မသတ်ရန် အကြောင်းပြချက် နှစ်ခု
Vol. 12 Ch. 158
ပင်လယ်နဂါးတိုင်းပြည်တွင် အင်ပါယာဘုရင်မသည် သူမ၏ ရာဇပလ္လင်ပေါ်တွင် ထိုင်လျက်ရှိနေသည်။
သူမနှင့် မနီးမဝေးသောနေရာတစ်ခုတွင် သူမ၏ နဂါးစစ်သည်တော်များသည် ဤနေရာသို့ တစ်ကိုယ်တော် ရောက်ရှိလာသော ပြင်ပလူစိမ်းတစ်ဦးအား ၎င်းတို့၏ လက်နက်များဖြင့် ချိန်ရွယ်ထားလေသည်။
ထိုသူသည် မျက်နှာတစ်ခုကိုသာ မြင်နိုင်၍ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားသော အနက်ရောင်ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားလေသည်။
သူ၏ ထိုအနက်ရောင်ဝတ်ရုံတွင် အစွန်းအထင်းအချို့ ရှိနေပုံရသော်လည်း ထူးဆန်းစွာပင် သူ၏ အဖြူရောင်လက်အိတ်များသည် မည်သည့်စွန်းထင်းမှုများရှိမရှိဘဲ သန့်ရှင်းနေဆဲဖြစ်လေသည်။
ပင်လယ်နဂါးဘုရင်မသည် ထိုသူစိမ်းကို သူမ၏မျက်လုံးများဖြင့်သေခြာစွာစူးစိုက် ကြည့်ရှုနေသည်။
သူမသည် ထိုသူ၏ စကားကိုပင် နားထောင်သင့်သလား နားမထောင်သင့်သလား တွေးတောနေပုံရသည်။
“မစ်ထ် က ငါ့လူတွေကို ဒီလိုမျိုးရက်စက်တဲ့တုံ့ပြန်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့ နောက်မှာတောင် နင်က ဒီကို တစ်ယောက်တည်း လာရဲတယ်ပေ့ါ နင့်ကို ဒီမှာ သတ်ပစ်ပြီး နင့်ရဲ့ အလောင်းကို သူမဆီ ပြန်မပို့ဖို့ အကြောင်းပြချက်တစ်ခုလောက် ငါ့ကို ပြောပြစမ်းပါ”
သူမသည် သူမ၏ မောင်ကို ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။
သူမသည် ထိုဖြစ်ရပ်ကြောင့် ဒေါသအလွန်ထွက်သွားခဲ့သည့်အတွက် သူမ၏ စစ်သည်တော်များကို မည်သည့်အခြေအနေမျိုးတွင်မဆို ထိုကျူးလွန်သူအား ရှာဖွေရန် ကုန်းတွင်းမျက်နှာပြင်ပေါ်သို့ စေလွှတ်ခဲ့လေသည်။
ထိုစစ်သည်တော်များသည် လမ်းတွင်တွေ့သော မြို့များစွာကို ဒေါသတကြီးဖြင့် ဖျက်ဆီးခဲ့လေသည်။
သူမ၏ စစ်သည်တော်များသည် သွေးပင်လယ်မှ လာခဲ့ကြပြီး ထိုကိစ္စနှင့်မည်သို့မျှ မသက်ဆိုင်သော မြို့သူ၊မြို့သားများ၏ သွေးများဖြင့် လူသားများ၏ ကုန်းမြေပေါ်ရှိမြို့များကို သွေးပင်လယ်တစ်ခုအသွင် သွေးချင်းချင်းနီရဲသွားအောင် အသွင်ပြောင်းလဲပစ်ခဲ့ကြသည်။
သူတို့သည် မစ်ထ် ကိုပင် ကိုယ်တိုင် ထွက်လာစေရန်ဖိအားပေးနိုင်ခဲ့ကြလေသည်။
သူတို့သည် ရိုးရှင်းစွာ တရားခံကို လွှဲပြောင်းပေးရန် တောင်းဆိုခဲ့ကြသည်။
သို့သော်မစ်ထ်သည် သူတို့၏ စကားကို နားထောင်မည့်အစား သူတို့အား ဒေါသတကြီး ပြန်လည် သတ်ဖြတ်ခဲ့လေသည်။
မိနစ်အနည်းငယ်အတွင်း မစ်ထ် သည် ပင်လယ်နဂါးစစ်သည် ထောင်ပေါင်းများစွာကို ၎င်းတို့၏ အစစ်အမှန်နဂါးပုံစံသို့ ပြောင်းလဲပြီးသည့်နောက်တွင်ပင် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့လေသည်။
နဂါးစစ်သည်တော်အနည်းငယ်သာ အသက်ရှင်ကျန်ရစ်ပြီး သမုဒ္ဒရာထဲသို့ ထွက်ပြေးကာ ပင်လယ်နဂါးအင်ပါယာဆီသို့ ပြန်ရောက်နိုင်ခဲ့လေသည်။
ထိုစစ်ပွဲတွင် အင်ပါယာဘုရင်မကိုယ်တိုင်ပင် ဒဏ်ရာရခဲ့လေသည်။
မစ်ထ်သည် ထိုတိုက်ပွဲတွင်း ယခင်သူမသိထားသည့်ပုံစံထက် အလုံးစုံ ကွဲပြားခြားနားစွာပြုမူခဲ့လေသည်။
မစ်ထ်သည် အရှင်သခင်တစ်ဦးအဖြစ် အကြောင်းမဲ့သက်သက် ခေါ်တွင်ခဲ့ခြင်းမဟုတ်ကြောင်း သက်သေပြခဲ့လေသည်။
ပင်လယ်နဂါးအင်ပါယာဘုရင်မ၏ တော်ဝင်နဂါးစစ်သည်တော်များသည် SSS အဆင့်သူရဲကောင်းများ သို့မဟုတ် မဟာအကြီးအကဲများနှင့် ခွန်အားအရာတွင် တူညီသောအဆင့်တွင် ရှိခဲ့ကြသော်လည်း မစ်ထ် သို့မဟုတ် ဖန်းယုတို့နှင့်မူ နှိုင်းယှဉ်၍ ပင်မရနိုင်အောင် ကွာခြားလွန်းနေသေးသည်။
ပင်လယ်နဂါးဘုရင်မပင် ၎င်းတို့ထက် အနည်းငယ် အားနည်းနေသေးသည်။
မဟာအကြီးအကဲများနှင့် ဖန်းယု အကြားရှိ အင်အားကွာခြားမှု သို့မဟုတ် SSS အဆင့်သူရဲကောင်းနှင့် မစ်ထ် ကြားရှိ အင်အားကွာခြားမှုသည် တော်ဝင်နဂါးစစ်သည်တော်များနှင့် ပင်လယ်နဂါးဘုရင်မကြားရှိ အင်အားကွာခြားမှုထက် များစွာ ကြီးမားလေသည်။
သူမသည် မစ်ထ်နှင့် ယှဉ်၍ တိုက်ခိုက်နိုင်သော်လည်း အနည်းဆုံး ကုန်းမြေပေါ်တွင်မူ ထိုတိုက်ပွဲကို သူမ အနိုင်ရရန် မည်သို့မျှမဖြစ်နိုင်ကြောင်း သိထားလေသည်။
နောက်ဆုံးတွင် သူမသည် သူမ၏ ဒေါသကို မြိုသိပ်ကာ သူမ၏ ကျရှုံးမှုအတွက် ဒေါသထွက်လျက်ပင် သူမ၏ ရေအောက်ဌာနေဆီသို့သာ ပြန်လည်ဆုတ်ခွာ ခဲ့ရလေသည်။
သူမ၏ မောင် အသတ်ခံခဲ့ရခြင်းအတွက် လက်စားပင် မချေနိုင်ခဲ့ပေ။
ထိုအချိန်တွင် သူမကို လှောင်ပြောင်နေသကဲ့သို့ တောင်ပိုင်းအင်ပါယာမှ လူတစ်ဦးသည် ရုတ်တရက် ပင်လယ်နဂါးအင်ပါယာသို့ ရောက်ရှိလာခဲ့သည်။
ပို၍ အရေးကြီးသည်မှာ ထိုသူသည် ထိုတိုက်ရှိ သာမန်ပြည်သူတစ်ဦး မဟုတ်ခဲ့ပေ။
သူသည် ဒဏ္ဍာရီလာသူရဲကောင်းအကယ်ဒမီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ထိုနေရာတွင် ပါမောက္ခအဖြစ် အလုပ်လုပ်နေသောသူလည်းဖြစ်လေသည်။
“ နင့်ကို ဒီမှာ သတ်ပစ်ပြီး နင့်ရဲ့ အလောင်းကို မစ်ထ် ဆီ ပြန်မပို့ဖို့ အကြောင်းပြချက်တစ်ခု လောက် ပြောပြစမ်းပါ “
ထိုလူငယ်သည် ချိန်းခြောက်မှုအား ကြောက်ရွံ့သွားမည့်အစား ပြုံး၍ပင် ပြန်ဖြေလိုက်သည်။
“အကြောင်းပြချက် တစ်ခုအစား နှစ်ခုပေးရင်ကော ရမလား”
ဘုရင်မသည် သူမ၏ မျက်လုံးများကို ကျုံ့လိုက်သော်လည်း သူမသည် ထိုသူ့ကို ဆက်လက်ပြောဆိုခွင့်ပေးခဲ့လေသည်။
ဤသူစိမ်းသည် ထိုမျှ ယုံကြည်နေရသည့် အရာကို သူမသည်လည်း အတော်လေး စိတ်ဝင်တစားဖြင့် သိလိုနေခဲ့သည်။
သူမသည် သူ့အား အမှန်တကယ် မသတ်တော့ဟု ထင်မှတ်နေသည်လော။
“ပထမအကြောင်းပြချက်ကတော့... ကောင်းကင်နဂါးရဲ့ နှလုံးသားပဲ ကျုပ်က အရှင်မကို အဲ့ဒီအရာကို ရှာတွေ့အောင် ကူညီပေးနိုင်ပါတယ်” ဟု နာမည်မသိရသေးသော ထိုလူစိမ်းက ပြောလိုက်သည်။
ပင်လယ်နဂါးဘုရင်မ၏ မျက်နှာအမူအရာသည်ရုတ်တရက် တင်းမာသွားလေသည်။
ထိုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အော်ရာတစ်ခုသည် ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ကောင်းကင်နဂါးသည် ပင်လယ်နဂါးများအတွက် နတ်ဘုရားတစ်ပါးအလားတည်ရှိမှုပင်ဖြစ်သည်။
ကောင်းကင်နဂါးသည် ပင်လယ်နဂါးများအတွက် နတ်ဘုရားတစ်ပါးဖြစ်သည်သာမကပဲ ၎င်းတို့၏ ဘိုးဘေးတစ်ဦးလည်းဖြစ်လေသည်။
ထိုကောင်းကင်နဂါး သက်ရှိထင်ရှားရှိစဉ်ကာလက နဂါးများကို ဤကမ္ဘာတွင် မြင့်မြတ်သော သားရဲများအဖြစ် အများက အသိအမှတ်ပြုသတ်မှတ်ခဲ့ကြသည်။
အရှင်သခင်အဆင့်ဆိုသည့်သူများသည်ပင် ကောင်းကင်နဂါးရှေ့တွင် ခွန်အားနည်းသူများသာ တည်ရှိခဲ့ကြမည်ဖြစ်သည်။
ကောင်းကင်နဂါးသာမက ထိုခေတ်က အခြားနဂါးများသည်လည်း အလွန်စွမ်းအားကြီးမားခဲ့ကြသည်။
ယနေ့ခေတ် နဂါးများနှင့် နှိုင်းယှဉ်လျှင် ၎င်းတို့သည် အဆပေါင်းများစွာ ပိုမို အားကောင်းခဲ့ကြသည်။
ထိုခေတ်တွင် သာမန်နဂါးတစ်ကောင်တည်းကပင် တိုက်တစ်ခုလုံးကို ဖျက်ဆီးပစ်မည်ဆိုပါက မည်သူမျှဝင်ရောက် မတားဆီးဝံ့သည်အထိစွမ်းအားကြီးခဲ့ကြသည်။
ထို့ကြောင့် လူသားများသည် ၎င်းတို့၏ ကရုဏာတရားကိုသာ ခံယူလိုခဲ့ကြသည်။
လူသားများသည် နဂါးများအတွက် နဂါးနတ်ဘုရားကျောင်းများကိုပင် ဆောက်လုပ်ပေးခဲ့ပြီး ၎င်းတို့ကိုလည်း တောင်းဆုပြုခြင်းများပြုလုပ်ခဲ့ကြသည်။
ကံမကောင်းစွာဖြင့် ကောင်းကင်နဂါး သတ်ဖြတ်ခံခဲ့ရသော ထိုကံဆိုးသည့်နေ့ တစ်နေ့သည် ရောက်ရှိလာခဲ့လေသည်။
ထိုနေ့တွင် ဤလှပသော အပြာရောင်သမုဒ္ဒရာသည် သွေးနီရောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး အရာအားလုံးသည် ပျက်စီးပျောက်ကွယ်သွားခဲ့ရလေသည်။
ထိုနေ့မှစ၍ နဂါးများ၏ ဂုဏ်သိက္ခာသည် တဖြည်းဖြည်းချင်း ကျဆင်းလာခဲ့လေသည်။
၎င်းတို့သည် ၎င်းတို့၏ နတ်ဘုရားဖြစ်သော ကောင်းကင်နဂါးကို ဆုံးရှုံးခဲ့ရုံသာမက ၎င်းတို့၏ အမွေအနှစ်ကိုလည်း ဆုံးရှုံးခဲ့ရလေသည်။
ကောင်းကင်နဂါး၏ သွေးများ ကျဆင်းခဲ့သော ထိုပင်လယ်တွင်းရှိ သားရဲတိုင်းသည် ကျိန်စာသင့်ခဲ့ကြလေသည်။
ယခုအချိန်အထိ ပင်လယ်နဂါးများသည် ထိုကျိန်စာအောက်တွင်ပင် နေထိုင်နေကြရပြီး ၎င်းတို့ ဘိုးဘေးများ သွေးမျိုးဆက်ကို နိုးထစေရန် မစွမ်းဆောင်နိုင်ကြတော့ပေ။
ထိုကျိန်စာကို ချိုးဖျက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ သွေးပင်လယ်ကို သန့်စင်ရန်ဖြစ်ပြီး ၎င်းသည် ပြောရလွယ်ကူသလောက် လုပ်ရအလွန်ခက်ခဲသောအရာဖြစ်လေသည်။
၎င်းသည် ကောင်းကင်နဂါး၏ သွေးဖြစ်သည်။ မည်သည့်ရတနာကမျှ ၎င်းကို မပြုပြင်နိုင်ခဲ့ပေ။
ဤသွေးနှင့် ၎င်းအတွင်းရှိ ကျိန်စာကို ထိန်းချုပ်နိုင်သော တစ်ခုတည်းသောအရာမှာ ၎င်း၏ မူလပိုင်ရှင်ဖြစ်သော ထိုကောင်းကင်နဂါး၏ နှလုံးသားပင်ဖြစ်လေသည်။
ကံမကောင်းစွာဖြင့် ကောင်းကင်နဂါး သေဆုံးသောနေ့တွင်ပင် ၎င်း၏ ရုပ်အလောင်းလည်း ပျောက်ဆုံးသွားခဲ့ရလေသည်။
ကောင်းကင်နဂါး၏ နှလုံးသားကို ရှာဖွေတွေ့ရှိရန် မဆိုထားနှင့် ၎င်း၏ အစအနလေးတစ်ခုကိုပင် မတွေ့ရှိခဲ့ကြရပေ။
ဤသို့ဖြင့် ရာစုနှစ်များစွာကြာအောင် ပင်လယ်နဂါးအင်ပါယာ၏ အဆက်ဆက်သော အင်ပါယာအုပ်စိုးသူတိုင်းသည် ကောင်းကင်နဂါး၏ ခန္ဓာကိုယ်နှင့် ၎င်း၏ အတွင်းရှိ နှလုံးသားကို ရှာဖွေခဲ့ကြသည်။
ကံမကောင်းစွာဖြင့် မည်သူမျှ ထိုအရာကို ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိခဲ့ပေ။
ယခုမူ သူတို့အား ထိုအရာကိုရှာဖွေတွေ့ရှိရန် ကူညီနိုင်သည်ဟု ဆိုသောသူတစ်ဦး သူတို့ရှေ့တွင်ရောက်ရှိလာခဲ့ချေပြီဖြစ်သည်။
ပို၍ဆိုးသည်မှာ ထိုသူသည် ပင်လယ်နဂါးများ၏ မိတ်ဆွေပင် မဟုတ်ပေ။
“နင် ဘယ်လို ကူညီနိုင်မှာလဲ ဘိုးဘေးရဲ့အလောင်း ပျောက်သွားတုန်းက နင်တောင် မွေးဦးမှာမဟုတ်ဘူး”
ပင်လယ်နဂါးဘုရင်မ၏ အသံသည် သံသယဖြင့် တုန်ယင်နေသော်လည်း အတွင်းတွင်မူ မျှော်လင့်ချက်များ၏ အလင်းရောင်တစ်ခုသည် တောက်ပလာခဲ့လေသည်။
သူမသည် ထိုလူစိမ်း၏စကားကို မယုံကြည်လိုသော်လည်း တစ်ချိန်တည်းတွင် ၎င်းသည် အမှန်ဖြစ်စေလိုနေခဲ့လေသည်။
နဂါးများသည် ၎င်းတို့၏ ကျိန်စာကို ဖယ်ရှားနိုင်လျှင် ၎င်းတို့၏ ရှေးခေတ်အခါက ဂုဏ်ကျက်သရေကို ပြန်လည်ရယူနိုင်မည်ဖြစ်လေသည်။
“အဲဒီခေတ်မှာ ကျုပ်မမွေးခဲ့တာ မှန်ပါတယ်”
နာမည်မသိသောထိုသူစိမ်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ဒါပေမယ့် ခင်ဗျားကို ကူညီဖို့ အဲဒီခေတ်မှာ ကျုပ် မွေးဖို့ မလိုဘူးမဟုတ်လား”
“ဒါကြောင့် ကျုပ်တို့ကို သူရဲကောင်းတွေလို့ ခေါ်ကြတာပေါ့ ကျုပ်တို့ဟာ အသက်ဘယ်လောက်ရှိရှိ ဘယ်အချိန်မှာ မွေးမွေး အရေးမကြီးဘူး အရေးကြီးတာက ကျုပ်တို့ရဲ့ သွေးမျိုးဆက်နဲ့ အဲ့ဒီစွမ်းအင်ကို ဘယ်လို အသုံးချလဲဆိုတာပဲ”
“အရှင်မထက် အများကြီးပိုငယ်တဲ့ မစ်ထ်ကို ရင်ဆိုင်ခဲ့ရပြီးဖြစ်တဲ့အတွက် ဒီအကြောင်းကို အရှင်မက ဘယ်သူ့ထက်မဆို ပိုသိထားမယ်လို့ ယုံကြည်ပါတယ်”
မစ်ထ် ၏ အမည်ကို ကြားသောအခါ နဂါးဘုရင်မ၏ မျက်နှာသည် ပို၍ပင် မှောင်မိုက်သွားရလေသည်။
“နင်က ငါ့ကို ကူညီနိုင်တယ်လို့ ငါယုံကြည်ခဲ့မယ်ဆိုရင်တောင်….”
သူမက တန်ပြန်ပြောရင်း သူမ၏ မျက်လုံးများသည် သံသယစိတ်ဖြင့် ကျဉ်းမြောင်းသွားလေသည်။
“….ဘာလို့ နင်က ငါတို့ကို ကူညီပေးချင်ရမှာလဲ ငါတို့က ရန်သူတွေပဲမဟုတ်ဘူးလား”
#Catfoot