← Chapters

သူမ သိမှာ မဟုတ်ပါဘူး

Vol. 12 Ch. 161

သူမ သိမှာ မဟုတ်ပါဘူး

Vol. 12 Ch. 161

“သူတို့နှစ်ယောက်က အရမ်းလိုက်ဖက်ကြတယ် ဂိုဏ်းမှာ အကောင်းဆုံး စုံတွဲလို့တောင် ပြောလို့ရတယ်” ဟု ထိုမိန်းကလေးက ပြောလိုက်သည်။

သူမသည်လည်း ဝင်ခွင့်စာမေးပွဲတွင် ပါဝင်သူတစ်ဦးဖြစ်ပြီး အာရန်နှင့် ကျန်းဝေတို့နှစ်ဦး အတူတကွရှိနေကြသည်ကို မြင်ခဲ့ရသော အချိန်ကို သူမ မှတ်မိနေဆဲဖြစ်သည်။

သူမသည် ဝမ်ချင်းယု၊ ရဲ့လန်တို့နှင့် အတူတစ်သုတ်တည်း ဝင်ရောက်လာခဲ့သော ဂိုဏ်း၏ တပည့်သစ်တစ်ဦးလည်းဖြစ်လေသည်။

သို့သော် သူမကို မည်သည့်အကြီးအကဲကမျှ ရွေးချယ်ခြင်း မပြုခဲ့ပေ။ ထို့ကြောင့် သူမသည် သာမန်အတွင်းစည်းတပည့်တစ်ဦးသာ ဖြစ်လာခဲ့လေသည်။

“ငါသိပါတယ်ဟာ ဒါပေမယ့် ငါက အိပ်မက်လေးတော့ မက်ခွင့်ရှိသေးတယ်မဟုတ်လား အကြီးအကဲရန်လို ကြီးမြတ်တဲ့သူ တစ်ယောက်က ဇနီးမယားတစ်ယောက်တည်း ရှိဖို့ မလိုအပ်ဘူးလေ အကြီးအကဲကျန်းက သူ့ရဲ့ အဓိကဇနီးမယားဖြစ်နိုင်ပြီး ငါက သူ့ရဲ့ ဒုတိယဇနီး မယားတော့ ဖြစ်နိုင်သေးတယ်လေ ဟုတ်တယ်မလား”

“ဟား အေးပါဟာ အိပ်မက်ပဲဆက်မက်နေလိုက်ပါ”

သူမတို့နှစ်ယောက်စလုံးအတွက်မူ အာရန်သည် ဘယ်တော့မှ ထိတွေ့နိုင်မည်မဟုတ်သော အလှမ်းဝေးကွာလွန်းသည့် ကောင်းကင်ကြီးတစ်ခုပင် ဖြစ်ကြောင်း သိထားကြလေသည်။

သူမတို့သည် သူ၏ တပည့်ဖြစ်ရန်ပင် အရည်အချင်း မလုံလောက်သကဲ့သို့ သူ၏ ဇနီးမယားဖြစ်ရန်အတွက်လည်း သူမတို့၏ ရုပ်ရည်သည် မလုံမှု ရှိမနေပေ။

ထိုမိန်းကလေးနှစ်ဦးသည် ကောင်းကင်တွင် တစ်စုံတစ်ဦး ရပ်နေပြီး ၎င်းတို့၏ စကားပြောဆိုနေမှုများကို နားထောင်နေသည်ကို သတိမထားမိခဲ့ပေ။

အာရန်နှင့် ကျန်းဝေသည် အကောင်းဆုံး စုံတွဲဖြစ်သည်ဟူသောပြောစကားကို ကြားသောအခါ ရှုယင်၏ မျက်နှာအမူအရာသည် မှောင်မိုက်သွားခဲ့လေသည်။

၎င်းသည် ထိုမိန်းကလေးများ၏ စိတ်ကူးယဉ်သက်သက်လျောက်ပြောသော စကားသာဖြစ်ကြောင်း သူမသိနေသော်လည်း သူမသည် ဤစိတ်ကူးယဉ်မှုကိုပင် မုန်းတီးနေဆဲဖြစ်သည်။

ထိုအတွေးတစ်ခုတည်းကပင် သူမကို ဒေါသအလွန် ထွက်သွားစေခဲ့သည်။

သူမ၏ လက်သီးများသည် အလွန်တင်းကျပ်စွာ ဆုပ်ကိုင်ထားသောကြောင့် သွေးများပင် စီးကျလာပြီး သွေးစက်ငယ်များသည် ကောင်းကင်မှ ကျဆင်းလာလေသည်။

.......

“နားလည်ပါပြီ မင်းပြောတဲ့အတိုင်း လုပ်လိုက်ပါ့မယ်” ဟု သားရဲထိန်းဖြစ်သော လူအိုကြီး သည် အာရန်၏စကားအား သဘောတူလိုက်သည်။

“ဒါပေမယ့် အဲဒီမတိုင်ခင် ကျုပ်ကို အရင် လွှတ်ပေးလို့ရနိုင်မလား”

အာရန်သည် ထိုလူအိုကြီး၏ ချုပ်နှောင်ထားသော လက်နှင့် ခြေထောက်များကို ဖြေပေးလိုက်လေသည်။

ထိုလူအိုကြီးသည် ဤနေရာသို့ အတင်းအကျပ် ခေါ်ဆောင်ခံခဲ့ရခြင်း မှန်သော်လည်း ၎င်းတို့အား ပြန်လည်တိုက်ခိုက်ရန် ကြိုးစားမည်ဆိုပါက သူ့လောက်မိုက်မဲသောသူ ရှိတော့မည်မဟုတ်မှန်းလဲ သိနေလေသည်။

အထူးသဖြင့် ၎င်းတို့သည် ဤနတ်ဆိုးဂိုဏ်းကြီးတွင် ရှိနေသော အချိန်၌ဖြစ်လေသည်။

“သူမက နည်းနည်း ကြမ်းတမ်းပုံပေါ်ပေမဲ့ စိတ်ရင်းလေးက အရမ်းမဆိုးပါဘူး သူမက ကျုပ်ရဲ့ သားရဲအတွက် နဲနဲအစိုးရိမ်လွန်သွားရုံပါ”

သူသည် ထိုလူအိုကြီးအား လွှတ်ပေးရင်း ရှုယင်မှာ ထိုမျှဆိုးသွမ်းသူမဟုတ်ကြောင်း ရှင်းပြရန် ကြိုးစားလိုက်သည်။

အာရန်သည် အကြီးအကဲတစ်ဦး၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်နှင့် ဟိတ်ဟန်တစ်ချို့ ပြုလုပ်ရန် မလိုအပ်ပါက ရှုယင်အစား ထိုလူအိုကြီးအား တောင်းပန်ချင်နေခဲ့သည်။

“အရာအားလုံးကို ငါ နားလည်ပါတယ်ကွာ မင်း စိုးရိမ်စရာ မလိုဘူး ငါ သူမကို အပြစ်တင်မှာ မဟုတ်ဘူး သူမကို အပြစ်တင်ရင်လဲ ငါ ဘာလုပ်နိုင်မှာလဲ သူမက ငါ့ထက်အများကြီး ခွန်အားကြီးတယ်လေ”

ထိုလူအိုကြီးသည် သူ၏ လက်ကောက်ဝတ်ိမှ အချိန်ကြာကြာ ချည်နှောင်ခံထားရမှုကြောင့် အရာထင်ကျန်ရစ်ခဲ့သောနေရာအား ပွတ်သပ်နေလေသည်။

“ငါ့လဲ နဲနဲတော့ မှားခဲ့ပါတယ် သူမက နတ်ဆိုးဂိုဏ်းကမှန်းကြိုသိခဲ့မယ်ဆိုရင် သူမကို အပြင်မှာ စောင့်နေခိုင်းခဲ့မိမှာ မဟုတ်ပါဘူး”

ရှုယင်၏ အဆင့်အတန်းကိုသာ သူကြိုသိခဲ့ပါလျှင် သူမနှင့် စကားပြောရန် အတွက် လုပ်လက်စ အရာအားလုံးကို ချန်ထားခဲ့မည်ပင်ဖြစ်လေသည်။

ယင်းအစား သူသည် သူမကို စောင့်ခိုင်းမိခဲ့သည်။ ၎င်းသည် သူ၏ အကြီးမားဆုံး မဟာအမှားပင်ဖြစ်လေသည်။

ရှုယင်သည် အလျင်စလိုဖြစ်နေသောကြောင့် သူမသည် လုံးဝ မစောင့်ချင်ခဲ့ပေ။ သူသည် သူ၏ အမှားတစ်ခုကြောင့် ခံစားခဲ့ရသော ဆုံးရှုံးမှုများကို ပြန်လည်တွေးတောရင်း နောင်တရနေဆဲဖြစ်သည်။

အာရန်သည် ထိုလူအိုကြီးမှ သူ့အား စကားပြောနေစဉ် အခန်းပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရင်း ဇီယာ သတိပြုမိခဲ့သော သဲလွန်စ အစအနများကို ရှာဖွေကြည့်နေမိ၏။

“ခင်ဗျား ဒီမှာရှိနေတုန်း ကျုပ်ရဲ့ ဖီးနစ်ငှက်ကို တစ်ခေါက်လောက်ထပ် စစ်ဆေးပေးနိုင်မလား ဒုတိယထင်မြင်ချက်တစ်ခုထပ်ရတာကလဲ ကောင်းမွန်တဲ့အချက်ပါပဲ ဒါက ခင်ဗျားကို ပိုပြီးကောင်းကောင်း ဟန်ဆောင်နိုင်ဖို့အတွက်လည်း အကူအညီဖြစ်စေလိမ့်မယ်”

အာရန်သည် သူ၏ ဖီးနစ်ကို စနစ်သိုလှောင်ခန်းအတွင်းမှ ထုတ်ယူလိုက်ပြီး သူမအား ခဏတာ ဤအခန်းအတွင်း အနားယူရန် ပြောလိုက်သည်။

ခန်းမအလယ်တွင် ဧရာမဖီးနစ်တစ်ကောင် ပေါ်လာသောအခါ လူအိုကြီး၏ အမြင်အာရုံသည် ထိုဖီးနစ်၏ ကိုယ်လုံးကြီးနှင့်ပိတ်ဆို့သွားပြီး သူနှင့် အာရန်ကြားအကွာဝေးကို ခွဲထုတ်ပစ်လိုက်သည်။

တစ်ဖက်တွင် အာရန်သည် သူအိပ်ရာနှင့် ပို၍ နီးကပ်စွာ လျှောက်သွားလိုက်သည်။

“ဒါက ဘာလဲ...”

အာရန်သည် အိပ်ရာအောက်ကိုတစ်ချက် စစ်ဆေးကြည့်လိုက်သောအခါ အိပ်ရာ၏ ခြေထောက်နားတွင် ကပ်နေသော ခြောက်သွေ့နေသည့် သွေးစက်တစ်စက်ကို တွေ့လိုက်ရလေသည်။

“ဟင်း ငါနောက်ကို ပိုသတိထားမှရမယ် ဒါပေမယ့် ဇီယာလို ကျွမ်းကျင်တဲ့သူ တစ်ယောက်ယောက် ဒီကို ရောက်လာလိမ့်မယ်လို့တော့ ငါ တကယ် မထင်ထားခဲ့ဘူး သူမက ဒီသွေးကိုမြင်ရုံနဲ့ မှတ်မိနိုင်တဲ့ ထူးချွန်တဲ့ သားရဲထိန်းတစ်ယောက်ပဲလေ”

သူသည် ကျန်ရှိသော ထိုသွေများ၏ နောက်ဆုံး အကျွင်းအကျန်များကို သန့်ရှင်းလိုက်ပြီးနောက်

နောက်တစ်ကြိမ် တစ်ခုခု ထပ်မံချန်ထားခဲ့သည့် အမှားကို မပြုလုပ်မိစေရန် အရာအားလုံးကို ဂရုတစိုက်သေချာစွာ စစ်ဆေးလိုက်သည်။

သူသည် ကျန်ရှိနေသော အကျွင်းအကျန်အစအနတိုင်းကို သန့်ရှင်းစေခဲ့ပြီး အိပ်ရာအောက်မှ ထွက်လာခဲ့သည်။

သို့သော် သူထွက်လာသည်နှင့် တစ်ပြိုင်နက် သူ၏ အိပ်ရာပေါ်တွင် တစ်စုံတစ်ဦးမှ အခန့်သား ထိုင်နေသည်ကို တွေ့လိုက်သည်။

ထိုသူသည် အစောကလူအိုကြီးလဲ မဟုတ်သလို ရှုယင်လည်း မဟုတ်ပေ။ ထို့ပြင် သူယခင်က မြင်ဘူးခဲ့သောသူတစ်ဦး မဟုတ်ပေ။

ယင်းအစား ဝိညာဉ်တစ်ကောင်ကဲ့သို့ ခပ်ပါးပါးအလွှာ တည်ရှိမှုကိုသာမြင်နေရသော အမျိုးသမီးတစ်ဦး ဖြစ်လေသည်။

ထိုအမျိုးသမီးသည် ရှုယင် အစောပိုင်းကာလတုံးက ဆုတ်ဖြဲခဲ့သော စာနှင့် ဆင်တူသော နောက်ထပ်စာတစ်စောင်ကို သူမ၏ လက်ထဲတွင် ကိုင်ထားလေသည်။

“ဟင် ဘာလို့ ရှင်က ကျွန်မကို မြင်နေရတယ်လို ခံစားမိရတာလဲ” ထိုအမျိုးသမီးသည် အာရန်မှ သူမကို ကြည့်နေသည်ကို အံ့အားသင့်သွားရသည်။

အာရန်သည် သူမကို ယခင်က မမြင်ဖူးခဲ့ပေ။ အကယ်၍ သူသာ မြင်ဖူးခဲ့လျှင် ရှုယင်မှ ယခင်တစ်ခေါက် ဆင့်ခေါ်ခဲ့ဘူးသော ဝိညာဉ်မလေးဖြစ်မှန်း တန်း၍ မှတ်မိလိမ့်မည်ဖြစ်သည်။

“မင်း ဘယ်သူလဲ”

အာရန်သည် ထရပ်ရင်း ထိုအမျိုးသမီးကို မေးလိုက်သည်။ သူသည် နောက်ဆုတ်ကာ ထိုအမျိုးသမီးနှင့် အကွာဝေးတစ်ခု အနည်းငယ် ခွာလိုက်သည်။

“ဟင် ဒါဆို ရှင်က ကျွန်မကို တကယ်ကြီး မြင်နိုင်တာလား ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

အမျိုးသမီးပင် အာရန်သည် သူမကို အမှန်တကယ် မြင်နိုင်ကြောင်း အတည်ပြုလိုက်သောအခါ အံ့အားသင့်သွားရသည်။

နောက်ဆုံးတစ်ခေါက်တွင် သူမသည် သူ့အား သွေးပင်လယ်အတွင်းတွင် စောင့်ကြည့်နေခဲ့လေသည်။

သူမသည် ထိုသူမှ သူမအား မမြင်နိုင်ကြောင်း သေချာနေခဲ့သည်။

သို့မဟုတ် သူမသည် ထိုစဉ်က ထိုယောကျ်ား၏ ရှေ့တွင် ပေါ်မလာခဲ့သောကြောင့်များလား ယခုမှသာ သူမသည် ထိုအကြောင်းကို စဉ်းစားမိလိုက်လာသည်။

သူမသာ ထိုအချိန်က မပုန်းနေခဲ့လျှင် ထိုအချိန်တုံးကတည်းက ထိုသူသည် သူမအား မြင်နိုင်ခဲ့မည်လားဟူသည်ကို သူမ မသေခြာပေ။

“လုံးဝ မဖြစ်နိုင်ဘူး အမေ ပြောဘူးတယ် ဝိညာဉ်တွေနဲ့ စာချုပ်ချုပ်ထားသူသာ ဝိညာဉ်တွေကို မြင်နိုင်တယ်တဲ့ ရှင်က ကျွန်မနဲ့ စာချုပ်ချုပ်ထားသူ မဟုတ်ဘူး ဒါဆို ဘယ်လိုလုပ်ပြီးမြင်နိုင်ရတာလဲ”

သူမသည် ရုတ်တရက် ထရပ်လိုက်ကာ အာရန်၏ ပတ်ပတ်လည်တွင် လှည့်ပတ်၍ အထူးအဆန်း ရတနာတစ်ခုအား လှည့်ပတ်ကြည့်နေသော ရတနာ စုဆောင်းသူတစ်ဦးကဲ့သို့ စိတ်ဝင်တစား စူးစမ်းကြည့်ရှုနေလေသည်။

“ရှင်က ထူးခြားတယ်လို့ ကျွန်မ ခံစားခဲ့ရတယ် ဒါပေမယ့် ခုတော့ ကျွန်မထင်ထားတာထက်ကို ပိုပြီးထူးခြားနေပုံရတယ်”

“သူမက ဖိတ်ကြားချက်ကို ဆက်ငြင်းဆန်နေလို့ ကျွန်မက ကျွန်မရဲ့ ဝိညာဉ်အဆီအနှစ်အချို့ကိုတောင် အသုံးပြုပြီး ဒီကို လာခဲ့ရတာ ဒါပေမယ့် အခုတော့ အလဟသဖြစ်မယ်မထင်တော့ဘူး အမေသာ သိသွားရင် ရှင်ကိုအတော် စိတ်ဝင်စားမိလိမ့်မယ် ရှင့်ကို ကျွန်မနဲ့ အတူခေါ်သွားရလိမ့်မယ်”

သူမသည် ဆုံးဖြတ်ချက်ချပြီးပုံရသော်လည်း သူမသည်အနည်းငယ် တုံ့ဆိုင်းနေဆဲဖြစ်သည်။

သူမသည် ထိုသို့လုပ်ခဲ့လျှင် ရှုယင်က သိသွားလျှင် နောက်ဆက်တွဲ ရလာဒ်များမှာ မကောင်းနိုင်ကြောင်း သူမသိနေသည်။

“အိုး သူမ ဒီမှာ မရှိနေပါဘူးလေ သူမက ဘယ်လိုလုပ် သိနိုင်မှာလဲ”

သူမသည် သူ့ကိုယ်သူ ယုံကြည်မှုပြန်ရအောင် အရင်လုပ်လိုက်သည်။

ယခု သူမသည် အာရန်ကို သူမနှင့်အတူ ခေါ်ဆောင်သွားတော့မည်ဟု ဆုံးဖြတ်လိုက်သည်။

#Catfoot

All Chapters