ရင်လင်း၏တောင်းဆိုမှု
Vol. 011 Ch. 1068
ရှီမာယူယူသည် ရင်လင်း၏ကြည်လင်သော မျက်နှာကိုမြင်လိုက်ရပြီး မကောင်းသည့် တစ်စုံတရာပြောတော့မည်ဟု ခံစားနေရသည်။ ရင်လင်း ပြောပြီးနောက်တွင် သူမသည် ဖိအားပိုခံစားရလေသည်။
သူပြောလိုက်သည်မှာ “မိန်းကလေး ထာဝရရှင်သန်သူနယ်မြေကို ရောက်ရင် တစ္ဆေမျိုးနွယ်အဖွဲ့ဝင်ကိုတွေ့ရင် တစ္ဆေအလံတစ်ရာကို ရအောင် လုပ်ရမယ်”
“ဘာလို့လဲ”
“အဲပစ္စည်းက မိန်းကလေးလက်ထဲရောက်မှ လုံခြုံမှုရှိလိမ့်မယ် ပြီးတော့ နောက်ဆိုရင် ကောင်းကောင်းအသုံးဝင်လိမ့်မယ်” ရင်လင်း ပြောလိုက်သည်။
တစ္ဆေအလံတစ်ရာသည် သူမလက်ထဲဆိုလျှင် လုံခြုံမှုရှိရခြင်း အကြောင်းအရင်းနှင့် အနာဂတ်တွင် မည်သို့အသုံးဝင်လာမည်ကို ရှီမာယူယူ မေးချင်သော်လည်း ရင်လင်းရှင်းပြလိုသည့်ပုံစံမပေါ်သောကြောင့် သူမသည် ပါးနပ်စွာဖြင့် မေးခွန်းပြောင်းလိုက်သည်။
“ကျွန်မက ဘာလို့ အဲဒါလုပ်ဖို့လိုတာလဲ ကျွန်မထက် သန်မာတဲ့ တခြား သူတွေလည်းရှိနေတာပဲ”
“မိန်းကလေးကိပြောပြီးသားပဲ မိန်းကလေးလက်ထဲမှာမှ လုံခြုံမှုှရှိလိမ့်် မယ် တခြားသူတွေလုပ်ရင် တခြားသူတွေလက်ထဲရောက်မသွားဘူးလား” ရင်လင်း ပြောလိုက်သည်။
ထိုအရာသည် အကြောင်းအရင်းအစစ်အမှန်မဟုတ်သည်ကို ရှီမာယူယူ ၏ အလိုလိုသိစိတ်မှ ပြောနေသည်။
ရင်လင်းသည် သူမစိတ်ကိုဖတ်ပြီး ပြုံးလိုက်သည်။ သူသည် တခြား အကြောင်းပြချက်ပေးမည်မဟုတ်ပေ။
တစ္ဆေအလံတစ်ရာသည် အလုခံ၍မဖြစ်ပေ။ သူမတစ်ယောက်သာ ရရ မည်။
သူတို့ စကားပြောနေသည်ကို တောင်အောက်မှလူများမြင်ကြသည်။ ရင်လင်း ဒီလောက်ကြာအောင်စကားပြောသည်ကို သူတို့မမြင်ဖူးကြပေ။ သူ့ ဆီမှ စကားတစ်ခွန်းလောက်ကြားရရင်ကို ကံကောင်းပြီဟု သတ်မှတ်၍ရ သည်။
အတွင်းပိုင်းအင်အားစုများသည် ထိုနေရာသို့ အမြန်ပြေးလာရာ အခြေအနေကိုမြင်သောအခါ အံ့အားသင့်ပြီး ထိုအခြေအနေအကြောင်းကို လှည့်ပတ်နေမေးလေသည်။
သူတို့သိသည်မှာ ဒီမတိုင်ခင်က အဖြစ်အပျက်ကိုသိသွားချိန်တွင် အားလုံးသည်အံ့အားသင့်ကြလေသည်။ အထူးသဖြင့် သူတို့သည် နာရီဝက် ကြာစကားပြောနေသည်ကို သိလိုက်ရချိန်တွင် မဖြစ်နိုင်ဟု ခံစားရသည်။
သို့သော် အားလုံးစောင့်ကြည့်နေသည့်အတောအတွင်းတွင် ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။ ထိုအကြောင်းကြောင့် အတွင်းပိုင်းဒေသမှ အင်အားစုများ သည် သူမကို လေးစားစေကာ တစ်ချိန်တည်းမှာပင် အသည်းကွဲတောင်ကြား အင်အားစုကိုပါ လေးစားလာသည်။
“အဲဒါရှီမာယူယူလား” ရှီမာလျူယွမ်အရှေ့မှလူတစ်ယောက်သည် ရှီမာယူယူကိုကြည့်လိုက်သည်။ အဂ္ဂိရတ်ပြိုင်ပွဲမှစတင်ကာ ရှီမာယူယူကို သိခဲ့ ကြပြီး သူမ၏ နောက်ခံကိုပါစစ်ဆေးခဲ့သည်။ သို့သော် ထိုမျှထူးချွန်သော လူငယ်မျိုးဆက်သည် သူတို့မျိုးနွယ်မှမဟုတ်ဟု တွေးလိုက်သောအခါ ဝမ်းနည်းစွာဖြင့် သက်ပြင်းချရတော့သည်။
“ကျုပ်တို့ရှီမာမျိုးနွယ်မှာ ဒီလိုလူငယ်မျိုးဆက်ရှိရင် ဘယ်လောက် ကောင်းလိုက်မလဲ”
သူ့စကားကြားသောအခါ ရှီမာလျူယွမ်၏ မျက်လုံးများသည် အရောင် လက်သွားကာ နှုတ်ခမ်းတွန့်လိုက်သည်။ သို့သော် သူဘာမှမပြောပေ။
နောက်တစ်ခေါက် အမှန်ကိုသိတဲ့အချိန်ကျရင် ဘယ်လိုတုန့်ပြန်မှုပေး မလဲဆိုတာ သိချင်သေးရဲ့…
ရှီမာယူယူသည် ရင်လင်းနှင့်စကားပြောနေစဉ်အတွင်းတွင် ဖြစ်သွား သော အပြောင်းအလဲများကို နားမလည်ပေ။ သူသည် သူမအတွက်ဖြစ်လာ မည့်အန္တရာယ်များကို ဖြေရှင်းပေးခဲ့သည်။
သူတို့ဆင်းလာချိန်တွင်တော့ ရှီမာယူယူအပေါ်ကြည့်သော အကြည့် အားလုံးသည် ပြောင်းလဲသွားသည်။
“ဆရာ” ရှီလေးသည် နှုတ်ဆက်ပြီး ရင်လင်းဘေးတွင်ရပ်လိုက်သည်။
ရင်လင်းသည် ရှီလေး၏ ခေါင်းကိုပွတ်သပ်ကာ ရှီမာယူယူကို ပြောလိုက် သည် “နောက်တစ်ခေါက် ရှီလေး ဂမ္ဘီရပညာရှင်ဖြစ်လာရင် သခင်လေးရှီမာ က သူ့ကိုဂရုစိုက်ပေးပါ သူက သခင်လေးကိုပြန်ပြီးကူညီပေးပါလိမ့်မယ်”
ရှီလေးသည် ရင်လင်းဆိုလိုသည်ကို နားလည်သည်။ ရှီမာယူယူဆီသို့ ဦးညွှတ်နှုတ်ဆက်ကာ ပြောလိုက်သည် “သခင်လေးရှီမာ ကျေးဇူးပြုပြီး ရှီလေးကိုစောင့်ရှောက်ပေးပါ”
ရှီမာယူယူသည် ထိုဆရာတပည့်နှစ်ယောက်ကြောင့် လန့်သွားကာ အလျင်အမြန်ပင် ပြောလိုက်သည် “သခင်ကြီးရင်လင်း စိတ်ထဲမထားပါနဲ့ တစ်ခုခုလိုတာရှိရင် ယူယူ့ကိုပြောပါ”
“ရှီလေး သခင်လေးရှီမာကို အမြန်ကျေးဇူးတင်လိုက်လေ” ရင်လင်း ပြောလိုက်သည်။
“ရှီလေးက သခင်လေးရှီမာကို ကျေးဇူးတင်ပါတယ်” ရှီလေးသည် ထပ်ပြီး ဦးညွှတ်ပြန်သည်။
“ပြန်သွားရအောင်” ရင်လင်းပြောပြီးနောက်တွင် ရှီလေးကိုခေါ်ကာ မျိုးနွယ်အဖွဲ့ဝင်များရှိရာသို့ သွားလေသည်။
ယုံကြည်မှုနှင့်အတူ ရှီမာယူယူသည် သူတို့နှလုံးသားထဲတွင် ရာထူးမြင့် သွားသည်။
သခင်ကြီးရင်လင်းပင် ထိုကဲ့သို့ပြုမူသည်ကို ကြည့်ရသည်မှာ သူမသည် ဘယ်သူမှမဟုတ်သည်မှာ သေချာသည်။
ရှီမာယူယူသည် ရွှမ်ရှင်းမန်ဘေးသို့ ပြန်သွားရာ ဝူလင်းယူ ပြောလိုက် သည် “ရင်လင်းက မင်းကို ပြဿနာအများကြီးကူရှင်းပေးသွားတာပဲ”
သူဆိုလိုသည်ကို ရှီမာယူယူ သိသည်။ ရင်လင်းကြောင့်ပင် ရည်ရွယ် ချက်ရှိနေသူများသည် သူတို့ကို ဘာမှမလုပ်ရဲတော့ပေ။
“သူ့ကိုကျေးဇူးတင်သင့်တယ်” သူမသည် တိုးညင်းစွာပြောလေသည်။
တောင်ထိပ်တွင် စကားပြောခဲ့သည့်အကြောင်းအရာများကို ပြန်တွေး လိုက်လျှင် သူသည် သူမကို ပြဿနာများစွာကို ကူဖြေရှင်းခဲ့သည်။ သူ သူမ ပြဿနာများကို မသိမသာ ဖြေရှင်းပေးသည့်အတွက် ရင်လင်းကို ကျေးဇူး တင်မိသည်။ သူမ အစောပိုင်းကပြောခဲ့သလိုပင် ဘူစွမ်းဗဇီမျိုးနွယ်တွင် ပြဿနာတစ်စုံတစ်ရာရှိလာပါက သူမအကောင်းဆုံးကြိုးစားပြီး ကူညီမည် ဖြစ်သည်။
“သြော် ဟုတ်သားပဲ မွေးစားအမေရဲ့ ကျန်းမာရေးကို ထပ်ပြီးစစ်ခွင့်ပေး ဦး” ရှီမာယူယူ ပြောလိုက်သည်။
ရွှမ်ရှင်းမန်သည် ခေါင်းညိတ်ကာ ရှီမာယူယူကို စစ်ဆေးခွင့်ပေးလိုက် သည်။
ရှီမာယူယူသည် သူမ၏ သွေးကြောကိုစမ်းကြည့်ပြီး သူမ၏ အတွင်းစိတ် ကို တစ်လှည့်စီစူးစမ်းရန် သူမ၏ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအင်များ ထည့် သွင်းလိုက်ပြီးသည့်နောက်တွင် သူမ အမူအရာသည် လေးနက်သွားသည်။
“ဘာဖြစ်တာလဲ မွေးစားအမေက အခြေအနေမကောင်းဘူးလား မဟုတ်ရင် ၁၁လေးက အခြေအနေမကောင်းတာလား” ဝူလာမိုင်သည် စိုးရိမ် စွာမေးလိုက်သည်။
ရှီမာယူယူသည် နံပါတ်၁၀ဖြစ်သောကြောင့် ရွှမ်ရှင်းမန်၏ ဝမ်းဗိုက်ထဲမှ ကလေးသည် နံပါတ် ၁၁ဖြစ်လာသည်။
“ဘာမှမဖြစ်ပါဘူး” ရှီမာယူယူသည် သူမကြောင့် သူတို့လန့်သွားသည် ကိုမြင်သောအခါ အလျင်အမြန်ပင်အာမခံလိုက်သည်။
“သမီးမျက်နှာက တစ်ခုခုမှားနေတယ်ဆိုတာကို ပြနေတယ်”
“အခြေအနေမကောင်းဘူး” ရှီမာယူယူ ပြောလိုက်သည်။
“မကောင်းဘူး ဟုတ်လား ဘယ်နေရာကမကောင်းတာလဲ၊ ဘာမှမဖြစ် ဘူးလို့ပြောတယ်မလား” ဝူလာမိုင်သည် စိုးရိမ်လာသည်။ သူသည် ရှီမာယူယူ ၏ ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုကို အပြည့်အဝယုံထားသည်။ သူမသာ တစ်ခုခုမှားနေပြီဟု ပြောလာလျှင် အမှန်တကယ်ပင် လွဲနေခြင်းဖြစ်သည်။
“မွေးစားအဖေ မစိုးရိမ်ပါနဲ့” ရှီမာယူယူ ပြောလိုက်သည် “မွေးစားအမေ ရဲ့ ကျန်းမာရေးအခြေအနေက ကောင်းတယ် ဘာမှမှားတာမရှိဘူး”
“ဒါဆိုရင် မကောင်းဘူးဆိုတာ ဘာကိုဆိုလိုတာလဲ” ဝူလာမိုင် မေးလိုက် သည်။
“မွေးစားအမေရဲ့ မွေးရက်က လိုသေးတယ်၊ ထာဝရရှင်သန်သူ နယ်မြေ ကိုဝင်ရင် လေဟာပြင်ဖိအားရှိမယ်လို့ ကြားထားတယ်၊ မွေးရက် ရှေ့တိုးသွား မှာကို စိုးရိမ်လို့ပါ” ရှီမာယူယူ ရှင်းပြလေသည်။
“မွေးရက်ရှေ့တိုးသွားမယ်ဆိုရင် ကလေးကိုသက်ရောက်မှုရှိနိုင်လား” ဝူလာမိုင် မေးလိုက်သည်။
“မဖြစ်ပါဘူး” ရှီမာယူယူ ဆက်ပြောလေသည် “သမီးတို့ ပြီးခဲ့တဲ့ အနွေး ဓာတ်ပေးတာနဲ့ဆိုရင် ကလေးက ကြီးထွားနေပါပြီ အရှေ့တိုးရင်တောင် ပြဿနာမရှိပါဘူး”
“တော်သေးတာပေါ့” အားလုံးသည် စိတ်အေးစွာဖြင့် သက်ပြင်းချလိုက် ကြသည်။
ရှီမာယူယူသည် သူတို့ကိုကြည့်ပြီးမျက်စိမှိတ်ပြလိုက်သည်။ “မွေးရက် ရှေ့တိုးပြီး မွေးစားအမေ ထာဝရရှင်သန်သူနယ်မြေထဲဝင်မှာကို တားမှာကို စိတ်မပူကြဘူးလား”
ဝူလာမိုင်နှင့်တခြားသူများသည် ရွှမ်ရှင်းမန်ကို မတတ်သာစွာကြည့် လိုက်သည်။ သူမသာ တစ်စုံတစ်ရာကို ဆုံးဖြတ်လိုက်ပါက သူတို့က ဘယ်လို လုပ်သူမစိတ်ကိုပြောင်းမလဲ။
“မွေးစားအမေ” ရှီမာယူယူသည် ရွှမ်ရှင်းမန်၏အတွေးကို သိချင်သည့် သဘောဖြင့် သူမကိုကြည့်လိုက်သည်။
ရွှမ်ရှင်းမန်သည် ကလေးတစ်ယောက် အရိပ်အခြေကြည့်သကဲ့သို့ ပြုံး လိုက်သည် “ပြီးခဲ့တဲ့တစ်ခေါက် ထာဝရရှင်သန်သူနယ်မြေဖွင့်တုန်းက မဝင် လိုက်ရဘူး ဒီတစ်ခေါက်တော့ ဘာပဲဖြစ်ဖြစ် ဝင်ပြီးကြည့်ရမယ်”
အာ…..
သူမ ထိုကဲ့သို့စဉ်းစားမည်ဟု ရှီမာယူယူ ထင်မထားပေ။ အဲဒါကြောင့် အစ်ကို၁၀ယောက်လုံးက သူမကို ဖြောင်းဖြဖို့ စိတ်ထဲမရှိတာကိုး။
“ဒါပေမဲ့ ဒီတစ်ခေါက်ကို ထာဝရရှင်သန်သူနယ်မြေက နှစ်အနည်းငယ် ဖွင့်မှာ အထဲမှာမွေးဖို့ရည်ရွယ်ထားတာလား” သူမသည် ထပ်ပြီးမေးကြည့် လေသည်။
“ထာဝရရှင်သန်သူနယ်မြေထဲမှာ မွေးရင်ကောင်းတာပေါ့ သူ့အစ်ကို တွေနဲ့မတူတော့တာပေါ့” ရွှမ်ရှင်းမန် ပြောလိုက်သည်။
“ဟုတ်ပြီ မွေးစားအမေက ဒီလိုစဉ်းစားမှတော့ သွားကြတာပေါ့” ရှီမာယူယူ ဆက်ပြောလေသည် “ဒါပေမဲ့ ဝင်ရင် အတူပူးနေတာကောင်းလိမ့် မယ်၊ မွေးရက်ကိုရှေ့တိုးမှာစိုးလို့ပါ”
“ကောင်းပြီ”
“ဝုန်း….”
ရုတ်တရက်ပင် ရွှေရောင်အလင်းတန်းများအပြင် ကြည်လင်သော အသံတစ်သံထွက်လာရာ အားလုံးသည် စိတ်လှုပ်ရှားသွားကြသည်။
“ထာဝရရှင်သန်သူနယ်မြေ ထာဝရရှင်သန်သူနယ်မြေပွင့်ပြီ”
***