← Chapters

ဂမ္ဘီရအဖွဲ့အစည်း

Vol. 011 Ch. 1064

ဂမ္ဘီရအဖွဲ့အစည်း

Vol. 011 Ch. 1064

ဝူလင်းယူ အဖြူရောင်ဝတ်ထားသော ဘူစွမ်းဇီအဖွဲ့ကိုညွှန်ပြချိန်တွင် တော့ ရှီမာယူယူသည် အံ့သြသဖြင့် ပါးစပ်အဟောင်းသားဖြစ်နေသည် “ဘူစွမ်းဇီက ဂိုဏ်းလား”

“ဂိုဏ်းလို့တော့ သတ်မှတ်လို့မရဘူး ဆရာနဲ့ တပည့်တွေပဲ” ဝူလင်းယူ သည် ရှီမာယူယူ၏ အံ့သြသောပုံစံကိုကြည့်ပြီး “အဲဒါကိုဘာလို့ထင်နေတာလဲ”

“ကောင်းကင်အလိုကိုသိတဲ့ လူတစ်ယောက်တည်းလို့ပဲထင်တာ” ရှီမာယူယူသည် နှုတ်ခမ်းမဲ့လိုက်သည် “ဒါဆိုရင် သူတို့အားလုံး ဂမ္ဘီရအတတ် တတ်တယ်လို့ဆိုလိုတာမလား”

“တကယ်တော့ မင်းပြောတာလည်းမမှားဘူး၊ ဂမ္ဘီရပညာရှင်ဖြစ်ချင်ရင် အရည်အချင်းရှိရမယ် ကိုယ်တို့ မလုပ်နိုင်တာတွေကို အာရုံခံနိုင်တယ် ဆုံးဖြတ်ချက်တွေလုပ်နိုင်တယ်” ဝူလင်းယူ ရှင်းပြလေသည်။

“ဒီကမ္ဘာမှာ အဲလိုအရည်အချင်းရှိတဲ့လူတွေများလား” ရှီမာယူယူ မေး လိုက်သည်။

“ဒီကမ္ဘာကအဲလောက်ကြီးတယ် ဒါပေမဲ့ အဲလိုအရည်အချင်းရှိတဲ့လူက မများဘူး ရှိရင်တောင် သူတို့မရှာနိုင်ကြဘူး ဂိုဏ်းကသေးတာကိုး ပြီးတော့…”

“ပြီးတော့ ဘာလဲ” ရှီမာယူယူ နောက်မှလိုက်ပြောလေသည်။

“သူတို့ အရည်အချင်းက ကောင်းကင်ကပေးအပ်ထားတာပဲ သူတို့ ဒီ အရည်အချင်းကိုသုံးချင်တယ်ဆိုရင် တန်ရာတန်ကြေးပေးရတယ်” ဝူလင်းယူ သည် အဖြူဝတ်လူများကို ကြင်နာစွာကြည့်လိုက်သည်။

“ဘာတန်ရာတန်ကြေးလဲ” ရှီမာယူယူသည် သိချင်စိတ်ဖြင့် မေးလိုက် သည်။

“သူတို့ ကျင့်စဉ်က အံ့ဖွယ်အဆင့်ပဲရောက်မယ်၊ အသက်၅၀၀ ကျော်ပြီး နေလို့မရဘူး သားသမီးမရနိုင်ဘူး”

ရှီမာယူယူ လန့်သွားသည်။ ဒီလောက်တန်ရာတန်ကြေးကြီးတာလား။

“အဲတော့ သူတို့က မွေးဖွားကတည်းက သတ်မှတ်ပြီးသားလား”

“မဟုတ်ဘူး သူတို့ရွေးချယ်လို့ရတယ်” ဝူလင်းယူ ပြောလိုက်စသည် “သူတို့က ဂမ္ဘီရပညာရှင်မဖြစ်ခင်ကို သာမန်လူတွေနဲ့ မကွာဘူးလို့ ကြားဖူး တယ်… သူတို့ဒီအရည်အချင်းကို ဖွင့်လိုက်မှာပဲ သူတို့ရဲ့ ကံတရားက ပြောင်းလဲသွားတဲ့ပုံပဲ သီးခြားကန့်သက်ချက်တွေတော့ ကိုယ်လည်း မသေချာ ဘူး”

ပုံမှန်နေ့များတွင် ထိုလူများသည် လျှို့ဝှက်နေထိုင်ကာ တခြားသူများနှင့် ဆက်သွယ်ခြင်းမရှိပေ။ သူတို့ကိုရှာချင်တဲ့သူရှိပါက သူတို့၏ဂိုဏ်းကိုသွားပြီး ရှာရသည်။ ထိုလူများသည် ဂမ္ဘီရအဖွဲ့အစည်းအပြင် ဂိတ်ပေါက်တွင် သွား စောင့်ရသည်။ သူတို့သည် ဂိတ်အတွင်းဝင်ခွင့်မရှိပဲ သတင်းရပြီးသည်နှင့် နေခွင့်မရှိပဲ ထွက်သွားရသည်။ ထို့ကြောင့် အပြင်လူများသည် ဂမ္ဘီရပညာရှင် များအကြောင်း သိသည့်သူနည်းပါးသည်။

သူတို့သည် အနာဂိတ်ဖြစ်ရပ်များနှင့် ထာဝရရှင်သန်သူနယ်မြေနှင့် လောကအသေးများ၏ အချိန်နှင့်တည်နေရာကိုခန့်မှန်းနိုင်သောကြောင့် ထူးကဲသော အနေအထားတွင်ရှိကြသည်။ အတွင်းပိုင်းဒေသမှလူများပင် သူတို့ကို ဘာမှမလုပ်ရဲကြပေ။

တစ်စုံတစ်ယောက်သာ သူတို့ကိုပြဿနာရှာချင်ပါက သူတို့သည် ကြို တင်ဟောကိန်းထုတ်ထားပြီးသားဖြစ်သည်။ ထိုလူများ ရောက်သည်နှင့် သူတို့ သည် ထွက်ခွာသွားသည်ဖြစ်ဖြစ် မဟုတ်လျှင် ထိုလူများကိုသတ်ရန် အင်အား စုများစွာမှ ပူးပေါင်းပါဝင်ကြသည်။

ရှီမာယူယူသည် ဝူလင်းယူ ရှင်းပြသည်ကိုနားထောင်နေလေသည်။ သူမသည် ဂမ္ဘီရပညာရှင်များအကြောင်းကို ပိုပိုသိချင်လာသည်။ သို့သော် သူတို့ တရားထိုင်နေသည်ကို မြင်သောအခါ သူမ မနှောင့်ယှက်ပေ။

“သူတို့ ဘယ်အချိန်ရောက်မှာလဲ”

“သူတို့အမြန်လာနေပြီလို့တော့ ဖန်အာပြောတယ်၊ အခုထွက်သွားရင် သူတို့နဲ့အတူပြန်လာနိုင်တယ်” ရှီမာယူယူ ပြောလိုက်သည်။

သူတို့နှစ်ယောက်သည် အခြေအနေကိုစစ်ဆေးရန် လာခြင်းဖြစ်သည်။ ရှီမန်ဖန်နှင့် ဘိုင်ရှန်းတို့သည် အနောက်တွင် လူများစုဝေးကာနေခဲ့သည်။ သူတို့စောင့်နေသောလူများသည် ရောက်တော့မည်ဖြစ်သည်။

“ဒါဆိုရင် ပြန်ရအောင်”

သူတို့နှစ်ယောက်သည် လူအုပ်ထဲမှ တိတ်တဆိတ်ထွက်ပြီး အပြင်တွင် ရှီမန်ဖန်နှင့်အဖွဲ့ကို သွားတွေ့လေသည်။

သောင်းချီသော အင်အားစုများသည် မီးတောက်တောင်တွင် စုဝေးနေ ကြသည်။ သန်းချီသောလူများစုဝေးလိုက်သောအခါ သူတို့၏ လှုပ်ရှားမှုမှာ မသိသာတော့ပေ။

သို့သော် ငှက်မျိုးနွယ်အဖွဲ့သည် လူပေါင်းရာချီကို သယ်ဆောင်ပြီး ပျံလာသဖြင့် ထိုမြင်ကွင်းသည် လူများ၏အာရုံကိုဆွဲဆောင်လေသည်။

“ဟင် အဲဒါဘယ်သူတွေလဲ”

“ဒီအင်အားစုက ဘယ်သူ့ကိုမှမသိဘူးပဲ”

“အဲဒါဘယ်အင်အားစုကလဲ”

“ငါလည်းမသိဘူး အင်အားစုအသစ်နေမှာပေါ့”

“သူတို့သားရဲပျံတွေကိုကြည့်လိုက်ဦး သူတို့အင်အားစုအသစ်မဟုတ် လောက်ဘူး” လူတစ်ယောက် ထောက်ပြလေသည်။

သားရဲပျံများသည် အထွတ်အထိပ်အဆင့်မြင့်သားရဲများဖြစ်ကြကာ သာမန်အင်အားစု အလွယ်တကူပိုင်ဆိုင်နိုင်သည့်အရာမဟုတ်ပေ။

“အဲလူတွေ အင်အားက မနည်းဘူးဆိုတာမြင်နေတာပဲ အင်အားစု အသစ်နဲ့မတူဘူး” အပေါ်ကပြောခဲ့သောလူများ၏ အားအင်သည် ဧကရာဇ် အဆင့်နှင့် တချို့မှာ ဧကရာဇ်အဆင့်ထက်မြင့်နေသည်ကို တချို့လူများသည် သတိထားမိကြသည်။

“ဒီအင်အားက အတွင်းပိုင်းဒေသကဖြစ်ရမယ်၊ သူတို့ကို ဘာလို့အရင် က မကြားဖူးတာလဲ”

ကြီးမားသောအင်အားစုတစ်ခုသည် သေးငယ်သောအင်အားစုမှ ကြီးထွားလာခြင်းသာဖြစ်သည်။ တိုးတက်ချင်လျှင် တိုင်းပြည်တလွှား သွား လာလှုပ်ရှားရမည်ဖြစ်သည်။ ဒီလိုအင်အားစုတစ်ခုက ဘာသတင်းမှမထွက်ပဲ ရုတ်တရက်ကြီးပေါ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။

“ကြည့်ဦး အဲဒါက ကောင်းကင်ဂိုဏ်းက ရှီမာယူယူ မဟုတ်ဘူးလား” လူတစ်ယောက်သည် သားရဲပျံစီးလာသော ရှီမာယူယူကို မှတ်မိလေသည်။

“တကယ်ပဲသူပဲ”

“သူက ဘာလို့သူတို့နဲ့ရှိနေတာလဲ”

“သူက သားရဲပျံစီးပြီး ပထမဆုံးပေါ်လာတာပဲ သူက အင်အားစု တည်ထောင်တာများဖြစ်နေမလား”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” လူတစ်ယောက်သည် ချက်ချင်းပင် ငြင်းဆန်လေသည် “သူက အရမ်းအင်အားကောင်းရင်တောင် ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလောက်ငယ်ငယ်လေးနဲ့ ဘယ်လိုလုပ် အင်အားစုတည်ထောင်မလဲ”

“ဒါပေမဲ့ ဒီလောက်များတဲ့သားရဲပျံနဲ့ဆိုရင် သူကလွဲပြီး ဘယ်သူဖြစ်နိုင် ဦးမှာလဲ”

“အဓိပ္ပာယ်ရှိတယ်”

“ဖြစ်နိုင်တယ်လို့ ငါလည်းထင်တယ်”

“….”

ခဏအကြာတွင် လူထုသည် အကျိုးအကြောင်းသင့်ကြောင်းပြောကြ လေသည်။ အားလုံးတွင် ကိုယ်ပိုင်ထင်မြက်ချက်များရှိကြသည်။ သို့သော် သူတို့မည်မျှပင် တွေးထင်စေကာမူ သူတို့သည် ထိုအင်အားစုကို အလွန် စိတ်ဝင်စားမှုရှိသည်မှာ တူညီကြသည်။

“အဲလူကိုကြည့်ဦး သူက ဖူယိမဟုတ်ဘူးလား” လူတစ်ယောက်သည် သူတို့ထဲမှ တစ်ယောက်ကို ညွှန်ပြပြီးအော်လိုက်သည်။

“ဖူယိဟုတ်လား သူက သွေးမိစ္ဆာမြို့တော်ကနေ လွတ်လာတာလား” လူတစ်ယောက် မေးလိုက်သည်။

“သွေးမိစ္ဆာမြေပေါ်က ပျက်စီးသွားကတည်းက ဖူယိလည်း ပျောက်သွား တာပဲ၊ သူ ဒီအင်အားစုကိုဝင်လိုက်မယ်လို့ မထင်မိဘူး ဟင်း ငါ သူ့ကို ဒီနေ့ တွေ့ရင် တရားစီရင်ပေးရမယ်”

“သွေးမိစ္ဆာမြို့တော်….” တစ်စုံတစ်ယောက်သည် နာမည်ကိုရေရွတ်ပြီး ရုတ်တရက် မျက်လုံးပင့်လာသည် “အဲတုန်းက သွေးမိစ္ဆာမြို့တော်မှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို မှတ်မိသေးလား”

“မင်းပြောတာ မိုးကြိုးဘေးသင့်မှုအကြာကြီးဖြစ်ပြီး ပျက်စီးသွားတဲ့ နေရာလား”

“ဟုတ်တယ်”

“ဘာတွေစဉ်းစားနေတာလဲ”

“သွေးမိစ္ဆာမြို့တော်က မိုးကြိုးဘေးသင့်မှုကြောင့် ပျက်စီးသွားတာပဲ ငါတို့ရောက်တော့ မြို့မှာဘာမှမရှိတော့ဘူး၊ အဲမှာ တစ်ခုခုကိုသတိမထားမိ ဘူးလား”

“ငါတို့ကို တန်းလန်း တန်းလန်းမလုပ်နဲ့ ပြော… ဘာပြောချင်တာလဲ” လူတစ်ယောက်သည် စိတ်မရှည်တော့ပေ။

“ငါ လူတစ်ယောက်စီကကြားထားတာကြာပြီ၊ အမှောင်တောမှာဖြစ်ခဲ့ တာလည်း ရှီမာယူယူကြောင့်တဲ့၊ မိုးကြိုးကြောင့် လူအများဆုံးသေခဲ့တဲ့ မမေ့ နိုင်လောက်တဲ့ပွဲပေါ့ကွာ”

“သြော် မင်းဘာပြောချင်တာလဲဆိုတာ ငါနားလည်ပြီ သွေးမိစ္ဆာမြို့က ကိစ္စလည်း ရှီမာယူယူကဖြစ်စေတာလို့ ပြောချင်တာမလား၊ မြို့ထဲကလူအား လုံးကို မိုးကြိုးပစ်ခံရပြီးသေအောင်လို့လေ”

“မင်းက ငတုံးလား၊ မင်း မိုးကြိုးအပစ်ခံရရင်တောင် အလောင်းတော့ ကျန်မှာပဲ ငါတို့သွားတော့ မိုးကြိုးအပစ်ခံရပြီးသေတဲ့အလောင်းတွေ့လို့လား”

“ဒါဆိုရင် ဘာကိုဆိုလိုတာလဲ”

“ငါပြောတာက ရှီမာယူယူက လူတွေကိုခေါ်သွားတဲ့လူပဲ၊ သွေးမိစ္ဆာမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာတော့ သူ့ကိုမေးကြည့်ပေါ့”

“ထားလိုက်တော့ သူ့ကို ငါသွားမေးရင် နောင်တရလိမ့်မယ်”

ရှီမာယူယူနှင့်အဖွဲ့တို့ ပျံလာသောအခါ စပ်စုသောမျက်လုံးများ၊ ထင်မြင်ယူဆချက်များ အဆက်မပြတ်လုပ်နေခြင်းများနှင့် မုန်းတီးသော အကြည့်များနှင့် တွေ့လေသည်။

***

All Chapters