← Chapters

သူတို့ကိုမနှောင့်ယှက်ရဲ

Vol. 011 Ch. 1065

သူတို့ကိုမနှောင့်ယှက်ရဲ

Vol. 011 Ch. 1065

“ဖူယိ မင်းအသက်ပေး”

ရှီမာယူယူနှင့် တခြားသူများ မီးတောက်တောင်ကိုရောက်သည်နှင့် လူတစ်ယောက်သည် ချက်ချင်းပင် ခုန်ထွက်လာသည်။ အော်သံနှင့်အတူ ဝိညာဉ်စွမ်းအင်ကို သူတို့ဆီသို့ပစ်လိုက်သည်။

“ယူယူ ရှောင်ချီ ရှင်းမယ်” ရှောင်ချီသည် လက်ကိုဝေ့ရမ်းလိုက်ပြီး ဝိညာဉ်စွမ်းအင်ကို အလွယ်တကူပင် ဖြေရှင်းလိုက်လေသည်။

ထို့နောက်တွင် ရှီမာယူယူ၏အနောက်တွင် ရပ်နေသောလူသည် ထိုလူ လာသည်ကိုမြင်သောအခါ မျက်နှာအမူအရာပြောင်းသွားလေသည်။

“ခင်ဗျားတို့ကဘယ်သူတွေလဲ” ရှောင်ချီသည် တိုက်ခိုက်မှုကိုဖြေရှင်းပြီး နောက် တိုက်ခိုက်သူကို ကြည့်ပြီးမေးလိုက်သည်။

“ငါတို့က အရှေ့ပိုင်းကျောရိုးက ဖူမျိုးနွယ်ပဲ၊ ငါတို့ မင်းတို့နဲ့ရန်သူမဖြစ် ချင်ဘူး၊ အဲတော့ ဖူယိကို ပေးတာပိုကောင်းမယ်” ဖူမျိုးနွယ်မှ တာဝန်ရှိသူဖြစ် ပုံရသော ဖူမျိုးနွယ်မှလူတစ်ယောက်သည် အရှေ့တိုးလာလေသည်။

“အရှေ့ပိုင်းကျောရိုးဖူမျိုးနွယ် ဟုတ်လား” ရှီမာယူယူသည် သူတို့ကို ကြည့်လိုက်သည် “ဖူယိ ထွက်လာခဲ့”

ရှီမာယူယူ၏ စကားကိုကြားသည်နှင့် ဖူယိသည် သူတို့ဆီသို့ ခုန်ပျံလာ ကာ ဖူမျိုးနွယ်ကို စိုက်ကြည့်ပြီး ပြောလိုက်သည် “တောင်ကြားသခင် တောင်ကြားကိုယ်စားလှယ်သခင် ဒါက သူတို့နာကျည်းတဲ့ ကျွန်တော့်ကိစ္စပါ ကိုယ့်ဘာသာဖြေရှင်းပါမယ်”

သူသည် ဖူမျိုးနွယ်နှင့် တိုက်ခိုက်ရန် ပြင်ဆင်လေသည်။

“အဲမှာတင်ရပ်လိုက်” ရှီမာယူယူသည် သူ့ကိုတားလိုက်သည်။

တခြားတစ်ယောက်သာ ထိုစကားပြောမည်ဆိုလျှင် ဖူယိ လျစ်လျူရှုဦး မည်။ သို့သော် သွေးမိစ္ဆာမြို့တော်အဖြစ်အပျက်ပြီးနောက်တွင် သူတို့သည် ရှီမာယူယူကို အခြေအနေတစ်ခုအဖြစ် သတ်မှတ်ကြသည်။

သူ ပြေးမထွက်တော့သည်ကို ရှီမာယူယူမြင်သောအခါ ဖူမျိုးနွယ်ကို ကြည့်ပြီး ပြောလိုက်သည် “ဒါက…”

“ဖူဆန် ဖူမျိုးနွယ်က ခေါင်းဆောင်” လူကြီး ပြောလိုက်သည်။

“ဖူဆန် ဖူယိနဲ့ပတ်သတ်ပြီး ဘာအမုန်းတရားတွေရှိလဲဆိုတာ ကျွန်တော်သိချင်ပါတယ်၊ ခင်ဗျားတို့က မျိုးနွယ်တစ်ခုတည်းဖြစ်ရမယ် ဟုတ် တယ်မလား” ရှီမာယူယူသည် ပြုံးပြီးမေးလိုက်သည်။

“ဟင်း ဖူယိက မျိုးနွယ်စည်းမျဉ်းကို ဖောက်ဖျက်ပြီး မျိုးနွယ်ကနေ နှင်ထုတ်ခံထားရပြီ၊ သူကဘယ်လိုလုပ် ကျုပ်တို့မျိုးနွယ်ဖြစ်ရဦးမှာလဲ” ဖူဆန် ပြောလိုက်သည် “မင်းတို့က သူ့ကိုကာကွယ်မလို့လား၊ မင်းတို့က ဘယ် အင်အားစုကလဲ”

နောက်ဆုံးမေးခွန်းမှာ ရှိနေသောလူများ၏ စိတ်ထဲတွင်တူညီစွာ တွေးနေသော မေးခွန်းဖြစ်သည်။ ထို့ကြောင့် သူမေးလိုက်ချိန်တွင် အားလုံး သည် ရှီမာယူယူကို ကြည့်လိုက်သည်။

“ကျွန်တော်က ရှီမာယူယူပါ အသည်းကွဲတောင်ကြားရဲ့ တောင်ကြား ကိုယ်စားလှယ်သခင်ပါ ဒါကကျွန်တော်တို့ တောင်ကြားသခင်ပါ” ရှီမာယူယူ သည် သူမကိုယ်သူမမိတ်ဆက်ပြီးနောက် ရှီမန်ဖန်ကိုမိတ်ဆက်ပေးလသည်။ ထို့နောက်တွင် သူမ လက်သီးဆုပ်ဖြင့်အုပ်ကာ ရှိနေသောလူများကို ပြောလိုက်သည်။

“မင်္ဂလာပါ အားလုံးပဲ ကျွန်တော်တို့က တည်ထောင်ထားတဲ့ အသည်းကွဲတောင်ကြား အင်အားစုအသစ်ပါ နောက်ကိုကျွန်တော်ကို စောင့်ရှောက်ပေးပါဦး” ရှီမန်ဖန်သည် ရှိနေသောလူများကို ပြောလိုက်သည်။

“မင်းတို့ကို ဂရုစိုက်စေချင်ရင် အရင်ဆုံး ငါတို့ရန်သူကိုလက်လွှဲပေး လိုက်” ဖူဆန်သည် အေးစက်စွာ နှာမှုတ်လေသည်။

“အဲဒါတော့ မဖြစ်နိုင်ပါဘူး” ရှီမန်ဖန်သည် ခေါင်းရမ်းပြီးပြောလိုက် သည် “ဖူယိက ကျွန်တော်တို့ အသည်းကွဲတောင်ကြားရဲ့ တပည့်ပါ ပြီးတော့ သူက ကျွန်တော်တို့ကို သစ္စာမဖောက်ဘူး…. အန္တရာယ်ကို သူတစ်ယောက် တည်း ရင်မဆိုင်ခိုင်းနိုင်ဘူး”

“အဲတော့ သူ့ကို ကျုပ်တို့ဆီကိုမပေးဘူးပေါ့” ဖူဆန်၏ မျက်နှာသည် မည်းနက်လာသည်။ ရှီမန်ဖန်နှင့် တခြားသူများကိုကြည့်ပြီး သူတို့ကို နိုင်နိုင် ချေကို တွက်ချက်နေသည်။

“ဒေါသမထွက်ပါနဲ့” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်တို့ ထိုင်ပြီး စကားပြောလို့ရပါတယ်”

“ဖူယိကို ပေးလိုက် ဒါဆိုရင် စကားပြောလို့ရတယ်” ဖူဆန်သည် နောက် မဆုတ်ပေ။

“သခင်လေးဖန်က ကျွန်တော်တို့နဲ့ စကားကောင်းကောင်းမပြောချင်တဲ့ ပုံပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ မင်းတို့ကမဖြောင့်မတ်လို့လေ” ဖူဆန်သည် သတ္တိ နည်းပြီး သတိမရှိသောလူဖြစ်သည်။ သို့သော် သူ ဖူယိဆီသို့လာချိန်တွင် သူ ၏အကျင့်စရိုက်မှာ ကြမ်းတမ်းနေသည်။

“သူတို့က ကျွန်တော်တို့အသည်းကွဲတောင်ကြားကို ပူးပေါင်းတုန်းက သူတို့ရဲ့ ရန်သူကို တစ်ယောက်တည်းရင်မဆိုင်ခိုင်းဘူးလို့ပြောခဲ့တယ်” ရှီမာယူယူ ပြောလိုက်သည် “အစကကတည်းက ပြောခဲ့တဲ့အတိုင်း ကျွန်တော့် ကတိကိုမဖောက်ဖျက်နိုင်ဘူး အဲဒါကြောင့် ခင်ဗျားတောင်းဆိုတဲ့ အခြေအနေ ကို ကျွန်တော်မပြည့်ပေးနိုင်ဘူး”

“အဲတော့ မင်းက ငါတို့ဖူမျိုးနွယ်နဲ့ ရန်သူဖြစ်ချင်တာလား” ဖန်ဆန်သည် မှောက်မိုက်သောမျက်နှာဖြင့် မေးလေသည်။

ရှီမာယူယူ် ခေါင်းရမ်းပြီး ပြောလိုက်သည် “ကျွန်တော်တို့ အသည်းကွဲ တောင်ကြားက အခုမှဖွင့်ထားတာ တည်ထောင်ထားတာလည်း မကြာသေး ဘူး၊ ခင်ဗျားတို့နဲ့ ရန်သူမဖြစ်ချင်ပါဘူး ဒါပေမဲ့ ကျွန်တော်တို့်က တစ်ဂိုဏ်း တည်းဆိုမှတော့ အခြေခံသတ်မှတ်ချက်ရှိပါတယ် ကိုယ့်တပည့်သားကိုယ် ကာကွယ်ရမှာက အခြေခံသတ်မှတ်ချက်ပါ”

“သူတို့က မင်းတို့ကို သုတ်သင်ပစ်နိုင်မယ့် လူခေါ်လာရင်တောင်လား” လူတစ်ယောက် မေးလိုက်သည်။

“ကျွန်တော်တို့က ဂိုဏ်းသေးတစ်ခုဖြစ်ပေမယ့် ကျွန်တော်တို့ဂိုဏ်းကို ချေမှုန်းဖို့ဆိုတာ မလွယ်ပါဘူး” ရှီမာယူယူသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

“ဘဝင်မြင့်လိုက်တဲ့လေသံပဲ” မိန်းကလေးတစ်ယောက်သည် မထီလေးစားသည့်လေသံဖြင့် ပြောလိုက်သည်။

“မင်းတို့ ဂိုဏ်းအသစ်လောက်ကများ အဲလိုရူးနှမ်းတဲ့ သတ်မှတ်ချက် တွေလုပ်ရဲတယ်” ဖူမျိုးနွယ်၏ နောက်တပည့်တစ်ယောက်သည် တစ်ကိုယ် ကောင်းဆန်စွာပြောလေသည်။

“ကျွန်တော်တို့ ဂိုဏ်းကသေးပါတယ် ဒါပေမဲ့ တကယ်လို့ တစ်ခုခုသာ ဖြစ်ရင် လူတွေရောက်လာပြီး ကူညီလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။

သူမ ထိုကဲ့သို့ပြောလိုက်သည့်အချိန်တွင် အားလုံးသည် သူမ၏ သရုပ်မှန်ကို တွေးလိုက်ကြသည်။ သူမသည် ဂဠုန်ငှက်ဘုရင်၏ စာချုပ်သခင်၊ အဂ္ဂိရတ်ပြိုင်ပွဲတွင် ပထမရထားသူ၊ အဂ္ဂိရတ်ပညာရှင်အသင်းနှင့် တည်ဆောက်မှုသခင်အသင်း၏ ဧည့်သည်အကြီးအကဲဖြစ်သည်။ တစ်ချိန် တည်းမှာပင် သူမသည် အံ့ဖွယ်နတ်ဆိုးတောင်ကြား၏ တောင်ကြားသခင် လေးဖြစ်ကာ ကောင်းကင်ဂိုဏ်း၏ ကျောင်းသားတစ်ယောက်လည်းဖြစ် သည်။

ထိုတင်မကပဲ ထိုနေရာရှိတချို့လူများသည် သူမသည် ဝိညာဉ်သခင်၊ တည်ဆောက်မှုသခင်နှင့် သားရဲထိန်းကျောင်းသူဖြစ်ကြောင်းကို သိကြသည်။

ထို့ကြောင့် သူမတွင် တစ်စုံတရာဖြစ်ပါက ထိုအင်အားစုများသည် ရပ် ကြည့်နေမည်မဟုတ်ပေ။ သူမသာ တပ်ကူခေါ်ပါက လူများစွာသည် သူမကို ကူညီနိုင်သည်။

ထို့အပြင် ထို့အပြင် သူမသည် အမှောင်တောထဲမှ တုလေး၏ မျိုးနွယ်ကို ဆွဲဆောင်နိုင်ကာ ဖန်ရူယန်၏ အင်အားကိုပြသခဲ့ရာ သူမအနောက်တွင် မည်ကဲ့သို့ အင်အားစုရှီနေသည်ကို လူများခန့်မှန်းမိကြသည်။

“တောင်ကြားသခင်လေး ကျွန်တော်အရင်က သတင်းတွေကြားဖူးပေ မယ့် သခင်လေးက အင်အားစုတည်ထောင်လိုက်တာကို နည်းနည်းအံ့သြမိ နေတုန်းပဲ” အံ့ဖွယ်နတ်ဆိုးတောင်ကြားတပည့်တစ်ယောက်သည် လျှောက် လာကာ ရှီမာယူယူကို ပျော်ရွှင်စွာ နှုတ်ဆက်လေသည်။

ထိုမတိုင်ခင်တွင် ရှီမာယူယူသည် လျန်ဝူမင်ကို အသည်းကွဲတောင်ကြား အကြောင်းပြောခဲ့သည်။ သူမ အင်အားစု တည် ထောင်ထားသည်မှာ ၂နှစ်ကြာပြီဖြစ်ကြောင်းကို သူသိခဲ့သည်။ ထိုအရာကပင် အံ့ဖွယ်နတ်ဆိုးတောင်ကြားတစ်ခုလုံးကို အလွန်အံ့သြစေသည်။ သို့သော် သူတို့သည် ရှီမာယူယူ၏ အထောက်အပံံများဖြစ်ပေးဦးမည်။

“ကဲ ကလေး မင်း ဂိုဏ်းတည်ထောင်တာကို ငါတို့ကို့ကိုတောင်မပြော ဘူး စောစောသာသိရင် တည်ထောင်တဲ့နေ့ကတည်းက ဂုဏ်ပြုပေးမှာပေါ့” မုန့်ဆန်းချွယ်သည် ဆရာများကိုဦးဆောင်ပြီး သူမကို ဒေါသဖြင့်စနောက်လေ သည်။

သူတို့သည် တစ်ခုခုဖြစ်လာလျှင် သူမဘက်မှရပ်တည်ပေးမည်ဟု သူတို့ တိတ်တဆိတ်ပြောနေသည်ကို ရှီမာယူယူ သိသည်။

“ဒါရိုက်တာမုန့် ကျွန်တော်တို့ ထာဝရရှင်သန်သူနယ်မြေကထွက်လာတဲ့ အချိန်ကျရင် ဆရာတို့ကို အသည်းကွဲတောင်ကြားကို ဧည့်သည့်အဖြစ် ဖိတ်ကြားပါမယ်” သူမ ပြုံးလိုက်သည်။

“ငါတို့ကရော” အံ့ဖွယ်နတ်ဆိုးတောင်ကြားမှလူများ မေးလေသည်။

“သေချာတာပေါ့ မင်းတို့လည်းပါတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

ရှီမာယူယူနှင့် သူတို့ပျော်ရွှင်စွာ စကားပြောနေသည်ကို ဖူမျိုးနွယ်မြင် လိုက်ရာ ပိုပြီးဒေါသထွက်ကြလေသည်။

“အသည်းကွဲတောင်ကြားကလူတွေ ဖူယိကိုပေး မဟုတ်ရင် မင်းတို့ကို ရန်သူအဖြစ်သတ်မှတ်တာကို ငါတို့ကိုအပြစ်မတင်နဲ့” ဖန်ဆန်နောက်မှလူ သည် အော်လေသည်။

“ဟင်း ခင်ဗျားတို့ကိုကြောက်မယ်လို့ထင်နေတာလား” ရှောင်ချီသည် သူမ၏ အင်္ကျိလက်ကို မ,တင်ကာ ဖူမျိုးနွယ်ကိုကြည့်လေသည်။ သူမသည် တိုက်ခိုက်ရန် ပြင်ဆင်ထားသည်။

ရှီမာယူယူသည် ဖူမျိုးနွယ်၏ အပြုအမူကို ဒေါသမထွက်ပေ “ဒီမှာ ကျွန်တော်တို့နဲ့ တိုက်ချင်တယ်ဆိုတာ သေချာရဲ့လား ထာဝရရှင်သန်သူ နယ်မြေအပြင်ဘက်မှာလေ”

“ငါ့ရဲ့ ခရမ်းရောင်ရေနဂါးမျိုးနွယ်ရဲ့ မင်းသား ၁၀ကို ဘယ်သူလုပ်ရဲလဲ” တားမြစ်သံတစ်ခုသည် လေထဲတွင်ပေါ်လာသည်။ ထို့နောက်တွင် လေဟာ ပြင်ဝင်ပေါက်ပွင့်လာသည်။ ဝူလာမိုင်သည် ခရမ်းရောင်ရေနဂါးမျိုးနွယ်ကို ဦးဆောင်ကာထွက်လာသည်။ သူသည် အောက်တွင်ရှိနေသော လူများကို ကြည့်လိုက်သည်။

ခရမ်းရောင်ရေနဂါမျိုးနွယ်သည် ပေါ်လာသည်နှင့် ရုတ်တရက် ရှီမာယူယူတို့အရှေ့တွင်ရပ်ကာ ဝိုင်းလိုက်သည်ကို အားလုံးမြင်လိုက် သောအခါ အံ့သြကြလေသည်။

သူတို့သည် ကြယ်ကိုးပွင့်သမုဒ္ဒရာမှ ခရမ်းရောင်ရေနဂါးမျိုးနွယ် အကြောင်းကိုသိကြသည်။ ဒါပေမဲ့ ခရမ်းရောင်ရေနဂါးမျိုးနွယ်မှာ မင်းသား ၁၀ ရှိတာ သူတို့မကြားဖူးပါဘူး…

ရှီမာယူယူသည် ဝူလာမိုင်နှင့် ရွှမ်ရှင်းမန်တို့ကို တွေကသောအခါ ပျံသွား ပြီးနှုတ်ဆက်လိုက်သည်။ သူမသည် ရွှမ်ရှင်းမန်၏ လက်ကိုဆုပ်ကိုင်လိုက် သည် “မွေးစားအဖေ မွေးစားအမေ ဒီတစ်ခါကိုမလာကြတော့ဘူးထင်နေတာ”

***

All Chapters