← Chapters

ပထမဆုံး ဆုံးရှုံးမှု

Vol. 12 Ch. 163

ပထမဆုံး ဆုံးရှုံးမှု

Vol. 12 Ch. 163

အာရန်သည် ထိုရွေးချယ်စရာများကို ကြည့်နေပြီး စက္ကန့်တိုင်းသည် ပိုမိုခေါင်းကိုက်လာသည်ဟု ခံစားရလေသည်။

ပို၍ပင် ကြီးမားသော ပြဿနာမှာ ဤစနစ်၏ လုပ်ဆောင်ပုံဖြစ်သည်။

သူသည် ရွေးချယ်စရာတစ်ခုကို ရွေးချယ်ပါက ၎င်းကို ပြီးမြောက်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။

၎င်းကို ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ပါက နောက်ထပ် ရွေးချယ်စရာများ သို့မဟုတ် ဆုလာဘ်များကို ထပ်မံရရှိနိုင်တော့မည် မဟုတ်ပေ။

နောက်ဆုံးအကြိမ်က ဇီယာကို လိမ်လည်လှည့်ဖြားကာ တပည့်အဖြစ် ခန့်အပ်ခြင်းဖြင့် ဤစနစ်ကို တစ်နည်းနည်းဖြင့် ပြန်လည်ရယူနိုင်ခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင် ထိုကဲ့သို့ ကျဉ်းထဲကျပ်ထဲ အခြေအနေမျိုးသို့ ထပ်မံမကျရောက်လိုတော့ပေ။

“ပိုပြီးစိတ်ချရဖို့အတွက်ဆိုရင် တတိယရွေးချယ်စရာကိုပဲ ရွေးချယ်ရမယ်ထင်တယ်...” ဟု အာရန်သည် သူ့ကိုယ်သူ တိုးတိုးလေးပြောလိုက်သည်။

ဝိညာဉ်ဘုရင်မကို သူ့အား ချစ်ခင်လာစေခြင်း သို့မဟုတ် ဤနေရာတစ်ခုလုံးကို သိမ်းပိုက်ရခြင်းသည် လက်ရှိအခြေအနေအရ မဖြစ်နိုင်ပုံရလေသည်။

စတုတ္ထရွေးချယ်မှုသည်လည်း အထူးသဖြင့် ထိုဆုလာဘ်နှင့်အတူ အလွန်စိတ်မချရသော အန္တရာယ်များဖြင့်ပြည့်နှက်နေသည့် ရွေးချယ်မှု တစ်ခုဖြစ်ပုံရလေသည်။

ယခုအချိန်တွင် သူသည် မည်သည့်ဆုလာဘ်များကို ရလိုသည်ထက် မည်သည့်ရွေးချယ်စရာသည် သူ့အတွက် အသင့်တော်ဆုံးဖြစ်သည်ကို ပို၍ တွေးတောနေသည်။

ထိုအချက်ကြောင့် တတိယရွေးချယ်မှုသည် အလုံခြုံဆုံးဖြစ်သည်ဟု ကောက်ချက်ချလိုက်ခြင်းဖြစ်လေသည်။။

အနည်းငယ် ခက်ခဲသော်လည်း သူသည် တစ်နည်းမဟုတ်တစ်နည်းဖြင့် အနည်းဆုံး ၎င်းကို အောင်မြင်အောင်ပြုလုပ်နိုင်မည်ဖြစ်သည်။ ဝိညာဉ်များက သူ့အာား ရှာမတွေ့ရန် ပုန်းအောင်းနေရန်သာ လိုအပ်လေသည်။

ကံမကောင်းစွာဖြင့် သူသည် ထိုရွေးချယ်မှုကို အတည်မပြုနိုင်မီ မှာပင် တတိယရွေးချယ်စရာသည် ရုတ်တရက် ပျောက်ကွယ်သွားကာ အခြားရွေးချယ်စရာသုံးခုသာ ကျန်ရှိတော့သည်။

“ဟမ် ဟေ့… ဘယ်ကိုရောက်သွားတာလဲ”

အာရန်သည် ထိုအရာကို ရွေးချယ်နိုင်ခြင်း မရှိမီ တတိယရွေးချယ်စရာမှာ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ အလွန်အံ့အားသင့်သွားရသည်။

ဤသည်မှာ သူ့အတွက် စနစ်၏ ရွေးချယ်စရာများကို စတင်ရရှိခဲ့ချိန်မှစ၍ ယခုအချိန်ထိကြုံတွေ့ခဲ့ရသမျှအတွင်း ၎င်းသည် ပထမဆုံးအကြိမ် ဖြစ်ပျက်သွားခြင်းလည်းဖြစ်သည်။

မကြာခင်ကာလတစ်ခုက သူသည် စနစ်အား အနည်းငယ်လှည့်စားခဲ့သောကြောင့် စနစ်က သူ့အားပြန်လည် ပညာပေးလိုက်ခြင်းများလားဟုပင် တွေးတောမိလိုက်သည်။

“ဘာပျောက်သွားတာလဲ”

နောက်မှ အမျိုးသမီးတစ်ဦး၏ အသံတစ်သံ ထွက်ပေါ်လာသည်။

ထိုအသံကို ကြားသောအခါမှသာ အာရန်သည် မျက်နှာကို လက်ဖြင့် အုပ်လိုက်သည်။

တတိယရွေးချယ်စရာတစ်ခု ဘာကြောင့် ပျောက်ကွယ်သွားသည်ကို သူသည်နောက်ဆုံးတွင် သူနားလည်နိုင်ခဲ့သည်။

သူသည် ထိုရွေးချယ်စရာကို မရွေးချယ်နိုင်မီမှာ ကျရှုံးခဲ့သောကြောင့် ဖြစ်သည်။

ထိုအသံသည် သူ့ကို ဤနေရာသို့ ပထမဆုံး ခေါ်ဆောင်လာခဲ့သော ဝိညာဉ်မလေး၏ အသံဖြစ်သည်။

ထို့ကြောင့် သူ့ကို ဝိညာဉ်များက ရှာဖွေတွေ့ရှိပြီးသား ဖြစ်သွားပြီဖြစ်လေသည်။

တတိယရွေးချယ်စရာအကွက် ပျောက်ကွယ်သွားသော်လည်း ထိုအချိန်တွင် သူသည် လျော်ကြေးတစ်ခုကို ထပ်မံရရှိလိုက်ပုံရသည်။

အစောပိုင်းက ရွေးချယ်မှုတစ်ခုကို ရွေးချယ်ရန် အချိန်သည် နာရီအနည်းငယ်သာ ကျန်တော့ခြင်းဖြစ်သည်။

သို့သော် တတိယရွေးချယ်စရာအကွက် ပျောက်ကွယ်သွားခြင်းကြောင့်လားမသိ ရွေးချယ်ခွင့်အတွက်ပေးထားသော အချိန်သည်လည်း တိုးလာခဲ့သည်။

ယခု သူသည် ရွေးချယ်မှုတစ်ခုပြုလုပ်ရန် နှစ်ဆယ့်လေးနာရီကျော် အချိန်ရရှိထားပြီဖြစ်သည်။

၎င်းသည် အနည်းဆုံး သူ့အား ဤနေရာအကြောင်း ပိုမိုလေ့လာနိုင်စေရန် အချိန်ရလိုက်ခြင်းပင်ဖြစ်လေသည်။

“ဘာလို့ ကျုပ်ကို ပြန်ပေးဆွဲခဲ့ရတာလဲလို့ မေးလို့ရမလား ဝိညာဉ်တွေ ဒါမှမဟုတ် ဝိညာဉ်လောကနဲ့ ကျုပ်နဲက ဘာမှ ပတ်သက်မှုမရှိဘူးလို့ ထင်ပါတယ်”

အာရန်သည် စိတ်ပျက်လက်ပျက် သက်ပြင်းချရင်း မေးလိုက်သည်။

ဤမိန်းကလေးပေါ်လာခြင်းကြောင့် သူ၏ အနှစ်သက်ဆုံး ရွေးချယ်စရာ တစ်ခုသည် ပျောက်ကွယ်သွားခဲ့ရပြီဖြစ်သည်။

ကျန်ရှိနေသည့်ရွေးချယ်စရာများမှာ ဤကမ္ဘာကို သိမ်းပိုက်ရန်၊ ဝိညာဉ်ဘုရင်မ၏ နှလုံးသားကိုသိမ်းပိုက်ရန် သို့မဟုတ် မိမိကိုယ်တိုင်လမ်းကြောင်းအသစ်တစ်ခု ဖန်တီးလျှောက်လှမ်းရန်သာ ဖြစ်လေသည်။

ယခု သူသည် ရွေးချယ်မှုများ ပြုလုပ်ရန်အတွက် အချိန်ပိုရသွားသော်လည်း အနည်းငယ် မကျေမနပ်ဖြစ်နေဆဲဖြစ်သည်။

“ဟင် ရှင်က ဒီနေရာကို ဝိညာဉ်လောကမှန်း သိနေတာလား ရှုယင်က ရှင့်ကို အတော်လေး ပြောပြခဲ့ပုံရတယ် ဒါက ကျွန်မမမျှော်လင့်ထားတဲ့အရာပဲ သူမက ကျွန်မတို့ကို ဒီလောက် မုန်းနေပုံမျိုးနဲ့ ကျွန်မတို့အကြောင်း တစ်ခွန်းတောင် ပြောမှာ မဟုတ်ဘူးလို့ ထင်ထားခဲ့တာ”

“ရှုယင်လား” အာရန်သည် ထိုင်နေရာမှ မျက်မှောင်ကြုတ်ကာ ထရပ်လိုက်သည်။

ဆီလက်စ်ကလေးသည် မကြာသေးသော ခရီးစဉ်တစ်ခု အတွင်း၌ ရှုယင်မှ သူ့အား ဝိညာဉ်လောကဆီသို့ ပို့ဆောင်ပေးနိုင်သည်ဟု ပြောခဲ့သည်။

ယခု ဤဝိညာဉ်မလေးက ရှုယင်ကို သိနေပုံရသောကြောင့် ၎င်းသည် အမှန်ဖြစ်ပုံရသည်။

ထိုစဉ်အာရန် သတိပြုမိသော အခြားအရာတစ်ခုလည်း ရှိသေးသည်။ ထိုဝိညာဉ်မလေးပင် ဆီလက်စ်၏ တည်ရှိမှုအား မမြင်တွေ့နိုင်ခြင်းပင်ဖြစ်သည်။

အစပိုင်းတွင် သူသည် ဆီလက်စ်မှာ ဝိညာဉ်တစ်ယောက်ဖြစ်သောကြောင့်သာ အခြားသူများက သူမကို မမြင်နိုင်ဟု ထင်မိခဲ့သည်။

သို့သော် ၎င်းသည် ထိုသို့ မဟုတ်ပုံရလေ။

အဘယ်ကြောင့်ဆိုသော် ဝိညာဉ်များပင် သူမကို မမြင်နိုင်သေကြောင့်ဖြစ်ပေးသည်။

သူသည် ဆီလက်စ်၏ နောက်ခံအကြောင်း ပို၍ပင် စိတ်ဝင်စားလာမိသည်။

“ရှုယင်က မင်းကို မုန်းနေတာလား မင်း သူမကိုလည်း ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့လို့လား”

အာရန်သည် သူမ၏ သူ့အပေါ် ပြုမူပုံကို ရည်ညွှန်းရင်း အနည်းငယ်လှောင်ပြောင်သံစွက်၍ မေးလိုက်သည်။

ဤသည်မှာ ၎င်းတို့ဝိညာဉ်တိုင်း၏ အပြုအမူဖြစ်ပါက မည်သူက ဤဝိညာဉ်များကို မမုန်းတီးပဲနေကြမည်နည်။

“ပြန်ပေးဆွဲတာ အဲ့လို မဟုတ်ပါဘူးနော် သူမ တောင်းဆိုတဲ့အတိုင်းပဲ ကျွန်မ လုပ်ပေးခဲ့တာပါ... ဒါပေမယ့် ကျေးဇူးတင်မယ့်အစား အဲဒီနောက်ပိုင်း သူမက ကျွန်မကို မုန်းတီးသွားခဲ့တယ်လေ” ဟု ဝိညာဉ်မလေးက အပြစ်ကင်းစွာ ပြန်ပြောလိုက်သည်။

အာရန်သည် သူမ၏ စကားများသည် ယုံကြည်ရန် အလွန်ခက်ခဲသည်ဟု ခံစားနေရသည်။

ရှုယင်သည် မိုက်မဲသူတစ်ဦး မဟုတ်ပေ။

သူမ တောင်းဆိုသည့်အရာကို လုပ်ဆောင်ပေးသောသူကို အဘယ်ကြောင့် မုန်းတီးနေရမည်နည်း။

သူမသည် အစက မည်သည့်အရာကို တောင်းဆိုခဲ့သနည်း။ ၀တ္ထုအတွင်း သူဖတ်ခဲ့ရသည့်အပိုင်း အထိတွင်ပင် ဖော်ပြမထားသော ဤဝိညာဉ်များနှင့် ဝိညာဉ်လောကကို သူမသည် မည်သို့များ ဆက်သွယ်မှုရှိခဲ့သနည်း။

“ဘာကို…”

အာရန်သည် သူမကို တိုက်ရိုက်မေးခွန်းတစ်ခုမေးရန် ကြိုးစားလိုက်စဉ်တွင် သူ၏ ဖီးနစ်ငှက်မလေးဆီမှ အော်သံတစ်ခုကို ကြားလိုက်ရလေသည်။

အာရန်သည် ကောင်းကင်ကိုရုတ်တရက် ကြည့်လိုက်သောအခါ သူ၏ ဖီးနစ်ငှက်သည် မီးလျှံများဖြင့် ဖုံးလွှမနေကာ ကောင်းကင်မှ ပြုတ်ကျလာသည်ကို တွေ့လိုက်ရသည်။

“ဒါ မင်းရဲ့ အိမ်မွေးတိရစ္ဆာန်လား” ဝိညာဉ်မလေးက အာရန်အားမေးလိုက်သည်။

“ဒီ ကျွန်မ မဖိတ်ထားတဲ့ ဧည့်သည်က ရှင့်နောက်ကို လိုက်လာခဲ့တာကိုး ဒါကြောင့် ကျွန်မရဲ့ အသက်စွမ်းအင်တွေ လိုအပ်တာထက်ပိုကုန်သွားတယ်လို့ ခံစားရတာ အံ့ဩစရာ မရှိတော့ပါဘူး...”

အာရန်သည် သူမ၏ စကားများကို နားမထောင်ခဲ့ပေ။ သူသည် ဖီးနစ်ဆီသို့ ပျံသန်းကာ သူမကို အကျသက်သာစေရန်တစ်ခုခုလုပ်ဆောင်ရန် ကြိုးစားလိုက်သည်။

သူ၏ ဖီးနစ်သည် သူထက်ပင်ပို၍ ဆောက်တည်ရာမဲ့ဖြစ်နေသည်ကို မြင်လိုက်ရသည်။

ဟင်းလင်းပြင်လိုဏ်ခေါင်းသည် သူမ ပြုတ်ကျစဉ် ပို၍ ရှုပ်ထွေးမှုများဖြစ်ပေါ်ခဲ့သောကြောင့် လည်း ဖြစ်နိုင်လေသည်။

အာရန်သည် သူ၏ လူသားပုံစံဖြင့်ဆိုပါက သူ၏ ဖီးနစ်ကိုပြင်းထန်သောအရှိန်ဖြင့် အောက်သို့ ပြုတ်ကျလာခြင်းမှ တားဆီးရန် လုံလောက်သော ခွန်အားများ ရှိမနေကြောင်း သေချာနေသည်။ သူ့တွင် အခြားတစ်ခုခုပြုလုပ်ရန် လိုအပ်သည်။

သူ၏ ကမ္ဘာတွင် ဤကျွမ်းကျင်မှုကို အသုံးမပြုရန် သူကိုယ်တိုင် ကတိပြုခဲ့သည်။

ထိုအသွင်ပြောင်းမှုသည် ပင်လယ်နဂါးမင်းသား သေဆုံးမှုနှင့် သူအား ဆက်စပ်မိစေမည်ဖြစ်သောကြောင့် ထိုနေရာတွင် ဤကျွမ်းကျင်မှုကို ထုတ်ဖော်ပြသခြင်းသည် သူ့အတွက် ပို၍ အန္တရာယ်များလေသည်။

ကံကောင်းစွာဖြင့် ယခုနေရာသည် ဝိညာဉ်လောကဖြစ်လေသည်။

သူသည် အစောပိုင်းကာလများတွင် အလွန်သတိထား၍နေခဲ့ရသော အချို့ကျွမ်းကျင်မှုများပင် ဤနေရာတွင်မူ လွတ်လပ်စွာ အသုံးပြုနိုင်လေသည်။

“နဂါးအသွင်ပြောင်းခြင်း”

....

“ဒါက...”

အာရန်သည် ပင်လယ်နဂါးအဖြစ် အသွင်ပြောင်းလဲသွားသည်ကို ကြည့်ရင်း ဝိညာဉ်မလေးသည် တိတ်ဆိတ်သွားရသည်။

“သူ့မှာ ပင်လယ်နဂါးသွေးမျိုးဆက် ရှိနေတာလား ဒါပေမယ့် အဲဒီအမှတ်အသားတွေက ... တကယ့် ပင်လယ်နဂါးတွေနဲ့ မတူဘဲ သူတို့ရဲ့ ကျိန်စာက သူ့အပေါ် မသက်ရောက်ပုံရတယ်”

ဝိညာဉ်များသည် မြင့်မြတ်သောမျိုးဆက်သွေးများအပေါ် ပို၍ နားလည်သိရှိနိုင်စွမ်းရှိပြီး အာရန်၏ ပင်လယ်နဂါးသွေးမျိုးဆက်တွင် မြင့်မြတ်သော ကောင်းကင်နဂါးသွေးမျိုးဆက်၏ အစိတ်အပိုင်းအချို့ ပါရှိနေသည်ဟု သူမ ခံစားသိနိုင်လေသည်။

၎င်းသည် အလွန်နည်းငယ်ပုံရသော်လည်း သူမမြင်တွေ့ခဲ့ဘူးသည့် ကျိန်စာသင့်နေသော ပင်လယ်နဂါးများထက်မူများစွာပို၍ သာလွန်နေသေးသည်။

“ဘယ်လောက် ထူးဆန်းလိုက်တဲ့သူလဲ...”

#Catfoot

All Chapters