မင်းနောက်ကိုလိုက်ခွင့်ပြုပါ
Vol. 011 Ch. 1062
မကြာခင်တွင် အလယ်ပိုင်းဒေသမှလူများသည် ကျုံကျန်းမျိုးနွယ်နှင့် ရင်ယန်နန်းတော်တို့ လုံးဝသဘောထားကွဲလွဲသွားသည်ကို သိလိုက်ရသည်။ အကြောင်းမှာ ရှီရှားတောင်တန်းတွင် မင်္ဂလာသားရဲသွေးရှာစဉ်တွင် ပဋိပက္ခ များဖြစ်ကာ နှစ်ဖက်လုံး လမ်းခွဲသည့်အခြေအနေဖြစ်ပုံရသည်။ တောင်ပိုင်း လွင်တီးခေါင်ဒေသမှလူများသည် ထိုသတင်းကြောင့် အံ့သြခြင်းမရှိပေ။ အကြောင်းမှာ ကျုံကျန်းမျိုးနွယ်၏ အင်အားသည် များမကြာမီနှစ်များတွင် ရုတ်တရက်တိုးတက်လာခြင်းကြောင့်ဖြစ်သည်။ သူတို့သည် ရင်ယန် နန်းတော်မှ ခွဲထွက်ချင်သည်ဟု သတင်းထွက်နေသည်မှာ ကြာပြီဖြစ်သည်။ ထိုမတော်တဆမှုသည် အစပျိုးလိုက်ခြင်းသာဖြစ်သည်။
ပါရမီရှင် သခင်လေးကို ဆုံးရှုံးရသည်မှာ တန်ဖိုးမည်မျှကြီးကြောင်းကို ကျုံကျန်းမျိုးနွယ်တစ်ဦးတည်းသာ သိသည်။
နှစ်ဖက်လုံးသည် သခင်လေးနှင့် နန်းတော်သခင်လေးတို့ကို တစ်ချိန် တည်းဆုံးရှုံးလိုက်ပြီး စွမ်းအင်တိုက်ပွဲဖြစ်လုနီးပါးပင်။ သို့သော် နှစ်ဖက်လုံး သည် မင်္ဂလာသားရဲသွေးကိုရလိုက်သဖြင့် ထာဝရရှင်သန်သူနယ်မြေပွင့်မည် ကိုသာ အာရုံစိုက်ကာ တိုက်ပွဲကိုရှောင်ရှားလိုက်ကြသည်။
သို့သော် နှစ်ဖက်ကြားမှ ဆက်ဆံရေးသည် ဖျောက်ဖျက်မရတော့ပေ။
ရှီမာယူူယူ သတင်းရချိန်တွင် စာသိမ်းငှက်မျိုးနွယ် လူသားအသွင် ပြောင်းရန်ကို ကူညီပေးတော့မည့်အချိန်ဖြစ်သည်။ ရှင်းမိုပြောသည်ကို ကြားပြီးနောက် သူမ နှုတ်ခမ်းများသည် ကျေနပ်သောအပြုံးအဖြစ်တွန့်ကွေး သွားသည်။
“ရလဒ်ကမဆိုးဘူး ကျေနပ်လောက်စရာပဲ” ရှင်းမိုသည် သူမ အပြုံးကို မြင်ပြီးနောက် ပြုံးလိုက်သည် “ဒီကိစ္စရှင်းပြီးပြီဆိုတော့ ငါပြန်တော့မယ်”
“ဒါလုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် ရှင်းမို အား ကျေးဇူးတင်စွာကြည့်လေသည်။ သူမ သူ့ကိုအကူအညီတောင်းသော အခါ ငြင်းဆန်ခြင်းမရှိ သဘောတူခဲ့သည်။
သူမသည် ကျောက်စိမ်းပုလင်းထုတ်ကာ ပြောလိုက်သည် “ဒါက ဟိန်းသံလေးရဲ့သွေးပဲ မင်း မင်္ဂလာသားရဲသွေးရှာမရဘူးဆိုတာ ငါသိတယ် ဒါယူထားလိုက် ထာဝရရှင်သန်သူနယ်မြေကိုဝင်ပြီးရင် ငါတို့ မင်္ဂလာသားရဲ သွေးတူနေတော့ တစ်ယောက်နဲ့တစ်ယောက်ရှာလို့ရတယ်”
ရှင်းမိုသည် ကျောက်စိမ်းပုလင်းကို တွေဝေခြင်းမရှိယူပြီးနောက် ဟိန်းသံလေးသည် အဝေးတွင် နာကျင်စွာငိုနေရင်းနှင့် သူ့လက်သည်းများဖြင့် ရမ်းပြနေသည်ကို မြင်သောအခါ သူ မတတ်သာပဲရယ်လိုက်သည်။
“ကောင်းပြီ ငါယူလိုက်ပြီနော် ထာဝရရှင်သန်သူနယ်မြေမှာ တစ်ယောက်နဲ့ တစ်ယောက်ဂရုစိုက်ပေးတာပိုကောင်းတာပေါ့” ရှင်းမိုသည် ကျောက်စိမ်းပုလင်းကို မှော်ဝင်လက်စွပ်အတွင်းထည့်ပြီးနောက် ရှီမာယူယူ ကို ခေါင်းညိတ်ပြကာ မူဝမ်နှင့် ရှင်းဟုန်နှင့်အတူ ထွက်သွားလေသည်။
ရှီမာယူယူသည် သူတို့ထွက်သွားသည်အထိစောင့်ပြီးနောက် အခုလေးတင်ပြန်ရောက်သော ကုန်ရှန်ယိဘက်လှည့်ကာ ပြောလိုက်သည် “ဒါ မင်းအတွက်”
“ဒါကလည်း ဟိန်းသံလေးဆီကလား” ကုန်ရှန်ယိ မေးလိုက်သည်။
“အင်း ဒီနေ့ သူ့သွေးကို ငါများများယူလိက်တယ် အဲဒါကြောင့် သူ အခု မပျော်နေဘူး” ရှီမာယူယူသည် ဟိန်းသံလေးအားကြည့်လိုက်ရာ ဟိန်းသံလေးသည် သူမအကြည့်ကိုခံစားမိပြီး နှာခေါင်းရှုတ်ကာ လှည့်သွားပြီး သူမကို တင်ပါးပေးထားလေသည်။
ကုန်ရှန်ယိသည် ဟိန်းသံလေး၏ ပုံစံကိုကြည့်ပြီး ကျယ်လောင်စွာရယ် မောလိုက်သည်။
သူမသည် ကျောက်စိမ်းပုလင်းကိုယူပြီး ပြောလိုက်သည် “ကျွန်မတို့မှာ မင်္ဂလာသားရဲရှိပေမယ့် အစ်မနဲ့အဆက်အသွယ်ရချင်ရင် ဒါကိုသုံးတာ ပို ကောင်းမယ်”
“ဒါဆို မင်းအဖေကိုစကားပြောရမှာပဲ”
“ကိုင်တွယ်ဖို့မလွယ်ဘူးပဲ” ကုန်ရှန်ယိသည် ကျောက်စိမ်းပုလင်းကို သိမ်းပြီးနောက် ရှီမန်ဖန်ဘေးတွင် ခဏနေပြီးနောက် သူမ လူများကိုပြန်ခေါ် သွားလေသည်။
တောင်ကြားတွင် စာသိမ်းငှက်များသည် တစ်ကောင်ပြီးတစ်ကောင် အသွင်ပြောင်းကြလေသည်။ တိမ်တိုက်ဝိညာဉ်သည် ရှီမာယူယူကို တွေ့ရန် ပင် ငြင်းပယ်ကာ မိုးကြိုးသွားများစွာပစ်ပြီးနောက်တွင် သူ၏တင်ပါးကို ပုတ်ပြီး သူကို လျစ်လျူရှုလေသည်။
စာသိမ်းငှက်ဘုရင်သည် အောက်မှအခြေအနေကို စောင့်ကြည့်နေလေ သည်။ ရှီမာယူယူ သူမသူငယ်ချင်းများကို နှုတ်ဆက်သည်ကို ကြားသောအခါ သူ တစ်စုံတစ်ခုကိုတွေးမိလိုက်သည်။
သူ ရှီမာယူယူဘေးသို့လာပြီး ရုတ်တရက် ဒူးထောက်လေသည်။
ရှီမာယူယူသည် သူ့ကို တအံ့တသြကြည့်လေသည် “စာသိမ်းငှက် ဘုရင် ဒါဘာလုပ်တာလဲ”
“စာသိမ်းငှက်မျိုးနွယ်ကို သခင်လေးနောက်လိုက်ခွင့်ပြုပါ” စာသိမ်းငှက် ဘုရင်သည် အလေးအနက်ထားကာ ပြောလေသည်။
“ကျွန်တော့်နောက်လိုက်မယ် ဟုတ်လား” ရှီမာယူယူသည် မျက်လုံးပြူး သွားလေသည် “ကျွန်တော် အကြားမှားသလား”
“သခင်လေး မျောက်ဝံတွေကိုတောင်မှ လိုက်ခွင့်ပြုမှတော့ ကျုပ်တို့ကို လည်းလိုက်ခွင့်ပြုပါ” စာသိမ်းငှက်ဘုရင် ပြောလိုက်သည် “ကျုပ်တို့ သခင်လေးရဲ့ အင်အားစုထဲဝင်ဖို့ ဆန္ဒရှိပါတယ်”
ရှီမာယူယူသည် မျက်တောင်ခတ်ကာ ရှီမန်ဖန်အားကြည့်သည်။ ပြီးနောက် စာသိမ်းငှက်ဘုရင်ကို ကြည့်လေသည်။
“စာသိမ်းငှက်ဘုရင် တကယ်ပဲ ကျွန်တော်တို့နောက်လိုက်ချင်တာလား” ရှီမာယူယူ မေးလိုက်သည်။
“အကြောင်းအရင်းတစ်ခုက သခင်လေးက ဘုရင်ကြီးရဲ့ စာချုပ်ပိုင်ရှင် ဖြစ်နေတယ်” စာသိမ်းငှက်ဘုရင် ပြောလေသည် “နောက်တစ်ခုက ကျုပ်တို့ က ကိုယ့်ဘာသာ အားကောင်းချင်တယ် သခင်လေးနဲ့ဆိုရင် ကျုပ်တို့ စာ သိမ်းငှက်မျိုးနွယ်က ရှီရှားတောင်တန်းလို နေရာသေးတစ်ခုမှာတင်မဟုတ်ပဲ ပိုပြီးဝေးဝေးသွားနိုင်မယ်”
“ဘုရင်ကအဲလိုဆုံးဖြတ်ချက်လုပ်ရင် အရှင့်လူတွေက သဘောတူရဲ့ လား” ရှီမာယူယူ မေးလိုက်သည်။
“ဒါကိုကြုံတွေ့ပြီးတဲ့နောက်မှာတော့ သူတို့လည်း ကျုပ်နဲ့ အတွေးတူ မယ်လို့ထင်ပါတယ်” စာသိမ်းငှက်ဘုရင် ပြောလိုက်သည် “ပြီးတော့ ကျုပ်တို့ ဘုရင်နောက်လိုက်ဖို့က ငှက်မျိုးနွယ်အားလုံးရဲ့ အိမ်မက်ပါ”
ရှီမာယူယူသည် ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်သည် “ကျွန်တော် တို့ ဒီကိစ္စကိုဆွေးနွေးဖို့လိုတယ် ခင်ဗျားလည်း ခင်ဗျားလူတွေနဲ့ဆွေးနွေး လိုက်ဦးပေါ့၊ ဘုရင်ကြီးက ဒီအတွေးရှိတယ်ဆိုရင် နောက်မှပြောကြတာပေါ့ ဘယ်လိုလဲ”
သူပြောသည့်စကားကို ရှီမာယူယူ တစ်ဝက် ကျော်သဘောတူပြီးသား ဆိုသည်ကို စာသိမ်းငှက်ဘုရင် သိသည်။ သူသည် ချက်ချင်းပင် ထကာ ပြော လိုက်သည် “ကျုပ် မျိုးနွယ်အကြီးအကဲတွေနဲ့ သွားတိုင်ပင်လိုက်ပါဦးမယ်”
ပြောပြီးနောက်တွင် မျိုးနွယ်ဝင်များ အသွင်ပြောင်းနေဆဲဖြစ်သည်ကို ပင်မေ့လျော့ကာ လှည့်ထွက်လေသည်။
“စီနီယာအစ်ကို ဖန်အာ ဘယ်လိုထင်လဲ” ရှီမာယူယူ မေးလိုက်သည်။
ရှီမန်ဖန်သည် ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်သည် “သူတို့သာ ပူးပေါင်းနိုင်ရင်တော့ အားလုံးဝတက်သွားမှာပေါ့၊ ဒါပေမဲ့ စာသိမ်းငှက် အဲလောက်အများကြီး ဒဏ်ရာရလာရင် ထောက်ပံ့ဖို့အရင်းအမြစ်က လောက် ပါ့မလား”
“အဲဒါက ပြဿနာပဲ” ရှီမာယူယူ ပြောလိုက်သည် “သွေးမိစ္ဆာမြို့တော် ကလူတွေနဲ့ကို ထောက်ပံ့တဲ့အရင်းအမြစ်တွေအတွက် ရုန်းကန်နေရတာ လူ ထပ်ရလာရင် သူတို့ကို မထောက်ပံ့နိုင်မှာစိုးတယ်”
“စာသိမ်းငှက်မျိုးနွယ်က အရင်းအမြစ်အများကြီးမလိုပါဘူး” ဝူလင်းယူ ပြောလိုက်သည် “သူတို့ကို သီးခြားဖော်ထားတဲ့ဆေးနဲ့ ကျင့်ကြံဖို့နေရာပေးရင် တခြားမလိုဘူး”
“ဒါပေမဲ့ အသည်းကွဲတောင်ကြားက သူတို့နေဖို့မသင့်တော်ဘူးလေ” ရှီမာယူယူ ပြေလာိုက်သည်။
“သူတို့ကို အပြင်ဘက်ထောက်ပံ့ရေးအနေနဲ့ အသည်းကွဲတောင်ကြား အပြင်မှာထားလိုက်မယ်” ရှီမန်ဖန် ပြောလိုက်သည်။
“ဒါဆိုရင် မင်းက သူတို့ပူးပေါင်းမှာကို သဘောတူတယ်ပေါ့” ရှီမာယူယူ မေးလိုက်သည်။
“တကယ်တော့ ငါတို့အခုလက်ရှိအင်အားက အလယ်ပိုင်းဒေသမှာ ထိပ်တန်းအဆင့်ဖြစ်နေပြီ ဒါပေမဲ့ ပုန်းကွယ်နေကြတော့ လူတွေမသိကြတာ” ရှီမန်ဖန် ပြောလိုက်သည် “ဒါပေမဲ့ လူတော်တော်များများက ဘောင်မဝင်သေး ဘူး၊ သူတို့ကို ကျန်ဆိုတာနဲ့ ချုပ်နှောင်ထားပေမယ့် မသမာသူရှိနေတုန်းပဲ ငါတို့မှာ စာသိမ်းငှက်ရှိရင် သူတို့ကို အုပ်စိုးလို့ရနိုင်တယ်”
ဝူလင်းယူသည် ရှီမာယူယူကိုမြင်သောအခါ တွေဝေသွားကာ မေးလိုက် သည် “ဘာတွေစဉ်းစားနေတာလဲ”
ရှီမာယူယူသက်ပြင်းချကာ ပြောလိုက်သည် “ပြောရရင် ငှက်မျိုးနွယ်ကို ကျွန်တော်တို့ကိစ္စမှာဝင်မပါစေချင်ဘူး ငှက်လေးကို ဒုက္ခမဖြစ်စေချင်ဘူး အဲဒါကြောင့် အတောင်ပံလေးခုငှက်နဲ့ ဗျိုင်းမျိုးနွယ်တို့်လိုက်ချင်တာတောင် ဝိညာဉ်စေတီထဲမှာပဲ တိတ်တဆိတ်ကာကွယ်ထားတာ ဒါပေမဲ့ စာသိမ်းငှက် မျိုးနွယ်ကိုလက်ခံလိုက်ရင် ဟန်ချက်မညီမှာစိုးတယ်”
“ယူယူ မင်းမှားသွားပြီ” ငှက်လေး၏အသံသည် စာချုပ်နေရာမှထွက် လာသည်။
ရှီမာယူယူသည် ငှက်လေးကိုခေါ်ထုတ်လိုက်သည်။
“ငှက်လေး ဘယ်လိုထင်လဲ”
ငှက်လေးသည် ရှီမာယူယူကို နူးညံ့စွာကြည့်ပြီးပြောလိုက်သည် “သူတို့ ကို ငါ့ဖိအားနဲ့ မင်းရဲ့အင်အားစုထဲအတင်းဝင်ခိုင်းရင် သူတို့ကို မင်းရဲ့ ကိုယ်ပိုင်ကိစ္စတွေမှာ အတင်းပါခိုင်းတာဖြစ်နေပြီ၊ ဒါပေမဲ့ သူတို့က ငါ့ကြောင့် မဟုတ်ဘူးလေ၊ မင်းနဲ့ဆိုရင် သူတို့ဝေးဝေးကိုသွားနိုင်မယ်ဆိုပြီး မင်းက မျှော်လင့်ချက်ပေးနိုင်တယ်၊ အဲဒါကြောင့် သူတို့ပါဝင်ချင်တာပဲ၊ မင်းကြောင့် လေ ငါ့ကြောင့်မဟုတ်ဘူး ပြီးတော့….”
ငှက်လေးသည် စကားပြောနေရာမှရပ်သွားသည်။ ရှောင်ချီသည် သိချင် စိတ်ဖြင့် မေးလိုက်သည် “ပြီးတော့ ဘာလဲ”
ငှက်လေးသည် ခေတ္တမျှတွေဝေသွားပြီး ပြောလိုက်သည် “ပြီးတော့ ကြက်သွေးရောင်မီးတောက်နောက်လိုက်တာက သူတို့မျိုးဆက် ကျင့်ကြံဖို့ အတွက် ကြီးပွားရာပဲ၊ သူတို့လိုက်တဲ့လူတွေက ဘယ်လိုလူတွေလဲဆိုတာ နားလည်လာပါလိမ့်မယ်”
***