← Chapters

အစကတည်းကတစ်ယောက်တည်းပဲ

Vol. 011 Ch. 1067

အစကတည်းကတစ်ယောက်တည်းပဲ

Vol. 011 Ch. 1067

ရင်လင်းလာသည်ကိုမြင်သောအခါ အားလုံးကြည့်လိုက်ကြသည်။ အားလုံးသည် စကားပြော ရယ်မောနေရာမှ ရပ်သွားကာ တလေးတစား အရိုအသေပေးကြလေသည် “သခင်ကြီးရင်လင်း”

ရင်လင်း၏ နှုတ်ခမ်းထောင့်တွင် နူးညံ့သောအပြုံးတစ်ခုရှိခဲ့ပြီး သူတို့ကို မတုန့်ပြန်သည်မှာ မာနကြီးသည်ဟုခံစားရစေသော်လည်း သူတို့၏ နှလုံးသား ထဲတွင် ရင်းနှီးမှုကိုပိုဖြစ်စေသည်။

သူ ရှီမာယူယူဆီသို့လာပြီး ပြောလိုက်သည် “ကျုပ်ကရင်လင်းပါ သခင်လေးရှီမာနဲ့ နှစ်ယောက်တည်စကားပြောလို့ရမလား”

ရှီမာယူယူသည် နောက်ပြန်ဆုတ်သွားသည်။ သူ တည့်တိုးကျလွန်းတာ မဟုတ်ဘူးလား။

သူမသည် ဝူလင်းယူအားကြည့်လိုက်ရာ သူ အသာအယာခေါင်းညိတ် လိုက်သည်ကို တွေ့သည်နှင့် ပြုံးပြီး ပြောလိုက်သည် “သခင်ကြီးရင်လင်း ဟုတ် ရပါတယ်”

“တောင်ကြားကိုယ်စားလှယ်သခင်….”

အခု ထာဝရရှင်သန်သူနယ်မြေက အချိန်မရွေးပွင့်နိုင်တယ်၊ သူမ မမှီ လိုက်ရင် ဘယ်လိုလုပ်မလဲ။

“မစိုးရိမ်ပါနဲ့ ထာဝရရှင်သန်သူနယ်မြေက ဒီလောက်စောစော မပွင့်ပါ ဘူး” ရင်လင်းသည် သူမအတွေးကို နားလည်ကာ နူးညံ့စွာပြောလေသည် “သခင်လေးရှီမာ ကျေးဇူးပြုပြီး”

သခင်ကြီးရင်လင်းသည် ရှီမာယူယူနှင့် နှစ်ယောက်တည်းစကားပြော ချင်နေသည်မှာ အပြင်လူများကို အလွန်အမင်းအံ့သြစေသည်။

သခင်ကြီးရင်လင်း… ဂမ္ဘီရအဖွဲ့အစည်း၏ အငယ်ဆုံးသခင်သည် နှစ်ပေါင်း သောင်းချီအတွင်းတွင် အားအကောင်းဆုံး ဂမ္ဘီရပညာရှင်ဟု ပြော နိုင်သည်။ သူသည် တခြားတခြားယောက်နှင့် ဘယ်သောအခါမှ ဆက်သွယ် ဖူးခြင်းမရှိကာ တခြားတစ်ယောက်ကို အရင်သွားရှာသည့်အဖြစ်မျိုးလည်းမရှိ  ခဲ့ပေ။ ထိုခဏတွင် ရှီမာယူယူအပေါ်တွင် ထားရှိသောသူတို့အမြင်မှာ ပြောင်း သွားပြန်သည်။

ရင်လင်းကပင် ကိုယ်တိုင်အရင်သွားရှာရလောက်သည့်သူ… ဒါဆိုရင် အဲလူက…

ရှီမာယူယူနှင့် ရင်လင်းတို့သည် အနီးအနားရှိ မီးတောင်အလယ်သို့လာ ရာ ထိုတောင်သို့လာသောလူများသည် သူတို့အတွက် သီးသန့်ပတ်ဝန်းကျင် ဖြစ်စေရန် တောင်အောက်သို့ အလိုလိုရွေ့ပေးကြလေသည်။

ရင်လင်းသည် သူတို့ပြောသောစကားများကို တခြားသူများမကြားရန် အတွက် သူ့လက်ကိုဝေ့ရမ်းပြီး အတားအဆီးဝိုင်းပတ်လိုက်သည်။

ထိုအရာကိုမြင်သောအခါ ရှီမာယူယူသည် အနည်းငယ်အံ့သြသွားကာ ပြောလိုက်သည် “ကျွန်တော့်ကို ရှာတယ်ဆိုတော့ ဘာကိစ္စများရှိလို့ပါသလဲ”

ရင်လင်းသည် ကြော့ရှင်းသော ရွှမ်းချူဟော်နှင့် အနည်းငယ်တူသည့် ခံစားချက်ကိုပေးလိုက်သည်။ ထို့ကြောင့် သူမသည် စကားပြောသည့်အခါ အသံကို မသိမသာလျော့ချလိုက်သည်။

“သခင်လေးကို ကျုပ်ပြောချင်တာရှိတယ်” ရင်လင်းသည် ရှီမာယူယူ၏ ကြင်နာမှုကိုခံစားမိပြီး ပြုံးကာ ပြောလိုက်သည် “မိန်းကလေးယူယူ အရင်ဆုံး တောင်းပန်ပါတယ်လို့ ပြောချင်ပါတယ်”

ရှီမာယူယူ မျက်ခုံးများပင့်တက်သွားသည်။ သူက သူမ သရုပ်မှန်ကို သိ နေတာလား… ထို့နောက်တွင် သူမ စိတ်အေးသွားပြန်သည်။ သူသည် ထာဝရရှင်သန်သူနယ်မြေ ဝင်ပေါက်ကိုပင်သိသဖြင့် သူမ မိန်းကလေးဖြစ် သည်ကို သိသည်မှာ အံ့သြစရာမဟုတ်ပေ။

“ဘာလို့ ကျွန်မကို တောင်းပန်တာလဲ” သူမ မေးလိုက်သည်။

“ကျုပ်ပြောလိုက်တဲ့စကားကြောင့် မိန်းကလေးက ယောက်ျားလေးလို့ နှစ်တွေအများကြီး ဟန်ဆောင်နေရတယ်” ရင်လင်းသည် အားနာစွာဖြင့် ပြော လေသည်။

“အဲဒါကိုဟောကိန်းထုတ်တာက သခင်ကြီးရင်လင်းဖြစ်နေတာကိုး” ရှီမာယူယူသည် မှင်တက်သွားပြီး ချက်ချင်းပင် တုန့်ပြန်လေသည်။ ဂမ္ဘီရပညာ ရှင်များသာ ထိုစကားများကိုပြောနိုင်ကြပြီး သူတို့၏စကားများကြောင့် အရည်အချင်းလေးခုအထက် မိန်းကလေး ဝိညာဉ်သခင်များသည် ပညာရှိ စံအိမ်တော်၏ သတ်ခြင်းကိုခံခဲ့ရပြီး အကုန်ပေးဆပ်ခဲ့ရသည်။

“ကျုပ် မိန်းကလေးကို အကြွေးတင်သွားပြီ” ရင်လင်းသည် ရှင်းပြလို သည့်သဘောနှင့် ပြောလေသည်။

ရှီမာယူယူသည် သူ၏ကြင်နာမှုကို တွေးဆလိုက်သည်။ သူဘာကြောင့် လုပ်သည်ကို သူမ နားမလည်သော်လည်း ထိုဂမ္ဘီရပညာရှင်၏ ချည်းကပ်မှုကို လက်ခံနေဆဲပင်။

“ဒီကိစ္စမှာ ကျွန်မနဲ့ပတ်သတ်ပြီး သခင်ကြီးမမှားခဲ့ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မက မတတ်သာပဲ ယောက်ျားလေးလိုဝတ်စားရပေ မယ့် အဲဒီဖိအားတွေကပဲ ပိုပြီးကြီးထွားလာအောင် တွန်းပို့ခဲ့တာပါ၊ ပြီးတော့ သခင်ကြီးက အရင်ကကျွန်မကို မသိဘူးလေ ဒါမှမဟုတ်ရင် သခင်ကြီး ဟောကိန်းထုတ်တုန်းက ကျွန်မမှမမွေးသေးတာလေ”

ရှီမာယူယူသည် အသိဉာဏ်ရှိလိမ့်မည်ဟု ရင်လင်းထင်မထားပေ။ သာမန်လူသာ ထိုနှစ်များတွင် ယောက်ျားလေးတစ်ယောက်ကဲ့သို့ ဝတ်စားရ မည်ကို မြင်ပါက တည်ငြိမ်နိုင်မည်မဟုတ်ပေ။

“မိန်းကလေးက မှန်တာရော မှားတာရောပြောလိုက်တာပဲ” ရင်လင်း ပြောလိုက်သည် “ရှီမာယူယူအနေနဲ့ မိန်းကလေးကအဲတုန်းက မမွေးဖွားသေး ဘူး ဒါပေမဲ့ရှီမန်ယူယူအနေနဲ့ကတော့ အဲအချိန်မှာ နှစ်တွေအများကြီးနေခဲ့ပြီး ပြီ”

ရှီမာယူယူသည် ရင်လင်း၏ မျက်လုံးများကို ကြည့်ပြီး ရုတ်တရက် သတိကပ်လိုက်သည်။ သူက သူမ သရုပ်မှန်ကိုသိနေတာပဲ။

“မစိုးရိမ်ပါနဲ့ ကျုပ်ဘယ်သူ့ကိုမှမပြောပါဘူး” ရင်လင်းသည် သူမ မျက်နှာအမူအရာပြောင်းသွားသည်ကို မြင်လိုက်သည်။

သူမ စိတ်အေးအေးထားကာ ပြုံးလိုက်သည် “ကျေးဇူးတင်ပါတယ်”

“ရှီမန်ယူယူနဲ့ ရှီမာယူယူကြားမှာ ဆက်သွယ်မှုရှိတယ်လို့ထင်လား” ရင်လင်း မေးလိုက်သည်။

“မရှိနိုင်လောက်ဘူး” ရှီမာယူယူသည် မည်သည့်ဖြစ်နိုင်ချေကိုမှ စဉ်းစား မရပေ။

“မိန်းကလေးက သူမပဲ သူမကလည်း မိန်းကလေးပဲ” ရင်လင်း ပြော လိုက်သည် “မိန်းကလေးတို့နှစ်ယောက်လုံးက အစကတည်းက တစ်ယောက် တည်းပဲ”

“ကျွန်မတို့က တစ်ယောက်တည်းလား” ရှီမာယူယူသည် အနည်းငယ် အံ့သြသွားသည် “အဲတုန်းက ကျွန်မသူမ ဝိညာဉ်ကိုမြင်တုန်းက သူမ မပျောက်ကွယ်ခင်ကို လုံးဝပြီးပြည့်စုံတဲ့လူတစ်ယောက်ပါ”

ထိုဝိညာဉ်သည် ဝူလင်းယူ မပေါင်းစပ်ခင်ကကဲ့သို့ မပြည့်စုံခြင်းမဟုတ် ပေ။

ရင်လင်းသည် ခေါင်းရမ်းလိုက်သည် “မိန်းကလေးရဲ့ ဝိညာဉ်က ဒီလောက,က လူတွေနဲ့မတူဘူး မိန်းကလေးဒီကမ္ဘာကိုလာတော့ ဝိညာဉ် နှစ် ခြမ်းကွဲသွားတယ်၊ တစ်ပိုင်းက ရှီမန်ယူယူမှတ်ဉာဏ်နဲ့လူဖြစ်လာပြီး နောက် တစ်ခြမ်းက မှတ်ဉာဏ်မရှိတဲ့ ရှီမာယူယူဖြစ်လာတယ်၊ မိန်းကလေးမြင်လိုက်ရ တဲ့အစိတ်အပိုင်းက မူလခန္ဓာကိုယ်ကို ပြန်လာတာပဲရှိတာ”

ရှီမာယူယူ မှင်တက်သွားသည်။ အဲလိုလား…

ရင်လင်းသည် သူမ အံ့သြမှုကို သတိထားမိပြီး ပြောလိုက်သည် “မဟုတ်ရင် မိန်းကလေးက သူမခန္ဓာကိုယ်ထဲမှာ ဘာလို့ ရှင်သန်နိုင်တယ်လို့ ထင်လဲ”

“အင်း.. ကျွန်မကိုယ်ကျွန်မ ပြန်လည်မွေးဖွားလာတယ်လို့ပဲထင်တာ” ရှီမာယူယူသည် တုံးအစွာ ပြောလိုက်သည်။

“မဟုတ်ဘူး မိန်းကလေးရဲ့ ပြန်မွေးဖွားက ဒါနဲ့ဘာမှမဆိုင်ဘူး” ရင်လင်း ပြောလိုက်သည် “မိန်းကလေးက ဒီကမ္ဘာကလူပဲ အရင်ကမ္ဘာမှာရှိတဲ့တာ အမှားတစ်ခုပဲ အဲတော့ အကုန်လုံးက လမ်းမှန်ပေါ်ပြန်ရောက်လာတာပဲ”

“ကျွန်မတို့က ဝိညာဉ်တစ်ခုတည်းဆိုရင် အသက်ကဘာလို့မတူတာလဲ” ရှီမာယူယူ နားမလည်ပေ။

“မိန်းကလေး ဒီကမ္ဘာကိုလာတော့ အစကရှီမန်ယူယူဖြစ်ဖို့ပဲ သူမက ဒီကမ္ဘာမှာ ရှီမာယူယူမဖြစ်ခင်ကို အချိန်တစ်ခုလောက်လည်နေခဲ့တာ” ရင်လင်း ရှင်းပြလေသည် “ဒါပေမဲ့ မိန်းကလေးက တစ်ယောက်တည်းဆို တော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဆွဲဆောင်မှုတွေရှိကြတယ် မိန်းကလေးသေသွားရင် သူ့ခန္ဓာကိုယ်ထဲဝင်လိုက်တာနဲ့ ဝိညာဉ်နှစ်ခုက တစ်ခုထဲအဖြစ်ပေါင်းစည်းသွားလိမ့်မယ်”

“အဲတော့ အဲဒါက… ကျွန်မကတကယ်ပဲ ရှီမာယူယူပေါ့.. သူမ မိဘတွေ က ကျွန်မမိဘတွေပဲ” ရှီမာယူယူသည် တုံးအစွာပြောလိုက်သည် “ဒါဆိုရင် ကျွန်မ ရှုပ်နေတဲ့ပြဿနာက ပြဿနာမဟုတ်ဘူးပဲ ကျေးဇူးတင်ပါတယ် သခင်ကြီးရင်လင်း”

ထိုအရာကိုသိလိုက်သောအခါ သူမ၏ ရှုပ်ပွနေသောနှလုံးသားသည် ရုတ်တရက် ကြည်လင်လာသည်။ သူမသည် သူတို့၏ ကလေးဖြစ်နေတုန်း ပင်။ နောက်ကိုသူတို့နှင့် သူမရင်ဆိုင်ရလျှင် အပြစ်ခံစားစရာမလိုတော့ပေ။

“ရပါတယ်”

“ယူယူ့မှာ မေးခွန်းရှိပါတယ်” ရှီမာယူယူသည် စိတ်လှုပ်ရှားမှုကို ဘေးဖယ်ကာ တည်ငြိမ်အောင်လုပ်လိုက်သည်။

“မေးပါ”

“ယူယူ့ကိုဘာလို့အဲဒါပြောပြတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ မိန်းကလေးရဲ့ မျက်လုံးထဲမှာ သံသယတွေရေး ထားတယ် ကျုပ်က အခုမှသိသွားလို့ပါ” ရင်လင်းသည် သူ့စကားကို မယုံနိုင် သည့်အကြည့်ဖြင့် ကြည့်နေသော သူမကိုမြင်လိုက်သည်။ “တကယ်တော့ ကျုပ်က မင်းကို တစ်စုံတစ်ခုအပ်နှံချင်လို့ လာရှာတာပါ ဒါကကျုပ်ပေးတဲ့ လက်ဆောင်ပါ”

“ကျွန်မကို အပ်ထားချင်တဲ့ပစ္စည်းဟုတ်ပါလား ယူယူက ဒီအတိုင်းပဲ အရာမရောက်တဲ့လူတစ်ယောက်ပါ သခင်ကြီးရင်လင်းသိတဲ့လူနဲ့က ဝေးကွာ လွန်းပါတယ် ဘာလို့ကျွန်မဆီကိုအပ်နှံချင်တာလဲ” ရှီမာယူယူမေးလိုက်သည်။

“ဘာလို့လဲဆိုတော့ မိန်းကလေးတစ်ယောက်တည်း ဒါကိုလုပ်နိုင်တာပါ ကျုပ်ကိုကတိပေးနိုင်မလား” ရင်လင်းသည် သူ့နှုတ်ခမ်းတွင် အပြုံးရှိနေဆဲဖြစ် သော်လည်း သူ့မျက်လုံးများသည် လေးနက်နေသည်။

သူမတစ်ယောက်တည်း လုပ်နိုင်တာလား။ ရှီမာယူယူသည် ရှုပ်ထွေးမှု ကို ခံစားလိုက်ရသည်။ သူပြောသောအရာသည် အသေးအဖွဲ့ကိစ္စမဟုတ် သလို ပြီးမြောက်ရန်လွယ်ကူသော ကိစ္စမဟုတ်ပေ။

“အဲဒါဘာလဲဆိုတာ အရင်ဆုံးသိခွင့်ရမလား”

***

All Chapters