← Chapters

အင်အားစုကြီးထွားလာခြင်း

Vol. 011 Ch. 1063

အင်အားစုကြီးထွားလာခြင်း

Vol. 011 Ch. 1063

ရှီမာယူယူသည် နောက်ဆုံးတွင် စာသိမ်းငှက်မျိုးနွယ်၏ နောက်မှလိုက် မည်ဟူသော တောင်းဆိုချက်ကို သဘောတူလိုက်လေသည်။ ငှက်ကလေး ပြောသလိုပင် သူမသည် သူတို့ကို သူမ၏ ကိုယ်ပိုင်ကိစ္စများတွင် ပါဝင်ရန် ဖိအားမပေးပေ။ သို့သော် သူတို့၏ဘုရင်နောက်ကို လိုက်ခွင့်ကိုလည်း မဖယ် ရှားပေ။ ထို့အပြင် စာသိမ်းငှက်မျိုးနွယ်သည် သူမနှင့် ငှက်လေးတို့ကို နာခံကြ လေသည်။ ထိုအရာများကို တောင်ကြားတွင် ဖြေရှင်းပြီးလေသည်။

“အခု ရင်ယန်နန်းတော်နဲ့ ကျုံကျန်းမျိုးနွယ်တို့က တစ်ယောက်နဲ့ တစ် ယောက် ကျောခိုင်းသွားကြပြီ၊ ငါတို့ ထာဝရရှင်သန်သူနယ်မြေမှာ သူတို့ကို ရှင်းရင် ငါတို့ဂိုဏ်းအကြောင်းကို ပေါ်သွားလို့မဖြစ်ဘူး” ရှီမန်ဖန် ပြောလိုက် သည်။

“ငါတို့ ထွက်ပေါ်ချင်ရင် အားလုံးရဲ့ရှေ့မှာ မှန်မှန်ကန်ကန်နဲ့ထွက်ပေါ်မှ ရမယ်” ရှီမာယူယူ ပြောလိုက်သည် “အရင်တုန်းက ငါတို့ အားလုံးအဆင်သင့် မဖြစ်သေးလို့ နှိမ့်ချပြီးနေခဲ့ကြတယ် အခုအကုန်လုံးက လမ်းကြောင်းအမှန် ပေါ်ရောက်နေပြီ ငါတို့အင်အားကလည်း ထင်ထားတာထက်ပိုပြီး ကြီးထွား လာပြီ အခု ငါတို့ ပြည့်စုံတဲ့ အင်အားစုတစ်ခုအနေနဲ့ ကမ္ဘာကြီးကိုပေါ်ထွက် လာလို့ရပြီ”

“သူတို့ကိုတော့ စိတ်ကိုပြင်ဆင်ခိုင်းထားရမယ်” ရှီမန်ဖန် ပြောလိုက် သည်။

“ဒါပေမဲ့ ပြဿနာအများကြီးလိုက်လာနိုင်တယ်” ရှီမာယူယူ သတိပေး လိုက်သည်။ “တောင်ကြားကတပည့်တွေရဲ့ ရန်သူတွေ သူတို့ခြေရာကိုခံမိရင် ပြဿနာလာရှာနိုင်တယ်”

“ငါတို့ အားကို သူတို့သိနေရင်တော့ ငါတို့ကိုပြဿနာရှာချင်တဲ့သူ မများ လောက်ဘူး အဲဒါကိုကိုင်တွယ်လို့ရပါတယ်” ရှီမန်ဖန် ပြောလိုက်သည်။

“အင်း တစ်ခုခုရှိရင် ငါ့ကိုပြောလေ” ရှီမာယူယူ ပြောလိုက်သည်။

နောက်တွင် သူတို့သည် ရှီမာယူယူ၏ သရုပ်မှန်နှင့်ပတ်သတ်ပြီး ရှီမန်ဖန်နှင့်လောင်းကြေးထပ်ကြရာ သူမ နိုင်သွားသဖြင့် သူ၏ အစ်မကြီး ရာထူးယူလိုက်ရသည်။ ထို့ကြောင့် သူမသည် အသည်းကွဲတောင်ကြား၏ တောင်ကြားကိုယ်စားလှယ် သခင်ဖြစ်သွားလေသည်။

ရှောင်ချီသည် အသည်းကွဲတောင်ကြား၏ ဥပဒေကာကွယ်မှုရာထူးရ လေသည်။ သူမသည် ထိုတရားဝင်ရာထူးရသည့်အတွက် အလွန်ပျော်ရွှင်နေ လေသည်။

စာသိမ်းငှက်မျိုးနွယ်၏ အပြန်အလှန်သုံးသပ်ချက်မှာလည်း အရင် အတိုင်းင်။ သူတို့သည် သူမနောက်လိုက်လိုသည်။ ထို့ကြောင့် နှစ်ဖက် သဘောတူညီချက်ဖြင့် စာသိမ်းငှက်တို့သည် အသည်းကွဲတောင်ကြားသို့ ပြောင်းရွေ့ပြီး သူတို့သည် အသည်းကွဲတောင်ကြား၏ တစ်စိတ်တစ်ပိုင်းဖြစ် လာကြသည်။

အချိန်မရသဖြင့် စာသိမ်းငှက်မျိုးနွယ်ဝင်များသည် အထုတ်အပိုးများကို အလျင်စလိုသိမ်းဆည်းကာ ရှီမာယူယူနောက်လိုက်ပြီး အသည်းကွဲတောင် ကြားသို့သွားလေသည်။

မျောက်ဝံအိုကြီးတို့ သုံးယောက်အဖွဲ့ကို အသည်းကွဲတောင်ကြားတွင် ယာယီ နေရာချပေးကာ စာသိမ်းငှက်များကို သိပ်မဝေးသော တောထဲတွင် နေရာတစ်ခုရွေးပေးလိုက်သည်။

ကံကောင်းစွာပင် ပြီးခဲ့သည့်နှစ်နှစ်အတွင်းတွင် အသည်းကွဲတောင် ကြားမှလူများနှင့် အနီးအနားမှ ဝိညာဉ်သားရဲများသည် ဆက်ဆံရေးကောင်း လာကြသည်။ ထို့ကြောင့် နေရာချခြင်းမှာ အခက်အခဲမရှိပေ။ တစ်ချိန်တည်း မှာပင် စာသိမ်းငှက်မျိုးနွယ်သည် အသည်းကွဲတောင်ကြား၏ တစ်စိတ်တစ် ပိုင်းဖြစ်ကြောင်းကို သတင်းလွှင့်ရန်အချိန်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်နှစ်အတွင်းတွင် အနီးအနားမှ ဝိညာဉ်သားရဲများသည် မသီးမပွင့်နိုင်သော တောင်ကြားမှ လူအစုအဝေးဖြစ်လာသော အသည်းကွဲ တောင်ကြားကို စောင့်ကြည့်ခဲ့ကြသည်။ သူတို့သည် ဂိုဏ်း အဆက်မပြတ် ကြီးထွားလာသည်ကို စောင့်ကြည့်ခဲ့ကြသည်။ ဒီလောက်မြန်ဆန်စွာ တိုးတက် လာသော အင်အားစုကို သူတို့မမြင်ဖူးကြပေ။

အခု စာသိမ်းငှက်မျိုးနွယ် ရုတ်တရက်ပေါ်လာခြင်းကြောင့် သူတို့ အင်အားစုအကြောင်းကို ပိုပြီးသိချင်စိတ်ဖြစ်ကြသည်။

ရှီမာယူယူအတွက် ဆွံ့အသွားစေသောအကြောင်းမှာ ဂဠုန်လုံရိနှင့် အဖွဲ့နှင့်အတူ အတောင်ပံလေးခုဂဠုန်မျိုးနွယ်သည် ရှီမာယူယူနောက် လိုက်ပြီး အသည်းကွဲတောင်ကြားသို့လိုက်ခွင့်ပေးရန် ပြောလာလေသည်။ တောင်ပံလေးခုဂဠုန်မျိုးနွယ်သည်လည်း စုဝေးကာ ရှီမာယူယူနောက်လိုက် လိုကြောင်း ပြောလေသည်။

နောက်တွင် ဗျိုင်းဘုရင်သည် ဗျိုင်းမျိုးနွယ်အတူ ရောက်လာသည်။ ရုတ်တရက်ပင် အပြင်ဘက်တောထစ်ခုလုံးသည် သူတို့နှင့် မလုံလောက်နိုင် တော့ပေ။

သို့သော် သူတို့အားလုံးရောက်လာကြသည်။ ငှက်လေးသည် သူတို့ကို ပြန်ခိုင်းသည့်စကားမပြောပေ။ ရှီမာယူယူသည် ကြားဝင်ပြောရတော့မည်ဟု ခံစားရသည်။ ထို့ကြောင့် သူမသည် သူတို့ကိုနေရာချပေးရန် နေရာရှာရ တော့သည်။

ကံကောင်းစွာပင် သူတို့၏အသွင်ပြောင်းမှုအတွက် လိုအပ်သည့်ပစ္စည်း များအပြင် တခြားသောအရင်းအမြစ်အတွက် လိုအပ်ချက် မြင့်မြင့်မားမားမရှိ ပေ။

ငှက်မျိုးနွယ်များ နေရာချပြီးနောက်တွင် ထာဝရရှင်သန်သူနယ်မြေသို့ သွားရန် ပြင်ဆင်မည့်နေ့သည် ရောက်လာသည်။

“လူတွေ ပိုခေါ်လာခဲ့” ထိုသည်မှာ ဝူလင်းယူ၏ အကြံပေးချက်ဖြစ် သည်။

“ဘာဖြစ်လို့လဲ ကျွန်တော် အာရုံစိုက်ရမယ့်ကိစ္စများရှိလို့လား” ရှီမာယူယူ မေးလိုက်သည်။

“ထာဝရရှင်သန်သူနယ်မြေက သာမန် လောကအသေးတွေနဲ့ မတူဘူး ဝင်ပေါက်က လူသားလောကနဲ့ ဆက်နွယ်နေရုံတင်မကပဲ နတ်ဆိုးလောကနဲ့ တစ္ဆေလောကနဲ့ပါ ဆက်စပ်နေတယ်” ဝူလင်းယူ ရှင်းပြလေသည်။

ရှီမာယူယူသည် သွေးမိုးမခပင်ကို အမှတ်ရသွားသည်။ ထိုအချိန်က ထိုအပင်ကို ထာဝရရှင်သန်သူနယ်မြေတွင် မြင်ဖူးကြောင်း ဝူလာမိုင်ပြောခဲ့ သည်။ သို့သော် ထိုအပင် လူသားလောကသို့ မည်သို့မည်ပုံဝင်လာကြောင်း ကို သူမသိပေ။

“အဲလိုဆိုရင် တကယ်ပဲ ကျွန်တော်လူတွေပိုခေါ်လာရမှာပဲ” သူမ ပြော လိုက်သည် “ဒါပေမဲ့ လူတွေပိုခေါ်လိုက်ရင်လည်း တခြားသူတွေရဲ့ အာရုံကို စောစောစီးစီးရသွားမှာစိုးတယ်”

“သူတို့ကို ဝိညာဉ်စေတီထဲထည့်ထားလို့ရတယ်လေ” ရှောင်ချီ အကြံ ပေးလေသည်။

“အဲဒါအဆင်မပြေဘူး” ရှီမာယူယူ ပြောလိုက်သည် “အရင်လူတွေကလွဲ ပြီး ဝိညာဉ်စေတီအကြောင်းကို တခြားသူတွေကို ပေးသိလို့မဖြစ်ဘူး”

“ဒါဆိုရင် သူတို့ကိုလောကအသေးမှာထားလိုက်ပေါ့” ရှောင်ချီသည် နောက်ထပ် အကြံပေးလေသည်။

“ထာဝရရှင်သန်သူနယ်မြေက ထူးခြားတဲ့နေရာတစ်ခုပဲ အထဲမှာ လောကအသေးဖွင့်လို့မရနိုင်ဘူး” ရှီမာယူယူသည် ခေါင်းရမ်းလေသည်။

“တခြားသူတွေမရပေမယ့် မင်းကတော့ရနိုင်တယ်” ဝူလင်းယူ ပြန်ဖြေ လိုက်သည်။

“ကျွန်တော့်ဟာကရတယ်လား ဘာလို့လဲ”

“ဘာလို့လဲဆိုတော့ မင်းရဲ့လောကအသေးက အဇူရာဘုရင်ကြီး အသွင်ပြောင်းထားတာနဲ့ ပေါင်းစပ်ထားလို့ သာမန်နေရာမဟုတ်ဘူး” ဝူလင်းယူပြောလိုက်သည် “မင်းဟာက လေဟာပြင်နဲ့ ကန့်သတ်ထားလို့ရတဲ့ လောကအသေးမဟုတ်ဘူး”

“ဘယ်လိုလုပ်သိတာလဲ”

“အရင်ကတည်းကသိတာ” ဝူလင်းယူ ပြောလိုက်သည်။

သူမသည် ဝူလင်းယူ၏ စကားများကို သံသယမဝင်ဖူးပေ။ သူ အဆင် ပြေသည်ဟု ပြောသည်နှင့် အလုပ်ဖြစ်နိုင်သည်။

“ဒါဆိုရင် ကျွန်တော် လူတွေကိုလောကအသေးထဲပို့လိုက်မယ်” ရှီမာယူယူ ကတိပေးလိုက်သည် “ထာဝရရှင်သန်သူနယ်မြေကကြီးတယ် အထဲမှာလူတွေများရင်တောင် မထင်ပေါ်နိုင်ဘူး”

“ဒါဆိုရင် လူအရေအတွက်ကို ကြိုပြီးဆုံးဖြတ်ထားရမယ်” ဝူလင်းယူ အကြံပေးလေသည် “ထာဝရရှင်သန်သူနယ်မြေဆိုရင်တောင် မင်္ဂလာသားရဲ သွေးနဲ့ သုတ်လိမ်းရဦးမယ် မဟုတ်ရင် အထဲက နေထိုင်တဲ့သူတွေရဲ့ အာရုံ စိုက်တာခံရမယ်”

“အဲဒါက ပြဿနာမဟုတ်ပါဘူး”

“ဟိန်းသံလေးရဲ့ အားကပြန်မပြည့်သေးပေမယ့် သူ့မှာ သွေးတွေ အများကြီးရှိသေးတယ် အသွင်ပြောင်းပြီးတော့ ခန္ဓာကိုယ်ကြီးလာပြီး လူတွေအများကြီးနဲ့ လိုက်လျောညီထွေဖြစ်လာတယ်”

ရှီမာယူယူကို စိတ်တိုဆဲဖြစ်နေသော ဟိန်းသံလေးသည် ရုတ်တရက် တုန်ယင်လာသည်။ သူသည် ကျောရိုးမှ အေးစိမ့်သွားသည်ကို ခံစားရလေ သည်။

“ကျွတ် ဘယ်သူက ငါ့ကိုထပ်ပြီး အမြတ်ထုတ်ဦးမလို့လဲ” သူသည် လက်ထဲမှ အသားကင်ကိုကိုက်လိုက်သည် “ငါသိလို့ကတော့ အလွတ်မပေး ဘူး”

အမှန်တကယ်တော့ ဘယ်သူလဲဆိုသည်ကို သူသိသည်။ သို့သော် သူ တိုက်ရိုက်ဆန့်ကျင်လျှင်တောင် အသုံးမဝင်သည်ကို သူ သိထားသည်။ သူ သည် သွေးထွက်ပြီးနောက်တွင် ရှီမာယူယူ သူ့ကို အရသာရှိတဲ့ အစားအသောက်များနှင့် ပြန်ပေးဆပ်ရန်ကိုသာ ဆုတောင်းနေလေသည်။

ဒီတစ်ကြိမ် ထာဝရရှင်သန်သူ နယ်မြေဝင်ပေါက်သည် အနောက်ဘက် လျန်နယ်မြေမှ မီးတောက်တောင်ဖြစ်သည်။ အားလုံးသည် နှစ်သက်ရာနေရာ များတွင် စောစီးစွာနေရာယူထားကြသည်။

လေဟာပြင်တွင် ပုံမှန်မဟုတ်မှုပေါ်လာချိန်တွင် လူသားများ ဝင်ပေါက် နေရာကို ဘယ်လိုသိမလဲဆိုသည်ကို ရှီမာယူယူ အမြဲသိချင်နေခဲ့သည်။ ထိုသည်မှာ ကမ္ဘာပေါ်သို့မပေါ်လာခင်တွင် ဘူစွမ်းဇီမှ တွက်ချက်ထားသည် ဟု ယူလင်းယူ ပြောလေသည်။

သူ့အဖြေကို ကြားသောအခါ သူမ အနည်းငယ်အံ့သြမိသည်။ ဘူစွမ်းဇီ သည် သူမအရင်ဘဝမှ နိမိတ်ဟောပြောသူဖြစ်သည်။ သို့သော် ဝူလင်းယူ ပြောသည့်အတိုင်းဆိုလျှင် တိုင်းပြည်အတွင်းတွင် ထိုလူ၏ ရာထူးသည် မနိမ့် ပေ။ သို့သော် ဘူစွမ်းဇီသည် အတွင်းပိုင်းဒေသတွင်ရှိသောကြောင့် သူမ သည် သူ့ကိုမမြင်ဖူးပေ။

အနောက်ဘက်လျန်နယ်မြေသို့လာပြီးနောက်တွင် သူမ မှားသွားသည် ကိုသိလိုက်ရသည်။ ထိုဘူစွမ်းဇီသည် လူတစ်ဦးတစ်ယောက်မဟုတ်ပေ….

***

All Chapters