နောက်ဆုံးသောအစစ်အမှန်ဧကရာဇ်
Vol. 12 Ch. 159
“ဒါမှမဟုတ် ဒီအကူအညီကိုပေးတာ ငါ့ဆီက ဘာပြန်လိုချင်လို့လဲ”
သူမသည် သူမ၏ မေးခွန်းကို ပြောင်းလဲလိုက်ပြီး ထိုသူသည် သူမဆီက တစ်ခုခု လိုချင်မှသာ ဤနေရာသို့ ရောက်လာမည်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
သူမကို ကူညီရန်အတွက် သူသည် ဒီအတိုင်းတမင်သက်သက် ဤနေရာသို့ ရောက်လာခြင်း မဖြစ်နိုင်ပေ။
“ကျုပ် ဘာလိုချင်လဲ မမေးခင် အရှင်မ ကျုပ်ကို မသတ်ဖို့ ဒုတိယအကြောင်းပြချက်တစ်ခုကိုကော အရင် မသိချင်ဘူးလား”
ထိုနာမည်မသိသော သူစိမ်းသည် သူမ၏အမေးကို ပြန်မဖြေခဲ့ပဲ ထိုအစား အပြုံးတစ်ခုဖြင့်သာ နောက်ထပ်မေးခွန်းတစ်ခုထပ်မေးခဲ့လေသည်။
နဂါးဘုရင်သည် အနည်းငယ်စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ပိုကြုတ်လိုက်မိသည်။
“ပြောပါ”
“အရှင်မရဲ့ မောင်လေးကို သတ်ခဲ့တဲ့သူကို ရှာတွေ့အောင် ကျုပ်က ကူညီပေးနိုင်ပါတယ်” ဟု နာမည်မသိသော ထိုသူစိမ်းက ထပ်ပြောလိုက်သည်။
“ဒါကြောင့် အရှင်မသာ ကျုပ်ရဲ့ အကူအညီကို ရမယ်ဆိုရင် အရှင်မရဲ့ နှလုံးသားထဲမှာရှိတဲ့ အနက်ရှိုင်းဆုံး ဆန္ဒနှစ်ခုစလုံးကို တစ်ပြိုင်တည်း ဖြည့်ဆည်းနိုင်မှာဖြစ်တယ်”
“နဂါးတွေကို ချုပ်နှောင်ထားတဲ့ ကျိန်စာကိုလည်း ချိုးဖျက်နိုင်မှာဖြစ်ပြီးပြီး အရှင်မရဲ့ မောင်လေးကို သတ်ခဲ့တဲ့သူကိုလည်း လက်စားချေနိုင်လိမ့်မယ်” ဟု ထိုသူက ထပ်လောင်းပြောကြားလိုက်သည်။
သူ၏ စကားလုံးများသည် နတ်ဆိုး၏ ပါးစပ်မှ ထွက်လာသော ဆွဲဆောင်မှုရှိသည့် စကားလုံးများကဲ့သို့ နဂါးဘုရင်မ အပေါ် လွန်စွာဆွဲဆောင်မှုရှိလွန်းလှပေသည်။
ပင်လယ်နဂါးဘုရင်မသည် ထိုသူ၏ စကားများကို လျစ်လျူရှု၍ မရနိုင်တော့ကြောင်း သိလိုက်လေသည်။
“မင်း ငါ့ဆီက ဘာပြန်လိုချင်တာလဲ”
ပင်လယ်နဂါးဘုရင်မသည် သူက သူမအား မည်သို့ ကူညီနိုင်ကြောင်း သိလိုက်သောအခါ သူမ၏ အဓိကမေးခွန်းကို မေးလိုက်သည်။
ထိုသူစိမ်း၏ပြောစကားသည် အမှန်ဟုတ်မဟုတ် သူမ မသေခြာနေသော်လည်း သူမသည် အရဲစွန့်လိုက်ရန် ဆန္ဒရှိလေသည်။
ထိုသူစိမ်းသည် ကောင်းကင်နဂါး၏ နှလုံးသားကို ရှာဖွေရန် မကူညီနိုင်လျှင်ပင် သူမ၏မောင်လေးအား သတ်သွားသူအား ရှာတွေ့နိုင်လျှင်ပင် သူမအတွက် လုံလောက်ပြီဖြစ်သည်။
သူမသည် ထိုကျူးလွန်သူအား သူမ၏ လက်ဖြင့် ကိုယ်တိုင် ဖျက်ဆီးလိုနေသည်။
ထိုသူစိမ်းသည် သူမအား သူမ၏ တိုင်းပြည်ကို ပြန်လည်သစ္စာဖောက်ရန် သို့မဟုတ် ပင်လယ်နဂါးများအတွက် အန္တရာယ်ဖြစ်စေမည့် မည်သည့်အရာကိုမျှ မတောင်းဆိုသရွေ့ မည်သည့်အခြေအနေမျိုးတွင်မဆို သဘောတူလိုက်ရန် ဆန္ဒရှိလေသည်။
“အရှင်မဆီက တစ်ခုပဲ ပြန်လိုချင်ပါတယ် အချိန်တန်ရင် ကျုပ်အတွက် လူအနည်းငယ်ကို သတ်ပေးစေချင်ပါတယ်ဒါလေးပါပဲ” ဟု အမည်မသိသောထိုသူစိမ်းက ပြောလိုက်သည်။
“ဒါပေမယ့် ဒီကိစ္စအတွက် အရှင်မ စိုးရိမ်စရာ မလိုဘူး ကျုပ်က အရှင်သခင်လေးယောက်ကိုဆိုလိုတာမဟုတ်ပါဘူး”
“ကျုပ်သတ်စေချင်တဲ့သူတွေက... အရှင်မအနေနဲ့ သူတို့ကို သတ်ပေးဖို့ ခက်ခဲမယ်လို့ မထင်ပါဘူး”
“ဒါဆို ဘာလို့ မင်းကိုယ်တိုင် မလုပ်ရတာလဲ” ပင်လယ်နဂါးဘုရင်မက ပြန်လည်မေးခွန်းထုတ်လိုက်သည်။
ဤသူစိမ်းသည် သူမလောက် ခွန်အားမရှိသော်လည်း ထိုလူများကို သတ်ရန် ကိုယ်ပိုင် နည်းလမ်းများ ရှာတွေ့နိုင်သည်ဟု သူမ သေချာသိနေလေသည်။
သူသည် ကောင်းကင်နဂါး၏ နှလုံးသားကို သူမအစား မစ်ထ် ဆီသို့လွှဲပြောင်းပေးမည် ဆိုလျှင်လည်း မစ်ထ်သည် ထိုလူများကို သတ်ပေးရန် သူ့ကို ကူညီပေးမည်မှာသေခြာလေမည်။
ဤသို့ဆိုလျှင် ထိုသူသည် အဘယ်ကြောင့် ဤမျှဝေးကွာသော တိုက်ကြီးဆီကနေ သူမတို့ထံ အရောက်လာခဲ့ရသနည်း။
“အရှင်မ အဲဒါကို သိဖို့ မလိုပါဘူး” ဟု ထိုသူစိမ်းက ပြန်ဖြေလိုက်သည်။
“ကျုပ်အကူအညီနဲ့ လဲလှယ်နိုင်ဖို့ ကျုပ်ရှေ့မှာ နဂါးတွေရဲ့ ကတိသစ္စာကိုသာ ခုချိန် ကြိမ်ဆိုလိုက်မယ်ဆိုရင် ကျုပ်စကားကို သက်သေပြတဲ့အနေနဲ့ ကောင်းကင်နဂါးရဲ့ နှလုံးသား ဘယ်မှာရှိလဲဆိုတာ အခုချက်ချင်းပဲ ပြောပြနိုင်ပါတယ်”
ပင်လယ်နဂါးဘုရင်မသည် ထိုသူစိမ်း၏ စကားများ မည်မျှ စစ်မှန်မှန်း မသေချာနေသော်လည်း သူမသည် ထရပ်လိုက်လေသည်။
“ငါ့ရဲ့ သွေးမျိုးဆက်နဲ့ ကတိသစ္စာပြုပါတယ် မင်းသာ ငါ့ကို ကောင်းကင်နဂါးရဲ့ နှလုံးသားနဲ့ ငါ့မောင်ကို သတ်ခဲ့တဲ့သူကို ရှာတွေ့အောင် ကူညီနိုင်သရွေ့ မင်းသတ်စေချင်တဲ့သူအားလုံးကို သူတို့ရဲ့ နောက်ခံအင်အား ဘယ်လိုပဲဖြစ်နေပါစေ ငါရအောင်သတ်ပေးမယ်”
သူမသည် တော်ဝင်တရားရုံးရှိ လူတိုင်းရှေ့တွင် ကတိသစ္စာပြုလိုက်သည်။
နဂါးတစ်ကောင်အတွက် ၎င်းတို့၏ သွေးမျိုးဆက်နှင့်တိုင်တည်၍ ကတိသစ္စာပြုခြင်းသည် ပေါ့သေးသေးအရာတစ်ခုမဟုတ်ပေ။
ထိုကတိသစ္စာပြုထားသောနဂါးသည် ထို ကတိသစ္စာကိုသာ မစောင့်ထိမ်းနိုင်ခဲ့လျှင် သူတို့သည် အသက်သေဆုံးသွားကြမည် မဟုတ်သော်လည်း ယင်းအစား အကျိုးဆက်သည် ပို၍ ပင် ဆိုးရွားလေသည်။
နဂါးများသည် သူတို့၏ ကတိသစ္စာကိုသာ မလေးစားမလိုက်နာခဲ့ကြလျှင် သေခြင်းထက် ပိုမိုဆိုးသော ကံကြမ္မာက ၎င်းတို့အတွက် အသင့်စောင့်ကြိုနေမည် ဖြစ်လေသည်။
ထိုအခြေအနေတွင် သေခြင်းတရားသည်ပင် သနားညှာတာမှုတစ်ခုဖြစ်သည်ဟု ခေါ်ဆိုနိုင်တော့မည်ဖြစ်လေသည်။
နဂါးဘုရင်မသည် သူမ၏ ကတိသစ္စာကို ကြိမ်ဆိုပြီးသည်နှင့် တစ်ပြိုင်နက် ကတိသစ္စာသက်ရောက်မှု၏ သက်သေအဖြစ် သူမ၏ လည်ပင်းတွင် သွေးနီရောင်အမှတ်အသားတစ်ခု ပေါ်လာခဲ့လေသည်။
“ကောင်းတယ်”
နာမည်မသိသော ထိုသူစိမ်း သည် သူ၏ ရည်မှန်းချက်ကိုအောင်မြင်သွားခဲ့ပြီဖြစ်သည်။
“ကောင်းကင်နဂါးရဲ့ နှလုံးသားက အနောက်ဘက်တိုက်မှာ တည်ရှိတယ်”
ပင်လယ်နဂါးဘုရင်မမှ မည်သည့်တုံ့ပြန်မှုမှမပြုလုပ်နိုင်ခင် ထိုသူစိမ်းသည်ဆက်လက်၍ မေးလိုက်လေသည်။
“ဒါနဲ့ ဓားဧကရာဇ်အကြောင်းကို ကြားဖူးလား”
“သန့်စင်အင်ပါယာ မတည်ထောင်ခင် အနောက်တိုက်ရဲ့ နောက်ဆုံး အစစ်အမှန် ဧကရာဇ်ကိုပြောတာလား”
ပင်လယ်နဂါးများသည် ကောင်းကင်နဂါး၏ အလောင်းကိုတွေ့ရှိရန် ရာစုနှစ်များစွာ ရှာဖွေခဲ့ကြသည်။
ထိုရာစုနှစ်များစွာအတွင်း ၎င်းတို့သည် တိုက်ကြီးလေးခုအကြောင်း အတော်လေး အချက်အလက်များစွာကို စုဆောင်းနိုင်ခဲ့ကြပြီး ဤခေတ်တွင် မြှုပ်နှံခံရကာ မေ့လျော့ခံခဲ့ရသော အချက်အလက်များပင် ပါဝင်သည်။
ဓားဧကရာဇ်သည် သန့်စင်အင်ပါယာက ၎င်း၏ တည်ရှိမှုတစ်ခုလုံးကို ဖုံးအုပ်ပစ်လိုက်သည့် လူအများမေ့လျော့ခံခဲ့ရသော လူများစာရင်းထဲမှ တစ်ဦးဖြစ်လေသည်။
ထိုဓားဧကရာဇ်ဆိုသည့် အမည်ကိုပင် ယခုအချိန်ထိ မှတ်မိသူ အနည်းငယ်သာ ရှိလေသည်။
“ကောင်းတယ် ဒါဆို ရှင်းပြရတာ ပိုလွယ်သွားလိမ့်မယ်” နာမည်မသိသော သူစိမ်းက တစ်ချက်ပြုံး၍ သူ၏ စကားကိုဆက်လိုက်လေသည်။
.............
“ပင်လယ်နဂါးရဲ့ သွေကိုပြောတာ” ဇီယာက ထပ်မံပြောလိုက်သည်။
“ကျွန်မရှေ့မှာ ရူးချင်ဟန်ဆောင်မနေပါနဲ့ ရှင်ကျွန်မ ဘာပြောနေသလဲဆိုတာကို အတိအကျ သိနေမှန်း ကျွန်မလည်းသိနေတယ်”
“မင်း ဘာတွေပြောနေမှန်း ငါ တကယ်ကို နားမလည်တာပါ”
အာရန်သည် မသိချင်ယောင်ဆောင်နေသော်လည်း စိတ်ထဲတွင် အတော်လေး တုန်လှုပ်သွားမိသည်။
ဇီယာသည် ပင်လယ်နဂါးအကြောင်းကို မည်သို့သိသည်ကို သူနားမလည်ပေ။ သူသည် တစ်နေရာရာတွင် အမှားအယွင်းတစ်ခုခု လုပ်မိခဲ့သလား။
“ရှင့်ကို ရှာဖို့ ဟိုတလောက ရှင့်အိမ်ကို ကျွန်မသွားခဲ့တယ်” ဇီယာက သူမ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကာ ဆက်ပြောသည်။
“အဲဒီမှာ ရှင့်အိပ်ရာအောက်မှာ ပင်လယ်နဂါးရဲ့ သွေးအစအနတစ်ချိုကို တွေ့ခဲ့ရတာပဲ အဲ့ဒါကြောင့်အခုပဲ ဟန်ဆောင်တာကို ရပ်ပြီး အဲဒီမှာ ဘာလို့အဲ့ဒီသွေးတွေရောက်နေရလဲဆိုတာကို ရှင်းပြစမ်း”
အာရန်၏ နှုတ်ခမ်းများသည် သူမ၏ ရှင်းပြချက်ကို ကြားသောအခါ တုန်ယင်သွားခဲ့ရသည်။
ဇီယာ၏ ရှာဖွေတွေ့ရှိမှုကြောင့် အာရန်သည် ခဏတာ စကားမပြောနိုင်ဘဲ ရှင်းပြချက်တစ်ခုကိုရရန် အသဲအသန် စဉ်းစားနေလိုက်ရသည်။
သူသည် နောက်ဆုံး ပင်လယ်နဂါး၏ အလောင်းကို ထုတ်ယူပြီးသောအခါ အိမ်၏ ကြမ်းပြင်ကို သေချာစွာ သန့်ရှင်းခဲ့သည်ဟု သူသေချာမှတ်မိနေသည်။ သူ၏ အိပ်ရာအောက်တွင်မူ အမှန်တကယ် အစအနအချို့ ကျန်နေခဲ့တာလား။
သူသည် တစ်ခုခု ချန်ထားခဲ့လျှင်ပင် သူသတိမထားမိသောကြောင့် ဖြစ်နိုင်သည်။ ဒါဆို သူမက ဘယ်လို အလွယ်တကူ သတိထားမိတာလဲ?
“မင်းက ရှေ့ဘဝက ကြွက်တစ်ကောင်ဖြစ်ခဲ့တာလား” အာရန်သည် ဇီယာအား လွှတ်ကနည်းလှမ်း မေးလိုက်သည်။
“ဘာ”
“ဘာမှ မဟုတ်ဘူး တကယ်တော့ မင်း ဘာတွေပြောနေမှန်း ငါ သေချာမသိသေးဘူးလေ” အာရန်သည် မျက်လုံးများကို လှန်ကာ ဆက်ပြောသည်။
“ငါ့အိမ်ထဲမှာ သွေးတွေရောက်နေတယ်ဆိုတော့ ငါမရှိတုန်းမှာ တခြားတစ်ယောက်ယောက်ကများ ငါ့အိမ်ထဲကို ဝင်လာပြီး သွေးစအချို့ချန်ခဲ့တယ်လို့ မင်းပြောချင်တာလား ဒါက ငါဘာမှမသိထားတဲ့ မှော်အတတ်တစ်ခုလိုမျိုးလား”
“ကျုပ်တောင် အိမ်မှာ နေရတဲ့အချိန်က အနည်းငယ်ပဲရှိတာ အဲ့ဒီပင်လယ်နဂါးသွေးတွေက ဘယ်ကရောက်လာရတာလဲ ကျုပ်ကို မနာလိုတဲ့ တစ်စုံတစ်ယောက်က အကောက်ကြံချင်တာလား ဒါမှမဟုတ် အတိုက်အခံပါတီတွေ တစ်ခုခုကတောင် ဖြစ်နေနိုင်သေးတယ်”
“မင်း ဒီမှာနေခဲ့ဦး ကျုပ် သွားစစ်ဆေးကြည့်ဦးမယ်” အာရန်သည် ဇီယာ၏ ပခုံးကို ပုတ်ကာ သူမအား ကျော်သွားခဲ့သည်။
ဇီယာသည် သူ၏ စကားများကို နားလည်ရန် ကြိုးစားနေဆဲဖြစ်သည်။
မှော်အတတ်….. အတိုက်အခံပါတီတွေဟုတ်လား….. သူ ဘာတွေပြောနေတာလဲ။
သူမ သတိပြန်ဝင်လာသောအခါ အာရန်သည် သူမ၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
အာရန်သည် သူ၏ နေအိမ်ဆီသို့ ပျံသန်းရင်း သူ့ကိုယ်သူ ပြန်လည်တွေးတောနေမိသည်။
“အခု စဉ်းစားကြည့်တော့ အနောက်ဘက်တိုက်ကို သွားရတာလည်း သိပ်တော့ မဆိုးလောက်ဘူးထင်တာပဲ”
#Catfoot