ရန်သူလုပ်တာထက် မိတ်ဖွဲ့ထားတာပိုကောင်းမယ်
Vol. 011 Ch. 1066
မွေးစားအဖေနဲ့ မွေးစားအမေဟုတ်လား။ အားလုံးသည် ရွှမ်ရှင်းမန်နှင့် ရှီမာယူယူတို့၏ ခိုင်မာသောပုံစံကိုကြည့်ပြီး ပိုအံ့သြကြသည်။
ခရမ်းရောင်ရေနဂါးက အမြဲတမ်းဘဝင်မြင့်နေတာ၊ လူသားနဲ့ ဘယ်တုန်းက အဲလောက်ရင်းနှီးသွားတာလဲ။
ဝူလာမိုင်သည် ဖူဆန်အားစိုက်ကြည့်ကာ ပြောလိုက်သည် “ငါ့ကလေး ကိုအနိုင်ကျင့်တာမင်းလား”
“ငါတို့ ညီ၁၀ကို ဘယ်သူကအနိုင်ကျင့်ရဲတာလဲ” ဝူလာအာသည် အေးစက်စွာ နှာမှုတ်ကာ ထိုလူများကို ရန်လိုစွာကြည့်လိုက်သည်။
“ငါတို့ ညီ၁ဝကို အနိုင်ကျင့်ချင်ရင် ငါတို့ခွင့်ပြုချက်ကိုအရင်ရအောင် လုပ်ရမယ်” ဝူလာလီသည် ဖူဆန်အား အေးစက်သောမျက်လုံးများဖြင့် ကြည့် လေသည်။
ဖူမျိုးနွယ်သည် ထိုမျိုးနွယ်ရုတ်တရက်ပေါ်လာခြင်းကြောင့် လန့်နေလေ သည်။ ရှီမာယူယူ အနောက်မှာ အင်အားစုဘယ်လောက်တောင်ရှိနေတာလဲ။
ပိုအရေးကြီးသည်မှာ သူတို့သည် ထိုနေရာသို့ တခြားအင်အားစုနှင့် တိုက်ခိုက်ရန်လာခြင်းမဟုတ်ပဲ ထာဝရရှင်သန်သူနယ်မြေသို့လာခြင်းဖြစ် သည်။ သူတို့သာ တကယ်စတင်တိုက်ခိုက်ပါက တစ်ဖက်တွင် လူများနေရာ တိုက်ခိုက်ရာတွင် အကျိုးအမြတ်ရှိမည်မဟုတ်ပေ။
သို့သော် ပြောခဲ့သည့်အတိုင်းပင်… သူတို့သည် ပြောပြီးသားစကားကို ရိုးရှင်းစွာ ပြန်ရုတ်သိမ်းပါက တိုင်းပြည်မှတခြားအင်အားစုများနှင့် မည်သို့ ဂုဏ်ယူစွာ ရင်ဆိုင်ရတော့မည်နည်း။
ဖူမျိုးနွယ်သည် ထိုပြဿနာကိုသိထားသည်။ သူတို့သည် မျက်နှာ မကောင်းကြပေ။
ကံကောင်းစွာပင် ရှီမာယူယူသည် သူတို့နှင့် ရန်သူမဖြစ်လိုပေ။ သူမ မွေးစားအဖေနှင့် မွေးစားအမေတို့ သူမကို ကာကွယ်ပေးသည်ကိုကြည့်ပြီး သူမ ပြုံးကာ ပြောလိုက်သည် “မွေးအစားအဖေ မွေးစားအမေ ရပါတယ် အဲဒါ က ဒီအတိုင်းပဲ သူတို့နဲ့အမြင်မတူသွားတာပါ ကျွန်တော် တကယ်ပဲ မတိုက်ခိုက်ချင်ပါဘူး”
“တကယ်လား” ဝူလာမိုင်သည် သူမဘက်သို့လှည့်ကြည့်လေသည်။
“တကယ်ပါ” ရှီမာယူယူသည် အတည်ပြုခေါင်းညိတ်လိုက်သည် “သက်ရှိတွေကို ဆက်အသက်ရှင်ခွင့်ပေးတာထက် ရန်ငြိုးကိုချေမှုန်းပစ်တာ က ပိုကောင်းတယ်လို့တောင် ပြောကြတာပဲ ဟုတ်တယ်မလား သခင်လေးဖူ”
ဖူဆန်သည် စိတ်များရှုပ်ထွေးကာ ရှီမာယူယူအားကြည့်လိုက်သည်။ အင်အားစုအသစ်ကလေးတစ်ခုကို သူတို့ ပြစ်မှားလို့မရနိုင်တဲ့ အင်အားစုဖြစ် နေပြန်တယ်။ သို့သော် သူတို့ ရှက်ရွံ့စရာအခြေအနေမှတောင် တစ်ဖက်အဖွဲ့ သည် ဖိအားမပေးပဲ လမ်းဖောက်ပေးသည်။
“တောင်ကြားကိုယ်စားလှယ်သခင်ပြောတာမှန်ပါတယ် အရင်က ဖူယိနဲ့ ကျွန်တော်တို့ကြားမှာ သဘောထားမတိုက်ဆိုင်တာတွေဖြစ်ခဲ့ပေမယ့် သခင် လေးတို့က အဲလိုပြောမှတော့ ကျွန်တော်တို့ ဒီနေ့မလိုက်တော့ပါဘူး” ဖူဆန် ပြောလေသည်။
သူတို့ ဒီနေ့မလိုက်ဘူးဆိုတော့ နောက်ကို လိုက်နိုင်ချေရှိတယ်လို့ အဓိပ္ပာယ်သက်ရောက်သွားတာပေါ့။
ရှီမာယူယူ ပြုံးပြီး ပြောလိုက်သည “နားလည်ပေးတဲ့အတွက် ကျေးဇူး တင်ပါတယ် သခင်လေးဖူ”
“ရပါတယ်” ဖူဆန်သည် ရှီမာယူယူဆီသို့ လက်သီးဆုပ်ဖြင့် လက်အုပ်ချီ ကာ သူ့လူများနှင့် ထွက်သွားလေသည်။
ရှီမာယူယူသည် ထိုလူများကိုကြည့်ပြီး ပြောလိုက်သည် “အကုန်လုံးက သွေးမိစ္ဆာမြို့ကအဖြစ်အပျက်ကို သိပြီးလောက်ပြီထင်တယ်၊ ဆိုတော့ ဒီနေ့ကို ရပ်တည်ချက်ကို ပြတ်ပြတ်သားသားပြရမှာပေါ့၊ သွေးမိစ္ဆာမြို့တော်ကလူ တော်တော်များများက ကျွန်တော်အသည်းကွဲတောင်ကြားကို ဝင်လာကြာ တာ၊ သူတို့က ကျွန်တော့်တောင်ကြားရဲ့ တစ်စိတ်တစ်ပိုင်းပဲ မင်းတို့ကို မုန်းတဲ့သူတွေများနေတယ် ဒါပေမဲ့ အသည်းကွဲတောင်ကြားက ဘယ်တပည့် ကိုမှ လက်လျော့မှာမဟုတ်ဘူး သူတို့က မင်းတို့ကိုအမုန်းတရားနဲ့ဆန့်ကျင် လာရင် ကျွန်တော်တို့အတူဖြေရှင်းဖို့ မျှော်ငလ့်ပါတယ် မဖြေရှင်းနိုင်ဘူးဆို ရင် အသည်းကွဲတောင်ကြားက မင်းတို့ဘက်မှာ အမြဲတမ်းရှိနေပါမယ်”
သူမ၏ စကားလုံးများသည် အဓိပ္ပာယ်များစွာပါဝင်နေပြီး အားလုံးသည် သဘောပေါက်ကြသည်။
ပထမဆုံးအနေနှင့် ပြောလိုက်သည်မှာ အသည်းကွဲတောင်ကြားမှ လူူများသည် သွေးမိစ္ဆာမြို့တော်မှဖြစ်ကြသည်။ အတိတ်မှအဖြစ်များကိုကြည့် လျှင် လူအများသည် ပဋိပက္ခများဖြစ်ခဲ့ကြသည်။ သို့သော် အသည်းကွဲ တောင်ကြား သည် သူတို့၏တပည့်ကိုလက်လျော့မည်မဟုတ်ပေ။ ထို့ကြောင့် တစ်ယောက်ယောက်ကို လက်လျော့ပြီး လွှဲပြောင်းမည်ကို ထပ်မပြောရန် ဖြစ်သည်။
ဒုတိယအနေနှင့် သွေးမိစ္ဆာမြို့တော်မှလူများသည် အသည်းကွဲတောင် ကြားတွင်ရှိကြသည်။ သွေးမိစ္ဆာမြို့တော်မှလူများ မည်မျှများကြောင်းကို သူတို့သိကြသည်။ ထို့ကြောင့် အသည်းကွဲတောင်ကြားတွင်ရှိသော လူ အရေအတွက်ကို ခန့်မှန်း၍ရသည်။ လူပေါင်းသောင်းချီရှိသည်… သူတို့ကို ပြဿနာသွားရှာလို့ မတန်ဘူးပဲ။
တတိယအနေနှင့် သူတို့နှင့် ဆက်သွယ်ချင်ပါက အသည်းကွဲတောင် ကြားကိုသွားရမည်ဖြစ်ပြီး အသည်းကွဲတောင်ကြားကိုဝင်ရမည်ဖြစ်သည်။
သူမသည် စတုတ္ထအကြောင်းအရင်းကိုမပြောသော်လည်း အားလုံး နားလည်ကြသည်။ သူမ နောက်ကွယ်မှ အင်အားစုများအကြောင်းဖြစ်သည်။ သူတို့သည် သွားရှုပ်လို့မရသည့် အင်အားစုများဖြစ်ကြသည်။ သူတို့လုပ်နိုင် သည်ဟု ထင်လျှင် စမ်းကြည့်နိုင်သည်။
သေချာတာပေါ့… ငှက်မျိုးနွယ်တစ်ခုလုံးကို တိုက်ခိုက်နိုင်တယ်လို့ထင် ရင် တခြားအင်အားစုကိုလည်း အကူအညီတောင်းလို့ရသေးတယ်။ သူတို့ စိတ်မရှိပါဘူး။
သို့သော် မည်သည့်မျိုးနွယ်သည် လူဦးရေအများဆုံးနည်း ငှက်မျိုးနွယ်မဟုတ်ပါလား… လင်းယုန်၊ ဇာမဏီ၊ ဗျိုင်းများအကြားတွင်တောင် အမျိုးမျိုးရှိသေးသည်… သူတို့သည်လည်း ငှက်မျိုးနွယ်များပင်…
သို့သော် တိုင်းပြည်မှ ဝိညာဉ်သားရဲ မျိုးနွယ်များသည် ကွဲပြားကြသည်။ ကျားနှင့် ဆင်များပင် မျိုးနွယ်မတူကြပေ။
ထို့ကြောင့် ငှက်မျိုးနွယ်နှင့် မည်သူမှမပြိုင်ဆိုင်ချင်ပေ။
ထိုသို့စဉ်းစားလိုက်သည်နှင့် အသည်းကွဲတောင်ကြားကို ပြဿနာရှာ ချင်သောသူများသည် စိတ်ထဲတွင် တွေဝေသွားကြသည်။
သူတို့သာ တကယ်ပဲ လူစုပြီး အသည်းကွဲတောင်ကြားကို သွားချင်တယ် ဆိုရင်တောင် ငှက်မျိုးစုတစ်ခုလုံးကို ဆန့်ကျင်နိုင်လောက်အောင် လူစုက သန်မာပါ့မလား။ ပြီးတော့ သူတို့ တကယ်ပဲ အသည်းကွဲတောင်ကြားကို သွား နိုင်မှာလား။ မမေ့လိုက်နဲ့ဦး အသည်းကွဲတောင်ကြားက အဆိပ်သင့်နေရာ သုံးခုထဲက တစ်ခုပဲ။ လူနည်းစုလောက်ပဲ ဝင်နိုင်ကြတာ။
ထိုအချက်အားလုံးကို စဉ်းစားလိုက်ရာ ထိုရုတ်တရက်ပေါ်ထွက်လာ သည့် အင်အားစုသည် ရန်စရန်မဖြစ်နိုင်သည့် တည်ရှိမှုဖြစ်နေသည်။
ကံကောင်းစွာပင် တောင်ကြားသခင်နှင့် တောင်ကြားကိုယ်စားလှယ် သခင်တို့သည် နှိမ့်ချစွာနေတတ်ပြီး သူတို့နှင့် မိတ်ဖွဲ့လိုသည့်သဘောထား ကို ပြလာသည်။
ရှီမာယူယူသည် အသည်းကွဲတောင်ကြားမှ ဖန်တီးလိုက်သည့် သက်ရောက်မှုကို ကျေနပ်လျက်ရှိသည်။ အင်အားစုအားလုံး ထိုပုံစံအတိုင်း တုန့်ပြန်လာလိမ့်မည်ဟု မထင်ထားပေ။ သို့သော် သေးငယ်သောကိစ္စများရှိ လာလျှင်လည်း သူတို့ကိုင်တွယ်နိုင်ကြသည်။
အဝေးရှိတောင်ထိပ်ပေါ်တွင် ငွေရောင်ဆံပင်နှင့် လူတစ်ယောက်သည် ရှီမာယူယူကိုကြည့်လိုက်ရာ သူမ၏ ဝိညာဉ်မြင့်မားသောမျက်နှာကိုမြင် လိုက်သောအခါ လေသံဖြင့်တိုးညင်းစွာပြောလိုက်သည် “အဲဒါ မိန်းကလေး မလား”
“ဆရာ ဘာတွေပြောနေတာလဲ” ဆယ်ကျော်သက်အရွယ်ကောင်လေး သည် ထိုစကားကိုကြားသောအခါ ကြည့်လိုက်သည်။
“ရှီလေး မင်းကိုအကြိမ်များစွာ ပြောပြီးပြီ အခုငါကမင်းဆရာမဟုတ် တော့ဘူး” ငွေရောင်ဆံပင်နှင့်လူသည် ရှီလေး၏ခေါင်းကိုထိပြီး “မင်း အသက် ၂၀ရောက်တဲ့အထိစောင့်ပြီးမှ ဆုံးဖြတ်ပါလို့ ငါပြောခဲ့တယ်လေ”
“ဆရာ ရှီလေးက ဂမ္ဘီရပညာရှင်ဖြစ်ချင်ပါတယ်၊ ကျွန်တော် အသက် ၂၀ ရောက်ရင်တောင် ရှီလေးက ဒီရွေးချယ်မှုကိုပဲရွေးမှာပါ” ရှီလေး၏ သေးငယ် သောမျက်နှာသည် သေချာမှုများဖြင့် ပြည့်နေသည်။
သူသည် သူ့မိဘများကိုသတ်သွားသည့်သူကို သိနိုင်ရန် ဂမ္ဘီရပညာရှင် ဖြစ်ရန်လိုအပ်သည်။
ထိုအတွေးသည် ဆရာရင်လင်း သူ့ကိုတွေ့ကတည်းကပင် မပြောင်းလဲ ပေ။
ရင်လင်းသည် သူ့မျက်လုံးထဲမှ နာကျင်မှုကိုကြည့်ပြီး သူဘာကြောင့် ဒီလိုပုံစံဖြစ်နေသည်ကို သိသည်။ သို့သော် ဂမ္ဘီရပညာရှင်မဖြစ်လာသေး သည့်လူများအတွက်မဟုတ်သည့် ကောင်းကင်နှင့်မြေကြီးမှ ကန့်သတ်ထား သည့် ဂမ္ဘီရပညာရှင်များ ဖြတ်ကျော်မရသည့် ကန့်သတ်ချက်များရှိနေသေး သည်။
ဂမ္ဘီရပညာရှင်ဖြစ်လာရန် ဂုဏ်နှင့် အနစ်နာခံမှု နှစ်ခုလုံးရှိရမည်။ ထို့ကြောင့် ထိုလမ်းကိုရွေးချယ်လိုပါက ကိုယ်တိုင်ဆုံးဖြတ်ရမည်ဖြစ်ပြီး တခြားသူများမှ ဝင်ရောက်စွက်ဖက်ခွင့်မရှိပေ။
“မင်း အသက်၂၀ရောက်လို့ ဒီဆုံးဖြတ်ချက်အတိုင်းဆိုရင် မင်းအတွက် ကောင်းကင်မျက်လုံးကိုဖွင့်ပေးမယ်”
“ကျေးဇူးတင်ပါတယ် ဆရာ” ရှီလေးသည် ပြုံးလိုက်သည်။ သို့သော် သူမ၏အပြုံးသည် သာမန်ကလေးများကဲ့သို့ ရိုးသားခြင်းရှိမနေပေ။
“သွားမယ် အဲလူကိုသွားတွေ့ကြမယ်” ရင်လင်းသည် တောင်အောက် သို့ ဖြည်းညင်းစွာလျှောက်ဆင်းသွားလေသည်။
“ဆရာ ကျွန်မတို့ အစတုန်းကအဲလူကိုတွေ့ဖို့ အစီအစဉ်မရှိဘူးလေ ဘာလို့ ဒီတစ်ခေါက်ကို…” ရှီလေးသည် နားမလည်ပေ။
“ဘာလို့လဲဆိုတော့ သူမက ကမ္ဘာကြီးကိုမွှေမယ့်သူဖြစ်နေလို့…”
ရှီမာယူယူသည် ရွှမ်ရှင်းမန်နှင့် တခြားသူများနှင့် စကားပြောလျက်ရှိ သည်။ ဝူလင်းယူ သူမဆီလာပြီး ပြေလာိုက်သည် “ရင်လင်းလာတယ်”
“ရင်လင်းက ဘယ်သူလဲ”
“ဂမ္ဘီရအဖွဲ့အစည်းရဲ့ ဂိုဏ်းချုပ်ပဲ”
ရှီမာယူယူသည် ဝူလင်းယူအကြည့်နောက်သို့ လိုက်ကြည့်ရာ ငွေရောင် ဆံပင်နှင့်လူကြီးသည် နှေးကွေးစွာဖြင့် ထိုနေရာသို့လာနေသည်ကို တွေ့ လိုက်ရသည်။
“သူ့မျက်လုံးတွေက…”
“ဂမ္ဘီရပညာရှင်တွေက သူတို့က သတ်မှတ်ထားတဲ့အဆင့်ရောက်ရင် မျက်စိကွယ်ကြတယ် ဒါပေမဲ့ သူတို့အားလုံးမှာ ကောင်းကင်ဘုံမျက်လုံးတွေ ရှိကြလို့ သူတို့အမြင်ကိုတော့ သက်ရောက်မှုမဖြစ်ဘူး” ဝူလင်းယူ ရှင်းပြလေ သည်။
***