မင်း တကယ် လုပ်ချင်တာ သေချာလား
Vol. 12 Ch. 165
အာရန်သည် အတော်လေး အံ့အားသင့်သွားရသည်။ ထိုဝိညာဉ်မသည် လူသားတစ်ဦးကဲ့သို့ပင်ဖြစ်နေပြီး သူမ၏ ထိတွေ့မှုကိုပင် သူသည် အာရုံခံ၍ သိရှိနိုင်လေသည်။
သို့တိုင် သူမ၏ လှုံ့ဆော်မှုများကို ယခုအချိန်တွင် မခံယူသင့်ကြောင်း သိနေလေသည်။
“မင်းရဲ့ ဧည့်သည်တွေကို အမြဲ ဒီလိုပဲ ကြိုဆိုနေကြလား”
အာရန်သည် သူထင်ထားသည်ထက်ပင် ပို၍လူသားဆန်နေသော ထိုမိန်းကလေးအား မေးလိုက်သည်။
အက်စ်တလီနာ၏ မျက်လုံးများသည် ပျော်ရွှင်မှုဖြင့် တောက်ပနေလေသည်။
“ရှင့်လို စိတ်ဝင်စားစရာကောင်းတဲ့ သူမျိုးအတွက်ပဲ ကျွန်မရဲ့ အထူးသီးသန့် ကြိုဆိုမှုမျိုးပါ” ဟုပြန်ပြောလိုက်သည်။
“အဲဒါကို ချီးကျူးတယ်လို့ပဲ မှတ်ယူထားလိုက်ပါ့မယ်”
အာရန်က တည်ငြိမ်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။
“ဒါပေမယ့် မင်းရဲ့ ကမ်းလှမ်းချက်ကိုတော့ ငါ ငြင်းဆိုရလိမ့်မယ်။”
အာရန်သည် သူမအား ညင်သာစွာ နောက်ပြန်တွန်းထုတ်လိုက်ကာ သူတို့နှစ်ဦးကြားတွင် အကွာအဝေးတစ်ခုခြားသွားအောင် ဖန်တီးလိုက်သည်။
“အခု မင်းရဲ့ အမေဆီသွားဖို့ လမ်းညွှန်ပေးမယ်ဆိုရင် ငါတကယ် ကျေးဇူးတင်မိမှာပဲ”
အက်စ်တလီနာသည် အာရန်၏ တုံ့ပြန်မှုကိုကြည့်ရင်း ပြုံးပြလိုက်သည်။
“ရှင်က ကျွန်မအမေနဲ့ တွေ့ဖို့ ဒီလောက်ထိ အလျင်စလို ဖြစ်နေလိမ့်မယ်လို့ တကယ် မထင်ထားမိဘူး”
“မင်း ငါ့ကို ဒီကို ခေါ်လာခဲ့တာလည်း အဲဒါကြောင့်ပဲ မဟုတ်ဘူးလား ငါ သူမနဲ့ မြန်မြန်တွေ့လေ ငါ မြန်မြန် ပြန်နိုင်လေပဲလေ”
အာရန်သည်သူ၏ အလျှင်လိုနေမှုအားပြန်လည်ရှင်းပြလိုက်သည်။
၎င်းမှာ သူ၏ အိမ်ပြန်ရန်အတွက်သာဖြစ်သည်ဟု ဆိုခဲ့သော်လည်း အမှန်တကယ်တွင်အူ သူ့၌ ပို၍ အရေးကြီးသော အခြားအကြောင်းပြချက် တစ်ခုလည်း ရှိနေသေးသည်။
သူသည် စနစ်ဆီမှ အချိန်သတ်မှတ်ချက်ကို အထူးဂရုပြု၍ စောင့်ကြည့်နေခဲ့ရသည်။
ရွေးချယ်မှုတစ်ခုကို ရွေးချယ်ပေးရန်မှာ သူ့တွင် အချိန်အကန့်အသတ်တစ်ခု ရှိနေလေသည်။
တစ်ခုခုကို မဖြစ်မနေ ရွေးချယ်ရခြင်းအဆင့်အထိ မရောက်မှီ အနည်းဆုံး ဝိညာဉ်ဘုရင်မနှင့် တွေ့ဆုံပြီး သူမ၏ ဖြစ်နိုင်ခြေအရှိဆုံး အခြေအနေများကို နားလည်လိုနေခဲ့သည်။
သူသည် အမှားဟူ၍ တစ်ခုတစ်လေပင် ထပ်မံမပြုလုပ်လိုဘဲ သူပြုလုပ်လိုက်မိသော ရွေးချယ်မှုကြောင့် နောက်ပိုင်းတွင် သူ၏ စနစ်ကို ရပ်တန့်သွားစေသောအဖြစ်မျိုး ထပ်အဖြစ်မခံလိုပေ။
အက်စ်တလီနာ သည် သူမ၏ အပြုံးကို ဆက်လက်ထိန်းသိမ်းထားနေသော်လည်း ထိုအပြုံးနောက်ကွယ်တွင် သူမသည် အတော်လေး စိတ်တိုနေခဲ့လေသည်။
ဤလူသားသည် သူမကို အသက်ကြီးနေပြီဟု ပြောခဲ့ရုံသာမက သူမ၏ ဆွဲဆောင်မှုကိုပင် မခံရပေ။
သူမ၏ မာနကိုလာရောက်ထိပါးသည်ဟု ခံစားမိလိုက်သဖြင့် ရင်ထဲတွင် အောင့်သက်သက်ဖြစ်သွားရလေသည်။
သူမသည် သူမကိုယ်သူမ ထိုယောကျ်ားအပေါ်သို့ ဆွဲဆောင်မှုများလုံလောက်အောင်ထုတ်သုံးခဲ့ပြီးဖြစ်သည်။
ထိုအခြေအနေတွင် မည်သည့်ယောက်ျားမဆို ဤအခြေအနေကို အခွင့်ကောင်းယူရန် ကြိုးစားကြပေလိမ့်မည်။
အာရန်သည်လည်း ထိုသို့ပြုလုပ်လိမ့်မည်ဟု သူမထင်နေခဲ့သည်။
သူသာ ထိုသို့ပြုမူမိခဲ့ပါက သူ့ကို တားဆီးကာ သူ့အား ထိုသို့စိတ်မထိမ်းနိုင်သည့် အတွက် လှောင်ပြောင်ကဲ့ရဲ့ရန်ပင် သူမကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။
သို့သော် လက်တွေ့တွင်မူ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းသည် သူမသည်သာ အငြင်းခံရသူတစ်ဦး ဖြစ်သွားခဲ့လေသည်။
သုမသည် သူ့အား ငြင်းပယ်သူဖြစ်ရမည့်အစား သူမသည်သာ ငြင်းပယ်ခံရသူ ဖြစ်ခဲ့လေသည်။
သူမသည် ဤအခြေအနေအောက်တွင် မကျရှုံးလိုနေခဲ့ပေ။
သူမသည် ယခုအခြေအနေတွင် ပို၍ပင် အနိုင်ယူရန်စိတ်အားထက်သန်နေခဲ့ပြီဖြစ်သည်။
ထိုအရာသည် သူမ၏မာနအား လာရောက် ထိပါးခြင်းဖြစ်လေသည်။ သူမသည်သာ သူ့အား ငြင်းပယ်သူ ဖြစ်ရပေမည်။
ထိုအတွက် သူမသည် သူ့အား ပိုမို၍ ဆွဲဆောင်မှုများပြုလုပ်ပြရန် ဆုံးဖြတ်လိုက်သည်။
“ရှင်ဒီမှာ အချိန်ပိုမကုန်ချင်ဘူးဆိုတာ တကယ်သေချာပြီလား”
အက်စ်တလီနာသည် သူမ၏ ၀တ်စုံကို အနည်းငယ် အောက်သို့ လျှော့ချလိုက်ကာ သူမ၏ ရင်သားအနည်းငယ်ကို ပို၍ မြင်သာစေရန် လှစ်ဟလိုက်ရင်း မေးလိုက်သည်။
“ရှင်အလိုရှိရင် ဒီမှာ ကျွန်မနဲ့ တစ်ညလုံး အတူနေပြီး မနက်မှပဲ ကျွန်မအမေနဲ့ သွားတွေ့လဲရပါတယ်”
အာရန်သည် သာမန်ယောက်ျားတစ်ဦးသာဖြစ်သည်။ သို့သော် သူမသည် ဆွဲဆောင်မှုရှိသူတစ်ဦးဖြစ်မှန်း သူသိနေသော်လည်း သူသည် မိုက်မဲသူတစ်ဦး မဟုတ်ပေ။
သူမ ဘာကြောင့် ဤကဲ့သို့ကြိုးစားနေရသည်ကို သူနားမလည်နိုင်လည်သော်လည်း သူမ၏ ထောင်ချောက်အတွင်းသို့ ကျရောက်ခြင်းသည် သူ့ ဘဝ၏ အဆိုးဆုံး ဆုံးဖြတ်ချက်တစ်ခု ဖြစ်နိုင်သည်ဟုတော့ သူသိထားလေသည်။
“ဒီမှာ ငါ့အတွက် တကယ်ဘာမှ လုပ်စရာ မရှိပါဘူး ဒီမှာ ပိုပြီးကြာကြာ နေလိုက်တာက အချိန်ကုန်ရုံပဲအဖက်တင်လိမ့်မယ်”
အာရန်၏ ဖီးနစ်သည် လေပေါ်သို့ စတင်ပျံတတ်ရင်း ပြန်ပြောလိုက်သည်။
ဝိညာဉ်များ နေထိုင်နိုင်သော နေရာတစ်ခုခုကို သူရှာတွေ့နိုင်မလားဟူသော မျှော်လင့်ချက်ဖြင့် ပို၍မြင့်သောနေရာကို တက်သွားရန် သူကြိုးစားကြည့်လိုက်သည်။
အစစ်အမှန်ကမ္ဘာတွင် ဝိညာဉ်များသည် သာမန်လူသားများအတွက် မမြင်နိုင်သောဖြစ်တည်မှုများဖြစ်သော်လည်း ဤနေရာတွင်မူ ၎င်းတို့သည် သာမန်လူသားများကဲ့သို့ပင် ဖြစ်လေသည်။
ထို့ကြောင့် ၎င်းတို့တွင်လည်း တစ်နေရာရာတွင် မြို့တစ်မြို့ ရှိနိုင်သည်ဟု သူခန်းမှန်းမိထားလေသည်။
မြို့တစ်မြို့တည်းသာမက ဘုရင်မတစ်ပါးလည်း ရှိနေသောကြောင့် ၎င်းတို့တွင် တိုင်းပြည်တစ်ခုပင် ထပ်မံ ရှိနေနိုင်သည်ဟု သူယုံကြည်ထားလေသည်။
သူတွေ့ဆုံခဲ့ဖူးသော အခြားအုပ်ချုပ်သူမှာ ပင်လယ်နဂါးဘုရင်မ ဖြစ်လေသည်။
၎င်းသည် သူမ၏ကိုယ်ပိုင်တိုင်းပြည်တစ်ခုတည်ရှိသူဖြစ်ပြီး ထိုသို့ ကိုယ်ပိုင်အုပ်ချုပ်သူတစ်ဦးအား သူ့အနေဖြင့် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဘူးခြင်းလည်း ဖြစ်လေသည်။
“ဒီည ပျော်စရာကောင်းတဲ့ အရာတွေ အများကြီး ရှာတွေ့နိုင်လိမ့်မယ်လို့ ကျွန်မ သေချာသိနေတယ်နော်” အက်စ်တလီနာသည် လက်မလျှော့ခဲ့ချေ။
သူမသည် အာရန်ဆီသို့ တစ်ဖန် လျှောက်လာပြီး သူမ၏ ချိုမြိန်သော ရနံ့သည် သူ၏ အာရုံများကို တစ်ဖန် စိုးမိုးသွားရန် ထပ်မံကြိုးစားလိုက်သည်။
“ဒီမှာ ငါ့အတွက် ပျော်စရာကောင်းတဲ့ အရာတွေ ရှိမယ်လို့ မထင်ဘူး ငါပြောခဲ့သလိုပဲ မင်းက ငါ့အတွက် အရမ်းအိုစာနေပါပြီ” အာရန်က သူမကိုလှည့်ပင် မကြည့်တော့ဘဲ ပြန်ဖြေလိုက်သည်။
“ဘာပြောလိုက်တာလဲ ကျွန်မ မကြားရဘူး...”
အက်စ်တလီနာက ထပ်မံမေးလိုက်သည်။
အာရန်သည် သူမကို လှည့်ကြည့်လိုက်သည်။
“ငါပြောချင်တာက ငါမကြိုက်….”
သူလှည့်ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် ပြောစရာ စကားလုံးများ ပျောက်ဆုံးသွားရလေသည်။
အက်စ်တလီနာ သည် သူ၏ နောက်တွင် ရပ်နေသော်လည်း အစောပိုင်းကပုံစံနှင့် မတူညီတော့ချေ။
သူမ၏ အဝတ်အစားများသည် တစ်ပိုင်းတစ်စအဆင့်မှ ပိုမိုပွင့်လင်းမြင်သာသောအဆင့်သို့ရောက်ရှိသွားပြီး မဖော်ပြသင့်သော အရာများကို ပင် ဖော်ပြထားသလိုဖြစ်နေလေသည်။
သူမ၏ ပိုမိုပွင့်လင်းမြင်သာနေသော အဝတ်အစားများမှတစ်ဆင့် အာရန်သည် သူမ၏ အောက်တွင် လျှို့ဝှက်ထားသော နူးညံ့ပြီး ဖြူဖွေးဥနေသော နေရာအချို့ကိုပင် မြင်လိုက်ရ
လေသည်။
သူမသည် ဝိညာဉ်တစ်ယောက်ဟု ဆိုသော်လည်း သူမသည် လူသားတစ်ဦးနှင့် အတော်လေး တူညီနေခဲ့လေသည်။
သူသည် သူမကို ထိတွေ့နိုင်သည်။ သူမကို ခံစားကြည့်နိုင်သည်။ သူမသည် သူကြားဖူးထားသော သရဲ တစ္ဆေများနှင့် မတူညီပေ။
အာရန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ကာ သူမကို အလျှင်အမြန်ပင် ကျောခိုင်းလိုက်ရသည်။
“ငါ စိတ်မဝင်စားဘူးလို့ ပြောထားတယ်လေ”
“ရှင် အဲဒီလောက် ရိုးသားနေရင် ကျွန်မကို မျက်လုံးချင်း တည့်တည့်စိုက်ကြည့်ပြီး ဘာလို့ မပြောနိုင်ရတာလဲ”
ထိုမိန်းကလေးသည် သူ့ထံသို့ ပိုမိုတိုးကပ်လာကာ သူမ၏ နွေးထွေးသော အသက်ရှူသံသည် သူ၏ လည်ပင်းကို ထိကပ်သွားရင်းမေးလိုက်သည်။
အာရန်သည် အက်စ်တလီနာ က သူမ၏ နှုတ်ခမ်းများကို သူ၏ လည်ပင်းပေါ်တွင် ထိကပ်ထားစဉ်တွင်ပင် သူ၏ ကျောပြင်ကို နူးညံ့သောအရာတစ်ခုမှထပ်မံ ဖိကပ်နေသည်ကို ခံစားလိုက်ရသည်။
“ရှင်က ယောက်ျားတစ်ယောက်ဖြစ်မှန်း ကျွန်မသိပါတယ် ယောက်ျားတစ်ယောက် ဘာလိုချင်လဲဆိုတာလည်း ကျွန်မသိတယ် ရှင်က ကျွန်မကို အိုနေပြီလို့ ပြောနိုင်ပေမယ့် ရှင့်ရဲ့ ခန္ဓာကိုယ်က ရှင့်ရဲ့ ပါးစပ်ထက် ပိုပြီးရိုးသားတယ်ဆိုတာ ကျွန်မသိနေတယ်”
အက်စ်တလီနာသည် ညင်သာစွာဖြင့် တိုးတိုးလေးကပ်၍ပြောလိုက်ကာ အာရန်အား အဆုံးစွန်ထိ ဆွဲဆောင်ရန်ကျိုးစားလိုက်သည်။
သူမသည် သူ၏ အသိစိတ်ကို ပျောက်ဆုံးသွားစေပြီး ကိုယ့်ကိုယ်ကို ထိမ်းချုပ်မှုမှ လွတ်မြောက်သွားစေလိုခဲ့သည်။
ထိုအခါမှသာ သူမသည် သူ့အား ငြင်းဆန်ခြင်းပြုလုပ်၍ အနိုင်ယူနိုင်မည်ဖြစ်လေသည်။
သူမကဲ့သို့ လှပသော အမျိုးသမီးတစ်ဦးသည် သူ၏ ရှေ့တွင် ရှိနေသော်လည်း သူသည် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။၎င်းသည် သူ့အတွက် ပြစ်ဒဏ်တစ်ခုပင်ဖြစ်ပေလိမ့်မည်။
ကံမကောင်းစွာဖြင့် ထိုသို့ပြုလုပ်ရန်မူ သူမသည် သူ့အား အသိစိတ်ပျောက်သွားအောင်ပြုမူပေးရန် အရင်လိုအပ်လေသည်။
သူမသည် အာရန်၏ ခါးပတ်ပတ်လည်တွင် သူမ၏ လက်များဖြင့် ရစ်ပတ်ထားလိုက်ကာ သူမ၏ လက်ကို အောက်သို့ တဖြည်းဖြည်း လျှောချပေးလိုက်သည်။
သူမ၏ လက်များသည် မရောက်သင့်သော နေရာတစ်ခုသို့ ရောက်လုဆဲဆဲတွင် သူမ၏ နွေးထွေးသော လက်များသည် အာရန်၏ လက်များဖြင့် ဆုပ်ကိုင်လိုက်ခြင်းကို ခံလိုက်ရသည်။
သူမသည် သူယခု လက်လျှော့တော့မည်လားဟု တွေးတောမိလိုက်သဖြင့် ပြုံးလိုက်မိသည်။
သို့သော် အာရန်သည် သူမ၏ လက်များကို ခိုင်မာစွာ ဆုပ်ကိုင်ထားပြီး ထိုကဲ့သို့ နီးကပ်သော အကွာအဝေးမှ ပို၍ပင် အန္တရာယ်ရှိဟန်ရသော သူ၏ ဓားဧကရာဇ်အော်ရာကို ထုတ်လွှတ်လိုက်လေသည်။
“ဒီနေရာမှာ မင်းကိုငါ ထိတွေ့နိုင်တဲ့အတွက် မင်းကို သတ်နိုင်မယ်လို့လည်း ငါသေချာသိနေတယ် မင်း ငါ့ကို အဲဒီလို စွန့်စားမှုမျိုးလုပ်ကြည့်စေချင်တာ တကယ်သေခြာလို့လား”
#Catfoot