← Chapters

အနာဂတ် ဒဏ္ဍာရီလာနဂါးသခင်

Vol. 011 Ch. 1070

အနာဂတ် ဒဏ္ဍာရီလာနဂါးသခင်

Vol. 011 Ch. 1070

မွေးဖွားမည့်အချိန်ရောက်သည်ဟု သိပြီးနောက်တွင် ဝူလာမိုင်နှင့် တခြားသူများသည် မစိုးရိမ်တော့ပေ။ ထို့အပြင် သူတို့သည် အတွေ့အကြုံရှိ ပြီးသားဖြစ်သည်။ ထိုအရာသည် အန္တရာယ်မများပေ။ သို့သော် အလောတ ကြီးဖြစ်လာသောကြောင့် တုန်လှုပ်မိကြသည်။ သို့သော် သူတို့စိတ်ထဲမှ ဝန်ထုတ်ဝန်ပိုးကျသွားသည့်အချိန်တွင် ရှီမာယူယူ၏ စကားကြောင့် ထပ်မံ စိုးရိမ်သွားကြပြန်သည်။

“မွေးစားအမေရဲ့ အခြေအနေက ကျွန်တော် မှန်းထားတာထက် ဆိုးနေ တယ် သူမက လေဟာပြင်ဖိအားရဲ့ သက်ရောက်မှုကိုခံရပြီး မွေးရခက်တဲ့ လက္ခဏာပြနေတယ်”

“ဘာ.. ဒါဆိုရင် အခုဘယ်လိုလဲ” ဝူလာမိုင် အော်လိုက်သည်။

ရွှမ်ရှင်းမန်သည် နာကျင်မှုကြောင့် ကျယ်လောင်စွာညည်းညူလေ သည်။ ရှီမာယူယူသည် စိုးရိမ်တကြီးလှည့်ပတ်ကြည့်လေသည်။ သူတို့သည် ကန္တာရအတွင်းရောက်နေကာ ပတ်ပတ်လည်တွင် ရေမရှိပေ။

ရွှမ်ရှင်းမန်အတွက် ရေထဲတွင်မွေးဖွားလျှင် အကောင်းဆုံးဖြစ်သည်ကို ဝူလာမိုင်သိသည်။ သူသည် ရေကို အာရုံခံကြည့်သော်လည်း မရှိသည်ကို သိ လိုက်ရသည်။

“မရတော့ဘူး ထပ်မစောင့်နိုင်တော့ဘူး” ရှီမာယူယူသည် အားလုံးကို လှည့်ပတ်ကြည့်ပြီး တံခါးအသေးထုတ်ကာ လောကအသေးဖွင့်ပြီး ရွှမ်ရှင်းမန် နှင့် တခြားသူများကို ခေါ်ဝင်သွားလိုက်သည်။

အားလုံးသည် သူမနှင့်လိုက်ဝင်ကြရာ အားလုံးသည် ကန္တာရတွင် မျက်စိ တစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြသည်။

သူတို့ထွက်သွားပြီးမကြာမီတွင် လူတစ်စုသည် သားရဲပျံများကိုစီးပြီး ပျံလာကြသည်။

“ဟင် အခုလေးတင်ပဲ ဒီမှာလူတွေရှိတာ အသေအချာကို သိလိုက်ပါ တယ် သူတို့ဘယ်ကိုပျောက်သွားတာလဲ” ဗလာကျင်းနေသော ကန္တရာကို ကြည့်ပြီး သံသယအပြည့်ရှိနေကြသည်။

“ဒီမှာဘယ်သူမှမရှိမှတော့ တခြားနေရာကို သွားကြတာပေါ့.. အခွင့်အရးရဖို့ထက် ငါတို့ရည်ရွယ်ချက်ကို သတိရကြ”

“မစိုးရိမ်ပါနဲ့ ဒီတစ်ခေါက်ကို ငါတို့သေချာပေါက် ဒီတိုင်းပြည်ကြီးကို အပေါ်အောက်လှန်ပစ်မယ် သနားစရာကောင်းလိုက်တဲ့ အဲညီအစ်ကိုတွေ”

လူများစွာဝင်လာနိုင်ရန် သူတို့သည် မင်္ဂလာသားရဲသွေးကို ကျဲအောင် လုပ်ခဲ့ကြသည်။ သို့သော် မင်္ဂလာသားရဲသွေးသည် သူတို့လိုအပ်ချက်ကို မရောက်ခဲ့ပေ။ ထိုလူများ မီးတောင်အဝသို့ရောက်သောအခါ လှိုင်းဂယက်ဆီ သို့မဝင်နိုင်ကြပဲ ချော်ရည်များအတွင်းသို့ကျပြီး ပျက်စီးကြလေသည်။

အားအင်မြင့်သောသူများသာ တုန့်ပြန်မှုမြန်ဆန်သဖြင့် ချော်ရည်ထဲသို့ ကျချိန်တွင် ကာကွယ်ရေးအတားအဆီးလုပ်လိုက်နိုင်သဖြင့် အသက်ရှင်နိုင် ခြင်းဖြစ်သည်။

“နောက်နေရာကိုသွားကြမယ်” တာဝန်ရှိသူသည် အမိန့်ပေးလိုက်သည် နှင့် သားရဲပျံများသည် သူတို့ကိုတင်ကာ နောက်တစ်နေရာသို့ ပျံသွားလေ သည်။

သူတို့သည် ချောမွေ့သည့် ကျောက်စိမ်းပြားကို ရှေ့ထုတ်လိုက်သည်။ ထိုကျောက်စိမ်းပြားပေါ်တွင် ရွှေရောင်အစက်အနည်းငယ်နှင့် အနီစက်များစွာ ရှိလေသည်။ ထိုအစက်များသည် တဖြည်းဖြည်းရွေ့လျားကြလေသည်။

လောကအသေးတွင်… ပထမဆုံးရောက်ဖူးသူများသည် အံ့သြကြလေ သည်။ အထဲတွင် လူသိမ်းချီနေသည်ကိုမြင်ပြီး တစ်ယောက်ချင်းစီသည် မှင်တက်ကြလေသည်။ အထူးသဖြင့် ထိုလူများသည် သွေးမိစ္ဆာမြို့တော်မှလူ များဖြစ်သည်ကို သိပြီးနောက်တွင် သူတို့၏ မျက်နှာအမူအရာသည် ပြောင်း ကုန်ကြလေသည်။

အဲဒါကြောင့် ရှီမာယူယူက အဲအင်အားစုအများကြီးကို ကြမ်းရဲတာကိုး.. သူတို့ကိုသာထုတ်လိုက်ရင် ဒီနောက်ခံနဲ့ ဘယ်သူက သူမကို ရန်စရဲတော့မှာ လဲ။

သို့သော် သူတို့မသိသည်မှာ ထိုလူများသည် ရှီမာယူယူ ပိုင်ဆိုင်ထား ခြင်းမဟုတ်ပေ။ သူတို့သည် သဘောတူညီချက်ရှိခဲ့ကြသည်။ သေရေးရှင်ရေး ကိစ္စမဟုတ်လျှင် သူတို့သည် လှုပ်ရှားမည်မဟုတ်ပေ။ ရှီမာယူယူသည် သူတို့ ကို အေးချမ်းပြီးတည်ငြိမ်သောဘဝကို ပေးထားခြင်းသာဖြစ်သည်။

သူမသာ ရုတ်တရက်ပျောက်သွားပါက ထိုလူများ၏ အတွေးများ စိတ်ရိုင်းဝင်သွားမည်ကို စိုးရိမ်သဖြင့် ရှီမာယူယူသည် ထိုလူများကိုအတူခေါ် လာခဲ့သည်။ သိသွားပြီး နောက်မှရှင်းပြရသည်ထက် အတူခေါ်လာသည်က ပိုကောင်းနိုင်သည်။

သူမသည် ဝင်လာပြီးနောက်တွင် ထိုလူများကို ဂရုမစိုက်နိုင်ပေ။ သူမ သည် လျင်မြန်စွာပင် ရွှမ်ရှင်းမန်အတွက်ပြင်ပေးထားသည့် ကန်ဆီသို့ သူမကို ခေါ်သွားလိုက်သည်။

ရွှမ်ရှင်းမန်သည် ရေနှင့်ထိလိုက်သည့်အချိန်တွင် ခံစားရသက်သာလာ သည်။ သို့သော် သူမသည် နာကျင်ဆဲဖြစ်ရာ ထိုနာကျင်မှုသည် တခြားအရာ များှနင့် ယှဉ်မရပေ။

ဝူလာမိုင်နှင့် သူ့သား၉ယောက်သည် ကန်ဘေးတွင်ရပ်ကာ ရွှမ်ရှင်းမန် ကိုကြည့်နေကြသည်။ သူမ နာကျင်မှုကြောင့် အော်နေသည်ကိုမြင်သောအခါ ပူပန်လာကြသည်။

သို့သော် သူတို့သည် ဘာမှမတတ်နိုင်ကြသဖြင့် ရှီမာယူယူအပေါ်တွင် သာ မျှော်လင့်ချက်ထားရလေသည်။

ရှီမာယူယူသည် ရွှမ်ရှင်းမန်အတွက် ဆေးတချို့ထုတ်လိုက်သည်။ ထို ဆေးများသည် သူမ ရွှမ်ရှင်းမန်အတွက် ဖော်ထားခြင်းဖြစ်သည်။ သို့သော် ထိုမျှမြန်မြန်အသုံးပြုရမည်ဟု ထင်မထားပေ။

ဆေးသောက်ပြီးနောက်တွင် သူမသည် ရွှမ်ရှင်းမန်၏ ဝမ်းဗိုက်ထဲသို့ ဝိညာဉ်စွမ်းအင်တချို့လွှဲပြောင်းပေးလိုက်သည်။ သူမ အာရုံခံစားမိသည်နှင့် တစ်ပြိုင်နက် သန္ဓေသားကို ဝိညာဉ်စွမ်းအင်အလွှာတစ်ခုနှင့် ဖုံးလွှမ်းလိုက် သည်။

ထိုနဂါးဥသည် အနည်းငယ် စိတ်မရှည်ပေ။ ထိုဥသည် ရွှမ်ရှင်းမန်၏ ဝမ်းဗိုက်ထဲတွင် အဆက်မပြတ် လှုပ်ရှားနေရာမှ ရှီမာယူယူ၏ ဝိညာဉ်စွမ်းအင် ဖြင့် ဖုံးလွှမ်းလိုက်မှပင် အတော်ငြိမ်ကျသွားလေသည်။ ဆေး၏သက်ရောက်မှု စတင်လာသည်နှင့်အတူ ခန္ဓာကိုယ်ထဲမှ အားအင်တဖြည်းဖြည်းပြန်ရလာ သည်ကို သူမ ခံစားရလေသည်။

“မွေးစားအမေ ပိုကောင်းလာပြီလား” ရှီမာယူယူသည် ရေထဲမှထွက် ကာ ရွှမ်ရှင်းမန်ကို ကြည့်ပြီးမေးလိုက်သည်။

ရွှမ်ရှင်းမန်သည် ခေါင်းညိတ်လိုက်သည်။ သူမသည် အမှန်တကယ်ပင် သက်သာလာသည်။

“မွေးစားအမေ ဗိုက်ထဲမှာ ပိတ်ဆို့မှုတစ်ခုရှိနေတာကို တွေ့ခဲ့တယ် အဲဒါကြောင့်မွေးဖွားရခက်နေတာ… နောက်ကျရင် အဲဒါကိုဖွင့်ဖို့ ကျွန်တော် ဝိညာဉ်စွမ်းအင်သုံးမယ် အဲကျရင် မွေးစားအမေက ကျွန်တော့်ဝိညာဉ်စွမ်းအင် နဲ့ညှိပြီး စွမ်းအင်တချို့သုံးရမယ် ကျွန်တော်တွန်းဆိုရင် ပြင်းပြင်းသာတွန်း လိုက်နော် ဟုတ်ပြီလား”

“ကောင်းပြီ အား…”

ရှီမာယူယူသည် ရေထဲသို့ထပ်မံဝင်သွားပြန်သည်။ ကံကောင်းစွာပင် သူမသည် ဝူလာလီပေးခဲ့သော ရေထဲတွင်နေနိုင်သောဆေးကြောင့် ရေထဲ တွင် အသက်ရှုရာတွင် ပြဿနာမရှိခဲ့ပေ။ ထိုအရာကြောင့်သာမဟုတ်လျှင် ဘာဖြစ်သွားမည်ကို ဘယ်သူမှမသိနိုင်ပေ။

နှစ်နာရီကြာပြီးနောက်တွင် ရှီမာယူယူသည် ပင်ပန်းသောမျက်နှာဖြင့် ရေထဲမှ တက်လာနိုင်သည်။ သို့သော် သူမမျက်နှာမှအပြုံးကြောင့် အားလုံး၏ စိုးရိမ်မှု ပေါ့သွားလေသည်။

“မွေးစားအမေ မွေးပြီးသွားပြီ နှစ်ယောက်လုံး ဘေးကင်းတယ်”

ထိုသို့ပြောပြီးနောက်တွင် ကမ်းစပ်တွင်ရှိနေသောလူများသည် စိုးရိမ်မှု များ လျော့ကျသွားလေသည်။

ထို့နောက်တွင် ရွှေရောင်အကြောများနှင့် ခရမ်းရောင်ဥသည် ပေါ်လာ သည်။ ထိုဥသည် အရင်က ခရမ်းရောင်နဂါးဥနှင့် မတူပေ။

ဝူလာမိုင်သည် မစောင့်နိုင်တော့ပဲ ရေထဲသို့ခုန်ဆင်းကာ ရွှမ်ရွှင်းမန်ကို အဖော်ပြုပေးလေသည်။ သူသည် ရေထဲမှ ဥများကိုပင် သတိမထားမိပေ။

အစ်ကိုကြီးများသည် မတည်ငြိမ်နိုင်တော့ပဲ ထိုဥကိုကောက်လိုက် သည်။ သူတို့သည် ထိုရွှေခရမ်းရောင်ဥကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက် သည် “ဒီနဂါးဥက ဘာလို့ဒီလိုပုံဖြစ်နေတာလဲ”

“အရင်တုန်းက ငါတို့ဒီလိုမဟုတ်ခဲ့ပါဘူး”

“ဟုတ်တယ် ငါတို့အကုန်လုံး ခရမ်းရောင်ပဲ ဒါကျမှဘာလို့ဒီလိုဖြစ်တာ လဲ” ဝူလာရှုံသည် သံသယဖြင့်မေးလိုက်သည်။

“ဘယ်လိုနဂါးမှာ ရွှေရောင်ရှိတတ်တာလဲ” ဝူလာလူ မေးလိုက်သည်။

ဝူလာမိုငသည် ရွှမ်ရှင်းမန်အား အဖော်ပြုပေးရင်း အံ့သြမိလေသည်။ သူ သည် လှည့်ကြည့်ရာ ရေပေါ်တွင်ပေါ်နေသော ဥကိုကြည့်လိုက်ရာ ထိုအပေါ် မှ ရွှေရောင်အကြောများကိုမြင်သောအခါ ဆွံ့အသွားလေသည်။ သို့သော် သူ့ မျက်နှာတွင် စိတ်လှုပ်ရှားမှုကိုပြသနေသည်။

ဝူလာလူသည် ဝူလာမိုင်၏ တုန့်ပြန်မှုကိုမြင်သောအခါ မေးလိုက်သည် “ခမည်းတော် ၁၁လေးမှာ ဘာဖြစ်တာလဲဆိုတာ သိလား”

အားလုံး၏အကြည့်များသည် ဝူလာမိုင်အပေါ်ကျရောက်ကာ သူ၏ တုန့်ပြန်မှုကို စောင့်ကြလေသည်။

“အရှေ့ပိုင်းက အဇူရာနဂါး၊ အနောက်ပိုင်းက အဖြူရောင်ကျား၊ တောင် ပိုင်းက ဟင်္သပဒါးရောင်ငှက်၊ မြောက်ပိုင်းက အနက်ရောင်လိပ်” ဝူလာမိုင် သည် ရေရွတ်လေသည်။

ထိုရေရွတ်မှုနှင့်အတူ အားလုံး၏ အကြည့်များသည် ပြောင်းသွားကြ လေသည်။

“ခမည်းတော် ၁၁လေးက.. အဇူရာနဂါးလို့ပြောလိုက်တာလား” ဝူလာရှုံ သည် ထိုစကားပြောရင်းနှင့် နောက်ဆုံးတွင် တံတွေးမျိုချလေသည်။

ရှီမာယူယူသည် ၁၁လေးကို ကြည့်လိုက်သည်။ ဒီကောင်လေးက အဇူရာ နဂါးလား။ အဇူရာနဂါးက မိုးပြာရောင်ဖြစ်ရမှာလေ ၁၁လေးက ရွှေရောင်ဖြစ်နေတာမလား။

“အဇူရာနဂါးက မိုးပြာရောင်ဟုတ်ဘူး” ဝူလာမိုင်ပြောလိုက်သည်။

ထိုအခါမှပင် ရှီမာယူယူ သဘောပေါက်သွားကာ စကားပြောလိုက် သည်။

“အဇူရာနဂါးက မိုးပြာရောင်မဟုတ်ဘူးလား ဒါဆိုရင် ဘာလို့ အဇူရာ နဂါးလို့ခေါ်တာလဲ” ရှီမာယူယူ မေးလိုက်သည်။ (T/N; အဇူရာဆိုတာ ကောင်းကင်ပြာရောင်၊ မိုးပြာရောင်လို့ အဓိပ္ပာယ်သက်ရောက်ပါတယ်)

“ဒဏ္ဍာရီလာနဂါးသခင်က အရှေ့ပိုင်းမှာရှိတာ အဇူရာက အရှေ့ပိုင်းရဲ့ ဂုဏ်ရည်ပဲ တကယ်တော့ ဒဏ္ဍာရီလာနဂါးသခင်က ရွှေရောင်ပါ အဲဒါကြောင့် ရွှေနဂါးနဲ့ အပြာနဂါးလို့ခေါ်ကြတာ” ဝူလာမိုင် ရှင်းပြလေသည်။

“ဒါဆိုရင်၁၁လေးက တကယ်ပဲ ဒဏ္ဍာရီလာနဂါးလား” ဝူလာအာ မေး လိုက်သည်။

“ဥအခွံက ခရမ်းရောင်ပဲရှိသေးတယ် သွေးကြောထဲကတုန်ခါမှုကြောင့် ငါတို့ထဲက ဒဏ္ဍာရီလာနဂါးသွေးသားက နိုးထလာတာဖြစ်မယ် အခုထိတော့ ဒဏ္ဍာရီလာနဂါးလို့ သတ်မှတို့မရသေးဘူး ဒါပေမဲ့ သူ့သွေးသားက ငါတို့ထက် အများကြီး မြင့်တယ်၊ သွေးသားကတကယ်ပဲ နိုးထလာရင်တော့ ငါတို့ဆီမှာ ပြန်ပြီး ဒဏ္ဍာရီလာနဂါးသခင်ထပ်ရှိလာတော့မှာပေါ့” ဝူလာမိုင်သည် စိတ်လှုပ်ရှားစွာပြောလေသည်။ ၁၁လေးအားကြည့်သော သူ့အကြည့်များ သည် မျှော်လင့်ချက်အပြည့်ပင်။

***

All Chapters