← Chapters

အုပ်ချုပ်သူတစ်ယောက်ဖြစ်ချင်လား…

Vol. 12 Ch. 162

အုပ်ချုပ်သူတစ်ယောက်ဖြစ်ချင်လား…

Vol. 12 Ch. 162

အာရန်သည် ထိုအမျိုးသမီးသည် သူ့ဘာသာသူ တစ်စုံတစ်ခုကို တိုးတိုးလေး ပြောဆိုနေသည်ကို သတိပြုမိလိုက်သည်။

သူမသည် အခြားအရာအားလုံးထက် သူမကိုယ်သူမသာ ယုံကြည်မှုရှိအောင် ကြိုးစားနေပုံရလေသည်။

အာရန်သည် စိတ်ထဲတွင် မအီမသာဖြစ်မှုတစ်ခုကို ခံစားလာရသဖြင့် ဖြည်းဖြည်းချင်း နောက်ဆုတ်သွားလိုက်သည်။

သူ၏ အဆိပ်လည်ဆွဲသည် ဝိညာဉ်ကိုကော တိုက်ခိုက်၍ရနိုင်မလား မသေချာနေသော်လည်း သူသည် မည်သို့ပင်ဖြစ်စေ ၎င်းကို အသင့်ပြင်ဆင်ထားလိုက်သည်။

“ ခွဲခြားသတ်မှတ်ခြင်း “

အာရန်သည် ထိုအမျိုးသမီးအကြောင်း အချက်အလက်များကို သိရှိနိုင်ရန် သူ၏ ခွဲခြားသတ်မှတ်ခြင်းအစွမ်းကို အသက်သွင်းလိုက်သည်။

သို့သော် သူသည် စနစ်မျက်နှာပြင်ပေါ်ရှိ ပထမစာကြောင်းတစ်ကြောင်းကိုပင် အဆုံးမသတ်နိုင်သေးမှီမှာတွင် ရုတ်တရက် သူ၏ အောက်ရှိမြေပြင်မှာ တစ်စုံတစ်ခု လွတ်ကင်းသွားသည်ကို ခံစားလိုက်ရသည်။

သူ့အောက်ရှိ ကြမ်းပြင်သည် ရိုးရှင်းစွာပင် ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

အာရန်သည် သူ၏ ခြေထောက်အောက်တွင် ဂိတ်ပေါက်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။

သူသည် ထိုအရာအတွက် ပြင်ဆင်ထားခြင်း မရှိပေ။ သူသည် မည်သည့်တုံ့ပြန်မှုမှ မပြုလုပ်နိုင်ခင် ဆွဲငင်အားတစ်ခုသည် သူ့အား ထိုဂိတ်ပေါက်အတွင်းသို့ ဆွဲခေါ်သွားလေသည်။

သူသည် အလျင်အမြန်ပင် တုံ့ပြန်လိုက်ကာ ထိုနေရာမှပျံသန်းထွက်ခွာရန် သူ၏ ပင်လယ်နဂါးသွေးမျိုးဆက်ကို အသက်သွင်းလိုက်သော်လည်း သူ၏ ပတ်ဝန်းကျင်ရှိ သဘာ၀နိယာမများသည် လုံးဝ ပြောင်းလဲသွားခဲ့သည်။

သူသည် ပို၍ ကျိုးစားပျံသန်းလေ ဤနေရာရှိ ဂိတ်ပေါက်အတွင်းသို့ ပို၍ မြန်ဆန်စွာ ပြုတ်ကျသွားလေ ဖြစ်နေရသည်။

“အချိန်တန်ရင် အဲဒီတံတားကို ငါ ဖြတ်ကျော်ပ့ါမယ် ဒါပေမဲ့ အခုတော့ သူ့ကို ငါနဲ့ ခေါ်သွားရလိမ့်မယ်” ဟု ထိုအမျိုးသမီးက ထပ်မံပြောသော်လည်း မည်သူမျှ သူမ၏စကားသံကို မကြားနိုင်ခဲ့ပေ။

သူမသည် နှစ်ပေါင်းများစွာ စုဆောင်းထားသော အသက်စွမ်းအင်များကို အသုံးပြုကာ ဝိညာဉ်ဂိတ်ပေါက်တစ်ခုကို ဖွင့်လှစ်ခဲ့ပြီး အာရန်ကို သူမ၏ ကမ္ဘာသို့ ခေါ်ဆောင်ရန် ရည်ရွယ်ခဲ့လေသည်။

တစ်ချိန်တည်းတွင် ဝိညာဉ်လောက၏ ဝင်ပေါက်ဂိတ်တံခါးတစ်ချပ်သည် သူမ၏ နောက်တွင် ပေါ်လာလေသည်။

သူမသည် နောက်ဆုတ်ကာ ထိုဂိတ်တံခါးအတွင်း ဝင်ရောက်၍ ပျောက်ကွယ်သွားသည်။

တံခါးသည် ပြန်လည်ပိတ်သွားခဲ့ပြီးပြီး ဟင်းလင်းပြင်အတွင်း အဖြေးဖြေးမှိန်ဖျော့ကာ ပျောက်ကွယ်သွားခဲ့လေသည်။

သားရဲထိန်းသည် ဖီးနစ်ငှက်အား တအံ့တဩစိုက်ကြည့်နေစဉ် အာရန်သည် သက်သေအချက်အလက်များကို ဖျောက်ဖျက်နိုင်ဖို့ အာရုံလွှဲရန်အတွက် ထိုဖီးနစ်ငှက်အာား ထုတ်ယူခဲ့ကြောင်း သတိမထားမိခဲ့ပေ။

ဤအချိန်တစ်လျှောက်လုံးတွင် ထိုသားရဲထိန်းလူအိုကြီးသည် အာရန်မှာ သူ၏ရှေ့တွင်ပင် ရုတ်တရက် ပြန်ပေးဆွဲခံလိုက်ရကြောင်းကို ယခုအချိန်ထိ သတိမထားမိသေးပေ။

ယခုအကြိမ်သည် ဖီးနစ်ကဲ့သို့ ဒဏ္ဍာရီဆန်သော သားရဲတစ်ကောင်ကို သူပထမဆုံးအကြိမ် မြင်တွေ့ဘူးခြင်းလည်းဖြစ်လေသည်။

သားရဲထိန်းတစ်ဦးအတွက် ထိုထက်ကြီးမားသော ပျော်ရွှင်မှုဟူ၍ မရှိနိုင်တော့ပေ။

မသိစိတ်၏ လှုံ့ဆော်မှုဖြင့် သူသည် ထိုဖီးနစ်ငှက်အား ထိတွေ့ရန် လက်ကို ဆန့်တန်းလိုက်သော်လည်း ထိတွေ့ရန်ဟန်ပြင်လိုက်စဉ်တွင်ပင် သူမသည် ခပ်ကြမ်းကြမ်းတုန့်ပြန်လိုက်လေသည်။

သူမသည် သူမ၏ သခင်ဖြစ်သူ အာရန်၏ အငွေ့အသက်များတဖြည်းဖြည်း ပျောက်ကွယ်သွားနေသည်ကို ခံစားမိလိုက်သည်။

ရုတ်တရက် အာရန်တည်ရှိရာ နောက်ဘက်သို့ လှည့်လိုက်သောကြောင့် သူမသည် မတော်တဆဖြင့် ထိုသားရဲထိန်းလူအိုကြီးအား တိုက်မိပြီး ပြတင်းပေါက်မှ လွင့်စင်ထွက်သွားစေလေသည်။

ဒဏ္ဍာရီဆန်သော သားရဲတစ်ကောင်အနေဖြင့် သူမသည် အာရန် ပြုတ်ကျသွားသော ဂိတ်ပေါက်ကို မြင်နိုင်ခဲ့လေသည်။

သူမသည် အာရန်နှင့် ဆက်နွယ်မှုတစ်ခုရှိနေခြင်းကလည်း ထိုသို့ခံစားသိနိုင်ရန် ပို၍ အထောက်အကူဖြစ်စေခဲ့သည်။

ကြမ်းပြင်ပေါ်တွင် တည်ရှိနေသော ဂိတ်ပေါက်သည် များစွာမကြီးမားပေ။ ၎င်း၏ အရွယ်အစားကို ကြည့်ခြင်းအားဖြင့် လူတစ်ဦးသာ ဝင်ဆန့်နိုင်ပုံရသည်။

သူမကဲ့သို့ ဧရာမဖီးနစ်အတွက်မူ ထိုအထဲသို့လိုက်ဝင်ရန် မဖြစ်နိုင်ပုံရသည်။

သို့သော် ဖီးနစ်သည် ဂိတ်ပေါက်၀ဆီသို့ တိတ်တဆိတ် ချဉ်းကပ်သွားလိုက်သည်။

ဂိတ်ပေါက်၀သည် အလွန်သေးငယ်သော်လည်း ဟင်းလင်းပြင်စွမ်းအင်များသည် ၎င်းဆီမှ ပြင်းထန်စွာယိုစိမ့်ထွက်လာပြီး ဖီးနစ်ငှက်မလေးအား သူ၏အတွင်းသို့ ခွန်အားပြင်းစွာဖြင့် ဆွဲသွင်းသွားလိုက်လေသည်။

ဖီးနစ်ငှက်ကို စုပ်ယူပြီးမှသာ ဝိညာဉ်ဂိတ်ပေါက်၀သည် ဝန်ပိုထမ်းလိုက်မိသောကြောင့် အနည်းငယ် ကွဲအက်လာလေသည်။

ထို့နောက်မကြာမီ ပျောက်ကွယ်သွားပြီး ဤနေရာတွင် မည်သည့်အရာမှ မရှိခဲ့ဘူးသကဲ့သို့ ပျောက်ကွယ်သွားခဲ့ခြင်းမျိုးဖြစ်လေသည်။

.............

အာရန်သည် ဟင်းလင်းပြင်ဝဲကတော့လှိုင်ခေါင်း

ကြီးတစ်ခုအတွင်းတွင် အောက်သို့ ပြုတ်ကျလျက်ရှိနေသည်။

ဦးတည်ရာမဲ့ အောက်သို့ဆက်လက်ကျဆင်းနေသလိုခံစားရပြီး သူသည် သူမသိသော ထိုအရာအတွင်း တအိအိပြုတ်ကျနေခြင်းမှလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်ခဲ့ပေ။

“ငါ့ကံက ဘာဖြစ်နေတာလဲကွာ အခု ငါ့ဟာ့ငါ အိမ်မှာနေရင်းထိုင်ရင်းနဲ့တောင် ပြန်ပေးဆွဲခံလိုက်ရပြီလား”

“ငါ့ရဲ့ ကံကောင်းမှုအမှတ် ဆိုတဲ့ ဆုလာဘ်တွေကို ကောင်းကောင်း အသုံးချပြီးပြီထင်တယ်” ဟု အာရန်သည် ဟင်းလင်းပြင်လှိုင်ခေါင်းအတွင်း အောက်သို့ စီးဆင်းနေမှုကို ခုခံနေခြင်းအား ရပ်တန့်လိုက်ကာ လှောင်ပြောင်သည့် မှတ်ချက်တစ်ခု ချလိုက်သည်။

ဤဟင်းလင်းပြင်လှိုင်ခေါင်းကြီး အဆုံးရှိမရှိပင် သူ မသိနိုင်ပေ။ သို့သော် ဤနေရာသညာ် အဆုံးသတ်ရှိကိုရှိရမည်ဟု သူသေချာစွာမျှော်လင့်နေမိသည်။

ထိုဟင်းလင်းပြင်လှိုင်ခေါင်းခရီးစဉ်မှ လွတ်မြောက်သည်နှင့် တစ်ပြိုင်နက် သူ့ကိုယ်သူ ကာကွယ်ရန် အဆင်သင့်ပြင်ထားလိုက်သည်။

သူသည် မည်သည့်ပြင်ဆင်မှုမှမပြုလုပ်မိသောကြောင့် ဒီအတိုင်း သေဆုံးသွားသော အမှားကို မပြုလုပ်လိုပေ။

သူသည် ဟင်းလင်းပြင်ဥပဒေသများများအတွင်း အလိုက်သင့်လွင့်မြောနေမှုကို ပို၍ ခုခံရန်ကျိုးစားလေ သူ၏ ခန္ဓာကိုယ်သည် ပို၍ နာကျင်လာလေဟူသည့် အချက်ကို သိရှိလိုက်လေသည်။

သူ၏ ခန္ဓာကိုယ်သည် တစ်ချိန်တည်းတွင် ဘက်ပေါင်းစုံမှ ဆွဲငင်ခံနေရသကဲ့သို့လည်း ခံစားနေရသည်။ သို့သော် အောက်ဘက်သို့ ဆွဲငင်မှုသည်သာ အားအကောင်းဆုံး ဖြစ်လေသည်။

ကံကောင်းထောက်မစွာဖြင့် ဟင်းလင်းပြင်လှိုင်ခေါင်းအတွင်း စီးဆင်းမှုသည် ထာဝရခန့် မကြာခဲ့ပေ။

မိနစ်အနည်းငယ်မျှသာကြာသည်ဟု ခံစားရပြီးနောက် ထူးဆန်းသော ထိုဆွဲငင်မှု သည် ပျောက်ကွယ်သွားခဲ့သည်ကို သူခံစားလိုက်ရသည်။

အာကာသဥပဒေသများ၏ ရောင်စုံသက်ရောက်မှုများ ပျောက်ကွယ်သွားပြီး သူသည် နောက်ဆုံးတွင် အပြာရောင်ကောင်းကင်တစ်ခုကို တဖန်ပြန်မြင်နိုင်ခဲ့လေသည်။

ကောင်းကင်မှ ပြုတ်ကျနေစဉ် လေစီးကြောင်းသည် သူ၏ အရေပြားကို ပွတ်တိုက်သွားသည်ကိုပင် ခံစားလိုက်ရသည်။

သူသည် သူ၏ ပင်လယ်နဂါးသွေးမျိုးဆက်ကို အသုံးပြုကာ အရှိန်ကို ထိန်းချုပ်နိုင်ခဲ့လေသည်။

ထို့နောက်သူ၏ အောက်သို့ပြုတ်ကျလာသောအရှိန်သည် နှေးကွေးသွားခဲ့ပြီး နောက်ဆုံးတွင် နူးညံ့သော မြက်ခင်းပြင်တစ်ခုပေါ်သို့ ညင်သာစွာ ဆင်းသက်လိုက်သောအခါ သူသည် ကိုယ်ပိုင်ထိန်းချုပ်မှုများ ပြန်လည်ရရှိလာခဲ့လေသည်။

သူသည် ထိုသို့ဆင်းသက်သည်နှင့် တစ်ပြိုင်နက် သူသည် ပတ်ဝန်းကျင်ကိုပင် စတင်လေ့လာနိုင်ခြင်း မရှိမီ သူ့ရှေ့တွင် အနီရောင် မျက်နှာပြင်တစ်ခု ပေါ်လာလေသည်။

အစပိုင်းတွင် သူသည် မကြာမှီကစစ်ဆေးခဲ့သော ထိုအမည်မသိသော ဝိညာဉ်မလေး၏ အချက်အလက်ပြမျက်နှာပြင်တစ်ခုပင် ဖြစ်လိမ့်မည်ဟု ထင်မိခဲ့သည်။

သို့သော် အကြောင်းအရာများကို ဖတ်သောအခါ သူသည် မြေပြင်ပေါ်သို့ ထိုင်ချမိလိုက်တော့သည်။

[သင်သည် ဝိညာဉ်လောကသို့ ဝင်ရောက်ပြီးကြောင်း တွေ့ရှိရပါသည်]

[သင်၏ ကံကြမ္မာသည် အနည်းငယ် ပြောင်းလဲသွားပြီဖြစ်ပါသည်]

[သင်၏ အဓိကလမ်းကြောင်းကို သက်ရောက်စေနိုင်သော ရွေးချယ်စရာအသစ်များ စတင်ပါပြီ]

[ရွေးချယ်မှုတစ် - ဝိညာဉ်လောကကို သိမ်းပိုက်ပြီး ဝိညာဉ်များ၏ အုပ်ချုပ်သူတစ်ဦး ဖြစ်လာပါ။

ဆုလာဘ်- အမည်မသိသော အစောင့်အရောက် ဝိညာဉ် (ဒဏ္ဍာရီအဆင့်)]

[ရွေးချယ်မှု နှစ် - ချစ်သူလမ်းကြောင်းကိုပင် လျှောက်လှမ်းပြီး ဝိညာဉ်ဘုရင်မ၏ နှလုံးသားကို သိမ်းပိုက်ပါ။

ဆုလာဘ်- ဝိညာဉ်ဘုရင်မနှင့် စာချုပ်တစ်ခု]

[ရွေးချယ်မှု သုံး - ဤနေရာတွင် ရက်သုံးဆယ်ကြာ ပုန်းအောင်းနေပြီး မည်သည့်ဝိညာဉ်ကိုမျှ သင့်ကို ရှာမတွေ့နိုင်ပါစေနှင့်။

ဆုလာဘ်- ဝိညာဉ်ကမ္ဘာသို့ အကန့်အသတ်မရှိ ခရီးသွားလာခွင့် (ထူးခြားအဆင့်)]

[ရွေးချယ်မှု လေး - အခြားရွေးချယ်မှုများနှင့် မတူသော သင်၏ ကိုယ်ပိုင်လမ်းကြောင်းတစ်ခုကို ဖန်တီးပါ။

ဆုလာဘ်- ပြန်လည်မွေးဖွားခွင့် (ဒဏ္ဍာရီအဆင့်)]

အာရန်သည် မြက်ခင်းပြင်ပေါ်တွင် ထိုင်ကာ စိတ်ရှုပ်ထွေးစွာဖြင် စနစ်၏ မျက်နှာပြင်ကို စိုက်ကြည့်နေမိလေသည်။

ဤပေါ်လာသော ရွေးချယ်စရာများကြောင့် သူသည် နောက်ဆုံးတွင် ဝိညာဉ်လောကသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း နားလည်လိုက်သည်။

သူ့နဂိုလောကသို့ ပြန်ရန် လမ်းလေးသွယ်သာ ရှိပြီး ထိုလမ်းလေးခုစလုံးသည် ရွေးချယ်မှု တစ်ခုစီအတွင်း တည်ရှိနေလေသည်။

သူသည် ဤကမ္ဘာကို သိမ်းပိုက်ပြီး ဝိညာဉ်များကို သူ့အား ပြန်လည်ပို့ဆောင်ရန် အတင်းအကျပ် ခိုင်းစေနိုင်လေသည်။

သို့မဟုတ် သူသည် ဝိညာဉ်ဘုရင်မအား သူ့ကို ချစ်မိသွားစေရန် ကျိုးစားပြီး သူ့အား ပြန်ပို့ပေးရန် တောင်းဆိုနိုင်လေသည်။

ထို့ပြင် သူသည် ရက်သုံးဆယ်ကြာ မည်သည့်ဝိညာဉ်မျှမမြင်အောင် ပုန်းအောင်းနေ၍လည်း ထိုအထူးဆုလာဘ်ကိုရယူ၍ မည်သူ့အကူအညီမျှမယူပဲ ကိုယ်တိုင်ပြန်သွားနိုင်သေးသည်။

ကံမကောင်းစွာဖြင့် ဤရွေးချယ်စရာအားလုံးသည် ပြောရလွယ်ကူသလောက် လုပ်ရခက်ခဲလေသည်။

အလွယ်ဆုံးရွေးချယ်စရာမှာ တတိယရွေးချယ်မှုပင် ဖြစ်ဟန်ရလေသည်။

စတုတ္ထရွေးချယ်မှု နှင့် ပတ်သက်၍မူ အာရန်သည် အနည်းငယ်စိုးရိမ်မိနေခဲ့သည်။

ဆုလာဘ်သည် ပြန်လည်မွေးဖွားခွင့် လက်မှတ်ဖြစ်သည့်တိုင်း ထိုရွေးချယ်မှုကို ပြီးမြောက်ပြီးသည်နှင့် သူသည် သေဆုံးသွားနိုင်သည်ဟု ခန့်မှန်းမိနေလေသည်။

စတုတ္ထရွေးချယ်စရာအတွက် ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းမျိုး မရှိသော်လည်း အာရန်သည် မိမိ၏ကိုယ်ပိုင်လမ်းကြောင်းအတိုင်းဆက်လျှောက်သွားရန်နှင့် အခြားရွေးချယ်မှုသုံးခုကို မရွေးချယ်မိစေရန် လိုအပ်ကြောင်း ခန့်မှန်းနိုင်လေသည်။

ထိုလမ်းကြောင်းသည် သူ့အား သေခြင်းတရားဆီသို့ တိကျစွာ ဦးတည်သွားစေမည်ဟုလည်း ခံစားလိုက်ရသည်။

#Catfoot

All Chapters