← Chapters

ဒါဆို

Vol. 12 Ch. 155

ဒါဆို

Vol. 12 Ch. 155

“မင်း ထွက်သွားတဲ့အခါ ရန်ကို ဝင်ခိုင်းလိုက်”

ဖန်းယုက ဂိုဏ်းအုပ်ဘုန်တော်ကြီး နာသန်နီယယ် ပြန်ထွက်သွားနေသည်ကို သူမ၏ မျက်လုံးများဖြင့် စူးရှစွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။

နာသန်နီယယ်သည် ခမ်းနားသော ထိုခန်းမမှ တိတ်တဆိတ် ထွက်သွားခဲ့သည်။

ဖန်းယုသည် ဂိုဏ်းအုပ်ဘုန်တော်ကြီး ထွက်ခွာသွားသည်ကို တအောင့်ကြာကြည့်နေခဲ့ပြီး သူမ၏ ဘေးတွင်ရှိသော စာဆီသို့ အကြည့် ပြောင်းသွားသည်။

“ဒီ လျှို့ဝှက်လွန်းတဲ့ မိန်းမကတော့...” ဖန်းယုသည် တိုးတိုးလေး ရေရွတ်လိုက်သည်။

....

“ခင်ဗျားကို ဂိုဏ်းအပြင်ကို ပြန်လိုက်ပို့ပေးပ့ါမယ်”

ဂိုဏ်းအုပ်ဘုန်တော်ကြီး နာသန်နီယယ်သည် မိစ္ဆာဂိုဏ်းချုပ်၏ နန်းဆောင်တံခါးမှ ထွက်လာသည်ကိုမြင်သောအခါ အစောင့်ခေါင်းဆောင်က ပြောလိုက်သည်။

သူ၏ တာဝန်မှာ ပြီးဆုံးသွားသောကြောင့် နာသန်နီယယ်သည် ဤနေရာတွင် ဆက်နေရန် အကြောင်းပြချက် မရှိတော့ပေ။

ဂိုဏ်းချုပ်သည် စာအားလက်ခံယူရန်ထက် သူ့အား ဆက်လက်နေထိုင်ရန် မည်သည့်စကားမျှမဆိုခဲ့ချေ။

ထို့ပြင် တောင်ပိုင်းတိုက်နှင့်ရန်ငြှိုးများရှိသကဲ့သို့ အနောက်တိုက်ကို မုန်းတီးခြင်းမရှိကြသော်လည်း သူတို့သည် မိတ်ဆွေများအဆင့်လည်း မဟုတ်ကြပေ။

နာသန်နီယယ်သည် ဆက်လက်၍ပြဿနာများအကျယ်မချဲ့လိုတော့သောကြောင့် ခေါင်းညိတ်ပြလိုက်သည်။

သူ၏ အလုပ်မှာ ပြီးဆုံးသွားပြီဖြစ်သောကြောင့် ပြန်လိုက်ပို့မည့်သင်္ဘောမရှိသော ပင်ပန်းဖွယ်ခရီးဖြစ်သော်လည်း ရှည်လျားသောအိမ်အပြန် ခရီးစဉ်ကို အေးဆေးသက်သာစွာ ပြန်သွားနိုင်ပြီဖြစ်လေသည်။

“ဒါနဲ့ သင်တို့ ဂိုဏ်းချုပ်က သင့်ကို တွေ့ချင်တယ်လို့ပြောလိုက်တယ်”

သူသည် အာရန်အနားတွင် ဖြတ်သွားရင်း အသိပေးလိုက်သည်။

“အင်းပြီးတော့ ဒီတစ်ခေါက် သင့်ကို ရွေးချယ်ခံရဖို့ တကယ်ကိုတကယ် မျှော်လင့်ပါတယ် ကျုပ်တို့ရဲ့ နတ်ဘုရားမဆီက ကောင်းချီးတရားတွေနဲ့အတူ ကျုပ်တို့ကိုယ်တိုင် ဖန်တီးတည်ဆောက်ထားတဲ့ အံ့ဖွယ်ကမ္ဘာတစ်ခုကို သင့်ကိုမြင်တွေ့ခွင့် ရစေချင်မိတယ်”

“ဘာအတွက် ရွေးချယ်ခံရမှာလဲ”

အာရန်သည် ထိုသို့ပြန်မေးလိုက်သောအခါ သူ၏ အသံတွင် စိုးရိမ်ပူပန်မှု အနည်းငယ် ရောယှက်နေလေသည်။

သူတွင် လုပ်စရာအလုပ်များဖြင့် ပြည့်နေပြီး ယခုအချိန်တွင် သူအလိုမရှိဆုံးအရာမှာ နောက်ထပ် တာဝန်တစ်ခုကို ထမ်းဆောင်ရမည်ပင် ဖြစ်လေသည်။

တတ်နိုင်လျှင် ချက်ချင်းပင် ဆင်ခြေတစ်ခု ရှာပြီး ပြန်ပြေးချင်နေမိသည်။

“ဘယ်လောက်ကြာကြာ ငါ့ကို စောင့်ခိုင်းနေမှာလဲ”

ဖန်းယု၏ အသံသည် အာရန်၏ နားထဲသို့ တိုက်ရိုက် ဝင်လာပြီး သူ၏ တုံ့ဆိုင်းမှုကို ဖျက်ဆီးပစ်လိုက်သည်။

အာရန်သည် သူ၏ ကံကြမ္မာကို လက်ခံလိုက်ကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ဖန်းယုတည်ရှိရာ နန်းဆောင်အတွင်းသို့ ဝင်ရောက်သွားလေသည်။

သူသည် ဤနန်းတော်ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ဘူးခြင်းဖြစ်သည်။

သို့သော် သူဖတ်ခဲ့သော ဝတ္ထုတွင် ဤနေရာအကြောင်း ဖော်ပြထားသည်ကို အကြိမ်အနည်းငယ်ခန့် ဖတ်ဖူးလေသည်။

ထိုနေရာသည် စာအုပ်အတွင်း ဖော်ပြချက်နှင့် လုံးဝကိုက်ညီလေသည်။

ထို့အပြင် သူထင်ထားသည်ထက်ပင် ပို၍လှပနေလေသည်။

တကယ်ကို တော်ဝင်နန်းဆောင်တစ်ခုနှင့်ပင် တူညီနေလေသည်။

ဖန်းယုသည် တည်ငြိမ်သော အမူအရာဖြင့် ခန်းမ၏ အစွန်းတစ်ဖက်တွင် ထိုင်နေခဲ့လေသည်။

“မင်း ဒီခရီးမှာ တော်တော်လေးကောင်းမွန်တဲ့ ဘွဲ့တစ်ခုကို ရခဲ့တယ်လို့ ကြားတယ် ဟမ့် ဘာတဲ့ ‘နတ်ဆိုးအကြီးအကဲ’ ဟုတ်လား” သူမက မေးလိုက်သည်။

“ဂိုဏ်းချုပ် ဘာတွေပြောနေမှန်း ကျုပ်တကယ် မသိဘူးခင်ဗျာ” အာရန်က ပို၍ပင် စိတ်ရှုပ်ထွေးသွားရင်း ပြန်မေးလိုက်သည်။

သူပြန်ရောက်ပြီးကတည်းက ယခုသည် ဤအခေါ်အဝေါ်ကို ဒုတိယအကြိမ် ကြားဖူးခြင်းဖြစ်လေသည်။

ပထမအကြိမ်မှာ တာဝန်ခန်းမမှူးက သူ့ကို ထိုသို့ခေါ်ဝေါ်ခဲ့ပြီး ယခုလည်း ထိုသို့ပင်လားမသိချေ။

“မင်းက အခု အရှေ့တိုက်မှာ အရမ်းနာမည်ကြီးနေပြီလေ ဒါကိုမင်းက အခုထိ မသိသေးပုံရတယ်”

မိစ္ဆာဂိုဏ်းချုပ်သည် ဒီအကြောင်းကို ဂရုမစိုက်ချင်လောက်အောင် ပျင်းရိနေသည့်လေသံဖြင့်ပြန် ပြောလိုက်သည်။

ထို့နောက် သူမသည် လက်ကို ဝှေ့ယမ်းလိုက်သည်။ သူမရရှိထားသော ထိုစာသည် အာရန်ဆီသို့ တိုက်ရိုက် ပျံသန်းသွားလေသည်။

အာရန်သည် စာကို ဖမ်းလိုက်ပြီး ပို၍ပင် အံ့အားသင့်သွားရသည်။

ဖန်းယုသည် သန့်စင်ပရောဟိတ်မ ထံမှ ပို့လိုက်သော စာကို အဘယ့်ကြောင့် သူ့အား ပြသနေရသနည်း။

သူသည် ဆီလက်စ်အား အမူအရာများဖြင့် အဓိပ္ပါယ်ဖော်ပြစေ၍သာ ဤစာပါ အကြောင်းအရာများကို သိခွင့်ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဤမိန်းမသည် သူ့အား တိုက်ရိုက်ပြလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

စာရွက်သည် ပုံမှန်အတိုင်းသာဖြစ်ပုံရသော်လည်း သူ၏ လက်ထဲသို့ရောက်ရှိသွားသောအခါ သူသည် ယခင် ဘယ်တုန်းကမှ မထိတွေ့မခံစားဖူးခဲ့သော စာရွက်တစ်ရွက်၏ အသွင်အပြင်ကို ခံစားမိလိုက်သည်။

စာတစ်စောင်လုံးသည် သန့်စင်ပရောဟိတ်မ၏ ကောင်းချီးစွမ်းအင်များဖြင့် ပြည့်လျှမ်းနေသည်မှာ ပို၍ပင် ထူးဆန်းနေလေသည်။

သူမသည် ဤစာကို ကိုယ်တိုင်ရေးသားခဲ့သောကြောင့် ဤစာရွက်သည် နတ်ဘုရားမ၏ တန်ခိုးအစွမ်းဖြင့် ကောင်းချီးခံထားရသော အရာတစ်ခု ဖြစ်လာခဲ့လေသည်။

၎င်းအား ထိတွေ့မိလိုက်ရုံဖြင့်ပင် အာရန်သည် နှစ်သိမ့်မှုခံစားချက်တစ်ခုကို ခံစားသွားရစေပြီး နွေးထွေးသော အလင်းရောင်တစ်ခုသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသကဲ့သို့လည်းတစ်ပြိုင်တည်း ခံစားလိုက်ရလေသည်။

သူသည် ထိုခံစားချက်တွင် နစ်မွန်းမသွားစေရန် စကားလုံးများကိုသာ အာရုံစိုက်ထားလိုက်သည်။

ထိုစာကို ဖတ်ရုံဖြင့်ပင် သူ၏ စိတ်အပေါ်တွင် အတော်လေး ဖိအားများ သက်ရောက်စေခဲ့သည်။

ဤစာရွက်ရှိ စကားလုံးများကိုပင် ဖတ်ရန်အတွက်ပင် သူ၏ စိတ်စွမ်းအားများကို စုပ်ယူခံလိုက်ုသကဲ့သို့ ခံစားလိုက်ရသည်။

“ဒါက... သန့်စင်ဘုရားကျောင်းက ဘာလို့ ဒီလိုလုပ်မှာလဲ”

အာရန်က ဤစာကို ကြိုးစားဖတ်ပြီးနောက် မေးခွန်းတစ်ခုထုတ်လိုက်မိသည်။

၎င်းသည် သူဖတ်ဖူးသော ဇာတ်လမ်းတွင်း နောက်ထပ်ပြောင်းလဲမှုတစ်ခု ဖြစ်လေသည်။

အနည်းဆုံး သူဖတ်ခဲ့ရသောအပိုင်းများအရ ယခုအချိန်သည် ထိုသို့ ဖြစ်သင့်သေးသည်မဟုတ်ပေ။

“သူတို့ ဘာလို့ အဲ့လိုလုပ်နေလဲဆိုတာ အရေးမကြီးဘူး တစ်ယောက်ယောက် ကတော့ အဲဒီကို သွားဖို့ လိုအပ်နေတယ်”

ဖန်းယုသည် သူမ၏ လက်ကောက်ဝတ်ကို ညင်သာစွာ ပွတ်သပ်ရင်း ပြောလိုက်သည်။

အာရန်သည် သူမပွတ်သပ်နေသော လက်ကောက်ဝတ်နေရာမှာ မင်္ဂလာနှောင်ကြိုး ရှိနေသော နေရာဖြစ်ကြောင်း သတိထားလိုက်မိလေသည်။

ဖန်းယုသည် ထို မင်္ဂလာနှောင်ကြိုးအား မမြင်နိုင်သော်လည်း ၎င်းနေရာသည် သူမအား အနည်းငယ် မသက်မသာဖြစ်စေသည်ကိုတော့ ခံစားမိနေလေသည်။

သူမသည် ဤမသက်မသာဖြစ်ရသော ခံစားချက်၏ အကြောင်းရင်းကို နားမလည်နိုင်ဘဲ တစ်ခါတစ်ရံတွင် သူမ၏ လက်ကောက်ဝတ်ကိုသာ ပွတ်သပ်နေမိသည်။

“ဂိုဏ်းချုပ်က ကျုပ်ကို အဲဒီကို ပို့ဖို့ စဉ်းစားနေတာလား”

အာရန်သည် ထိုသို့ ပြန်မေးလိုက်မိသော်လည်း သူ၏ မကောင်းသော ခံစားချက်သည် ပို၍ပင် ပြင်းထန်လာခဲ့သည်။

“အဲ့လိုမဟုတ်ပါဘူး” ဖန်းယုက ပြန်ဖြေလိုက်သည်။

အာရန်သည် ထိုစကားကြောင့် သက်ပြင်းချလုဆဲဆဲတွင် သူမက စကားကို ဆက်ပြောလိုက်လေသည်။

“မင်းကို တစ်ယောက်တည်း ပို့ဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူး အကြီးအကဲလီနဲ့ အကြီးအကဲကျန်းတို့ဟာလည်း မင်းနဲ့အတူ လိုက်သွားရလိမ့်မယ် မင်းတို့ သုံးယောက်စလုံး မကြာသေးခင်ကမှ တပည့်ကိုယ်စီ ခေါ်ယူထားကြတယ်မလား သူတို့ကိုလည်းအတူ ခေါ်ဆောင်သွားရလိမ့်မယ်”

သက်ပြင်းချသံသည် အပြင်သိုမရောက်မှီမှာပင် ပျောက်ကွယ်သွားခဲ့ရလေသည်။

အကြီးအကဲလီနဲ့ အကြီးအကဲကျန်းပါပါမှာလား။ အဲ့ဒါကြီးက တစ်ယောက်တည်း သွားရတာထက် ပိုဆိုးနေသေးတယ်။

အကြီးအကဲလီသည် အဓိကဇာတ်လိုက်၏ ဆရာသခင်ဖြစ်သော ရေခဲနတ်ဆိုးဖြစ်ပြီး သူနှင့်မကြာသေးခင်ကမှ ကတောက်ကဆဖြစ်ထားသော သူလည်းဖြစ်လေသည်။

ကျန်းဝေနှင့် ပတ်သက်၍မူ သူမကိုယ်တိုင်ကပင် အိပ်မက်ဆိုးတစ်ခုဖြစ်လေသည်။

သူသည် ဤကမ္ဘာသို့ ရောက်ရှိချိန်တွင် ပထမဆုံး တွေ့ဆုံခဲ့ရသော အကြီးအကဲတစ်ဦးလည်းဖြစ်လေသည်။

ဂိုဏ်းဝင်ခွင့်စာမေးပွဲပြီးနောက် သူမနှင့် မဆက်ဆံမိခဲ့ပေ။

တတ်နိုင်လျှင် ထိုမိစ္ဆာမကို ရှောင်ရှားလိုနေသည်။

ယခု သူသည် ထိုနှစ်ယောက်နှင့်အတူတကွသွားရမည်ဖြစ်ပြီး ထိုမျှမက ဤကဲ့သို့သော အခြေအနေအောက်တွင်ဖြစ်လေသည်။

“ဒါက ထောင်ချောက်တစ်ခုလည်း ဖြစ်နိုင်တယ်” အာရန်က ပြန်ပြောလိုက်သည်။

ကံမကောင်းစွာဖြင့် ဖန်းယုက ဟု ရိုးရိုးရှင်းရှင်းလေး ပြန်မေးလိုက်သည်။

“အဲ့ဒီတော့”

“ကျုပ်ကိုယ်ကျုပ်တော့ အဲ့လောက်မစိုးရိမ်ပါဘူး ဒါပေမယ့် ဒါက ထောင်ချောက်တစ်ခုသာဆိုရင် အကြီးအကဲကျန်းနဲ့ အကြီးအကဲလီတို့ကိုလည်း အန္တရာယ်ရှိစေနိုင်တယ်” အာရန်က ရှင်းပြလိုက်သည်။

“မစိုးရိမ်ပါနဲ့ တကယ်လို့တစ်ခုခုဖြစ်ခဲ့ရင် မင်းတို့အတွက် ငါ လက်စားချေပေးပ့ါမယ်” ဖန်းယုသည် သူမ၏ စိတ်ခံစားချက်များ မည်သို့မျှပြောင်းလဲသွားပုံမရပဲ ပြန်ဖြေလိုက်သည်။

‘ငါတို့အတွက် လက်စားချေပေးမယ် ဟုတ်လား’ အာရန်၏ နှုတ်ခမ်းများသည် စိတ်ပျက်စွာဖြင့် တစ်ချက်တုန်ယင်သွားသည်။

သူသေသွားပြီးနောက်တွင် လက်စားချေခြင်းသည် သူ့အတွက် ဘာအသုံးဝင်တော့မည်နည်း။

သူတို့ မည်သို့ ထောင်ချောက်ဆင်မည်ဆိုခြင်းကို သိရှိနိုင်ရန်အတွက် သူမသည် ၎င်းကို အခွင့်အရေးတစ်ရပ်အဖြစ် အသုံးပြုချင်နေပုံရလေသည်။

သူမသည် သဘောတူညီချက်ကို ချိုးဖောက်မှုဖြင့် အနောက်ဘက်တိုက်ကို ကျူးကျော်စစ်ဆင်နွှဲရန် ဆင်ခြေတစ်ခု ရရှိနိုင်စေရန် သူတို့အား အမှန်တကယ်အန္တရယ်အတွင်းသို့ သက်ဆင်းစေလိုသည်ဟုပင် ထင်လိုက်မိသည်။

“မင်းတို့ သုံးယောက် နောက်တစ်ပတ်နေရင် စတင်ထွက်ခွာရမယ် အဲ့မတိုင်ခင် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားနိုင်တယ်”

အာရန်သည် မည်သည့်တုံ့ပြန်မှုမှမပြုနိုင်သေးခင် သူမသည် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်လေသည်။

ချီစွမ်းအင်တစ်ခုသည် အာရန်အား ဝန်းရံလိုက်ကာ နန်းဆောင်အတွင်းမှ အပြင်သို့ အတင်းအကျပ် ဆွဲထုတ်ပစ်လိုက်လေသည်။

“ဟာ ဒီခွေးမ...…”

အာရန်သည် နန်းတော်အပြင်ဘက်သို့ ပြုတ်ကျသွားပြီး အော်ဟစ်ဆဲဆိုမိတော့မတတ်ပင်ဖြစ်သွားရလေသည်။

#Catfoot

All Chapters