← Chapters

ငါပြန်ကြိုက်ဖို့မင်းကအသက်ကြီးလွန်းတယ်

Vol. 12 Ch. 164

ငါပြန်ကြိုက်ဖို့မင်းကအသက်ကြီးလွန်းတယ်

Vol. 12 Ch. 164

အာရန်သည် လေထုဖိအားနှင့် ဆန့်ကျင်ကာ ပြုတ်ကျနေသော ဖီးနစ်ဆီသို့ ပျံသန်းသွားနေသည်။

သို့သော် သူပျံသန်းနေသော အရှိန်သည် သူ့ကိုပင် အံ့အားသင့်သွားစေခဲ့သည်။

၎င်းသည် လူသားပုံစံဖြင့် သူ၏ အရှိန်ထက် များစွာ မြန်ဆန်နေခဲ့သည်။

နဂါးပုံစံဖြင့်ဖြစ်သဖြင့် သူ၏ သွေးမျိုးဆက်စွမ်းအင်မှာလည်း ပိုမို၍ အားကောင်းလာခဲ့လေသည်။ ထိုထက်ပို၍ သူ့ကို အံ့အားသင့်စေခဲ့သည့်အချက်မှာ သူ၏ ခွန်အားများပင် ဖြစ်သည်။

ဤပုံစံဖြင့် သူ၏ စွမ်းရည်များ ခွန်အားများအားလုံးသည် ပိုမို၍ အားကောင်းလာခဲ့ကြောင်း သူခံစား သိရှိနိုင်လေသည်။

သူ့ကို အံ့အားသင့်စေခဲ့သော အခြားအကြောင်း

အရာတစ်ခုမှာ အသွင်ပြောင်းခြင်းဖြစ်စဉ်တစ်ခုလုံးပင် ဖြစ်သည်။

သူသည် ဤပြောင်းလဲမှုအတွင်း နာကျင်မှုများကို ခံစားရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် နဂါးပုံစံသို့ ပြောင်းလဲရန် ပုံပျက်ပန်းပျက်ဖြစ်ရမည်ဖြစ်ပြီး ၎င်းသည် အလွန်နာကျင်ရသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သင့်သည်။ သို့သော် ယခုမူ ထိုသို့ မဟုတ်ခဲ့ပေ။

သူသည် လူသားပုံစံဖြင့်ပင် ရှိနေသေးသည်ဟု ခံစားရသော်လည်း ပင်လယ်နဂါး၏ သွေးအဆီအနှစ်သည် သူ၏ လူသားခန္ဓာကိုယ်ကို ဗဟိုပြုကာ ခန္ဓာကိုယ်အသစ်တစ်ခုကို ဖန်တီးပေးခဲ့လေသည်။

ဤအသွင်ပြောင်းခြင်းဖြစ်စဉ်နှင့်ပတ်သက်၍ သူ၏ စိတ်ထဲတွင် မေးခွန်းများစွာ ရှိနေသော်လည်း သူသည် လက်ရှိတွင် သူ၏ဖီးနစ်ကိုသာ အာရုံစိုက်ထားခဲ့သည်။

ဤကဲ့သို့ မတည်ငြိမ်သော အခြေအနေအောက်တွင် သူ၏ ဖီးနစ်သည် မှန်ကန်သော စိတ်အခြေအနေတွင် ရှိမနေပေ။

သူမသည် ရုံးကန်မှုအချို့ကြောင့် ဤလုပ်ငန်းစဉ်တွင် သူမကိုယ်သူမ ပြန်လည်ထိခိုက်စေမည်ကို သူတကယ် မလိုလားပေ။

သူမ၏ လှုပ်ရှားမှုများကို တတ်နိုင်သမျှ ကန့်သတ်ထားရန် အာရန်သည် ပြုတ်ကျနေသော ဖီးနစ်ငှက်၏ ပတ်ပတ်လည်အား သူ၏ ခန္ဓာကိုယ်ဖြင့် ရစ်ပတ်ထားလိုက်သည်။

ဖီးနစ်သည် တတ်နိုင်သမျှအစွမ်းကုန် ခုခံခဲ့သော်လည်း အာရန်သည် သူမကို ရုန်းကန်ရန်အခွင့်အရေးမပေးခဲ့ပေ။

သူသည် မြေပြင်အနီးသို့ ရောက်မှသာ ဖီးနစ်ကို လွှတ်ပေးလိုက်ကာ မီတာအနည်းငယ် အမြင့်မှသာ မြေပြင်ပေါ်သို့ ပြုတ်ကျစေခဲ့သည်။

သူသည်လည်း သူ၏ အသွင်ပြောင်းလဲခြင်းကို ပယ်ဖျက်ကာ ဖီးနစ်ဘေးတွင် ဆင်းသက်လိုက်သည်။

သူ၏ အဝတ်အစားများသည် လုံးဝ မပျက်စီးသွားဘဲ ရှိနေသေးသောကြောင့် သူ၏ အမှန်တကယ် ခန္ဓာကိုယ် ပြောင်းလဲခြင်း မဟုတ်ကြောင်း သူ၏ ယူဆချက်ကို ပို၍ အတည်ပြုပေးလိုက်သည်။

၎င်းသည် မတူညီသော အသွင်ပြောင်းခြင်းတစ်ရပ်ပင် ဖြစ်သည်။

ဖီးနစ်သည် မြေပြင်ပေါ်သို့ ဆင်းသက်နိုင်သွားသောအခါ ပြန်လည်တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေခဲ့သည်။

သို့သော် သူမသည် သူမရှေ့တွင်ရပ်နေသော အာရန်ကို မြင်သောအခါ သူမ၏ ရန်လိုသော မျက်နှာအမူအရာသည် ရှုပ်ထွေးမှုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အာရန်သည်သူ၏လက်ကို သူမ၏ ခေါင်းပေါ်တွင် တင်ထားလိုက်သည်။

“ငါ့ကို မေ့သွားရလောက်အောင် မင်းအတွက် အချိန်အကြာကြီး ဖြတ်သန်းခဲ့ရတာမျိုးမဟုတ်ဘူးလို့ယူဆမယ်နော် ဟုတ်တယ်မလား”

ဖီးနစ်သည် သူမ၏ ခေါင်းဖြင့် အာရန်၏ လက်ကို ပြန်လည်ပွတ်သပ်ရင်း သူမမှတ်မိကြောင်းတုံ့ပြန်လိုက်သည်။

“မင်း ငါ့နောက်ကို လိုက်လာမယ်လို့ ငါတကယ် မထင်ထားဘူး မင်းကို တစ်ခုခု ဖြစ်သွားစေရင် ဘယ်လိုလုပ်မလဲ”

အာရန်သည် သူ့အား ဒဏ္ဍာရီဆန်သော သားရဲတစ်ကောင်ထက် သာမန် ချစ်စရာကောင်းသောငှက်ကလေး တစ်ကောင်နှယ် ပြုမူနေသော ဖီးနစ်ငှက်မလေအား မေးလိုက်သည်။

ဖီးနစ်သည် မကြာမှီအချိန်ကမှ သူမ၏ ဒဏ်ရာများ ပြန်လည် သက်သာလာခဲ့ခြင်းဖြစ်ပြီး ယခုတွင် သူမကိုယ်သူမ အန္တရာယ်တောထဲသို့ ပြန်လည်ရောက်ရှိစေခဲ့သည်။

အကယ်၍ တစ်ခုခု မှားသွားလျှင် သူမသည် ဟင်းလင်းပြင်ဥပဒေသများ၏ ဆုတ်ဖြဲခြင်းကို ခံရပြီး သူသည်ပင် ထိုအရာကို ဘယ်တော့မှ သိနိုင်မည် မဟုတ်ပေ။

“ဟူး မကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပေမဲ့ မင်းကိုလည်း အပြစ်မတင်ရက်ပါဘူးလေ ဒီနေရာမှာ မင်းထက် ပိုအပြစ်တင်သင့်တဲ့ တခြားသူတစ်ယောက် ရှိနေမယ်ထင်တယ်” အာရန်သည် ထိုဝိညာဉ်မလေးကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

“နောက်တစ်ခါ တစ်ယောက်ယောက်ကို ပြန်ပေးဆွဲရင် ပိုသတိထားပ့ါမယ်” ဟု ဝိညာဉ်မလေးက လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။

သူမသည် သူ၏ စကားများကို အလေးအနက် မထားခဲ့ပေ။ သူမအတွက် ထိုသူသည် အနည်းငယ်ထူးခြားနေသော်လည်း သာမန်လူသားတစ်ဦးသာ ဖြစ်သည်။

ဝိညာဉ်လောကမှ ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် သူမသည် သူ့ထက် ပိုမိုမြင့်မားသော အနေအထားတွင် ရှိသည်ဟု သဘာဝကျကျ ယူဆထားလေသည်။

အာရန်သည် ထိုဝိညာဉ်မလေးမှာ သူ့ကို အထင်သေးနေသည်ကိုလည်း ခံစားနိုင်လေသည်။

ခွင့်ပြုချက်မရှိဘဲ သူမက သူ့ကို ဤနေရာသို့ ဆွဲခေါ်လာခဲ့သောကြောင့် သူမ၏ လုပ်ရပ်များအတွက် သူသည် အတော်လေး ဒေါသထွက်နေဆဲဖြစ်သည်။

ဤနေရာတွင် မည်သည့်အကျိုးဆက်များရင်ဆိုင်ရမည်မှန်း မသိစေကာမူ သူမကို ကောင်းမွန်သော သင်ခန်းစာတစ်ခု ပေးချင်နေခဲ့လေသည်။

‘ခွဲခြားသတ်မှတ်ခြင်း’

သူသည် အစောပိုင်းတုံးက စနစ်၏အချက်ပြမျက်နှာပြင်ကို မဖတ်ဖြစ်ခဲ့သောကြောင့် ယခုတဖန် ‘ခွဲခြားသတ်မှတ်ခြင်း’စွမ်းရည်ကို တစ်ဖန် အသုံးပြုခဲ့ခြင်းဖြစ်သည်။

...

[အမည်: အက်စ်တလီနာ]

[အချက်အလက် : ဝိညာဉ်ဘုရင်မ၏ အမွေဆက်ခံသူ]

[သွေးမျိုးဆက်: မရှိ]

[အသက်: ၄၇၀]

[စာချုပ်ချုပ်ထားသောလူသား : ရှုယင်]

[နောက်ထပ်အချက်အလက်များ: လက်ရှိမျိုးဆက်တွင် အလားအလာအကောင်းဆုံး ဝိညာဉ်တစ်ဦးဖြစ်သည်၊ နောက်ပိုင်းတွင်သူမအား ဝိညာဉ်ဘုရင်မက မွေးစားခဲ့သည်]

.....

‘ဒါဆို သူမပြောပြောနေတဲ့ အမေဆိုတာ ဝိညာဉ်ဘုရင်မ ကိုယ်တိုင်ပဲလား’

အာရန်သည် အက်စ်တလီနာကို ကြည့်ရင်း အတွေးနယ်ချဲ့နေမိသည်။ သူ၏ ရွေးချယ်စရာအားလုံးနီးပါးသည် ဤနေရာမှ ထွက်ခွာရန်သော့ချက်တစ်ခုဖြစ်သော ဝိညာဉ်ဘုရင်မနှင့် ပတ်သက်နေလေသည်။

အက်စ်တလီနာ သည်လည်း သူ့ကို ဝိညာဉ်ဘုရင်မနှင့် တွေ့ဆုံရန် ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သောကြောင့် ဤတွေ့ဆုံမှုသည် ရှောင်လွှဲ၍ မရနိုင်ပေ။

သို့သော် ထိုတွေ့ဆုံမှုသည် သူ၏ သေဆုံးမှု သို့မဟုတ် အခြားအကျိုးဆက်တစ်ခုခုကို ဖြစ်ပေါ်စေမည်လားဆိုသည်မှာ မေးခွန်းထုတ်စရာတစ်ခုဖြစ်လေသည်။

“ဘာလို့ ကျွန်မကို အဲဒီလို စိုက်ကြည့်နေရတာလဲ ကျွန်မရဲ့ ဆွဲဆောင်နိုင်မှုအောက်မှာ ကျရှုံးသွားတာလား ကျွန်မရဲ့ ရှုယင်လေးတော့ သနားစရာပဲ ဒီလို မျက်နှာများတဲ့ နှာဗူးမျိုးကို ချစ်သူတော်ထားရတယ်လို့”

အက်စ်တလီနာသည် သူမနှုတ်ခမ်းထက်တွင် ချိုမြသော အပြုံးတစ်ခုကို ဖန်တီးလိုက်ရင်း အာရန်အား စနောက်လိုက်သည်။

“မင်းရဲ့ ဆွဲဆောင်မှုပုံစံဟုတ်လား ပြောရမှာအားနာပေမဲ့ မင်းကငါ့အတွက် အတော်လေးအသက်ကြီးနေပြီလို့ ထင်တယ်”

အာရန်က အလားတူ ပြန်ဖြေလိုက်သည်။

ဤဝိညာဉ်မလေးသည် အသက်လေးရာကျော်နေပြီဟု သူသိထားပြီဖြစ်သည်။

သူမသည် သူတွေ့ဆုံခဲ့ဖူးသောသူများအနက် သက်တမ်းအရင့်ဆုံး သူတစ်ဦးဖြစ်ပြီး နဂါးဘုရင်မထက်ပင် ပို၍ အသက်ကြီးနိုင်လေသည်။

“အတော်လေးအသက်ကြီးနေပြီဟုတ်လား”

အက်စ်တလီနာ ၏ မျက်နှာသည် အနည်းငယ် နီရဲသွားရလေသည်။

အသက်ကြီးသည်ဟု ခေါ်ခံရခြင်းကြောင့် ဒေါသထွက်လွန်း၍လား၊ သို့မဟုတ် ရှက်ရွံ့ခြင်းကြောင့်လားဟုပင် မသဲကွဲပေ။

“ရှင်သာ အသက်ကြီးနေတာ ရှင့်အမေကမှ လူအိုအဘွားကြီး” ဟု သူမသည် ဒေါသတကြီးပြန်လည်တုံ့ပြန်လိုက်သည်။

“ငါ့အမေကို ထားလိုက်ပါဦး ငါ့ရဲ့ ဘိုးဘေးတွေ အသက်ရှင်နေသေးရင်တောင် မင်းလောက် အသက်ကြီးမှာ မဟုတ်ဘူး” ဟု အာရန်က စကားစစ်ထိုးပွဲတွင် အရှုံးမပေးလိုပဲ ပြန်လည်တုံ့ပြန်ပြောဆိုလိုက်သည်။

“ရှင်…. ရှင့်လိုဘာမဟုတ်တဲ့ သေးနုတ်တဲ့လူတွေက စကားကြီးစကားကျယ်တွေတအားပြောတာပဲ ရှင်ကကျွန်မကို အိုနေပြီလို့ ပြောနေပေမယ့် အခွင့်အရေး နည်းနည်းလောက်ရတာနဲ့ ကျွန်မကို တနှာစိတ်နဲ့ပစ်မှားမှာ အသေအချာပဲ ရှင်တို့ ယောက်ျားတွေ အားလုံးက တူတူပဲ”

“မင်းကို တနှာစိတ်နဲ့ပစ်မှားရမယ်ဟုတ်လား မင်းက တော်တော်စိတ်ကူးယဉ်တတ်တာပဲ ငါတောင်တကယ် အံ့ဩသွားမိတယ်”

အာရန်သည် စကားဆက်ပြောရန်ပင် ပျင်းရိသွားပုံဖြင့် ပြန်ဖြေလိုက်ပြီး သူ့လက်အတွင်း လုံးဝ ငြိမ်သက်နေသော ဖီးနစ်ငှက်မလေးဆီသို့သာ အကြည့်ကို ပြန်လည် ပို့လွှတ်လိုက်သည်။

သူ၏ ဖီးနစ်သည် ပျံသန်းရန် အသင့်အနေအထားဖြင့် သူမ၏ အတောင်များကို ဖြန့်လိုက်လေသည်။

အာရန်သည်လည်း ပိုမြင့်မြင့်ခုန်လိုက်ပြီး ဖီးနစ်၏ ကျောပေါ်သို့ ဆင်းသက်လိုက်သည်။

“ခု မင်းအမေနဲ့ သွားတွေ့ကြရအောင်”

အာရန်သည် ထိုသို့ပြော၍ လှည့်ကြည့်လိုက်သောအခါ အက်စ်တလီနာ သည် ထိုနေရာတွင် မရှိတော့ကြောင်း သတိပြုမိလိုက်သည်။

“သူမ ရှက်ရွံ့ပြီး ထွက်ပြေးသွားတာလား” ဟု သူသည် ထိုမိန်းကလေးကို အလွန်အကျွံ စနောက်မိခဲ့သလားဟု တွေးတောရင်း သူ့ကိုယ်သူ ပြန်မေးလိုက်သည်။

ယခု ပုန်းအောင်းရန် ရွေးချယ်စရာ မရှိတော့သောကြောင့် သူသည် ဝိညာဉ်ဘုရင်မနှင့် တွေ့ဆုံရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။

အက်စ်တလီနာ၏ အကူအညီမပါဘဲ ဝိညာဉ်ဘုရင်မကို ရှာတွေ့ရန် မည်မျှကြာမည်ကို သူ မသေချာပေ။

အကယ်၍ သူမနေထိုင်သော နေရာကို သူတွေ့ရှိခဲ့လျှင်ပင် အခြားသူများက သူ့ကို ဝင်ခွင့်ပေးမည် မဟုတ်ပေ။

သူ့ကို ကျူးကျော်သူအဖြစ် သတ်မှတ်ကာ တိုက်ခိုက်ခြင်း မပြုခဲ့လျှင်ပင် ကံကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။

သူ၏ ကံကောင်းမှုမျိုးဖြင့် ဤသည်မှာ တိကျစွာ ဖြစ်ပျက်နိုင်သည်ဟု သူသေချာသိနေလေသည်။

“ဝိညာဉ်ဘုရင်မကို ကိုယ့်ဘာသာကိုယ်ပဲ ရှာရတော့မယ်ထင်တယ်” ဟု သူသည် အက်စ်တလီနာ အစောပိုင်းက ရပ်နေခဲ့သော နေရာလွတ်ဆီသို့ မျက်နှာပြန်လွှဲရင်း သူ၏ ဖီးနစ်ငှက်ကို ပြောလိုက်သည်။

“ဟင်”

သူသည် ထိုနေရာသို့ ပြန်လှည့်လိုက်သောအခါ အက်စ်တလီနာကို တဖန်ပြန် တွေ့လိုက်ရသည်။

သူမသည် သူ၏ ရှေ့တွင် တည့်တည့်ရပ်နေပြီး သူတို့ကြားတွင် အကွာအဝေး တစ်ခုခြားမထားတော့ သလောက်ပင်ဖြစ်လေသည်။

“ရှင်ကျွန်မကို မတပ်မက်ဘူးဆိုတာ သေချာလား”

သူမသည် အာရန်နှင့် ပို၍ နီးကပ်စွာ တိုးကပ်ရင်း သူမ၏ ရင်သားများကို သူ၏ ရင်ဘတ်နှင့် ဖိကပ်ထားလိုက်ကာ တိုးတိုးလေးပြောလိုက်သည်။

#Catfoot

All Chapters