ရှီမန်ဖန်အား စနောက်ခြင်း
Vol. 011 Ch. 1074
“သူတို့ဘယ်နေရာမှာလဲဆိုတာ သိနိုင်လား” ဟန့်မြောင်ရွှမ်သည် အပြေးလာပြီး မေးလေသည်။ ရှီမာယူယူသည် အနီရောင်အစက်များကို ကြည့်ပြီး ပြောလိုက်သည် “သူတို့ဒီမှာမရှိဘူး”
“ဒီမှာမရှိဘူးလား ဒါပေမဲ့ ဒီမှာအနီစက်တွေရှိတယ်မဟုတ်ဘူးလား” ရှောင်ချီ မေးလေသည်။
“သူတို့က အပြာရောင်ဖြစ်ရမှာ အနီစက်တွေက သူတို့ကို ကိုယ်စားမပြု ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“သူတို့အရမ်းဝေးနေတာကြောင့်ဖြစ်မယ်၊ အဲဒါကြောင့်ပေါ်မလာတာ” ဝူလင်းယူ ပြောလိုက်သည်။
ရှီမာယူယူ သက်ပြင်းချလိုက်သည်။ သူမ လက်ဝေ့ပြီး စာရွက်ကိုသိမ်း ရင်း ပြောလေသည် “ဒါဆိုရင် အခုတော့ သူတို့ကိုသွားရှာရမှာပဲ သွားရင်းနဲ့ အခွင့်အရေးများရှာလို့ရမလားလို့ ကြည့်ရမယ်”
“ဒါဆိုရင် ဘယ်ဘက်ကိုဦးတည်ရမှာလဲ လမ်းမှားရောက်သွားရင် သူတို့ နဲ့ပိုဝေးမသွားဘူးလား”
သူတို့ မည်သည့်နေရာတွင်ရှိနေသည်ကို ရှီမာယူယူလည်း မသိပေ။ ထို့ကြောင့် သူမသည် ဝူလင်းယူအား မေးခွန်းထုတ်သလိုနှင့်ကြည့်လိုက် သည်။
“မျောက်ဝံအိုကြီး” ဝူလင်းယူသည် မျောက်ဝံအိုကြီးကို ကြည့်လိုက် သည်။
မျောက်ဝံအိုကြီးသည် မျက်လုံးမှိတ်ကာ သူ့ပတ်ဝန်းကျင်ကို အာရုံခံပြီး ခဏအကြာတွင် တိကျသော ဦးတည်ဘက်သို့ ညွှန်ပြကာ ပြောလေသည် “ဒီကနေ တုန့်ပြန်မှုနည်းနည်းရတယ်”
ကျုံကျန်းမျိုးနွယ်နှင့် ရင်ယန်နန်းတော်မှလူများသည် မျောက်ဝံအိုကြီး၏ သွေးကိုအသုံးပြုထားသည်။ ထို့ကြောင့် သူသည် သူတို့ကို အာရုံခံနိုင်လေ သည်။
“ဒါဆိုရင် အဲဒီကိုသွားကြမယ်” ရှီမာယူယူသည် ရှီမန်ဖန်ကိုပြောလိုက် သည်။
ရှီမန်ဖန်သည် ခေါင်းညိတ်ပြီးနောက် အသည်းကွဲတောင်ကြားမှလူများ ကို ညွှန်ကြားလိုက်သည် “အဲဘက်ကိုဦးတည်မယ်”
စာသိမ်းငှက်မျိုးနွယ် အတောင်ပံလေးခုဂဠုန်နှင့် ဗျိုင်းမျိုးနွယ်ဝင်များ သည် ဒီတစ်ကြိမ်တွင် သားရဲပျံအနေနှင့်လိုက်လာကြသည်။ သာမန်အချိန်ဆို ပါက သူတို့သည် လူသားများကို သူတို့ကျောပေါ်တွင် သယ်ရန်သဘောတူ မည်မဟုတ်ပေ။ သို့သော် သူတို့သည် ဂိုဏ်းဝင်များဖြစ်ကြသဖြင့် အငြင်းပွား စရာမရှိပေ။
သူတို့သည် အရှေ့တောင်ဘက်သို့ပျံသန်းသွားသည်။ သို့သော် ဂဠုန် များသည် တစ်ရက်တွင် မီတာသောင်းချီပျံသန်းရာ ရက်အနည်းငယ်ကြာသွား သော်လည်း လူတစ်ဦးတစ်ယောက်မှမတွေ့ရပေ။
“ဒီအံ့သြလောက်စရာကောင်းတဲ့နယ်မြေကြီးကကြီးတယ် ဒီလောက် ကြာအောင်လာတာတောင် လူတစ်ယောက်မှမတွေ့ဘူး” ရှောင်ချီသည် ရှီမာယူယူဘေးတွင် တင်ပြင်ခွေထိုင်ပြီး လက်ထောက်ကာ မေးတင်ထားလေ သည်။
ရှီမာယူယူသည် အစောကစာရွက်ပေါ်တွင် အနီစက်များပေါ်လာ သည်ကို မြင်ပြီးပြောလိုက်သည် “ငါတို့က တခြားသူတွေနဲ့အရမ်းဝေးနေတာ ငါတို့က မတူတဲ့မီးတောင်ပေါက်ဝကထွက်လာလို့ဖြစ်မယ်”
တခြားသူများသည် ငွေရောင်အလင်းတန်းမှဆင်းလိုက်ချိန်တွင် မတူညီ သော ဖြတ်လမ်းတည်ဆောက်မှုဆီသို့ ခေါ်သွားခံရသည်။ ထိုအကြောင်း ကြောင့်ပင် သူတို့သည် တခြားသူများနှင့် ဝေးကွာနေခြင်းဖြစ်မည်။
“အဲလိုထင်တယ် အဲတုန်းက ငါတို့က ဘာမှမရှိတဲ့ နယ်မြေကြီးမှာ ရောက်နေတာ အနီစက်တွေပြည့်နေတဲ့ တခြားနေရာတွေနဲ့မတူဘူး” ရှီမန်ဖန် ပြောလေသည်။
“အဲလိုနေရာတွေက သေချာပေါက် သတ်ဖြတ်တာတွေနဲ့ပြည့်နေမှာပဲ အဲအဖွဲ့တွေကနေ ဝေးနေတာက ငါတို့အတွက် အချိန်ပိုပေးလိုက်တာပဲ” ဘိုင်ရှန်းပြောလေသည်။
“တစ်ဖွဲ့နဲ့တစ်ဖွဲ့နီးနီးလေးကျတဲ့သူတွေဆိုရင်… စပြီးတောင် တိုက်ခိုက် နေလလောက်ပြီ” ဖန်ခိုင် သဘောတူလေသည်။
“အခုထွက်လာတဲ့လူတွေက သာမန်လောကအသေးဆိုရင်တောင် ဝင် ချင်လို့သေနေပြီ၊ ဒီလို နတ်ဆိုးလောကနဲ့ တစ္ဆေလောကနဲ့ ဆက်စပ်နေတဲ့ အံ့သြလောက်တဲ့ နယ်မြေမျိုးဆိုပြောမနေနဲ့တော့” ဖန်ခိုင်ပြောလိုက်သည် “လူတွေအများကြီးထပ်သေမှာကိုပဲ စိုးရိမ်မိတယ်”
ရှီမာယူယူသည် ပြီးခဲ့သည့်အချိန်က သတ်ဖြတ်ခြင်းဖြစ်ခဲ့သည့် အဖြစ်အပျက်များကို တွေးမိသည်။ သူမ ကိုယ်တိုင်ကပင် ပညာရှိစံအိမ်တော် နှင့် တိမ်တိုက် ဂူမှလူများကို ချေမှုန်းပစ်ခဲ့သည်။ ရှီမန်ဖန် မျက်ခုံးကိုကြည့်ပြီး သူမသည် သူအရင်ကဖြစ်ခဲ့သော အေးစက်သောအမူအရာကို ပြန်တွေးပြီး စနောက်ချင်လာသည်။ သူမသည် စိတ်ခံစားချက်အပြည့်ဖြင့် ပြောလေသည် “ရှန်ယိနဲ့ တခြားသူတွေ ဘာလုပ်နေလဲမသိဘူး၊ သူတို့သာ သူတို့ရန်သူကို တွေ့ရင် ချောချောမွေ့မွေ့နဲ့ ရှင်သန်နိုင်ပါ့မလားမသိဘူး၊ ဟူး အရင်ကဆိုရင် ငါ့ပျားတွေက လုပ်ကြံသူတွေရှိရင် ငါ့ကိုပြောကြသေးတယ်၊ သူတို့က အားကောင်းတာပဲ သူတို့တွေ့ပြီးပြီလား မတွေ့ရသေးဘူးလားမသိ…”
သူမ ပြောစကားကိုကြားပြီးနောက်တွင် ရှီမန်ဖန်၏ မျက်ခုံးသည် ပို၍ပင် တွန့်သွားလေသည်။
သူမ ဘာမှမဖြစ်ပါစေနဲ့…
“ယူယူ အကျင့်ပုပ်တယ်” ရှောင်ချီသည် ရယ်မောလေသည်။
ထိုအခါမှပင် ရှီမန်ဖန်သည် ကြည့်လိုက်ရာ ရှီမာယူယူ၏ မျက်လုံးထဲမှ စနောက်သည့် အရိပ်အယောင်ကိုတွေ့လေသည်။ ထိုအခါမှပင် သူ့ကို စိုးရိမ် စေရန် ပြောသည်ကို သိသွားလေသည်။
“အစ်မကြီး…” ရှီမန်ဖန်သည် သူမကိုကြည့်လေသည်။ ဒီလိုအချိန်မှာ ဘယ်လိုများ သူ့ကို စနိုင်ရတာလဲ။
ရှီမာယူယူသည် ရှောင်ချီ၏ ခေါင်းလေးကို ခေါက်လိုက်သည်။ သူမကို ရောင်းစားတာ ဒီကောင်မလေး အမှားပဲ။
ရှီမန်ဖန်သည် သူမကို ကတ်သတ်စွာဖြင့် ကြည့်နေဆဲဖြစ်သည်။ သူမ လက်ကိုရမ်းကာ ပြောလိုက်သည် “ကောင်းပြီ မင်းရဲ့ရှန်ယိက အခု လုံလုံခြုံခြုံ ရှိနေတယ်”
“ဘယ်လိုသိတာလဲ”
“သူမမှာ ဟိန်းသံလေးရဲ့ သွေးအဆီအနှစ်ရှိတာ မမေ့နဲ့ မျောက်ဝံအို ကြီးက သူ့သွေးအဆီအနှစ်ကိုအာရုံခံနိုင်ရင် ဟိန်းသံလေးလည်း အာရုံခံနိုင် တယ်လေ” ရှီမာယူယူ ရှင်းပြလေသည် “ဘယ်သူမှ ထိခိုက်တာမရှိလို့ သူ ပြောမှတော့ အစ်ကိုကြီးရှင်းနဲ့ ရှန်ယိတို့ အဆင်ပြေမှာပါ အာ.. အနည်းဆုံး တော့ အသက်ရှင်သေးတယ်လေ”
“…” ရှီမန်ဖန်သည် ပို၍တောင် ထိခိုက်နာကျင်သွားသည်။ သူတို့ အဆင်ပြေတယ်ဆိုတာကို သူမသိရဲ့သားနဲ့တောင် အဲလိုမျိုးတွေပြောပြီး သူ့ ကို တုန်လှုပ်အောင်လုပ်နေတယ်… သူက တကယ်ပဲ သူ့ရဲ့အစ်မအရင်းရော ဟုတ်ရဲ့လား… သူမ ဘယ်တုန်းကဒီလိုဖြစ်သွားတာလဲ…
ရှီမာယူယူသည် သူ့မျက်လုံးမှ စွပ်စွဲခြင်းများကိုမြင်သောအခါ လက်ကို ဆန့်ထုတ်ပြီး သူ့မျက်နှာမှ မျက်နှာဖုံးကို ချွတ်လိုက်သည်။ သူသည် သူ့ပါးပြင် ကို လက်နှစ်ဖက်ဖြင့် ဆိတ်ဆွဲပြီး ပြောလိုက်သည် “လူကဖြင့်ကြီးနေပြီ ဒါလေး ကိုတောင် ဟန်မဆောင်နိုင်ဘူး နည်းနည်းလောက်စ,တာမရဘူးလား အစ်မ ကြီးကို အပြစ်တင်တုန်းလား”
ရှီမန်ဖန်သည် သူမလက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်သည် “အစ်မကြီးက အကျင့်ပုပ်တာကိုး”
“ဘယ်တုန်းကပုပ်လို့လဲ မင်းက ဒီအတိုင်းပဲ ရှေးကျနေတာ” ရှီမာယူယူ သည် ဝန်မခံပေ။ သို့သော် သူ စိုးရိမ်နေသည်ကို မကြည့်ရက်သဖြင့် သူ့ခေါင်း ကိုပုတ်ပြီး ပြောလိုက်သည် “သူတို့ဘယ်မှာလဲဆိုတာ အာရုံခံနိုင်လား”
“ကောင်းပြီ” ဟိန်းသံလေးသည် ခေတ္တမျက်လုံးမှိတ်ကာ ပြောလိုက် သည် “တစ်ယောက်က ငါတို့ဘက်ကိုလာနေတယ်”
“ဘယ်သူလဲဆိုတာ ပြောနိုင်လား” ရှီမန်ဖန်မေးလိုက်သည်။
“မသိဘူး ရှင်းမိုဖြစ်နိုင်သလို ရှန်ယိလည်းဖြစ်နိုင်တယ်” ဟိန်းသံလေး ပြောလိုက်သည်။
“ပြီးတော့ ရှိသေးလား” ရှီမာယူယူ မေးလိုက်သည်။
“ပြီးတော့ အဲဒါက တစ်နေရာထဲပဲ ဒါပေမဲ့ ဝေးနေသေးတယ်” ဟိန်းသံလေး ပြောလိုက်သည်။
“သူတို့အကုန်လုံးက တစ်နေရာထဲမှာဆိုတော့ အဆင်ပြေမှာပါ” ရှီမာယူယူ ပြောလိုက်သည် “တစ်ယောက်က မြောက်ဘက်ဖြစ်ပြီး နောက် တစ်ယောက်က အရှေ့ဖြစ်နေမှာပဲစိုးတာ အဲဒါမှပြဿနာ..”
“ဟုတ်တယ် သူတို့က ဦးတည်ဘက်တစ်နေရာထဲမှာဆိုတော့ သူတို့နဲ့ တွေ့မှာပဲ” ဟန့်မြောင်ရွှမ် ပြောလေသည် “ဒါနဲ့ ကုန်တောင်ကြားက သာမန် အင်အားစုမှမဟုတ်တာ တော်တော်များများက သူတို့ကိုသွားမရှုပ်ရဲပါဘူး”
“သူတို့ နတ်ဆိုးလောကနဲ့ တစ္ဆေလောကနဲ့တွေ့မှာစိုးတာ အပြင်ပိုင်း ဒေသကအင်အားစုတွေကတော့ စိတ်ပူစရာမရှိဘူး” ဘိုင်ရှန်း ပြောလိုက် သည်။
“အဲဒါလည်းဟုတ်တယ်” ဟန့်မြောင်ရွှမ် ပြောလိုက်သည် “နတ်ဆိုးနဲ့ တစ္ဆေလောကကသူတွေက ဒီမှာလူတွေသတ်ရင် အပြင်ကလက်စားချေမှာ ကိုကြောက်စရာမလိုဘူး”
“ဒါဆိုရင် နတ်ဆိုးလောကနဲ့ တစ္ဆေလောကကလူတွေက ဒီကို လူသတ် ဖို့လာမှာတော့ မဟုတ်ဘူးမလား” နီအန်းယိ ခန့်မှန်းလေသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ဖန်ခိုင်သည် ယပ်တောင်ကိုသုံးကာ သူ့ ခေါင်းကို ရိုက်ပြီးပြောလိုက်သည် “ဒါကအံ့ဖွယ်နယ်မြေပဲ ပြီးတော့ နတ်ဆိုးနဲ့ တစ္ဆေလောကရဲ့ အမွေပစ္စည်းတွေလည်းရှိနေတာ သူတို့ ဒီကိုလူသတ်ရုံပဲ လာတာဆိုရင် အဓိပ္ပာယ်မရှိဘူး”
“ဒါက အံ့ဖွယ်နယ်မြေဖြစ်နေမှတော့ နတ်ဆိုးနဲ့ တစ္ဆေလောကရဲ့ အမွေပစ္စည်းတွေကို ဘယ်လိုလုပ်ထိန်းသိမ်းနိုင်မှာလဲ”
“ဟိုးအရင့်အရင်တုန်းက လူ၊ နတ်ဆိုးနဲ့ တစ္ဆေဆိုတာ ခွဲခြားထားတာ မရှိဘူး၊ အကုန်လုံးက တစ်လောကထဲမှာ အတူနေကြတာ၊ ငါတို့်ရဲ့ ဘိုးဘွား တွေက အကုန်လုံးကို ချန်ထားတဲ့တာပဲ” ဘိုင်ရှန်း ပြောလေသည် “ဒါက ကောင်းကင်ရဲ့ အလိုအရ ကမ္ဘာကြီးကိုပြောင်းလဲလိုက်တာပဲ၊ လူသားမျိုးနွယ် နဲ့ နတ်ဆိုးမျိုးနွယ်တွေ တိုက်ခိုက်ကြတယ်၊ အဲတော့ မတူတဲ့နေရာတွေမှာ နေ လာခဲ့ကြတယ်”
“ဒီအံ့ဖွယ်နယ်မြေကလည်း ချန်ထားခဲ့တဲ့ဟာပဲလား” ဟုန်ဝူမေးလေ သည်။
“ဟုတ်တယ်” ဘိုင်ရှန်း ခေါင်းညိတ်လေသည် “အရင်တုန်းက အံ့ဖွယ် နယ်မြေက သူ့ကိုယ်ပိုင်နေရာမှာပေါ်လာတာ၊ ဒါပေမဲ့ အဲလိုနေရာတွေက သူ့ ဘာသာပေါ်လာဖို့အတွက် အကြောင်းအရင်းရှိတယ်၊ ဒီတစ်ခုပေါ်လာတာရဲ့ အကြောင်းအရင်းကိုသိချင်မိသားပဲ…”
“ကျွန်တော်တို့ ရုပ်လုံးပေါ်အောင် မလုပ်လို့အရာမှမဟုတ်တာ၊ အခွင့်အရေးကို တွက်ချက်ပြီး ဒီမှာ အဆင့်မြင့်နိုင်တာပဲ တခြားကတော့… ရှေ့မှာ တိုက်ခိုက်နေတဲ့သူရှိတယ်” ရှီမာယူယူ၏ စကားကြောင့် အားလုံး ရုတ်တရက် လှည့်ကြည့်ရာ တုန်လှုပ်သွားကြလေသည်။
***