← Chapters

သူ့ကိုသာလက်ထပ်နိုင်ရင်

Vol. 12 Ch. 160

သူ့ကိုသာလက်ထပ်နိုင်ရင်

Vol. 12 Ch. 160

အာရန်သည် ဇီယာကို လျစ်လျူရှုလိုက်ပြီးနောက် သူ၏ နဝမမြောက် တောင်ထိပ်သို့ ပြန်လာခဲ့သည်။

လမ်းတွင် ဇီယာသည် ပင်လယ်နဂါး၏ သွေးကို မည်သို့မည်ပုံ သိရှိသွားခဲ့ကြောင်းကို သူ တကယ် စိတ်ဝင်စားခဲ့သည်။

ဂိုဏ်းတွင် ပင်လယ်နဂါးများအကြောင်း ထိုမျှ အသေးစိတ် အချက်အလက်များ တကယ် ရှိပါသလား။

ထို့ကြောင့် သူသည် မတော်တဆ ချန်ထားခဲ့သော သဲလွန်စအကြွင်းအကျန်များကို ဖျက်ဆီးရန် သူ၏ နေအိမ်သို့ ပြန်သွားခဲ့သည်။

သို့သော် ထိုနေရာသို့ သူရောက်သည်နှင့် သူ၏ အိမ်တံခါးသည် ပွင့်နေသည်ကို တွေ့လိုက်ရသည်။

သတိထားကာ ခန်းမထဲသို့ ဝင်ရောက်လိုက်သည်။ သူ၏ ခြေထောက်များသည် ကြမ်းပြင်ကို ထိမိသည်နှင့် တစ်ပြိုင်နက် ချိုမြိန်သော ရနံ့တစ်ခုသည် သူ၏ အာရုံအတွင်းသို့ ဝင်ရောက်လာလေသည်။

သူနှင့် အလွန်ရင်းနှီးလွန်းသော ထိုချိုမြိန်သည့် ရနံ့နှင့်အတူ မိန်းကလေးတစ်ဦးသည် သူ့အား ဆီး၍ပွေ့ဖက်လိုက်သည်။

ဤသည်မှာ ရှုယင်ပင် ဖြစ်လေသည်။

“မင်း ပြန်ရောက်လာပြီလား”

အာရန်သည် သူမကို လက်ဖြင့် ပြန်လည်ပွေ့ဖက်ရင်း ဆိုလိုက်သည်။

ခဏကြာသောအခါ ထိုနေရာတွင် သူတို့ နှစ်ဦးတည်း မဟုတ်ကြောင်း သတိပြုမိလိုက်သည်။

အခန်းတွင်းတစ်နေရာတွင် လက်နှင့်ခြေများကို တွဲ၍ ချည်နှောင်ခံထားသော လူအိုကြီးတစ်ဦးအား တွေ့လိုက်ရသည်။

ထိုလူအိုကြီးသူသည် ခန်းမ၏ ထောင့်တစ်နေရာတွင် အကျဉ်းသားတစ်ဦးကဲ့သို့ လှဲလျောင်းလျက်ရှိနေသည်။

“ဒါက ဘယ်သူလဲ”

အာရန်သည် ရှုယင်နှင့် ကိုယ်ချင်းခွာလိုက်ရင်း မေးလိုက်သည်။

ထိုသူသည် ကျင့်ကြံသူတစ်ဦးအနေနှင့်မူ အားကောင်းသည့်ပုံမပေါ်နေသော်လည်း မြင်ရသလောက် ရိုးရှင်းပုံတော့ မရပေ။

“သူက သားရဲထိန်းတစ်ယောက်ပဲ ဇီယာကို မေ့ထားရင် သူကဒီတိုက်ကြီးမှာ အတော်ဆုံး တစ်ယောက်လို့ပြောလို့ရတယ် သူ့ကို ရှာတွေ့ဖို့ အတော်လေး ကြိုးစားခဲ့ရတယ် ဒါပေမယ့် သူက ရှင့်ရဲ့ ဖီးနစ်ကို ကူညီနိုင်လိမ့်မယ်” ဟု ရှုယင်က ပြန်လည် ရှင်းပြလိုက်သည်။

ရှုယင်သည် သူ၏ ဒဏ်ရာရနေသော ဖီးနစ်ကို ကုသရန် နည်းလမ်းများကို ရှာနေကြောင်း အာရန် သိထားခဲ့သော်လည်း သူမသည် ထိုသို့ပြုလုပ်ရန် သားရဲထိန်းတစ်ဦးကိုပင် ဖမ်းဆီးလာလိမ့်မည်ဟု မထင်မိခဲ့ပေ။

အချိန်အတော်ကြာအောင် သူသည် ပြောစရာ စကားလုံးများ ဆုံးရှုံးသွားခဲ့ရသည်။ သူ၏ ဖီးနစ်သည် ယခု လုံးဝကောင်းမွန်နေပြီဖြစ်သောကြောင့် ပို၍ပင် အနေရခက်မှုများ ဖြစ်လာခဲ့ရသည်။

အမှန်တွင် ဤသည်မှာ ရှုယင်အတွက် အကျိုးမရှိသော အားထုတ်မှု တစ်ခုသာဖြစ်ေသည်။

“ကျေးဇူးအများကြီး တင်ပါတယ်”

သူသည် ရှုယင်ကို ကျေးဇူးတင်နိုင်ရုံသာ တတ်နိုင်ခဲ့သည်။ သူ၏ ဖီးနစ်သည် ကောင်းမွန်သွားပြီဖြစ်ကြောင်း သူမကို မပြောခဲ့ပေ။

တတ်နိုင်လျှင် သူမသည် သူ့အတွက် လုပ်ခဲ့သမျှအတွက် အချည်းနှီးဖြစ်သည်ဟု ခံစားစေလိုခြင်း မရှိပေ။

“မင်း သူ့ကို ဒီခေါ်လာပြီးပြီဆိုတော့ ငါ့ရဲ့ ဖီးနစ်က ကောင်းလာဖို့ အချိန်တစ်ခုပဲ လိုတော့တယ်” အာရန်က အလွန်ကျေးဇူးတင်ဟန်ဖြင့် ပြောလိုက်သည်။

ရှုယင်သည် တကယ်ကို စိတ်လှုပ်ရှားနေသော ကလေးတစ်ဦးကဲ့သို့ ကျေနပ်စွာပြုံးပြလိုက်သည်။

သူမ၏ မျက်နှာသည် မျက်နှာဖုံးတစ်ခုဖြင့် ဖုံးအုပ်ထားသော်လည်း သူမပြုံးလိုက်သောအခါ သူမ၏ အလှအပသည်ကို ထိုမျက်နှာဖုံးဖြင့်ပင် ဖုံးကွယ်၍ မရနိုင်ပေ။

သူမ၏ မျက်လုံးများသည် သူမ၏ အပြုံးများနှင့်အတူ တောက်ပလာခဲ့ပြီး မြင်သူတိုင်းကို ရစ်မူးစွဲငြိ သွားစေနိုင်လောက်သည်။

“ရှင့်ရဲ့ဖီးနစ်ငှက်ကို အပြင်ထုတ်ပေးလို့ရမလား သူ့ကို အခုပဲ စစ်ဆေးခိုင်းလိုက်ရအောင်” ဟု သူမက အာရန်အား အကြံပေးလိုက်သည်။

အာရန်သည် ခေတ္တခန့် တုံ့ဆိုင်းနေခဲ့သည်။ သူသည် သူ၏ ဖီးနစ်ကို ထုတ်လိုက်လျှင် ရှုယင်သည် ၎င်းသည် ကောင်းမွန်နေပြီဖြစ်ကြောင်း မြင်တွေ့သွားလိမ့်မည်ဖြစ်မှန်း သိနေခဲ့လေသည်။

ထို့ကြောင့် သူသည် အချိန်ဆွဲထားရန် လိုအပ်လေသည်။

သူသည် သားရဲထိန်းကို ကြည့်လိုက်ကာ သူ၏ စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာလေသည်။

“သူမကို အပြင်မထုတ်ခင် ဒီနေရာက ကုသမှုအတွက် လုံလောက်မှု ရှိမရှိ သူ့ကို စစ်ဆေးခိုင်းရအောင်”

အာရန်သည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းလျက်ရှိသောလူအိုကြီးတစ်ယောက် ဆီသို့ လျှောက်သွားပြီး သူ၏ ပါးစပ်ကို ပိတ်ထားသော တိပ်ကို ဖယ်ရှားလိုက်သည်။

သာမန်အခြေအနေတွင် ထိုလူအိုကြီးသည် ၎င်းကို ပြန်ပေးဆွဲမှုအတွက် ကျိန်ဆဲနေလိမ့်မည်ဖြစ်သည်။ သို့သော် သူသည် ထူးဆန်းစွာပင် တိတ်ဆိတ်နေခဲ့သည်။

အာရန်သည် ရှုယင်မှ လမ်းတွင် ထိုလူအိုကြီးအား မည်မျှ ကြောက်လန့်စေခဲ့သည်ကို တွေးကြည့်မိလိုက်သည်။

ထိုလူအိုကြီးသည် ယဉ်ပါးနေသော သားရဲတစ်ကောင်နှင့်ပင် တူနေသည်။

“ကျုပ်ကို ကူညီဖို့ ဒီလောက် ဝေးဝေးကနေလာပေးတဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်” ဟု အာရန်က ထိုလူအိုကြီးကို ပြောလိုက်သည်။

“ဒီနေရာက ကျုပ်ရဲ့ ဖီးနစ်ငှက်ကို ကုသဖို့ တကယ်ကို အဆင်ပြေရဲ့လားလို့ အရင် မေးပါရစေ”

လူအိုကြီးသည် နောက်ဘက်ရှိ အမျိုးသမီးကို လှမ်းကြည့်လိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။

“အ-အဆင်ပြေပါတယ်။”

“ကောင်းတာပေ့ါ”

အာရန်သည် ပြုံး၍ ထရပ်လိုက်သည်။

“ဪ ခဏလေး ကျုပ် အရင်က တစ်ခုခု ကြားဖူးသလိုပဲ”

‘….’

“ဖီးနစ်ဆိုတာ ယန်စွမ်းအင်ရှိတဲ့ ဒဏ္ဍာရီဆန်ဆန် သားရဲတစ်ကောင်ပဲ အမျိုးသမီးတွေမှာ ယင်စွမ်းအင်ရှိကြတယ် ဒါ့ကြောင့် ရှုယင်သာ ဒီမှာ ရှိနေရင်ကော ကုသလို့အဆင်ပြေပ့ါမလား”

အာရန်သည် စကားလမ်းကြောင်းကို အနည်းငယ်ပြောင်း၍ မေးလိုက်သည်။

ထိုလူအိုကြီးသည် အာရန်အား ထူးဆန်းစွာ ကြည့်လိုက်သည်။ ဤသူက ဘာတွေ လျှောက်ပြောနေတာလဲ။ ဒါက ဘာမှမဆိုင်ဘူးလေ။

ရှုယင်တစ်ယောက်မကဘူး အခြားအမျိုးသမီးဆယ်ယောက်လောက် ဒီမှာရှိနေရင်တောင် ကုသမှုကို ထိခိုက်နိုင်မှာမဟုတ်ဘူး။

သို့သော် သူသည် ထိုအရာကိုပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် သူ၏ပါးစပ်ကို ပြန်ပိတ်လိုက်လေသည်။

အာရန်သည် ထိုမေးခွန်းကိုမေးလိုက်စဉ်တွင် သူသည် သူ၏ အနီးဆုံးရှိ သူတစ်ယောက်သာ ခံစားနိုင်သော ဓားဧကရာဇ်၏ အော်ရာကို အနည်းငယ် ထုတ်လွှတ်လိုက်လေသည်။

အာရန် သည် နောက်ထပ် စကားတစ်ခွန်းမျှထပ်မံ မပြောသော်လည်း ထိုလူအိုကြီးသည် အလွန်ကြောက်လန့်သွားခဲ့လေသည်။

အာရန်သည် အဖြေတစ်ခုကို လိုချင်နေကြောင်း သူနားလည်သည်။ သူသည် လက်ချောင်းများဖြင့်ပင် မသိမသာအမူအရာလုပ်ပြကာ ထိုလူပိုကြီးကို မရဟု ပြောရန် ညွှန်ပြနေသည်။

ရှုယင်ကို ကြောက်ရွံ့နေသော ထိုလူအိုကြီးသည် ယခု အခြား ကြောက်မက်ဖွယ်ကောင်းသော သူတစ်ဦးကို ထပ်မံရင်ဆိုင်နေရပြီဖြစ်ကြောင်းသိလိုက်သည်။

အာရန်၏ စကားများကို ရှုယင်သည်လည်း နားထောင်နေပုံရသောကြောင့် သူသည် အာရန်၏ သဘောထားကို သဘောတူလိုက်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။

“ဒ-ဒါက မှန်ပါတယ် ကုသမှုခံယူနေစဉ်အချိန်မှာ အမျိုးသမီးတစ်ဦး ရှိနေရင် အောင်မြင်နိုင်ခြေကို အနည်းငယ်လျော့နည်းသွားစေနိုင်ပါတယ်”

ထိုအရာသည် အလိမ်အညာတစ်ခုဖြစ်နေသော်လည်း သူ့ရှေ့ရှိထိုလူငယ်မှမှ ကြားချင်လိုသော အရာဖြစ်သဖြင့် ထိုလူအိုကြီးမှ လိမ်ညာပေးလိုက်ရသည်။

ရှုယင်သည်လည်း ထိုကဲ့သို့သော အရာမျိုးကို ဘယ်တုန်းကမှ မကြားဖူးခဲ့ပေ။ သို့သော် တစ်ချိန်တည်းတွင် ၎င်းသည် လိမ်ညာမှုတစ်ခုဟုတ်မဟုတ် သူမ မသိနိုင်ပေ။ သူမသည် သားရဲထိန်းတစ်ဦး မဟုတ်ပေ။

ဇီယာ သို့မဟုတ် သားရဲခန်းမမှ တစ်စုံတစ်ဦး ဒီမှာရှိလျှင် ၎င်းတို့သည် မည်မျှ မိုက်မဲသောစကားနည်းဟု အော်ဟစ်ပြောဆိုကြလိမ့်မည်ဖြစ်သည်။

သို့သော် ရှုယင်သည် ယခုအချိန်တွင် ထိုသို့ မလုပ်နိုင်ပေ။

“ဂိုဏ်းချုပ်နဲ့ တွေ့ဖို့ ချိန်းထာတာကို ကျွန်မအခုမှ သတိရတယ် ပြီးမှပဲ ပြန်လာခဲ့တော့မယ်နော်”

အာရန်မှ စကားတစ်ခွန်းပင် မပြောနိုင်မှီတွင် ရှုယင်သည် လှည့်ထွက်ကာ အခန်းမှ ထွက်သွားပေးလိုက်သည်။

သူမသည် အပြင်သို့ ပျံသန်းသွားလိုက်ပြီး ထိုနေရာမှ တဖြည်းဖြည်းချင်း ဝေးကွာသွားလေသည်။

အာရန်သည် တံခါးကို ပိတ်ကာ ထိုလူအိုကြီးဆီသို့ ပြန်သွားလိုက်သည်။

“အခု သေချာ နားထောင်”

အာရန်သည် ထိုလူအိုကြီး၏ ကော်လာကို ဆုပ်ကိုင်လိုက်သည်။

“ငါ့ရဲ့ ဖီးနစ်က ကုသပြီးသွားပြီ ဒါပေမယ့် ခင်ဗျားကို ပြန်ပေးဆွဲခေါ်လာတဲ့ မိန်းကလေးရဲ့ ကြိုးစားမှုကို အချည်းနှီး မဖြစ်စေဖို့ သေချာအောင် လုပ်ဖို့လိုအပ်တယ် ကျုပ်ပြောတာနားလည်လား”

“ကျုပ်...”

ထိုလူအိုကြီးသူသည် အာရန် ဘာပြောနေသည်ကို နားမလည်ပေ။ ဤလူသည် သူ့ဆီက ဘာလိုချင်နေသနည်း။

သူ၏ ဖီးနစ်ငှက်သည် ကုသပြီးပြီဆိုလျှင် အဘယ်ကြောင့် ဤမျှ အလုပ်ရှုပ်ခံနေရသနည်။

“သူမ ပြန်ရောက်လာတဲ့အခါ ခင်ဗျားက ကျုပ်ရဲ့ ဖီးနစ်ကို ကုသပေးပြီးလို့ လုံးဝ ပြန်ကောင်းနေပြီလို့ ပြောရမယ် ပြီးရင် နောက်ထပ်လေကြောမရှည်တော့ပဲ ချက်ခြင်း လှည့်ထွက်သွားရမယ် သဘောပေါက်လား”

လူအိုကြီးသည် ပြောစရာစကားလုံးများ ပျောက်ရှသွားရသည်။

ဤဂိုဏ်းမှ လူတိုင်းသည် အဘယ်ကြောင့်ဤမျှ ရူးကြောင်ကြောင်နိုင်ကြရသနည်။ သို့သော်

နောက်ဆုံးတွင် သူသည် ခေါင်းညိတ်ရုံသာ တတ်နိုင်ခဲ့လေသည်။

....

ရှုယင်သည် ဗဟိုဧရိယာအတွင်းသို့ ပျံသန်းသွားနေလေသည်။

မဟာအကြီးအကဲတစ်ဦးအနေနှင့် သူမသည် ထိုနေရာသို့ လွတ်လပ်စွာ ဝင်ထွက်ခွင့် ရှိလေသည်။

သူမသည် ထိုနေရာတွင်ပင် နေထိုင်သူတစ်ဦးလည်း ဖြစ်လေသည်။

သို့သော် လမ်းတွင် အာရန်၏ နာမည်ကို ခေါ်လိုက်သည်ကို ကြားလိုက်ရသဖြင့် ရုတ်တရက် ရပ်တန့်သွားသည်။

“အကြီးအကဲရန်က အရမ်းချောတာပဲ သူ့ကို လက်ထပ်နိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ...”

အမျိုးသမီးတပည့်တစ်ဦးသည် သစ်ပင်အောက်တွင် ထိုင်ကာ သူငယ်ချင်းတစ်ဦးနှင့် စကားပြောနေသည်။

အခြားမိန်းကလေးတစ်ဦးကလည်း ထိုစကားကိုကြားသောအခါ ရယ်မောလိုက်သည်။

“အဲ့မှာ အိပ်မက်မက်နေလိုက် ဘာပဲဖြစ်ဖြစ် အကြီးအကဲရန်က အကြီးအကဲကျန်းကိုပဲ လက်ထပ်မှာ ဝင်ခွင့်စာမေးပွဲတုန်းက သူတို့နှစ်ယောက် ဘယ်လောက် ရင်းနှီးနေလဲဆိုတာ နင် မမြင်ဘူးလား”

#Catfoot

All Chapters