← Chapters

ထာဝရရှင်သန်သူနယ်မြေသို့ဝင်ခြင်း

Vol. 011 Ch. 1069

ထာဝရရှင်သန်သူနယ်မြေသို့ဝင်ခြင်း

Vol. 011 Ch. 1069

ရွှေရောင်အလင်းတန်းများ တောက်ပပြီး ဝိုင်းပတ်ပြီးနောက်တွင် ရင်လင်း၏ လက်ထဲသို့ ကျရောက်လေသည်။ ထိုအချိန်တွင် ထာဝရရှင်သန် သူနယ်မြေပွင့်လာသည့် လက္ခဏာအနေနှင့် ရွှေရောင်အလင်းတန်းသည် များစွာသောမီးတောင်အဝမှထွက်လာသည်။ ရင်လင်းရှိနေသော မီးတောင်ဝ မှလွဲပြီး တခြားသောမီးတောင်အဝတွင် လူများဝန်းရံနေပြီး မီးတောင်ဝဆီသို့ တစ်ယောက်ပြီးတစ်ယောက် ပျံဝင်လာလေသည်။

ထိုစွမ်းအားကြီးသောအဖွဲ့များ အဆုံးမရှိဝင်လာပြီး တချို့မှာ ခြေချ သည်နှင့် တိုက်ခိုက်နေသည်ကို ရှီမာယူယူ မြင်သောအခါ ဆွံ့အသွားတော့ သည်။

“ဒါ ချဲ့ကားလွန်းတာမဟုတ်ဘူးလား” နီအန်းယိသည် အရှေ့မှ လည်ပတ်နေသော မြင်ကွင်းကိုမြင်သောအခါ မျက်လုံးပြူးလေသည်။

“အရှေ့မှာ လူတွေဒီလောက်များတာ ရှောင်ချီတို့အလှည့်ဘယ်တော့ ရောက်မှာလဲ” ရှောင်ချီ၏ မျက်နှာသည် တွန့်ချိုးနေသည်။

“ခဏစောင့်လိုက် သူတို့အကုန်ဝင်ပြီးမှဝင်မယ်” မုန့်ဆန်းချွယ်သည် စိုးရိမ်မှုမရှိပေ။ အရင်ဝင်သွားသည့်သူက အခွင့်အရေးပိုရတာမျိုးမရှိ သောကြောင့် စိုးရိမ်ရန်မလိုပေ။

“ဒါပေမဲ့ ဒီလောက်လူအများကြီးကို ဒီအရှိန်နှုန်းနဲ့ဆိုရင် ကျွန်တော်တို့ အလှည့်မရောက်ခင်ကို ကြာနေမှာစိုးတယ်” ဖန်ခိုင် ပြောလိုက်သည်။

“သခင်လေးရှီမာ သင်တို့ ကျုပ်ဘေးကလျှောက်လိုက်လို့ရပါတယ်” ရင်လင်း၏ အသံထွက်လာရာ ရှီမာယူယူသည် သူ့ဘက်သို့လှည့်ပြီး ပြုံးပြကာ ခေါင်းညိတ်လိုက်သည်။

“ယူယူ ရှောင်ချီတို့သွားကြမှာလား” ရှောင်ချီသည် ခေါင်းမော့ပြီး မေး လေသည်။

“သွားမယ်” ရှီမာယူယူ ဆက်ပြောလေသည် “သူက ငါတို့ကို ကြင်ကြင် နာနာနဲ့ ကမ်းလှမ်းတာ သူကမ်းလှမ်းတာကို ငြင်းလိုက်ရင် ရိုင်းရာကျသွား မယ်”

“သွားကြမယ်” ရှီမန်ဖန်သည် အသည်းကွဲတောင်ကြားအဖွဲ့ဝင်များကို ပြောလိုက်သည်။

ကောင်းကင်ဂိုဏ်း၊ ခရမ်းရောင်ရေနဂါးမျိုးနွယ်၊ အံ့ဖွယ်နတ်ဆိုး တောင်ကြားအဖွဲ့ဝင်များနှင့် အသည်းကွဲတောင်ကြားအဖွဲ့ဝင်များသည် တစ် သားတည်းဖြစ်ကြသဖြင့် အသည်းကွဲတောင်ကြားအဖွဲ့ဝင်များသွားလျှင် သူတို့လည်း အလိုလိုပင် နောက်မှလိုက်ကြသည်။

“ဝင်ပေါက်ကကြီးတယ် အရမ်းမတိုးကြနဲ့ အကုန်လုံးဝင်လို့ရမှာပဲ အစဉ် လိုက်ဝင်ကြ” ဖန်လိုင်သည် ဂိုဏ်းမှကျောင်းသားများကို အော်လိုက်သည်။ တစ်ချိန်တည်းမှာပင် အသည်းကွဲတောင်ကြားနှင့် ခရမ်းရောင်ရေနဂါးမျိုးနွယ် ဝင်များ ကျန်လေသည်။

“ဖန်အာ သူတို့ကိုအရင်ခေါ်ဝင်လိုက်” ရှီမာယူယူ ပြောလိုက်သည်။

ရှီမန်ဖန် ခေါင်းညိတ်ပြီး မီးတောင်အဝသို့ အရင်ပျံဆင်းသွားလေသည်။

“သင်က ဝင်ဖို့စိတ်မလောဘူးလား” ရင်လင်းသည် ရှီမာယူယူ စိုးရိမ်ခြင်း မရှိသည်ကိုမြင်သောအခါ မေးလေသည်။

“ကျွန်တော့်အတွက်ဆိုရင် ကျွန်တော့်အတွက်ပဲဖြစ်လိမ့်မယ် နည်းနည်း လောက်နောက်ကျတာနဲ့ ပျောက်ပျက်သွားမှာမဟုတ်ပါဘူး”

“တကယ်ပဲ စိတ်ထားကောင်းတာပဲ” ရင်လင်းသည် နက်ရှိုင်းသော အဓိပ္ပာယ်ဖြင့် ပြောလိုက်သည်။

“သခင်ကြီးတို့က ဘာလို့မဝင်ကြတာလဲ” ရှီမာယူယူ မေးလိုက်သည်။

ရင်လင်းသည် ခေါင်းရမ်းပြီး ပြောလိုက်သည် “ကျုပ်တို့ကမသွားဘူး အထဲကအခွင့်အရေးတွေက ကျုပ်တို့မပိုင်ဘူး၊ ဒီကသခင်လေးဝင်သွားရင် သာ အဲနေရာကိုအရင်ဆုံးသွားလိုက်ပါ အဲကနေ အခွင့်အရေးရှာလို့ရပါတယ်”

“အဲဒါဘယ်နေရာလဲ” ရှောင်ချီ မေးလိုက်သည်။

“ဝင်ပြီးသွားရင် အရှေ့ဘက်ကို တည့်တည့်လျှောက်သွားလိုက် နေရာတိုင်းမှာ ပန်းအနီတွေရှိနေတဲ့နေရာမှာ အခွင့်အရေးတွေရှိတယ်”

“ကျေးဇူးတင်ပါတယ်ဗျာ” ရှီမာယူယူသည် တရိုတသေ ပြောလိုက် သည်။

“ကျုပ်ကို ကျေးဇူးတင်ဖို့ကစောလွန်းပါတယ်” ရင်လင်းသည် သူမကို စကားဖြတ်ပြောလိုက်သည် “သခင်လေးကို သတိပေးတာပါ နတ်ဆိုးလောက နဲ့ တစ္ဆေလောကက ဝင်ပေါက်တွေဖွင့်ထားမှာပဲ သခင်လေးတို့အထဲရောက် ရင်သာ ဂရုစိုက်ကြပါ”

“ဟုတ်ကဲ့ပါ” ရှီမာယူယူ ပြန်ဖြေလေသည်။

“သခင်လေးမှာ အခွင့်အရေးကြီးကြီးတစ်ခုရှိလိမ့်မယ်… လူတွေအများ ကြီးနဲ့အတူရှိနေရင် အခွင့်အရေးကိုလက်လွတ်ရလိမ့်မယ် အဲဒါကြောင့် လူ အုပ်စုနဲ့ အဝေးမှာနေတာပိုကောင်းပါလိမ့်မယ် အဲအချိန်ကျရင် သူတို့ ဒုက္ခ မရောက်ပါဘူး”

ရင်လင်းသည် ဝင်ရန်စိတ်ကူးမရှိပဲ ရပ်နေသည်ကို ရှီမာယူယူ မြင်သော အခါ မေးလိုက်သည် “သခင်ကြီးက မဝင်ဘူးလား”

ပျံ့လွှင့်လာသောလေသည် ရင်လင်း၏ ငွေရောင်ဆံပင်များကို လှုပ်ရှား သွားစေသည်မှာ သူ့ကို မသေမျိုးတစ်ယောက်ကဲ့သို့ ဖြစ်စေသည်။

“အထဲကအခွင့်အရေးက ကျုပ်တို့ပိုင်ရမယ့်အရာမဟုတ်ဘူး ကျုပ်တို့ သွားရင်တောင် အလဟသဖြစ်မယ့် ခရီးဖြစ်မှာပဲ၊ ကျုပ်တို့က ကောင်းကင်က ပေးတဲ့ ကံကြမ္မာကောင်းကို ရထားပြီးပြီပဲ လူတစ်ယောက်က အရမ်းလောဘ မကြီးပဲ တင်းတိမ်ရောင့်ရဲရမယ်လေ” ရင်လင်း ဆက်ပြောလေသည် “ဒါပေမဲ့ ဖြစ်နိုင်မယ်ဆိုရင် ကျုပ်အတွက် ပစ္စည်းတစ်ခုကို ယူလာပေးဖို့ တောင်းဆိုချင် ပါတယ်”

“ဘာကိုယူလာပေးရမလဲ”

“ရေတစ်ပုလင်းပါ”

“ရေတစ်ပုလင်းဟုတ်လား”

“ဘာရေလဲ”

“သခင်လေးမြင်ရတဲ့အထဲက အကြည်လင်းဆုံးရေ”

ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည် “စံနှုန်းများရှိဦးမလား ကျွန်တော်ယူလာတာက သခင်ကြီးလိုချင်တာမဟုတ်ရင်ဘယ်လိုလုပ်မလဲ”

“အဲဒါက သခင်လေးအပေါ်မှာမူတည်ပါတယ် ကျုပ်လိုချင်တဲ့ရေကိုယူ လာနိုင်ရင် အပြန်အလှန်အနေနဲ့ သတင်းအချက်အလက်တစ်ခုကို ပြောပြပေး နိုင်တယ်” ရင်လင်း ပြောလိုက်သည်။

“ဘာသတင်းလဲ”

“သခင်လေးအဖေရဲ့ သတင်း…”

ရှီမာယူယူသည် တုန်လှုပ်သွားကာ ရင်လင်းအား တအံ့တသြကြည့် လိုက်သည် “ကျွန်တော့်အဖေ ဘယ်မှာလဲဆိုတာ သခင်ကြီးသိလား”

“သခင်လေးရှီမာ သတင်းလိုချင်ရင် အရင်ဆုံးပေးရတာရှိမယ်လေ” ရင်လင်း ဆက်ပြောလေသည် “ဒီသတင်းကို ရနိုင်မလားဆိုတာ သခင်လေး ပြန်လာရင်သိမှာပါ”

ရှီမာယူယူသည် ငါးမျှားချိတ်တွင် မိသွားလေပြီ။ သို့သော် သူမ နားလည်သည်။ ရင်လင်းသည် သူမ မည်မျှပင် ဖိအားပေးစေကာမူ ပြောပြ မည်မဟုတ်ပေ။

ရင်လင်းသည် ယဲ့ယဲ့ပြုံးကာ အသည်းကွဲတောင်ကြားအဖွဲ့ဝင်များ အထဲသို့ရောက်လုနီးပါးဖြစ်သည်ကို မြင်ပြီး ပြောလိုက်သည် “သခင်လေး လည်းဝင်သင့်ပြီ ရင်မုံ့က သခင်လေးထွက်လာရင် တလေးတစားစောင့်နေပါ လိမ့်မယ်”

ဆက်ပြီးစကားပြောနေလျှင် မကောင်းနိုင်သည်ကို ရှီမာယူယူနားလည် သည်။ သူမသည် ရင်လင်းအား လက်သီးဆုပ်အရိုအသေပေးကာ ဝူလင်းယူ နှင့်အတူ မီးတောင်အဝသို့ ပျံဝင်သွားလိုက်သည်။

မီးတောင်အဝသည် အခါအားလျော်စွာပေါက်ကွဲတတ်သည်။ မီးတောင် အဝမှ ရပ်ပြီး အောက်သို့ငုံ့ကြည့်လျှင် အနီရောင်ချော်ရည်များကို မြင်နိုင် သည်။ သို့သော် အခုငုံ့ကြည့်သောအခါ ချော်ရည်များထိပ်တွင် လှိုင်းဂယက် များသည် မသိသာစွာရှိနေသည်။ အားလုံးပျံဆင်းကြပြီး လှိုင်းဂယက်များကို ထိလိုက်ရာ ပျောက်ကွယ်သွားကြလေသည်။

ရှီမာယူယူနှင့် ဝူလင်းယူတို့သည် အသည်းကွဲတောင်ကြားပြီးနောက် နောက်ဆုံးတွင်ပျံဝင်ကြသည်။ ထို့နောက်တွင် အံ့ဖွယ်နတ်ဆိုးတောင်ကြား၊ ကောင်းကင်ဂိုဏ်းနှင့် ခရမ်းရောင်ရေနဂါးမျိုးနွယ်ဝင်များ ပျံဝင်ကြသည်။ သည်လိုနှင့် အင်အားစုလေးခုသည် ထာဝရရှင်သန်သူ နယ်မြေသို့ဝင်ပြီးကြ လေသည်။

ရှီမာယူယူနှင့်အဖွဲ့ အလျင်အမြန်ဝင်သွားသည်ကို တခြားအင်အားစု များမြင်သောအခါ အားကျခြင်း၊ မနာလိုခြင်း မုန်းတီးခြင်းများကို ခံစားရလေ သည်။ သူတို့ကိုကျ ရင်လင်းက ဘာလို့မကမ်းလှမ်းတာလဲ။ သူက ရှီမာယူယူ ကို ကောင်းကောင်းဆက်ဆံလွန်းတယ်…

သို့သော် ရင်လင်းကို ဝင်ခွင့်ပေးရန် ဘယ်သူမှမတောင်းဆိုရဲသဖြင့် သူတို့သည် စိတ်ထဲတွင် ရေရွတ်ရုံသာ တတ်နိုင်ကြသည်။

ရှီမာယူယူသည် မီးတောင်အဝထဲသို့ပျံဆင်းသွားသည်။ သူမ လှိုင်းဂယက်များနှင့် ထိလိုက်ချိန်တွင် တစ်ကိုယ်လုံးသည် အားကောင်းသော ဖိအားတစ်ခုကြောင့် စုပ်ယူခြင်းခံရသလို ခံစားရပြီး လေဟာပြင်ဖိအား၏ ဖျစ်ညှစ်ခြင်းကိုခံရလေသည်။

သို့သော် ထိုဖိအားသည် အသက်တစ်ရှိုက်လောက်သာကြာသည်။ ထို့နောက်တွင် သူမ ပတ်ပတ်လည်မှ နွေးထွေးသော စွမ်းအင်ကို ခံစားရလေ သည်။

သူမ လှည့်ပြီး ဝူလင်းယူအားကြည့်ကာ ကျေးဇူးတင်သည့် အပြုံးဖြင့် ပြုံး ပြလိုက်သည်။

ဝူလင်းယူသည် သူ၏ တောက်ပသောအပြုံးများကို ကြည့်ပြီး နှုတ်ခမ်း ထောင့်မှာ တွန့်တက်သွားကာ စိတ်ခံစားမှု လင်းလက်သွားလေသည်။

သူတို့သည် ထိုအတားအဆီးအတွင်းတွင် နာရီဝက်ကြာပျံသန်းပြီး နောက် သူတို့ခန္ဓာကိုယ်မှ ဖိအားပျောက်သွားသည့်အချိန်တွင် လေဟာပြင် လှိုင်းဂယက်မှ ထွက်လာနိုင်လေသည်။

“အာ… ငါ့ရဲ့ခါးလေးတော့ကျသွား…” ကြမ်းတမ်းပြီး ပုဖိုင့်သော လူကြီး တစ်ယောက်သည် ခါးထောက်ထားကာ မြေပေါ်တွင် ထိုင်လေသည်။

“ဘုတ်…”

ဘေးမှလူများသည် ရပ်မည်အပြုတွင် ထိုစကားကြောင့် ရှောင်လိုက်ရာ လဲကျကြလေသည်။

ရှီမာယူယူသည် ဝူလင်းယူ၏အကူအညီဖြင့် အောင်မြင်စွာ ဆင်းသက် နိုင်သည်။ ထိုစကားကိုကြားပြီးနောက်တွင် သူမသည် မျက်ရည်ထွက်လောက် အောင် ရယ်မောမိလေသည်။

“အမေ အမေ”

“အမေ ဘာဖြစ်တာလဲ”

ဝူလာညီအစ်ကိုများ အော်လိုက်ရာ သူမ အလျင်အမြန်ပင် အာရုံစိုက်မိ လေသည်။

“ရှင်းမန် ဘာဖြစ်တာလဲ ယူယူ မြန်မြန်လာပြီး မွေးစားအမေကို ကြည့် ပေးပါဦး” ဝူလာမိုင်သည် စိုးရိမ်စွာဖြင့် အော်လုကိသည်။

ရှီမာယူယူနှင့် ရွှမ်ရှင်းမန်၏ နေရာသည် အနည်းငယ်ကွာဝေးသည်။ သူမ ဝူလာမိုင်အော်သံကြားသည်နှင့် အလျင်အမြန်ပင် ရွှေ့လိုက်သည်။

ရွှမ်ရှင်းမန်သည် ဗိုက်ကိုကိုင်ထားပြီး ခေါင်းငုံ့ကာ သူမ၏ နာကျင်မှုကို ကြည့်ရင်း မြေပေါ်တွင်လှဲနေသည်။ နေထိုင်မကောင်းသဖြင့် သူမ မအောင့် နိုင်တော့ပဲ ကျယ်လောင်သောအော်သံဖြင့် မူလပုံစံသို့ ပြောင်းသွားလေသည်။

ရှီမာယူယူသည် သူမဆီသို့ အလျင်အမြန်သွားပြီး ကြည့်ကာ ပြောလိုက် သည် “မကောင်းတော့ဘူး မွေးစားအမေက လေဟာပြင်ဖိအားသက်ရောက်မှု ကိုခံစားနေရပြီ သူမ  မွေးတော့မယ်”

***

All Chapters