ကြက်သွေးရောင်မီးတောက် လှုပ်ရှားခြင်း
Vol. 011 Ch. 1071
အနာဂတ်ဒဏ္ဍာရီလာနဂါးသခင်သတင်းကြောင့် ခရမ်းရောင်နဂါး မျိုးနွယ်တင်မကဘဲ လောကအသေးမှအားလုံး စိတ်လှုပ်ရှားကြသည်။
ဒဏ္ဍာရီလာနဂါးသည် ကျားဖြူ၊ ပဒါးရောင်ငှက်နှင့် အနက်ရောင်လိပ် တို့နှင့်တူညီစွာပင် ဒဏ္ဍာရီထဲတွင်သာ ရှိကြကာ အားလုံးသည် စာအုပ်ထဲမှ သာ သူတို့အကြောင်းကိုဖတ်ဖူးခြင်းဖြစ်သည်။ သို့သော် အခုတော့ ဒဏ္ဍာရီ လာနဂါးသခင် အမှန်တကယ် ပေါ်ထွက်လာတော့မည်။ ထိုနဂါး ပေါ် ထွက်လာချိန်တွင် မည်သို့ တုန့်ပြန်မှုရမည်ကို အားလုံးသည် တွေးဆနေကြ သည်။
ရှီမာယူယူသည် အရင်ဘဝမှ အဇူရာဘုရင်နှင့် အဇူရာနဂါးတို့ ဆက်နွယ်ပုံကို မြင်ခဲ့ရသည်ကို မှတ်မိသည်။ ကမ္ဘာမှာမတူတော့သဖြင့် ပြောင်းလဲမှုလည်း ဖြစ်နိုင်သည်။
၁၁လေးသည် ရေထဲမှခုန်ထွက်ကာ ရွှမ်ရှင်းမန်၏ ရင်ခွင်ထဲသို့ ပျံဝင် လေသည်။
ရွှမ်ရှင်းမန်သည် မွေးဖွားပြီးနောက် လူသားအသွင်ပြောင်းလိုက်သည်။ သူမသည် စွမ်းအင်များစွာသုံးလိုက်ရသောကြောင့် အားနည်းနေကာ ဝူလာမိုင်၏ ရင်ခွင်ထဲတွင် မှီနေသည်။ ၁၁လေး၏ဥသည် တစ်မီတာအမြင့်ရှိ ကာ ရွှမ်ရှင်းမန်နားရောက်သောအခါ ရုတ်တရက် ခရမ်းရောင်အလင်းတန်း များ တောက်ပကာ ဖြာထွက်ပြီး ဥသည် ၃၀ ၄၀ မီလီမီတာလောက် ကျုံ့သွား လေသည်။
၁၁လေးသည် စကားမပြောနိုင်သေးသော်လည်း ထိုဥလေးသည် ရွှမ်ရှင်းမန်ကို ခိုင်ခိုင်မာမာတွယ်တာနေသည်ကို လူတိုင်းခံစားရလေသည်။
“လိမ္မာလိုက်တဲ့ကလေး” ရွှမ်ရှင်းမန်၏ မျက်နှာသည် အချစ်များနှင့်ပြည့် နေကာ ၁၁လေးကို တယုတယပွတ်သတ်လေသည် “မင်းလေးက ကောင်း သည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဒဏ္ဍာရီလာနဂါးဖြစ်စေ သာမန်နဂါးဖြစ်စေ မယ့်မယ့်ရဲ့ အဖိုးတန်ကလေးပါပဲ”
“ဝူး….”
၁၁လေးသည် သက်ဝင်စွာဟိန်းဟော်လိုက်သော်လည်း အသံမှာ တိုး နေသေးသည်။ သူသည် သူ၏စွမ်းအင်ဖိအားကိုထိန်းချုပ်နိုင်ခြင်းမရှိပဲ သွေး ကြောဖိအားများသည် တခြားသူများ အသက်ရှုမရအောင်လုပ်နိုင်သည်။
သန်မာလိုက်တဲ့ စွမ်းအင်ဖိအားပဲ။
“အု….” ရွှမ်ရှင်းမန်၏ ခန္ဓာကိုယ်သည် အားနည်းနေသေးသဖြင့် ရုတ်တရက် ရိုက်ချက်ကြောင့် သွေးအန်ထွက်လေသည်။
“မွေးစားအမေ” ရှီမာယူယူသည် အော်ပြီးသည်နှင့်တစ်ပြိုင်နက် သူမဆီ သို့ ရေကူးသွားလိုက်သည်။
“ရှင်းမန်”
ဝူလာမိုင်သည် ရှင်းမန်သွေးအန်သည်ကို မြင်သည်နှင့် ၁၁လေးကို အလောတကြီးပစ်လိုက်လေသည်။
ရှီမာယူယူ ရေကူးသွားရာ ၁၁လေးသည် သူမရင်ခွင်ထဲအရောက်နှင့် အချိန်ကိုက်သွားသည်။
“ဝူး ဝူး….”
၁၁လေးသည် သူ၏ မိခင်နာကျင်နေသည်ကို မြင်သောအခါ ရှီမာယူယူ ၏ရင်ခွင်ထဲတွင် ငိုသည့်အသံကဲ့သို့ အသံထုတ်လေသည်။
ရှီမာယူယူသည် ၁၁လေး၏ ခေါင်းကို ပွတ်သတ်ပြီး ဖက်ကာ ရေဆက် ကူးသွားလိုက်သည်။
ကြက်သွေးရောင်မီးတောက်သည် အားလုံးရှေ့တွင် ရုတ်တရက်ပေါ် လာကာ ရှီမာယူယူ၏ လက်ထဲမှ ဥကိုစိုက်ကြည့်လေသည်။
“ငါ့ကိုပေး”
ကြက်သွေးရောင်မီးတောက်ထွက်လာလိမ့်မည်ဟု ရှီမာယူယူ မထင် ထားပေ။ သူသည် ပုံမှန်အတိုင်းသာ ထင်ရသော်လည်း သူမ သူ့ကို နားလည် သည်။ သူသည် သူ့ခံစားချက်များကို ဖိနှိပ်တတ်သူဖြစ်သည်။
“ကြက်သွေးရောင်မီးတောက်လား ဘာလို့ထွက်လာတာလဲ” ရှီမာယူယူ သည် ၁၁လေးကို သူ့ဆီသို့ပေးရင်း မေးလိုက်သည်။
သို့သော် ကြက်သွေးရောင်မီးတောက်သည် သူမကို ဂရုမစိုက်ပဲ ၁၁လေးကို ယူကာ စိုက်ကြည့်နေလေသည်။
သူ သူမကိုဂရုမစိုက်သည်ကို ရှီမာယူယူမြင်သောအခါ ရွှမ်ရှင်းမန် နာကျင်နေပြီး သူသည်လည်း ၁၁လေးကို ထိခိုက်အောင်လုပ်မည်မဟုတ်ဆို သည်ကို သိသောကြောင့် သူ့ကို ပေးကာ ရွှမ်ရှင်းမန်ဘေးသို့လာလိုက်သည်။
ကြက်သွေးရောင်မီးတောက်ထွက်လာသည်နှင့် သူ့ခန္ဓာကိုယ်မှ ထွက်လာသော သန်မာသောရောင်ဝါကို အားလုံးခံစားမိပြီး ထိုလူကို ခန့်မှန်း နေကြသည်။
“မွေးစားအမေ စစ်ကြည့်ရအောင်” ရှီမာယူယူသည် ရွှမ်ရှင်းမန်၏ ဘေး သို့လာလိုက်သည်။ သူမ လက်များကိုဆန့်ထုတ်ကာ သူမ သွေးကြောကို ဖတ် ရန်ကြိုးစားလိုက်သည်။ သို့သော် သူမလက်သည် အဆွဲခံလိုက်ရသည်။
“ယူယူ အဲဒါဘယ်သူလဲ ၁၁လေးကို ထိခိုက်အောင်လုပ်မှာလား” ရွှမ်ရှင်းမန်သည် ကြက်သွေးရောင်မီးတောက် ၁၁လေးကို အေးစက်စွာစိုက် ကြည့်နေသည်ကို မြင်သောအခါ ကြောက်မက်ဖွယ် လေထုကိုတွေးပြီး စိုးရိမ် နေတော့သည်။
ရှီမာယူယူသည် သူမလက်ကိုပုတ်ပြီး နှစ်သိမ့်လေသည် “မွေးစားအမေ မစိုးရိမ်ပါနဲ့ သူက သမီးရဲ့ အသက်စာချုပ်သားရဲပါ ၁၁လေးကို ထိခိုက်အောင် လုပ်မှာမဟုတ်ဘူး”
“သမီးရဲ့ အသက်စာချုပ်သားရဲဟုတ်လား” ဝူလာမိုင်သည် တအံ့တသြ အော်လေသည်။
သူက အဲလူကို ကြောက်ရွံ့မိတယ်လို့ ခံစားနေရတာကို သူက သူမရဲ့ စာချုပ်သားရဲဟုတ်လား။
ရှီမာယူယူ ခေါင်းညိတ်ပြီးပြောလိုက်သည် “သမီးတို့ အခွင့်အရေးတစ်ခု ကြောင့် မတော်တဆစာချုပ်ချုပ်မိသွားတယ်၊ မွေးစားအမေ အရင်ဆုံးကြည့် လိုက်ပါမယ်”
ရွှမ်ရှင်းမန်သည် မတတ်သာပဲ ခေါင်းညိတ်လိုက်သည်။ သို့သော် သူမ အကြည့်သည် ကြက်သွေးရောင်မီးတောက်ဆီမှ မခွာပေ။ သူမသည် ရှီမာယူယူဆီမှ အာမခံချက်ကိုရပြီးဖြစ်သော်လည်း စိုးရိမ်နေတုန်းပင်။ သို့သော် သူတို့သည် သူ့ကိုမနိုင်နိုင်သဖြင့် ၁၁လေးကိုကိုင်ထားသည်ကိုပင် စောင့်ကြည့်နေရသည်။
ရှီမာယူယူသည် ရွှမ်ရှင်းမန်ကို စစ်ဆေးပြီးသောအခါ ရုတ်တရက် ကျယ်လောင်သော အော်သံကိုကြားလိုက်သည်။ ထို့နောက်တွင် ရွှမ်ရှင်းမန် ၏ စိုးရိမ်သောအော်သံထွက်လာသည် “၁၁လေး ၁၁လေးကို ထိခိုက်အောင် မလုပ်ပါနဲ့”
ဝူလာမိုင်သည် ၁၁လေးကိုပစ်လိုက်သော်လည်း သူသည် သူ့ကလေးကို လွန်စွန်ချစ်သည်။ သူသည် ၁၁လေး၏ အော်သံကိုကြားသောအခါ ရွှမ်ရှင်းမန် ကိုလွှတ်ပြီး ကြက်သွေးရောင်မီးတောက်ကို တိုက်ခိုက်လေသည်။
ဝူလာမိုင်၏ အားသည် ဧကရာဇ်အဆင့်ထက်မြင့်နေပြီးကာ စံတင် အဆင့်ဝင်နေပြီဖြစ်သည်။ ရှီမာယူယူကြောင့်သာ သူအားအပြည့်မသုံးပေ။ သို့သော် တိုက်ခိုက်မှုသည် မြင့်မားသောကာကွယ်မှုလိုသည်။
သို့သော် ကြက်သွေးရောင်မီးတောက်သည် တိုက်ခိုက်မှုလာနေသည် ကို မမြင်သည့်အတိုင်း ရုန်းကန်နေသည့် ၁၁လေးကို လက်နှစ်ဖက်ဖြင့် သွေးရောသောရွှေရောင်အလင်းတန်းများဖြင့် လွှမ်းခြုံထားရင်း မြေပေါ်တွင် မလှုပ်မယှက်ရပ်နေသည်။
“လွှတ်လိုက်” ဝူလာမိုင်သည် ကြက်သွေးရောင်မီးတောက်ကို အော် လိုက်သည်။ သို့သော် သူသည် သူ့လက်များကို မရပ်တန့်ပေ။
“မွေးစားအဖေ” ရှီမာယူယူသည် ရွှမ်ရှင်းမန်ကိုလွှတ်ပြီး ပျံသွားကာ ဝူလာမိုင်ကို တားလိုက်သည်။
“ယူယူ သူက သမီးရဲ့ အသက်စာချုပ်သားရဲမလား သူ့ကိုတားလိုက်” ဝူလာမိုင်သည် ရှီမာယူယူကို အော်လေသည်။
“မွေးစားအဖေ မစိုးရိမ်ပါနဲ့ ကြက်သွေးရောင်မီးတောက်က ၁၁လေးကို ထိခိုက်စေမှာမဟုတ်ပါဘူး” ရှီမာယူယူ ရှင်းပြလေသည်။
“၁၁လေးနာနေတာမတွေ့ဘူးလား” ဝူလာမိုင် ပြောလိုက်သည်။
“မွေးစားအဖေ သမီးကိုယုံပါ ကြက်သွေးရောင်မီးတောက်က ၁၁လေး ကို ကူညီပေးနေတာပါ သူ ထိခိုက်အောင်လုပ်မှာမဟုတ်ပါဘူး” ရှီမာယူယူ အာမခံလိုက်သည်။
ဝူလာမိုင်သည် ရှီမာယူယူ၏ မျက်လုံးများကိုကြည့်ကာ သူမ မလိမ်သည် ကို သေချာအောင်လုပ်လိုက်သည်။ သူသည် စိုးရိမ်မှုကို ငြိမ်အောင်လုပ်ကာ တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။
တကယ်တော့ သူ့တိုက်ချက်များသည် ကြက်သွေးရောင်မီးတောက် အတွက် ထူးခြားမည်မဟုတ်ပေ။ ဆက်တိုက်လျှင်လည်း စွမ်းအင် ကုန်ဆုံးရုံ သာရှိမည်။
ရွှမ်ရှင်းမန်သည် ရေထဲမှ ပျံထွက်လာကာ သူတို့နှစ်ယောက်ကြားတွင် ရပ်လိုက်ရာ ဝူလာမိုင်သည် သူမကို လာတွဲလေသည်။
“ယူယူ သူ ၁၁လေးကိုဘာလုပ်လိုက်တာလဲ”
ရှီမာယူယူ ခေါင်းရမ်းလိုက်သည်။ ကြက်သွေးရောင်မီးတောက် ဘာလုပ် လိုက်သည်ကို သူမ မသိပေ။ သို့သော် ကြက်သွေးရောင်မီးတောက်သည် ထိခိုက်အောင် လုပ်မည်မဟုတ်ဆိုသည်ကိုတော့ သိသည်။
“ဝူး ဝူး…”
နာကျင်စွာအော်သံသည် ဆက်တိုက်ထွက်လာရာ ဝူလာမိုင်နှင့် တခြား သူများသည် စိုးရိမ်သွားကြသည်။ ရှီမာယူယူအပေါ်ထားရှိသော ယုံကြည်မှု ကြောင့်သာမဟုတ်လျှင် သူတို့သည် သူ့ကိုတိုက်ခိုက်ပြီးနေလောက်ပြီဖြစ် သည်။
ရှီမာယူယူသည် ကြက်သွေးရောင်မီးတောက်ကို ကြည့်လိုက်သည်။ သူ ဘာလုပ်မည်ကို သူမ မသိပေ။ သူသည် ၁၁လေးကို မကောင်းသည့် ရည်ရွယ် ချက်မရှိကြောင်းကိုသာ စာချုပ်ကတစ်ဆင့်ပြောနေသောကြောင့် သိခြင်းဖြစ် သည်။
သူပုံမှန်မဟုတ်စွာ အပြင်သို့ထွက်လာသည်ကို စဉ်းစားလိုက်ရာ မည်သည့်အရာကိုမှ စိတ်မဝင်စားသောသူသည် ၁၁လေးကို စိတ်ဝင်စားလာ သည်။ ထိုအရာသည် သူမ သူ့အကြောင်းကို ပိုသိချင်လာသည်။
ထိုခဏတွင် ကြက်သွေးရောင်မီးတောက်သည် လက်မှ မီးတောက်ကို ရပ်ကာ ၁၁လေးကို ရှီမာယူယူ ရင်ခွင်ထဲသို့ပစ်လိုက်သည်။
“မင်းရဲ့ ဘိုးဘေးအတွက် ငါတစ်ခါကူညီပြီးပြီ အောင်မြင်မလား မအောင်မြင်ဘူးဆိုတာတော့ မင်းအပေါ်မှာပဲမူတည်တယ်”
ပြောပြီးနောက်တွင် လျှပ်တစ်ပြက်ပင် ဝိညာဉ်စေတီသို့ ပြန်လေသည်။
ရှီမာယူယူသည် ၁၁လေးကို သယ်ရင်း ကြက်သွေးရောင်မီးတောက်၏ နောက်ဆုံးစကားများကိုသာ တွေးနေမိလေသည်။
သူမရဲ့ ဘိုးဘွားအတွက်ဟုတ်လား… ဆိုလိုတာက သူက ခရမ်းရောင် နဂါးမျိုးနွယ်ရဲ့ ဘိုးဘေးကို သိနေတာလား။
မဟုတ်ရင် ဒဏ္ဍာရီလာနဂါးသခင်နဲ့ ကြက်သွေးရောင်မီးတောက်က ရင်းနှီးတဲ့ဆက်ဆံရေးလား…
ဒီလိုဆိုရင်တော့ ကြက်သွေးရောင်မီးတောက်ရဲ့ သရုပ်မှန်က…
“၁၁လေးရဲ့ ဥပြောင်းလဲသွားပြီ” ၁၁လေးကို လွှမ်းခြုံထားသော မီးတောက် တဖြည်းဖြည်းပျောက်ကွယ်သွားသည်နှင့် ဝူလာရှုံသည် ကွဲပြားမှု ကို အရင်ဆုံးတွေ့သူဖြစ်သည်။
ရှီမာယူယူ ကြည့်လိုက်ရာ ၁၁လေး၏ ဥခွံပေါ်မှ သွေးကြောများသည် နည်းသွားသည်ကို သိလိုက်သည်။ အရင်က ခရမ်းရောင်ပိုများသော်လည်း ဒီ တစ်ကြိမ်တွင် ရွှေရောင်အကြောများ ပိုများလာသည်။ ထိုပြီးသိသာထင်ရှား လာသည်။
မပြောဘဲနှင့် ၁၁လေး၏ သွေးသားကိုစတင်ခဲ့လေပြီ။
သူက “၁၁လေးရဲ့ သွေးသားကိုနှိုးလိုက်တာလား” ဝူလာလု မျက်မှောင် ကြုတ်လေသည်။
***