← Chapters

ခွဲခွာခြင်း

Vol. 011 Ch. 1073

ခွဲခွာခြင်း

Vol. 011 Ch. 1073

ထိုနေရာတွင်ရှိနေသောလူများသည် ပထမအကြိမ်ဝင်လာဖူးခြင်းဖြစ် သည်။ ထို့ကြောင့် မည်ကဲ့သို့ အံ့အားသင့်ဖွယ်များရှိနေသည်မှာ မသိသဖြင့် ရှီမာယူယူသည် သွားရန်အလျင်မလိုပေ။ သူမသည် ထွက်သွားရန် မစဉ်းစား ခင်တွင် ထိုနေရာ၏အခြေအနေကို နားလည်ရန် သူတို့်နှင့်အတူလိုက်ခဲ့သည်။

“ယူယူ ဒီမှာလူတွေအရမ်းများတယ် တစ်ခုခုရှာတွေ့ရင်တောင် ခွဲဖို့ လောက်မှာမဟုတ်ဘူး ကျုပ်တို့ကိုယ့်ဘာသာပဲသွားတာ့မယ်” မုန့်ဆန်းချွယ် သည် ရှီမာယူယူကို အသည်းကွဲတောင်ကြား၏ ခေါင်းဆောင်တစ်ဦးကဲ့သို့ သတ်မှတ်ကာ ပြောလေသည်။

ရှီမာယူယူသည် သူဆိုလိုသည်ကို နားလည်သဖြင့် ပြောလိုက်သည် “ဒါဆိုရင် ဆရာဂရုစိုက်ပါ ဒါကိုလည်းယူသွားပါ”

သူမ သူ့ကို သေတ္တာတစ်လုံးပေးလိုက်သည်။

“ဒါဘာလဲ” မုန့်ဆန်းချွယ်သည် သေတ္တာကိုယူပြီး ပြောလိုက်သည်။

“ဖြတ်လမ်းတည်ဆောက်မှုအသစ်ပါ” ရှီမာယူယူ ပြောလိုက်သည် “တစ်ခုခုနဲ့တွေ့လို့ ကျွန်တော်တို့က လာကယ်ရမယ့်ကိစ္စဆိုရင် ဒီဖြတ်လမ်း တည်ဆောက်မှုကို အသက်သွင်းလိုက်ပါ ကျွန်တော်တို့်အမြန်လာပါ့မယ်”

“မင်းရဲ့ ဖြတ်လမ်းတည်ဆောက်မှုက ငါတို့ထွက်ပြေးဖို့အတွက်မဟုတ် ဘူးလား” မုန့်ဆန်းချွယ်သည် သေတ္တာအားဖွင့်ကြည့်ရာ အထဲတွင် သာမန် တည်ဆောက်မှုကျောက်တုံးများရှိနေသည်ကို တွေ့လိုက်ရသည်။

“သာမန်ဖြတ်လမ်းတည်ဆောက်မှုက အကန့်အသက်ရှိပါတယ် ပြီးတော့ လေဟာပြင်ချိပ်ပိတ်တာနဲ့တွေ့ရင် သုံးလို့ရမှာမဟုတ်ဘူး၊ ဒီ ဖြတ်လမ်းကျောက်တုံးက ကျွန်တော့်မှာရှိနေတဲ့ ဖြတ်လမ်းကျောက်တုံးကို လှုပ်နှိုးလိမ့််မယ် ပြီးရင်ဆရာတို့ရှိတဲ့နေရာကို ပို့ပေးလိမ့်မယ်” ရှီမာယူယူ ပြော လိုက်သည် “သာမန်တည်ဆောက်မှုဆိုရင် ဂိုဏ်းမှာများနေမှာပဲလေ ကျွန်တော်က ဘာလို့ဆရာ့ကိုပေးနေဦးမှာလဲ”

“မင်းမှာ ကိုယ်ပိုင်ဖန်တီးထားတဲ့ပစ္စည်းတွေများတာပဲ” မုန့်ဆန်းချွယ် သည် သိမ်းရင်းနှင့်အားရပါးရပြုံးလေသည် “ဝေကြီးနဲ့ တခြားသူတွေလည်း ဒီကိုရောက်နေတာသိတယ် မင်းသတိထားသင့်တယ်”

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ တံခါးပြောင်းလဲခြင်းတစ်ရာမှလူ များလည်း သည်နေရာသို့လာကြသည်။ သူမသည် ပိုပြီးအာရုံစိုက်ထားရမည်။

“ဒါပေမဲ့ ဒီမှာမင်းလူတွေအများကြီးရှိနေတာပဲ အရေအတွက်များမှာကို စိုးရိမ်နေဖို့မလိုပါဘူး” မုန့်ဆန်းချွယ် ပြောလိုက်သည် “သူတို့ရဲ့ ဖြတ်လမ်း တည်ဆောက်မှုကို သုံးမှာကိုပဲ သတိထားရမယ်”

“ကျွန်တော်သိပါတယ် ဆရာတို့လည်းဂရုစိုက်ကြပါ” ရှီမာယူယူ ပြော လိုက်သည်။

“ကျွန်မက ဂျူနီယာမောင်လေးနောက်လိုက်မယ်” ဟန့်မြောင်ရွှမ် ပြော လုကိသည်။

မုန့်ဆန်းချွယ်သည် စူးရှောင်ရှောင်ကိုကြည့်လိုက်သည်။ သူသည်လည်း ရှီမာယူယူနှင့်အတူလိုက်မည်ဟု သဘောနှင့် ခေါင်းညိတ်လေသည်။

“မြောင်ရွှမ် ဟန်မျိုးနွယ်ဝင်တွေကိုသတိထားပါ သူတို့လည်းဒီမှာရှိနေမှာ ပဲ မင်းတို့တစ်ခုခုဖြစ်သွားရင် လောင်ရှုံက ငါ့ကိုခက်ခဲအောင်လုပ်လိမ့်မယ်” ထိုသို့ပြောရင်းနှင့် မုန့်ဆန်းချွယ်သည် သူတို့ကို တောင်းဆိုရင်းနှင့် သဘော တူခဲ့သည်။

“သိပါပြီ” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။

“ဒါဆိုလည်း ကောင်းပြီလေ”

မုန့်ဆန်းချွယ်သည် ဂိုဏ်းမှလူများကို ဦးဆောင်ကာထွက်သွားလေ သည်။ အံ့ဖွယ်နတ်ဆိုးတောင်ကြားသည်လည်း လမ်းခွဲချင်ကြသည်။

ရှီမာယူယူသည် ရင်ဘိုင်ချွန်းကိုလည်း သေတ္တာတစ်လုံးပေးလိုက်သည်။

“အန္တရာယ်တစ်ခုခုတွေ့ရင် ကျွန်တော့်ကို ဆက်သွယ်ရမယ်နော်” ရှီမာယူယူ ပြောလိုက်သည်။

“ပြောပါမယ်” ရင်ဘိုင်ချွန်းသည် ပစ္စည်းကိုသိမ်းလိုက်သည်။ ဒီတစ်ကြိမ် တွင် ခေါင်းဆောင်လုပ်ရသဖြင့် သူသည် တောင်ကြားတပည့်များ၏ အသက် နှင့် အလောင်းအစားမလုပ်ရဲပေ။

“အဖေ အမေနဲ့ ၁၁လေးကို မင်းဂရုစိုက်ရမယ်နော်” ဝူလာလီသည် လျှောက်လာရင်း ပြောလိုက်သည်။

“အစ်ကိုတို့လည်း သွားကြတော့မလို့လား”

“အဖေ အမေတို့က မင်းနဲ့ရှိနေတာဆိုတော့ ငါတို့စိတ်ချပါတယ် အကုန် လုံးဝင်လာမှတော့ ငါတို့ကံကြမ္မာကိုရှာရမှာ သဘာဝပဲလေ” ဝူလာလီ ပြော လိုက်သည်။

“ကျွန်တော် ဒါတွေအများကြီးပြင်ထားလိုက်လို့ ကောင်းသွားတယ်” ရှီမာယူယူသည် တူညီသော သေတ္တာထုတ်ကာ ဝူလာလီကို ပေးလိုက်သည်။

ဝူလာလီသည် သေတ္တာကိုသိမ်းပြီးနောက် ခရမ်းရောင်ရေနဂါးမျိုးနွယ်မှ လူများကို ဦးဆောင်ပြီးထွက်သွားလေသည်။

ထိုအခိုက်အတန့်တွင် အသည်းကွဲတောင်ကြားမှလူများသာ ကျန်ခဲ့လေ သည်။

ဖူယိသည် ရှီမာယူယူရှေ့တွင် ဒူးထောက်ကာ ပြောလေသည် “တောင်ကြားခေါင်းဆောင် ဒုတောင်ကြားခေါင်းဆောင် ကျွန်တော်ဖူယိက ကျန်တဲ့ကျွန်တော့်ဘဝတစ်လျှောက်လုံးကို အသည်းကွဲတောင်ကြားရဲ့ တစ်စိတ်တစ်ပိုင်ဖြစ်ပါ့မယ်၊ သေသွားရင်တောင် တစ္ဆေအဖြစ်နဲ့ရှိနေပေးပါ မယ်”

ရှီမာယူယူနှင့် တခြားသူများ ခိုင်မာပြတ်သွားစွာဖြင့် သူ့ကို လွှဲပြောင်း ပေးရန် ငြင်းဆန်ခဲ့ခြင်းကြောင့်သာမဟုတ်လျှင် အခုချိန်တွင် သူအသက်ရှင် နေမည်မဟုတ်ပေ။

အစောပိုင်းက သူတို့ရန်သူများလက်ထဲသို့ သူတို့ကိုမထည့်ပါဘူးဟု ရှီမာယူယူ ကတိပေးထားခဲ့သော်လည်း သူတို့သည် အမြဲတမ်း မသေမချာဖြစ် ခဲ့ကြသည်။ သူတို့သည်နေရာသို့လာစဉ်ကလည်း အားလုံးသည် အနည်းငယ် သဘောထားကွဲလွဲခဲ့သည်။ သူတို့၏ ရန်သူများနှင့်တွေ့လျှင် အသည်းကွဲ တောင်ကြားသည် သူတို့ကို လက်လွှဲပေးလိုက်မည်ကို စိုးရိမ်နေခဲ့ကြသည်။

ဒီတစ်ကြိမ်တွင်တော့ ဖူယိကိစ္စသည် အရာအားလုံးကို ရှင်းလင်းစွာ မြင် ခဲ့ရလေပြီ။ အသည်းကွဲတောင်ကြားသည် သူတို့ဘယ်တစ်ဦးတစ်ယောက်ကို မှ စွန့်ပစ်မည်မဟုတ်ပေ။

သူတို့၏ နှလုံးသားများတွင် အလိုအလျောက်ပင် ထူထဲသော လှိုင်း ဂယက်များထသွားသည်။ အသည်းကွဲတောင်ကြားသည် သူတို့၏ အိမ်အသစ် ဖြစ်လိမ့်မည်။

“ထပါ” ရှီမန်ဖန်သည် ရှေ့တစ်လှမ်းတိုးကာ သူ့ကို ထူလေသည် “မင်း နဲ့ တခြားသူတွေကိုပြောခဲ့သလိုပဲ မင်းက အသည်းကွဲတောင်ကြားရဲ့ တပည့် ဖြစ်တယ်… မင်းတို့အားလုံးကို စွန့်ပစ်မှာမဟုတ်ဘူး”

“အခုချိန်ကစပြီး အသည်းကွဲတောင်ကြားက ကျွန်တော်တို့ အိမ်ပဲ” တခြားသော တပည့်များသည် ခိုင်မာစွာ အော်ကြလေသည်။

“ဟုတ်တယ် အခုကစပြီး အသည်းကွဲတောင်ကြားက ကျွန်တော်တို့ အိမ်ပဲ” တခြားသောတပည့်များလည်း သဘောတူညီစွာဖြင့် အော်လေသည်။

“ကောင်းတယ် အခုကစပြီး ငါတို့ကမိသားစုတွေပဲ” ရှီမန်ဖန်သည် သူတို့ ၏ ကြေညာချက်ကြောင့် စိတ်လှုပ်ရှားသွားသည်။ သူ ထိုကဲ့သို့ ထိမိသော စကားများကို ပြောခဲသည်။

သူခံစားနေရပုံကို ရှီမာယူယူ မြင်သောအခါ သူမ၏ နှုတ်ခမ်းထောင့် တွင် အပြုံးအဖြစ်ကွေးတက်သွားလေသည်။

ဒါက သူမတကယ်မြင်ချင်တဲ့အရာပ။ ဂိုဏ်းတစ်ခုက စည်းလုံးညီညွှတ် ဖို့လိုတယ်လေ.. အဲဒါမှ တိုးတက်ကြီးပွားနိုင်မယ်လေ…

ဟန့်မြောင်ရွှမ်သည် ရှီမာယူယူကို ဘေးသို့တွန်းပြီး ပြောလိုက်သည် “အဲလူတွေကို မင်းဘာလုပ်လိုက်လဲ”

“ဘာမှမလုပ်ဘူးလေ ဘာလို့လဲ” ရှီမာယူယူ ရှုပ်ထွေးသွားသည်။

“အဲလူတွေက သွေးမိစ္ဆာမြို့တော်ကပဲ အဲနေရာကလူတွေအကြောင်း ပြောတုန်းက သတိထားပြီးရင်း သတိထားတတ်ကြတယ် အခုဒီလို အလျှော့ ပေးပြီး နာခံတတ်အောင် ဘယ်လိုလုပ်လိုက်တာလဲ” ဟန့်မြောင်ရွှမ် မေးလေ သည်။

ရှီမာယူယူ ပြုံးပြီး ပြောလိုက်သည် “မုန်လာဥနီနဲ့ တုတ်နဲ့က ကပ်နေတာ ပဲလေ” (T/N: အဲဒါက အလုပ်ခွင်မှာ ဝန်ထမ်းတွေကို motivation ရအောင် လို့ ဆုပေးတဲ့အခါမှာပြောတဲ့စကားပါတဲ့)

“မုန်လာဥနီနဲ့ တုတ်ဆိုတာက ဘာကိုပြောတာလလဲ” ဟန့်မြောင်ရွှမ် သည် ထိုစကားကို တစ်ခါမှမကြားဖူးပေ။

“ယူယူ ရှောင်ချီ့ရဲ့ မုန်လာဥနီတွေ့မိသေးလား” ရှောင်ချီသည် ယူယူ မုန်လာဥနီဟုပြောသည်ကို ကြားသည်နှင့် ပြေးလာလေသည်။

“မတွေ့ပါဘူး ငါတို့က မင်းရဲ့မုန်လာဥနီအကြောင်းပြောနေတာမဟုတ် ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ဒါဆိုဘာလဲ” ဟန့်မြောင်ရွှမ် မေးလိုက်သည်။

“ကျွန်တော်ပြောတဲ့ မုန်လာဥနီက အကျိုးအမြတ်ပေးတာပါ” ရှီမာယူယူ ရှင်းပြလေသည် “တုတ်ဆိုတာက သူတို့ကိုဖိအားပေးတာကိုပြောတာ၊ ကျွန်တော်တို့ ပေါ်ပေါ်ထင်ထင် ဓားမထုတ်ပေမယ့် သွေးမိစ္ဆာမြို့တော်မှာထား ခဲ့တဲ့ ထင်မြင်ချက်ကတော့ မသေးဘူး ကျွန်တော်တို့်ရာထူးနဲ့ တခြားဟာတွေ ပေါင်းလိုက်ရင် ကျွန်တော်တို့ကိုတော့ ကြောက်ကြမှာပဲ”

“မုန်လာဥနီနဲ့ တုန်… ပြောရတာလွယ်ပေမယ့် လုပ်ရတာမလွယ်ဘူး” စူးရှောင်ရှောင် ပြောလိုက်သည်။

“ဟုတ်တယ် နောက်တစ်လှမ်းဆုတ်နိုင်ဖို့အတွက် အားလိုသေးတယ်” ဟန့်မြောင်ရွှမ် သံယောင်လိုက်လေသည်။

ရှီမန်ဖန်သည် အားလုံးကို ငြိမ်သက်အောင်လုပ်ပြီး ရှီမာယူယူဆီသို့ လာပြီး ပြောလေသည် “ငါတို့လည်း ဒီနေရာကနေ ထွက်သွားသင့်ပြီ”

“အင်း ငါတို့ ကိုယ်လုပ်စရာရှိတာလုပ်ဖို့ သွားသင့်ပြီ နောက်ဘာဖြစ်မယ် ဆိုတာက စိတ်ဝင်စားဖို့အကောင်းဆုံးပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ဘာဖြစ်လို့လဲ” ဟန့်မြောင်ရွှမ်သည် ရှီမာယူယူအား စိုက်ကြည့်လိုက် သည်  “မင်း ငါတို့မပါဘဲနဲ့ တခြားတစ်ခုခုများလုပ်ခဲ့တာလား”

“စီနီယာတို့က ဂိုဏ်းမှာရှိနေကြလို့ ဒါကအရေးတကြီးလုပ်လိုက်ရလို့” ရှီမာယူယူ ပြောလိုက်သည်။

“ဒါဆိုရင် ဘာလုပ်ခဲ့တာလဲ”

ရှီမာယူယူသည် အနောက်တောင်တန်းတွင် ကျုံကျန်းမျိုးနွယ်နှင့် ရင်ယန်နန်းတော်တို့ ဖြစ်ပျက်ခဲ့သည်များကို ပြောပြလေသည်။ သူတို့ကို ပြော ပြပြီးနောက်တွင် ဟန့်မြောင်ရွှမ်သည် သူမလက်ကို စိတ်အားထက်သန်စွာ ဆုပ်ကိုင်ပြီး ပြောလေသည် “ရှောင်ရှောင် ငါဆုံးဖြတ်ပြီးသွားပြီ ဆရာပြန် မလာခင်ကို ငါတို့ဒီကောင်စုတ်လေးနောက်လိုက်ကြမယ်၊ ငါတို့ ခဏလောက် အာရုံမထားလိုကတာနဲ့ ဒီလောက်စိတ်ဝင်စားစရာကောင်းတာဖြစ်ပျက်သွား ပြီ”

“စီနီယာလုပ်ချင်ရင် လုပ်ပါဗျာ” စူးရှောင်ရှောင်ပြောလိုက်သည်။

“မင်းကမလုပ်ချင်ဘူးလား”

ရှီမာယူယူသည် သူမဆုပ်ကိုင်ထားသည့်လက်ကို ပြန်ဆွဲကာ ပြော လိုက်သည် “ကောင်းပြီ လိုက်ချင်ရင် လိုက်ခဲ့ကြပါ”

“ဒါဆိုရင် အဲလူတွေဘယ်လိုနေလဲဆိုတာ သွားကြည့်ကြမယ်” ဟန့်မြောင်ရွှမ်သည် ရှီမာယူယူလုပ်မည့်အရာကို တွေးကာ မျက်လုံးများ တောက်ပနေသည်။

“သူတို့နေရာမှာလဲဆိုတာ ကြည့်လိုက်ဦးမယ်” ရှီမာယူယူသည် ပြောပြီး သည်နှင့် စာရွက်တစ်ရွက်ထုတ်လိုက်သည်။ သူမသည် ဝိညာဉ်စွမ်းအင်ထည့် လိုက်ပြီးနောက် လေပေါ်သို့ပစ်လိုက်သည်။ အနီရောင်အစက်များသည် ချက်ချင်းပင်ပေါ်လာလေသည်။

အစောပိုင်းက အနက်ရောင်ဝတ်ရုံလူအနည်းငယ်သာ ထိုပစ္စည်းကိုမြင် လျှင် သူတို့ခေါင်းဆောင်သုံးသည့် ကျောက်စိမ်းနှင့်ဆင်တူသည်ကို သတိ ထားမိပေမည်။

***

All Chapters