အချင်းချင်းကျောခိုင်းခြင်း
Vol. 011 Ch. 1061
မျောက်ဝံအိုကြီးသည် တွေဝေနေကာ ရှောင်ရှီနှင့် ဟွမ်လေးတို့သည် တစ်ယောက်နှင့်တစ်ယောက် မသိစိတ်မှကြည့်မိကြသည်။ သူတို့သည် ဦးလေး ထိုမျှလောက်တွေဝေနေသည်ကို မမြင်ဖူးကြပေ။ သူ ဘာအတွက် ကြောင့် ဒီလိုဖြစ်ရတာလဲ။
“ဦးလေး” ဟွမ်လေးသည် ခေါ်ရန်ကြိုးစားလိုက်သည်။
မျောက်ဝံအိုကြီးသည် သူတို့နှစ်ယောက်ကိုကြည့်ပြီး ပြောလိုက်သည် “မင်းတို့ ငါနဲ့လိုက်ခဲ့ မင်းတို့နဲ့ဆွေးနွေးစရာရှိတယ်”
ရှောင်ရှီနှင့် ဟွမ်လေးတို့သည် သိချင်သော်လည်း ဘာမှမပြောတော့ ပေ။ သူတို့သည် မျောက်ဝံအိုကြီးနှင့် ထွက်သွားလိုက်သည်။
သူတို့သည် တိတ်ဆိတ်သော တောင်ကမ်းပါးကိုတွေ့လေသည်။ အပြင် မှ အန္တရာယ်ကိုစဉ်းစားပြီး သူတို့သည် စာသိမ်းငှက်မျိုးနွယ်မှ ထွက်ခွာမသွား ပေ။
“ဦးလေး ဘာတွေ တွေဝေနေတာလဲ” ရှောင်ရှီ မေးလိုက်သည်။
မျောက်ဝံအိုကြီးသည် သူတို့ဘက်လှည့်ပြီး ပြောလိုက်သည် “ရှီမာယူယူ က သူတို့နဲ့ ပူးပေါင်းစေချင်နေတယ်”
“သူ့အင်အားစုမှာလား သူက ကျွန်တော်တို့ကို အပေါင်းအပါဖြစ်စေချင် တာလား” ဟွမ်းလေးသည် အနည်းငယ် မပျော်မရွှင်ဖြစ်နေသည်။ သူတို့ သည် မင်္ဂလာသားရဲများဖြစ်ကြသည်။ ဘယ်လိုလုပ်လူသားတွေရဲ့ အပေါင်း အဖော်ဖြစ်နိုင်ရမှာလဲ။
“သူက ဖိအားမပေးပါဘူး ဒီအတိုင်းပဲအခြေအနေတစ်ခုပေးတာ” မျောက်ဝံအိုကြီး ပြောလိုက်သည် “လူမငြင်းနိုင်လောက်တဲ့ အခြေအနေပေါ့”
“ဘာအခြေအနေလဲ” ရှောင်ရှီ မေးလိုက်သည်။
“သူက ရွှေမြွေအသီးလုံလုံလောက်လောက်ပေးတယ်” မျောက်ဝံအိုကြီး ပြောလိုက်သည်။
ဟွမ်လေးနှင့် ရှောင်ရှီတို့သည် ကြားလိုက်သောစကားကြောင့် မှင်တက် သွားကာ အသက်အောင့်မိကြလေသည်။
“ရွှေမြွေအသီးလုံလုံလောက်လောက်…. ဘယ်လောက်များလဲ” ရှောင်ရှီ သည် တွေးငေးရင်း မေးလိုက်သည်။
“ငါမြင်သလောက်တော့ များလောက်တယ်” မျောက်ဝံအိုကြီး ပြော လိုက်သည် “သူ ငါတို့ကိုရွှေမြွေအသီး ၃လုံးပေးတုန်းက တွန့်ဆုတ်မှုမရှိဘူး သူ့မှာ အများကြီးရှိတဲ့ပုံပဲ”
“တကယ့်ကို မက်လောက်စရာအခြေအနေပဲ” ဟွမ်လေး ပြောလိုက် သည် “ဒါပေမဲ့ အဲဒါကြောင့် ငါတို့လွတ်လပ်ခွင့်ဆုံးရှုံးနိုင်တယ်”
“အဲဒါအဆင်ပြေမယ်လို့ ထင်တာပဲ” ရှောင်ရှီ ပြောလိုက်သည် “သူက ကျွန်တော်တို့ကို သာမန်စာချုပ်သားရဲတွေလို ဆက်ဆံမယ့်သူမျိုးမဟုတ်ဘူး လို့ ထင်တယ်၊ ပြီးတော့ သူက အရမ်းအားကောင်းတာပဲ အဲဒါကြောင့် သူ့ နောက်လိုက်ရင် ဒုက္ခမခံစားရလောက်ဘူး”
“ငါလည်း အဲလိုထင်တယ်” မျောက်ဝံအိုကြီးပြောလိုက်သည် “သူ့အား က အရမ်းမမြင့်ဘူးလို့ ပြောလို့ရပေမယ့် သူ့ရဲ့လုပ်နိုင်စွမ်းက အရင်မြင်ဖူးတဲ့ လူတွေထက် သာလွန်တယ် သူ တကယ့် နောက်ဆင့်သစ်တစ်ခုကို တက်လှမ်းနိုင်မယ်လို့ ထင်တယ် အရေးကြီးဆုံးက…”
“ဘာလဲ”
မျောက်ဝံအိုကြီးသည် သက်ပြင်းချကာ လှည့်ပြီး တောင်ကမ်းပါးအပြင် ဘက်သို့ကြည့်ရင်း ပြောလေသည် “ဒီတစ်ခေါက်ကိစ္စကနေပြီးတော့ ငါတို့က အခုအခြေအနေအရမ်းဆိုးနေပြီဆိုတာတွေ့ရတယ် အထူးသဖြင့် ငါတို့ သွေးသားကနည်းတယ် ငါတို့ကိုကြည့်ပေးမယ့်သူရှိရင် ကောင်းတာပဲ”
ဟွမ်လေးသည် ခေတ္တမျှစဉ်းစားလိုက်ကာ အဓိပ္ပာယ်ရှိသည်ဟု ခံစားရ သည်။ သို့သော် လွတ်လပ်မှုနှင့် ဘေးကင်းမှုအကြားတွင် ရွေးရမည်ဆိုပါက… သူ တွေဝေမိနေတုန်းပင်။
ရှီမာယူယူသည် တစ်ရက်တာအနားယူလေသည်။ သူမသည် မျောက်ဝံ အိုကြီးနှင့်ပတ်သတ်ပြီး ဘာမျှော်လင့်ချက်မှ မထားထားပေ။ သူတို့ သူမ နောက်လိုက်လိုပါက ကောင်းသည်။ မလိုက်လိုပါကလည်း သူတို့ကို ဖိအား ပေးမည်မဟုတ်ပေ။
သို့သော် မျောက်ဝံအိုကြီးသည် စာသိမ်းငှက်ဘုရင်ကို စကားပြောနေ သည်ကိုမြင်သောအခါ သူမ အနည်းငယ်အံ့သြနေတုန်းပင်။
“ဆုံးဖြတ်ပြီးသွားပြီ မင်းနောက်လိုက်ဖို့ကို စမ်းကြည့်ချင်တယ်” မျောက်ဝံအိုကြီး ပြောလိုက်သည် “ငါတို့ ဆုံးဖြတ်ချက်မှန်ပါစေလို့ ဆုတောင်း ပါတယ်”
“အဘိုးမျောက်ဝံတို့ စိတ်ပျက်မယ်လို့မထင်ပါဘူး” ရှီမာယူယူသည် ပြုံး ပြီးပြောလိုက်သည်။
“မင်းရဲ့ အင်အားစုမှာ ဘာတွေဖြစ်နေတာလဲဆိုတာ ပြောပြပေးနိုင် မလား”
“ရတာပေါ့…”
တစ်ဖက်ရှိ ကျုံကျန်းအိမ်တော်အပြင်ဘက်တွင် အစောင့်များသည် နေ့အစတွင် တံခါးဖွင့်လိုက်ကြသည်။
“ဟင်း အပြင်မှာဘာလို့လူရှိနေတာလဲ” အစောင့်များ တံခါးဖွင့်သည်နှင့် မြေပေါ်တွင်လဲနေသော လူကိုမြင်ရလေသည်။
“အကြီးအကဲ၅” နောက်အစောင့်တစ်ယောက် အော်လိုက်သည်။
“ဘာလို့ အကြီးအကဲ၅တစ်ယောက်တည်းပဲလဲ”
“ဒီမှာဘာရပ်လုပ်နေတာလဲ အကြီးအကဲ၅ကို ဝင်ဖို့ကူလိုက်”
“အကြီးအကဲ၅က သေပြီးနေပြီ”
“ဒါပေမဲ့ အထဲကိုသွင်းရဦးမှာပဲ မျိုးနွယ်အကြီးအကဲကို မင်းတို့နှစ် ယောက် သတင်းသွားပို့လိုက်”
အကြီးအကဲ၅ ကျုံကျန်းချွမ်၏ အလောင်းကြောင့် ကျုံကျန်းမျိုးနွယ် သည် မနက်စောကပင် ရုန်းရင်းဆန်ခတ်ဖြစ်လေသည်။
ကျုံကျန်းချင်းရန်သည် အစကတံခါးပိတ်ကျင့်ကြံနေလေသည်။ ကျုံကျန်းချွမ်ပြန်လာပြီဟု ကြားသည်နှင့် သူထွက်လာပြီး တံခါးဖွင့်ကာ သတင်းပို့လာသော ခြံဝန်းထဲမှလူများကို မေးလေသည်။ “သခင်လေးနဲ့ တခြားသူတွေပြန်လာပြီလား”
“မျိုးနွယ်သခင်ကို သတင်းပို့ပါတယ် သခင်လေးပြန်မလာပါဘူး အကြီးအကဲ ၅ တစ်ယောက်တည်းပဲပြန်လာတာပါ” အစောင့် ပြောလိုက် သည်။
“တခြားသူတွေရော မင်္ဂလာသားရဲသွေးပြန်ယူလာလား အကြီးအကဲ၅ က တပ်ကူခေါ်ဖို့လာတာလား” ကျုံကျန်းချင်းရန်သည် အစောင့်၏ အဝတ်ကို ဆုပ်ကိုင်ကာ စိတ်လှုပ်ရှားစွာမေးလေသည်။
“မဟုတ်ဘူး မဟုတ်ဘူး” အစောင့်သည် သူ၏ပုံစံကြောင့် ကြောက်သွား ပြီး ပြန်ဖြေလေသည်။
“မဟုတ်ဘူး ဟုတ်လား မင်္ဂလာသားရဲသွေးကိုပြန်ယူမလာနိုင်တာလား မဟုတ်ရင် တပ်ကူခေါ်ဖို့လာတာမဟုတ်တာလား” ကျုံကျန်းချင်းရန်သည် ထပ် မေးပြန်သည်။
“မျိုးနွယ်သခင်ကို တင်ပြပါတယ်၊ အကြီးအကဲ၅က မင်္ဂလာသားရဲသွေး ကိုယူခဲ့ပါတယ်” အစောင့်သည် နောက်ကျသွားလျှင် သေသွားမည်ကို ကြောက်သဖြင့် လျင်မြန်စွာ ရှင်းပြလေသည်။
မင်္ဂလာသားရဲသွေး ပြန်ယူလာသည်ဟု ကျုံကျန်းချင်းရန် ကြားသော စိတ်အေးစွာသက်ပြင်းချပြီး ပြောလိုက်သည် “အကြီးအကဲ၅ကို စကားပြောဖို့ ခေါ်လိုက်”
“မျိုးနွယ်သခင်ကို တင်ပြပါတယ် အဲဒါမဖြစ်နိုင်လောက်ပါဘူး” အစောင့် ပြောလိုက်သည်။
“ဘာလို့လဲ”
“သူတို့အကြီးအကဲ၅ကိုမြင်တော့ သူက သေပြီးနေပါပြီ”
“ဘာတွေပြောနေတာလဲ” ကျုံကျန်းချင်းရန်သည် အစောင့်ကို စိုက်ကြည့်ပြီး အော်လိုက်သည်။
“အမှန်ပါပဲ အစောင့်ကာ အကြီးအကဲ၅ကိုမြင်တော့ သူ့မှာ အသက်မရှိ တော့ပါဘူး” အစောင့် ပြန်ဖြေလေသည်။
“တခြားသူတွေရော သခင်လေးရော”
“မရှိပါဘူး တံခါးရှေ့မှာ အကြီးအကဲ၅ရဲ့ အလောင်းပဲ လက်ထဲမှာ ကျောက်စိမ်းပုလင်းကိုင်ပြီးရှိနေတာပါ ဒီတစ်ခေါက် သူ့ဒဏ်ရာတွေကို အကဲဖြတ်ရသလောက်တော့ သူတို့ချောင်းမြောင်းတိုက်ခိုက်ခံရတယ်ထင်ပါ တယ်”
“ဆုန့်မြောင်….” ကျုံကျန်းချင်းရန်သည် သူ့ကိုသူ စိတ်ငြိမ်အောင် ကြိုးစားပြီး ပြောလိုက်သည် “အကြီးအကဲ၅ရဲ့ အလောင်းကို အဆောင်ကို ပြောင်းပြီး တခြားအကြီးအကဲတွေကိုလာခိုင်းလိုက်”
“ဟုတ်ကဲ့ပါ မျိုးနွယ်သခင်”
ကျုံကျန်းချင်းရန်ကို သတင်းလာပို့သောအစောင့်သည် နှိပ်ကွပ်ခြင်း ကြောင့် အသက်မသေသည်ကို ကျေးဇူးတင်လျက်ရှိသည်။ အမိန့်လက်ခံပြီး နောက်တွင် သူသည် စီစဉ်မှုများလုပ်ရန် အလောတကြီး ထွက်ပြေးသလိုမျိုး ပင် ခြံဝန်းထဲမှထွက်သွားလေသည်။
သုံးသပ်ပြီးနောက်တွင် ကျုံကျန်းမျိုးနွယ်မှ လူများသည် ကျုံကျန်းဆုန့်မြောင်နှင့် တခြားသူများ မင်္ဂလာသားရဲသွေးကိုရပြီးမှ သတ်ဖြတ် ခံရသည်ကို သေချာသွားသည်။ သို့သော် လုပ်ကြံသူများကို မသိသေးပေ။
“ရှီရှားတောင်တန်းကို စစ်ဆေးဖို့လူလွှတ်လိုက် ဘာတွေဖြစ်လဲဆိုတာ သိရမှဖြစ်မယ်” ကျုံကျန်းချင်းရန်သည် စားပွဲကိုထုရင်း အော်လေသည်။
မဟော်ဂနီသားဖြင့် ပြလုပ်ထားသော သနားဖွယ်ရာ စားပွဲလေးသည် သူ့ ကြောင့် ပျက်စီးသွားလေသည်။
တစ်နာရီကျော်အကြာတွင် ကျုံကျန်းမျိုးနွယ်မှ အဖွဲ့တစ်ဖွဲ့သည် ရှီရှား တောင်တန်းဆီသို့ ထွက်ခွာလေသည်။
တစ်ချိန်တည်းမှာပင် ရင်ယန်နန်းတော်သည်လည်း သူတို့ နန်းတော် သခင်လေးကို တိုက်ခိုက်ရဲပြီး မင်္ဂလာသားရဲသွေးကိုလုရဲသည့် အင်အားစု ကိုရှာဖွေရန် တစ်ဖွဲ့လွှတ်လိုက်လေသည်။
အဖွဲ့နှစ်ဖွဲ့သည် ရှီရှားတောင်တန်းဆီသို့ တစ်ချိန်တည်းနီးပါးရောက် လေသည်။ တစ်ချိန်တည်းမှာပင် သူတို့ရောက်နေကြသည်ကို သိလိုက်ကြ သည်။
သူတို့ တောင်ကြားသို့ရောက်သောအခါ ဒဏ်ရာရထားသော မြင်ကွင်း မှာ စိတ်မချမ်းမြေ့ဖွယ်ရာပင်။ ထိုသူတို့မှာ သူတို့အင်အားစု၏ တပည့်များဖြစ် ကြသည်။
စောင်းလာနှင့် ကျုံကျန်းဆုန့်မြောင်တို့၏ အလောင်းကိုမြင်သောအခါ သူတို့သည် မတည်ငြိမ်နိုင်တော့ပေ။ သူတို့သည် လုပ်ကြံသည့်အင်အားစုကို စစ်ဆေးရင်း သူတို့ဌာနချုပ်ကို သတင်းပို့လေသည်။
သို့သော် နောက်ဆုံးရလဒ်မှာ သူတို့ကို တုန်လှုပ်စေသည်။
“အကြီးအကဲ၁ ကျွန်တော်တို့လူအများစုက ရင်ယန်နန်းတော်ကြောင့် ဒဏ်ရာရထားကြတာ” ကျုံကျန်းမျိုးနွယ်၏ တပည့်တစ်ယောက်သည် စောင့် နေသော အကြီးအကဲ၁ကို သတင်းပို့လေသည်။
တစ်ချိန်တည်းမှာပင် ရင်ယန်နန်းတော်မှလူများသည်လည်း တူညီသော ရလဒ်ကိုရလေသည်။ ရင်ယန်နန်းတော်မှလူများ၏ ဒဏ်ရာအများစုမှာ ကျုံကျန်းမျိုးနွယ်၏ ဝိညာဉ်အရည်အချင်းကြောင့်ရခြင်းဖြစ်သည်။
တစ်မျိုးဆိုရလျှင် ထိုဒဏ်ရာများသည် မင်္ဂလာသားရဲကိုဖမ်းရန်လာ သော တခြားအင်အားစုမျာ၏ လက်ချက်မဟုတ်ပဲ မင်္ဂလာသားရဲသွေးကိုရပြီး နောက် အတွင်းပိုင်းပဋိပက္ခကြောင့်ဖြစ်သည်။
သူတို့ နိဂုံးချုပ်ပြီးနောက်တွင် နှစ်ဖက်လုံးမှလူများသည် တစ်ဖက်နှင့် တစ်ဖက် မုန်းတီးစွာကြည့်လိုက်ကြသည်။
***