းစွမ်းရည်တစ်ခု (ရှားပါး)]
[ရွေးချယ်မှု နှစ် - မင်းနဲ့ ဘာမှ မဆိုင်ဘူးလို့ ထိုသူကို ယုံကြည်အောင် လုပ်ဆောင်ပါ။
ဆုလာဘ်- ကျပန်းခေါင်းစဉ်တစ်ခု (အဆင့်မြင့်)]
[ရွေးချယ်မှု သုံး - ဘာရှင်းပြချက်မှ မပေးပါနဲ့။
ဆုလာဘ်- ကျပန်းအသုံးအဆောင်ပစ္စည်းတစ်ခု (အဆင့်မြင့်)]
[ရွေးချယ်မှု လေး - သင့်အား သံသယဝင်ခြင်းအတွက် ထိုသူအား အပြစ်တင်ပြီး ဒေါသထွက်ပြပါ။
ဆုလာဘ်- ကျပန်းအဆင့် +၅]
“ဟုတ်တယ် အဲဒါ ငါ့ရဲ့ ခြေရာတွေပဲ မင်းပြောတာ မှန်တယ်”
အာရန်က တစ်စက္ကန့်တောင် မစဉ်းစားဘဲ ပြောလိုက်လေသည်။
[သင့်အား ကျပန်းစွမ်းရည်တစ်ခု ဆုချီးမြှင့်လိုက်ပါသည်
စွမ်းရည်အမည် - စွမ်းရည်ပေါင်းစည်းခြင်း]
[စွမ်းရည်ပေါင်းစည်းခြင်း - စွမ်းရည်နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသောစွမ်းရည်များကို ပေါင်းစည်းပြီး စွမ်းရည်အသစ်တစ်ခု ဖန်တီးနိုင်ပါသည်။
ပေါင်းစည်းရန် အသုံးပြုပြီးသော စွမ်းရည်များသည် ထာဝရ ပျောက်ကွယ်သွားမည်ဖြစ်ပြီး လုပ်ငန်းစဉ်ကို ပြန်လည်ပြောင်းလဲ၍ မရနိုင်ပါ]
အစောင့်ခေါင်းဆောင်သည် သက်ပြင်းတစ်ချက်ချလိုက်မိသည်။
အာရန်သည် ထိုပစ်မှုအား ဝန်ခံပြီးဖြစ်သည်။
အကြီးအကဲများသည် ခွင့်ပြုချက်မရှိဘဲ ဗဟိုဧရိယာဒေသသို့ ဝင်ရောက်ခွင့် မရှိပေ။
အာရန်သည် အကြီးအကဲတစ်ဦးဖြစ်သော်လည်း ဗဟိုဧရိယာဒေသ၏ စည်းမျဉ်းများကို ချိုးဖောက်မှုကြောင့် ဖမ်းဆီးခံရတော့မည်ဖြစ်သည်။
သူသည် အာရန်အား မသိချင်ယောင်ဆောင်မည်ဟု မသိစိတ်မှ မျှော်လင့်ထားခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူတွင် ထိုအကြောင်းအရာနှင့်ပတ်သက်၍ သက်သေအထောက်အထားများစွာ မရှိပေ။
သို့သော် အာရန်သည် ထိုမျှလွယ်ကူစွာ ဝန်ခံလိုက်သည်ကို တွေ့ရသောအခါ သူသည် အံ့အားသင့်သွားရသည်။
“ခင်ဗျား ဝန်ခံပြီးပြီဆိုတော့ ကျွန်တော်ထိတ်လန့်မိတာက.....”
အစောင့်ခေါင်းဆောင်စကားမဆုံးသေးခင်မှာ တွင်ပင်-
“မင်းပြောတာ မှန်တယ် အကြီးအကဲတွေရဲ့ ခေါင်းအုံးတွေကို ခိုးပြီး ထွက်ပြေးဖို့ ဒီနေရာကို ငါခိုးဝင်လာခဲ့တာပဲ”
အာရန်က ဆက်ပြောသော်လည်း ကြောက်ရွံ့ပုံမပေါ်ဘဲ သူ၏ အသံသည် ပို၍ ပင် အေးစက်လာခဲ့သည်။
“ငါက အဲ့ဒီလိုပြောမယ်လို့ မင်းထင်နေခဲ့တာလား” အာရန်က ထပ်မေးလိုက်သည်။
“မင်းမေးခွန်းက ဘယ်လောက်တောင်မိုက်မဲတဲ့ မေးခွန်းလဲ ငါ ဘာလို့ အဲဒီလိုမျိုး လုပ်မှာလဲ”
“ငါက ဒီဗဟိုဧရိယာဒေသကိုလာပြီး ငါ့အသက်ကို အန္တရာယ်တောထဲကျရောက်စေဖို့ ဘာ့ကြောင့်လုပ်ဆောင်ရမှာလဲ”
“ခင်ဗျား...”
အစောင့်ခေါင်းဆောင်သည် ပြောစရာ စကားလုံးများ ပျောက်ရှသွားရသည်။
ဒါဆို ထိုသူပြောခဲ့တာက ဝန်ခံချက်တစ်ခုမဟုတ်ဘဲ သရော်ချက်တစ်ခုပေလော။
“ဒါပေမယ့် အဲဒီခြေရာတွေ...”
“ငါ မမြင်ဘူးတဲ့ ကျပန်းခြေရာတချို့ကို ငါက ဘာလို့ ဂရုစိုက်နေရမှာလဲ ကျူးကျော်သူတွေ အားလုံးကို ဖမ်းဆီးဖို့က မင်းတို့ရဲ့ တာဝန်ပဲမဟုတ်ဘူးလား”
“မင်းက မင်းရဲ့ တာဝန်တွေကို ငါ့ဆီ လွှဲချနေတာလား ဗဟိုဧရိယာဒေသရဲ့ အစောင့်တွေက ငါ့အကူအညီကို လိုအပ်ရလောက်အောင် အသုံးမကျဘူးလို့ တော့ မပြောနဲ့နော်”
“အဲဒီညက ခင်ဗျားရဲ့ ဖီးနစ်က.....”
“ငါ့ရဲ့ ဖီးနစ်က ဘာဖြစ်လို့လဲ ငါ့ရဲ့ သားရဲက ဒီကို ပျံလာရုံနဲ့ ငါလည်း ဒီမှာ ရှိနေမယ်လို့ မင်းကထင်နေတာလား ဘယ်လို ယုတ္တိမရှိတဲ့စကားမျိုးလဲ ငါက င့ါရဲ့ ဖီးနစ်ကို ကော်နဲ့ ကပ်ထားတယ်လို့များ မင်းကထင်နေတာလား”
အာရန်သည် ထိုသူကို စကားဆုံးအောင် ပြောခွင့်ပင် မပေးဘဲ တန်ပြန်ပြောဆိုလိုက်သည်။
အစောင့်ခေါင်းဆောင်သည် ထပ်မံ၍ ပြောစရာစကားလုံးများ ဆုံးရှုံးသွားရပြန်သည်။
“ကျွန်တော် တောင်းပန်ပါတယ်ဗျာ ကျွန်တော့် ရည်ရွယ်ချက်က အကြီးအကဲကို အပြစ်တင်ဖို့ မဟုတ်ပါဘူး ကျွန်တော် မေးခွန်းလေးတစ်ခု မေးကြည့်ရုံသက်သက်ပါပဲ”
“မင်းရဲ့ လက်အောက်ငယ်သားတွေကို သေခြာပြန်စုံစမ်းခိုင်းလိုက်ပါ ကြည့်ရတာ ဗဟိုဒေသရဲ့ အစောင့်တွေကို လူတွေက အလွန်အကျွံ ချဲ့ကားပြောနေပုံရတယ်” အာရန်က အထင်သေးသွားဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“မင်းပြောတာတွေသာ အမှန်ဆိုရင် မင်းတို့က ကျူးကျော်သူတစ်ယောက်ကို မဖမ်းနိုင်ဘဲ ဗဟိုဧရိယာဒေသထဲတောင် ဝင်ခွင့်ပေးလိုက်တယ်ဆိုတော့ သူများတွေပြောကြသလို မင်းတို့ရဲ့ ဂုဏ်သတင်းက မထိုက်တန်ဘူးထင်တယ်”
အာရန်သည် မျက်လုံးများကို မှိတ်ကာ စကားပြောခြင်းကို ရပ်လိုက်သည်။
သူသည် မှားယွင်းစွာ စွပ်စွဲခံရခြင်းအတွက် အတော်လေး စိတ်ဆိုးနေပုံရသည်။
သို့သော် သူသည် အတွင်းစိတ်တွင်မူ ရယ်မောနေမိခဲ့သည်။
သူသည် အစောင့်ခေါင်းဆောင်ကို ရယ်မောနေခြင်း မဟုတ်ပေ။
ယင်းအစား သူသည် ကံကောင်းခြင်းကို ရယ်မောနေမိခြင်းဖြစ်သည်။
‘ငါ့ရဲ့ ချစ်လှစွာသော စနစ်လေးရေ ခုလို ချိုမြိန်တဲ့ ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ်ကွယ်’
စနစ်သည် အတိတ်တွင် သူ့ကို အကြိမ်အနည်းငယ်ခန့် အတော်လေး ဒုက္ခပေးခဲ့လေသည်။
၎င်းတို့သည် မရေမရာသော ရွေးချယ်စရာများကို မကြာခဏပေးခဲ့ဘူးလေသည်။
[...]
“ကျွန်တော် တကယ်ကို တောင်းပန်ပါတယ် ကျွန်တော် တကယ်ကိုပဲ အလျင်စလိုဖြစ်သွားပုံရတယ်”
အစောင့်ခေါင်းဆောင်သည် အာရန်ကို နောက်ထပ် မေးခွန်းမထုတ်ဝံ့တော့ပေ။
သူသည် ပြန်လည် တောင်းပန်ခဲ့သော်လည်း စိတ်ထဲတွင်မူ အာရန်အား သံသယဝင်နေဆဲဖြစ်လေသည်။
....
အဓိကခန်းမအတွင်း ဖန်းယုသည် စာတစ်စောင်ကို လက်ထဲတွင် ကိုင်ကာ ထိုင်နေလေသည်။
သူမ၏ ရှေ့တွင် သန့်စင်ဘုရားကျောင်း၏ ဂိုဏ်းအုပ်ဘုန်တော်ကြီးသည် တိတ်တဆိတ် ရပ်နေသည်။
“မင်း သွားလို့ရပြီ”
သူမသည် စာကို ဘေးသို့ ချထားပြီး ထိုဂိုဏ်းအုပ်ဘုန်တော်ကြီးကို ထွက်သွားရန် ပြောလိုက်သည်။
“ကျွန်တော်တို့ အဖြေတစ်ခု ရနိုင်ရင် ကောင်းမယ် ကျွန်တော်တို့ရဲ့ ပရောဟိတ်မ ဆီအကြောင်ပြန်ဖို့ တစ်ခုခု ပြေဖို့လိုအပ်လို့ပါ”
ဂိုဏ်းအုပ်ဘုန်တော်ကြီးက သူ၏ စကားများကို အလွန်သတိထားကာ ပြောလိုက်သည်။
ဖန်းယုရှေ့တွင် သူသည် သန့်စင်ပရောဟိတ်မနှင့် ရင်ဆိုင်ရသောအခါ ခံစားရသော ဖိအားနှင့် တူညီသော ဖိအားကို ခံစားခဲ့ရလေသည်။
သူ၏ နှလုံးသားပင် အတိုင်းအတာတစ်ခုအထိ တုန်လှုပ်နေခဲ့လေသည်။
“တစ်ယောက်ယောက်ကို ငါပို့လိုက်မယ်လို့ သူမကို ပြန်ပြောလိုက်ပါ”
ဖန်းယုက တလေးတစားဖြင့် တုံ့ပြန်နေသော ဂိုဏ်းအုပ်ဘုန်တော်ကြီးအားပြန် ပြောလိုက်သည်။
“ကျွန်တော်တို့ သူ့ကိုစောင့်မျှော်နေပါ့မယ်” ဟု ဂိုဏ်းအုပ်ဘုန်တော်ကြီးနာသန်နီယယ်က ပြောရင်း လှည့်ထွက်သွားတော့သည်။
#Catfoot