← Chapters

အထင်သေးခံရတဲ့ ဝူလာရှုံ

Vol. 011 Ch. 1072

အထင်သေးခံရတဲ့ ဝူလာရှုံ

Vol. 011 Ch. 1072

“ဖြစ်လောက်တယ်” ဝူလာမိုင်သည် ၁၁လေးဆီမှ အရင်ကထက် ပို အားကောင်းသည် ဖိအားကိုခံစားမိသည်။ ကြက်သွေးရောင်မီးတောက်၏ ကျေးဇူးကြောင့်ဖြစ်မည်။ သူသည် ၁၁လေး၏ ခန္ဓာကိုယ်ထဲမှ ဒဏ္ဍာရီလာနဂါး သွေးသားကို နိုးထစေသည်။ ကြက်သွေးရောင်မီးတောက်ရဲ့ သရုပ်မှန်က တကယ်ပဲ ဘာလဲ။

သို့သော် ရှီမာယူယူ၏ အံ့အားသင့်နေသော မျက်နှာကိုမြင်သည်နှင့် သူမသည်လည်း ကြက်သွေးရောင်မီးတောက်၏ သရုပ်မှန်ကိုသိသည့်ပုံမပေါ် ပေ။

သူက…

ဝူလာမိုင်သည် သူခန့်မှန်း၍ရသည့်အရာကြောင့် တုန်လှုပ်သွားကာ ရှီမာယူယူကို ကြည့်လိုက်ရာ ပိုတည်ငြိမ်သွားလေသည်။

“၁၁လေး ဘယ်လိုနေလဲ” ရွှမ်ရှင်းမန်သည် ၁၁လေးကို သယ်ပြီး နူးညံ့ စွာပွတ်သပ်လေသည်။

၁၁လေးသည် အခုလေးတင်မှ စွမ်းအင်များစွာအသုံးပြုလိုက်သဖြင့် ပင်ပန်းသွားသောကြောင့် ရွှမ်ရှင်းမန်၏ ရင်ခွင်၌ပင် မလှုပ်ရဲပေ။

“မင်း အခုလေးတင်မွေးထားတော့ ပင်ပန်းနေတာ ကိုယ့်ဆီကိုသာ အပ် ထားလိုက်” ဝူလာမိုင်သည် ရွှမ်ရှင်းမန်၏ဘေးသို့ပြန်လာကာ လက်များကို ဆန့်တန်းပြီး ၁၁လေးကို ယူရန်ကြိုးစားလိုက်သည်။

၁၁လေးသည် ဝူလာမိုင်၏လက်ထဲတွင် လွန့်လူးကာ ပျံထွက်ပြီး ရှီမာယူယူ၏ ရင်ခွင်ထဲသို့ ဆင်းသက်ကာ သူမရင်ခွင်ထဲတွင် ဖြည်းဖြည်းချင်း လှုပ်ရှားပြီးနောက်တွင် ငြိမ်ကျသွားလေသည်။

ဝူလာမိုင်၏ မျက်နှာသည် မည်းနက်သွားသည်။ ဒီကောင်လေးက သူ့ကို အထင်သေးနေတာလား။

ရွှမ်ရှင်းမန်သည် ရယ်မောကာ ဝူလာမိုင်၏ လက်ကိုဆွဲပြီးပြောလိုက် သည် “၁၁လေးက ခုနကရှင် သူ့ကိုပစ်လိုက်တာကို စိတ်ဆိုးနေတာ”

“ဒီကောင်လေးကတော့ သူ့အဖေထက် ယူယူနဲ့ပိုရင်းနှီးနေတာ.. သူ ထွက်လာရင် သူ့တင်ပါးကိုရိုက်ပစ်မယ်” ဝူလာမိုင်သည် မျက်နှာမည်းနေရင်း နှင့် ပြောလေသည်။

“ဟီးဟီး အဲအချိန်ကျရင်လုပ်ရက်မလား ကြည့်ကြတာပေါ့” ရွှမ်ရှင်းမန် သည် သူ့ခင်ပွန်း၏ စရိုက်ကိုသိသည်။ သူသည် နှလုံးသားနူးညံ့သည်။ သူ သည် သူ့ကလေးများကို တင်းကြပ်သော်လည်း စိတ်ထဲတွင်တော့ သူတို့ကို မရိုက်ရက်ပေ။

“ဟင်း လုပ်ရဲသလားဆိုတာ ကြည့်လိုက်လေ” ဝူလာမိုင် နှာမှုတ်လေ သည် “ဒီမှာဘာကိစ္စမှမရှိတော့ရင် မင်းကိုအရင်သွားနားခိုင်းမယ်လေ”

“မွေးစားအဖေ ခဏလေး” ရှီမာယူယူသည် ရေကူးသွားလိုက်သည်။ လက်တစ်ဖက်တွင် ၁၁လေးကို ဖက်ထားပြီး နောက်တစ်ဖက်တွင် ဆေးတစ် ပုလင်းကိုင်ကာ ပြောလိုက်သည်  “အခုမွေးစားအမေက ထိခိုက်ထားတယ် ဒါကို ၂လုံးစားလိုက်ပါ”

ဝူလာမိုင်သည် ကျောက်စိမ်းပုလင်းကိုယူပြီး ဆေးနှစ်လုံးထုတ်ကာ ရွှမ်ရှင်းမန်ကို တိုက်ပြီး သူမကို ရေအောက်ခြေသို့ခေါ်သွားကာ နားခိုင်းလိုက် သည်။

ဝူလာလုနှင့် တခြားသူများသည် ပျံလာကာ ရှီမာယူယူနှင့် ၁၁လေးကို ပျော်ရွှင်စွာ ဝန်းရံလိုက်ကြသည်။

“မကြာခင်ကို ငါတို့ဒဏ္ဍာရီလာနဂါးညီလေး ရတော့မယ် ဒါက စည်းဖောက်တာပဲ” ဝူလာရှုံသည် လက်ဆန့်ထုတ်ကာ ၁၁လေးကို စနောက် လေသည်။ သို့သော် ဓာတ်လိုက်သွားသလို သူ့လက်ချောင်းများသည် အနည်းငယ်နာကျင်သွားလေသည်။

“အာ… ဒီကောင်လေး ဘယ်လိုလုပ် မင်းရဲ့အစ်ကိုကြီးကို ဓာတ်လိုက် အောင်လုပ်ရတာလဲ” သူသည် လက်ချောင်းများကို လှုပ်ရမ်းရင်း အော်လိုက် သည်။

“လျှပ်စီးလား ငါတို့မှာ ဘယ်တုန်းက လျှပ်စီးအရည်အချင်းရှိလိုက်တာ လဲ” ဝူလာလီ မေးလိုက်သည်။

ထိုအခါမှပင် သူတို့သည် အသိစိတ်ပြန်ဝင်လာသည်။ အခု ၁၁လေး သည် လျှပ်စီးကိုသုံးကာ ဝူလာရှုံကိုတိုက်ခိုက်ခဲ့သည်။

ခရမ်းရောင်ရေနဂါးမျိုးနွယ်သည် ထူးခြားသည့်မျိုးနွယ်ဟု သတ်မှတ်၍ ရသည်။ အကြောင်းမှာ သူတို့အရည်အချင်းများသည် အနည်းငယ်ရှုပ်ထွေး သည်။ မည်သည့်အရည်အချင်းမရဆိုရှိနိုင်ကြသည်။ သို့သော် ထိုအရာများမှာ အခြေခံအရည်အချင်းဖြစ်ပြီး အထူးခြားဆုံးမှာ ရေခဲအရည်အချင်းဖြစ်သည်။ ထိုအရာထဲတွင် လျှပ်စီး၊ လေနှင့် အလင်းအရည်အချင်းများ မပါဝင်ပေ။

၁၁လေးမှာ ဘယ်လိုလုပ် လျှပ်စီးအရည်အချင်းရှိရတာလဲ။

၁၁လေးသည် သူ့အစ်ကို၏ အံ့အားသင့်မှုကိုခံစားမိပြီး ဖြည်းညင်းစွာ လှုပ်ကာ ရှီမာယူယူ၏ ရင်ခွင်ထဲသို့ဝင်ကာ ပြီးခဲ့သည့်တစ်ခေါက်ကကဲ့သို့ပင် တွယ်တာမှုနှင့် နှစ်သက်မှုကို ပြသလေသည်။

“ညီ၁၀မှာက လျှပ်စီးအရည်အချင်းရှိတယ်မလား ညီ၁၀က သူ့ကိုပေး လိုက်တာဖြစ်နိုင်လား” ဝူလာအာ ပြောလေသည်။

ရှီမာယူယူ တွေးကြည့်ပြီး ပြောလိုက်သည် “ဖြစ်နိုင်တယ် ကျွန်တော် သူ့ ကို ဝိညာဉ်စွမ်းအင်ကျွေးခဲ့တယ်လေ၊ ကျွန်တော့်မှာ အရည်အချင်းအမျိုး အစားအကုန်ရှိတော့ သူက လျှပ်စီးအရည်အချင်းစုပ်ယူလိုက်တာဖြစ်နိုင် တယ်”

“သူ့မှာ တခြားအရည်အချင်းရှိသေးလား” ဝူလာရှုံသည် သိချင်စိတ်ဖြင့် မေးလိုက်သည် “၁၁လေး မင်းဘာသိသေးလဲ ငါတို့ကို တစ်ခုခုပြပါဦး”

၁၁လေးသည် သူ့ကို မောက်မာစွာပင် လျစ်လျူရှုလေသည်။

“၁၁လေး ငါက မင်းရဲ့အစ်မကြီးရှောင်ချီပဲ နောက်ကို မင်းဒဏ္ဍာရီလာ နဂါးဖြစ်လာရင်လည်း ငါ့ကိုအစ်မကြီးလို့ခေါ်ရမယ်နော် ဟုတ်ပြီလား” ရှောင်ချီသည် လက်များဆန့်တန်းပြီး ၁၁လေးကို ပွတ်သပ်ရင်း ပါးမို့များတက် အောင် ပြုံးရင်းပြောလေသည်။

သူတို့သည် ၁၁လေး ရှောင်ချီကို လျှပ်စီးအောင်လုပ်မည်ဟု ထင်ထား သော်လည်း ၁၁လေးသည် သူမ လက်ချောင်းများထိပ်သို့ ဖြည်းညင်းစွာ ရွေ့ သွားလေသည်။

“မဖြစ်နိုင်ဘူး အဲလောက်ကွာခြားချက်ကြီးရသလား ငါက မင်းရဲ့ အစ်ကို အရင်းပါ” ဝူလာရှုံ အော်လေသည်။

ရှီမာယူယူနဲ့ ရင်းနှီးတာထားတော့… အခု ရှောင်ချီ့ကိုတောင် သူ့ထက် ပိုကောင်းအောင် ဆက်ဆံနေတာ.. ရိုက်ချက်ကြီးလိုက်တာ…

“ဟီးဟီး…” ရှီမာယူယူသည် ရယ်မောပြီး ရှင်းပြလေသည် “၁၁လေးကို ခေါ်ထုတ်တုန်းက ရှောင်ချီရဲ့ အဆီအနှစ်နည်းနည်းသုံးခဲ့တယ် သူက ရှောင်ချီ ရဲ့အနံ့ကိုရင်းနှီးနေလို့ ကပ်သွားတာ”

“ဟီးဟီး အဲလောက်အကျိုးရှိမယ်လို့ မထင်ထားဘူး” ရှောင်ချီရယ်မော လိုက်သည်။ ထိုအချိန်က သူမ နာကျင်ခဲ့သည်။ အခုသူမ ကြည့်မှပင် ထိုနာကျင်မှုသည် ဒဏ္ဍာရီလာနဂါးသခင်၏ နှစ်သက်ခြင်းကိုခံရသည်။ တန်ပါတယ်…

“ဟားဟား” ဝူလာရှုံသည် မပျော်ရွှင်တော့ပေ။ သူသည် ၁၁လေးကို ပွတ်သပ်ချင်သော်လည်း မီလီမီတာအနည်းငယ်အကွာရောက်သောအခါ ဓာတ်လိုက်မည်စိုးသောကြောင့် ရပ်သွားလေသည်။

သူသည် လက်များကိုပြန်မရုတ်သဖြင့် ရှောင်ချီသည် တိုးပေးလိုက်ရာ ဥအခွံသည် သူ့လက်ချောင်းများနှင့် ကပ်သွားလေသည်။

“အာ..ဟင်”

ဒီတစ်ကြိမ်တွင် ၁၁လေးသည် သူ့ကိုလျှပ်စီးအောင်မလုပ်ပေ။

“ဟီးဟီး…” သူသည် ရှီမာယူယူရင်ခွင်ထဲမှ ၁၁လေးကို ပွေ့ပိုက်လိုက် သည်။ ဒီကောင်လေးက တကယ်ပဲသူ့ကို လျှပ်စီးအောင်မလုပ်ဘူးပဲ။

“ဘယ်လိုဟာလေးလဲ” ၁၁လေးသည် ဝိညာဉ်စွမ်းအင်ထုတ်လိုက် သည်။ သည်တစ်ကြိမ်တွင် သူဘာစဉ်းစားနေသည်ကို အားလုံးသိကြသည်။

“အာ…” ဝူလာရှုံသည် မှင်တက်သွားသည်။ ၁၁လေးသည် ရှီမာယူယူ၏ ရင်ခွင်ထဲသို့ ထပ်မံပျံသွားလေသည်။

“ပင်ပန်းနေပြီ” ၁၁လေးတွေးလိုက်သည်။

“ပင်ပန်းရင် အနားယူလေ” ရှီမာယူယူသည် သစ်သားပုံးထုတ်ကာ ရေ ဖြည့်ကာ ဝိညာဉ်အရည်အစက်ချလိုက်ပြီးနောက်တွင် ၁၁လေးကို ထည့်လိုက် လေသည်။

ဝိညာဉ်အရည်၏ ထောက်ပံ့မှုဖြင့် ၁၁လေးသည် သက်တောင့်သက်သာ ခံစားရလေသည်။ သွေးသားနိုးထခြင်းကြောင့်ဖြစ်လာသော ပင်ပန်းမှုသည် သက်တောင့်သက်သာဖြစ်သော ပတ်ဝန်းကျင်နှင့်တွေ့သောအခါ မလှုပ်မယှက်ပင် ရေပေါ်ပေါ်နေလေသည်။

ရှီမာယူယူသည် သစ်သားပုံးကိုရေထဲချလိုက်ရာ သစ်သားပုံးသည် ပေါ်လောပေါ်နေသည်။ သူမ ထပြီးအားလုံးကိုပြောလိုက်သည် “ဒီကထွက်ရ အောင်”

သူမသည် လောကအသေးတံခါးဖွင့်လိုက်ရာ လူတစ်စုသည် ခြေချ သည်နှင့် ကန္တာရဆီသို့ ပြန်ရောက်လေသည်။

ရှီမာယူယူ ထွက်လိုက်သည်နှင့် နီရဲပျားများဆီမှသတင်းရလေသည်။ သူမ သတင်းကြားပြီးသည်နှင့် မျက်ခုံးများပင့်တက်သွား၏ ။

“ယူယူ ဘာဖြစ်လို့လဲ” ရှောင်ချီသည် သူမ လက်ကိုကိုင်ထားရင်း မေး လိုက်သည်။

“ငါတို့ထွက်သွားတော့ တစ်ယောက်ယောက်လာခဲ့တယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“ဒီလောက်လူအများကြီးလာကြတာ ဒီနားမှာ လူမရှိတာမှ ပုံမှန်မဟုတ် ဘူးလား” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။

“ကျွန်တော်တို့်နဲ့အတူ လူရှိနေတာက ပုံမှန်မဟုတ်တာမဟုတ်ဘူး သူတို့ ကကျွန်တော်တို့ကို ရှာနေတာဆိုရင်တော့ မတူတော့ဘူး” ရှီမာယူယူ ပြော လိုက်သည်။

မုန့်ဆန်းချွယ်သည် သူမ ဆိုလိုသည်ကို ပါးနပ်စွာ အာရုံခံမိကာ မေး လိုက်သည် “အဲလူတွေက ဘယ်သူတွေလဲ”

“ကျွန်တော်လည်း မသိဘူး” ရှီမာယူယူ ဆက်ပြောလိုက်သည် “သူတို့မှာ အားမြင့်တဲ့လူတွေများတယ်၊ သာမန်လူသာဆိုရင် အကုန်လုံးကို သတ်ပစ်နိုင်လောက်တယ်”

“သတ်မယ်ဟုတ်လား အဲလူတွေက လူသတ်ဖို့ဒီကိုလာတာလား” ရှောင်ချီ မေးလိုက်သည်။

“အဲလူတွေက ဘယ်သူတွေလဲ ထာဝရရှင်သန်သူနယ်မြေကိုလာပြီး အခွင့်အရေးရှာတဲ့အစား လူသတ်ဖို့လာတာပေါ့” ဝူလာလီ ပြောလိုက်သည်။

“သူတို့က အတွင်းဒေသက မကြာခင်က လှုပ်ရှားခဲ့တဲ့လူတွေထင်တာပဲ”

ရှီမာယူယူ၏ စကားကြောင့် အားလုံးသည် တိမ်ပင်လယ်မြို့မှ အဖြစ်အပျက်ကို သတိရသွားကြသည်။

“ဟင်း အဲလူတွေ ရှောင်ချီတို့နဲ့မတွေ့တာကောင်းမယ် မဟုတ်ရင် အကျိုးအမြတ်ရအောင် ကြိုးစားတာထက် ပိုဆိုးတောင်အဆုံးသတ်ပေးမယ် ရှောင်ချီတို့ကို မသတ်ခင် အဲလူတွေကို အရင်သတ်ပစ်မယ်” ရှောင်ချီသည် အင်္ကျိလက်ကိုမ,တင်လိုက်သည်။ သူမကို စိုက်ကြည့်နေသော ရှီမာယူယူ၏ အကြည့်ကိုမြင်သောအခါ ရှောင်ချီသည် အင်္ကျိလက်ကို ပြန်ချလေသည်။

“သူတို့သွားလိုက်ပြီဆိုတော့ ဂရုစိုက်စရာမလိုပါဘူး အခုတော့ အခွင့်အရေးရှာဖို့ကအရေးကြီးတယ်” မုန့်ဆန်းချွယ် ပြောလိုက်သည်။

***

All Chapters