← Chapters

ဧကရာဇ်အဆင့်ကျွမ်းကျင်သူပေါ်လာခြင်း

Vol. 011 Ch. 1075

ဧကရာဇ်အဆင့်ကျွမ်းကျင်သူပေါ်လာခြင်း

Vol. 011 Ch. 1075

အားလုံးသည် အသိစိတ်ကိုဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကို ကြိုးစားပြီး အာရုံခံကြည့်သော်လည်း သူတို့အရှေ့တွင် လူတစ်ဦးတယောက်၊ ဝိညာဉ် သားရဲ တစ်ကောင်တလေမှ ရှာမတွေ့ပေ။ “ဘယ်သူမှ တိုက်ခိုက်နေတာကို မတွေ့မိပါဘူး” ရှောင်ချီသည် သူမ၏ အာရုံကို အကန့်အသက်ရောက်သည် အထိ ဖြန့်ကျက်သော်လည်း မည်သည့်အရာကိုမှ အာရုံမခံမိပေ။

“ဟုတ်တယ် ဟုတ်တယ် ဘယ်သူက ဘယ်သူနဲ့တိုက်ခိုက်နေတာလဲ”

“ဘယ်သူက အားသာနေတာလဲ”

“ရတနာကြောင့် တိုက်ခိုက်နေကြတာလား”

“ငါလည်း ဘာမှမမြင်ရဘူး”

“….”

ရှီမာယူယူသည် ဆွံ့အသွားသည်။ တခြားသူတွေက ဒီလောက် တိုက်ခိုက်နေတာကို ဘာလို့အားလုံးက ပျော်နေကြတာလဲ။

“ယူယူ တိုက်ပွဲနေရာကဘယ်မှာလဲ ရှောင်ချီကျဘာလို့ ဘာမှမမြင်ရ တာလဲ” ရှောင်ချီသည် ရှီမာယူယူ၏ လက်မောင်းကိုဆွဲပြီးမေးလေသည်။

“ငါအာရုံခံနိုင်တာမဟုတ်ဘူး ငါ့ပျားတွေက သတင်းပြန်ပို့လာတာ” ရှီမာယူူယူ ပြောလိုက်သည်။

“သြော် စောစောကပြောတာမဟုတ်ဘူး”

အားလုံးသည် သူတို့အာရုံကိုပြန်သိမ်းလိုက်ကြသည်။ သူမ စောစော ကတည်းကသာ ပျားတွေဆီမှရသည့်သတင်းဟုသာ ပြောခဲ့လျှင် သူတို့၏ စွမ်းအင်များကို အလဟသသုံးစရာမလိုဘူးလေ။

“သူတို့က ဘာလို့ တိုက်ခိုက်နေကြတာလဲ” ဘိုင်ရှန်းမေးလိုက်သည်။

ထိုကဲ့သို့နေရာမျိုးတွင် တိုက်ခိုက်ကြသည့်အကြောင်းအရင်းမှာ ရတနာ ကြောင့်သာဖြစ်ကြသည်။ တိုက်ပွဲဖြစ်ပွားသည့်နေရာများသည် အမြဲတစေ ရတနာများကြောင့်သာ ဖြစ်သည်။ ထို့ကြောင့်ပင် လူတိုင်းသည် အနိုင်ရပြီး နောက်တွင် လူစုခွဲကြလေသည်။ မဟုတ်လျှင် အနီးအနားမှလူများ အပြေး ရောက်လာပြီး သူတို့ဆီမှ ပြန်လုရန်ကြိုးစားနိုင်သည်။

တစ်စုံတစ်ယောက်ရောက်လာလျှင် သူတို့သည် တိုက်ပွဲပြီးသွားပြီဖြစ် သည်။ “အဲလိုဆိုရင် သူတို့လက်ထဲကို ရတနာရသွားပြီလို့ ဆိုလိုတာမဟုတ် ဘူးလား”

“မသေချာဘူး သူတို့တိုက်ပွဲအကြောင်းသတင်းထုတ်လိုက်တာနဲ့ ကြားညှပ်ပြီးသေသွားတယ်” ရှီမာယူယူ ပြောလိုက်သည်။

“သွားပြီး ကြည့်ချင်လား” ရှီမန်ဖန် မေးလိုက်သည်။

“သွားမယ် ဒါပေါ့ သွားရမှာပေါ့ ရတနာတွေရှိရင် တစ်ခါလောက် တံငါသည်ဖြစ်ရတာကို စိတ်ထဲမရှိဘူး” ရှီမာယူယူ ပြုံးလိုက်သည်။

“တံငါသည်ဟုတ်လား”

“ရေညှောင့်တောင်ငှက်နဲ့ ခုံးကောင်တို့ တိုက်ပွဲဖြစ်ရင် တံငါသည်က နှစ်ကောင်လုံးကိုဖမ်းမှာပဲ”

“ဟားဟား သွားမယ် တံငါသည်သွားလုပ်ကြမယ်”

….

သူတို့ တိုက်ပွဲနေရာသို့ရောက်သောအခါ ပြီးဆုံးသွားပြီဖြစ်သည်။ အလောင်းများသည် မြေပေါ်ပြန့်ကျဲနေကာ အောင်နိုင်သူများကိုမတွေ့ရပေ။

“နောက်ကျသွားပြီ” ဘိုင်ရှန်း ပြောလိုက်သည် “အလောင်းတွေတောင် အေးနေပြီ ဆိုလိုတာက တိုက်ပွဲပြီးသွားတာကြာပြီ့ဲ”

“နည်းနည်းထူးတန်းတယ်” ရှီမာယူယူသည် ဟာစွန်၏ကျောပေါ်မှ တွယ်ဆင်းကာ အလောင်းများဘေးတွင် ရပ်လိုက်သည်။

သူမ လှုပ်ရှားသည်နှင့် ဝူလင်းယူသည် သူမနောက်မှလိုက်လာသည်။

ရှောင်ချီသည် ပျံလာပြီး ထိုအလောင်းများကို ကြည့်လေသည်။ သူမ သည် ထူးဆန်းသည့်အရာကို အာရုံမခံမိသဖြင့် မေးလိုက်သည် “ဘာတွေ ထူးဆန်းလို့လဲ”

ရှီမာယူယူသည် အလောင်းတချို့ကို စစ်ဆေးပြီးနောက် ပြောလိုက် သည် “မသိသေးဘူးလား သူတို့ထဲက တချို့က ဒဏ်ရာတွေတူတယ် ဒဏ်ရာ နက်တာဖြစ်ဖြစ် အပေါ်ယံပဲဖြစ်ဖြစ် အရေးမကြီးဘူး အကုန်လုံးသေသွားပြီ လေ အဲဒါဘာကိုဆိုလိုတာဖြစ်မလဲ”

“ဘာကိုဆိုလိုတာလဲ” လူတိုင်းသည် ရှင်းပြလိုက်သည်နှင့် ရှင်းသွား သည့်အမူအရာဖြစ်သွားသော်လည်း ရှောင်ချီသည် နားမလည်သေးပေ။

“ဒါက သူတို့အကုန်လုံးက လူတစ်ယောက်တည်းရဲ့ လှုပ်ရှားမှုတစ်ခု တည်းမှာ သေသွားတာကို သက်သေပြနေတာပဲ” ရှီမာယူယူ ပြောလိုက် သည်  “ပျားတွေလည်း အဲအချိန်မှာ အသတ်ခံလိုရတာဖြစ်မယ်”

“အဲလူတွေက အားမကောင်းဘူးဆိုရင်တောင် အတူပေါင်းလိုက်ရင် အားမနည်းနိုင်ပါဘူး ဒါပေမဲ့ တိုက်ကွက်တစ်ချက်တည်းနဲ့ အရှင်းခံလိုက်ရ တယ်၊ ပြိုင်ဘက်ကဘယ်လောက်အားကောင်းတာလဲ” ဖန်ခိုင်သည် တံတွေး မျိုချပြီး လက်ထဲမှယပ်တောင်ကို ခေါက်ပြီး ခေတ္တမျှရပ်သွားလေသည်။

“အနည်းဆုံးတော့ ဧကရာဇ်အဆင့်ကျွမ်းကျင်သူပဲ” ဘိုင်ရှန်း ပြောလိုက် သည်။

“ဒီကိုလာတာက ဧကရာဇ်အဆင့်ကျွမ်းကျင်သူအရမ်းနည်းတယ် အများစုက အင်အားစုကခေါင်းဆောင်တွေပဲ” ရှီမန်ဖန် ပြောလိုက်သည် “ဘယ်အင်အားစုတွေဝင်လာလဲဆိုတာ သိရင် ဘယ်အင်အားစုက ဒီကို ရောက်လာလဲဆိုတာ မှန်းလို့ရတယ်”

ရှီမာယူယူ ခေါင်းရမ်းလိုက်သည် “ဒါ အင်အားစုတစ်ခုမဟုတ်ဘူး လူ တစ်ယောက်တည်းပဲ”

“လူတစ်ယောက်တည်းဟုတ်လား”

“ငါ့ပျားတွေသတင်းပြန်ပို့တုန်းက လူတစ်ယောက်တည်းက အင်အားစု တစ်ခုနဲ့တိုက်နေတယ်လို့ပြောတယ်” ရှီမာယူယူ ပြောလိုက်သည် “အဲဒါကြောင့် အင်အားစုနှစ်ခုတိုက်တာမဟုတ်ဘူး လူတစ်ယောက်က အင်အားစုတစ်ခုလုံးကို ရှင်းလိုက်တာပဲ”

“ဧကရာဇ်အဆင့်ကျွမ်းကျင်သူက ဒီကိုတစ်ယောက်တည်းလာခဲ့တာ လား”

“အဲလူတွေက သူတို့ကန့်သတ်ချက်ကိုရောက်နေပြီ ပြီးတော့ သူတို့ နောက်ဆုံးကျန်တဲ့အချိန်မှာ နည်းလမ်းရှာပြီးဖောက်ထွက်ဖို့ ကြိုးစားခဲ့တယ် သူတို့သာ အဆင့်မြင့်ရင် အသက်လည်းဒီထက်ရှည်မှာပဲ” ဘိုင်ရှန်းခန့်မှန်း လေသည်။

“သူနဲ့မတွေ့လိုက်တာ ကောင်းသွားတာပဲ” ရှောင်ချီသည် လည်ပင်း လေးပုဝင်သွားသည်။

သူမ၏ အပြုအမူကို ရှီမာယူယူမြင်သောအခါ ပြုံးပြီးပြောလိုက်သည် “မင်းလည်းကြောက်တဲ့အချိန်ရှိသေးတာပဲ”

“ဒါကကြောက်တာမဟုတ်ဘူး ဉာဏ်ကောင်းတာလို့ခေါ်တယ်” ရှောင်ချီ ပြောလိုက်သည် “ရှောင်ချီက လူအများကြီးကို တိုက်ကွက်တစ်ချက်တည်းနဲ့ မရှင်းနိုင်ဘူးလေ သေချာတာတော့ ရှောင်ချီတစ်ခါထပ်ပြီး ဖွံ့ဖြိုးမယ်ဆိုရင် တော့ ဒါက ရှောင်ချီ့အတွက် ပါမွှားလေးပဲ”

“မင်းက ထပ်ပြီးဖွံ့ဖြိုးနိုင်သေးတာလား” ဟန့်မြောင်ရွှမ် မေးလိုက်သည်။

“ဒါပေါ့ ရှောင်ချီက အကြိမ်နည်းနည်းပဲဖွံ့ဖြိုးရသေးတာ အခြေအနေ သာကိုက်ညီမယ်ဆိုရင် ရှောင်ချီက အကြိမ်ပေါင်းများစွာ ဖွံ့ဖြိုးနိုင်သေးတယ် ရှောင်ချီ ဖွံ့ဖြိုးတဲ့အချိန်တိုင်း အားကလည်း ခုန်တက်သွားမှာပဲ” ရှောင်ချီ သည် လူတွင်ကျယ်လုပ်ပြီးပြောလေသည်။

“ဖွံ့ဖြိုးပြီးတာမှဘယ်လောက်ကြာသေးလို့လဲ နောက်ဖွံ့ဖြိုးဖို့ကို စဉ်းစား နေပြီ” ရှီမာယူယူသည် သူမကို အလောမကြီးစေချင်ပေ။ သူမ၏ လက်ရှိ အခြေခံသဘောတရားကို လျစ်လျူရှုခြင်းသည် အနာဂတ်တွင် သူမ စိတ်ထဲမှ စွမ်းအားကို သက်ရောက်မှုဖြစ်စေနိုင်သည်။

“ယူယူ စိတ်ချပါ ရှောင်ချီအဆင်ပြေမှာပါ” ရှောင်ချီ ပြောလိုက်သည် “ဒီ ဖွံ့ဖြိုးမှုအတွက်ကတော့ ရှောင်ချီက အစွမ်းထက်တဲ့သူဖြစ်ချင်တဲ့ အကြောင်း ပြချက်တစ်ခုပဲ အခွင့်အလမ်းပေါ်လာရင် ရှောင်ချီရဲ့ဖွံ့ဖြိုးတိုးတက်မှုကို မထိခိုက်စေဘဲ လုပ်နိုင်ပါတယ်”

“မထိခိုက်စေဘူးလို့ ဘယ်လိုသိလဲ” ရှီမာယူယူ မေးလိုက်သည်။

“ဟင်… ရှောင်ချီ ဘယ်လိုသိလိုက်တာလဲ” ရှောင်ချီသည် သူမမေးခွန်း ကြောင့် ရှုပ်ထွေးသွားသည်။ “ရှောင်ချီလုပ်နိုင်လို့နေမှာပေါ့ ဒါပေမဲ့ ဘာလို့လဲ”

“အဲဒါက ထုံးတမ်းအစဉ်အလာကနေဆင်းသက်လာတာဖြစ်မယ်” ဖန်ခိုင် ပြောလိုက်သည်။

“ရှောင်ချီ့မှာ ဘိုးဘေးတွေတောင်မရှိတာ ဘယ်လိုလုပ် ထုံးတမ်း အစဉ်အလာရှိမှာလဲ” ရှောင်ချီသည် စကားမဆုံးခင် ဒေါသထွက်လာသဖြင့် ဖန်ခိုင်ကို ဒေါသတကြီးကြည့်လိုက်သည်။

ဘိုးဘေးမရှိဘူးဟုတ်လား….

ဖန်ခိုင်နှင့် တခြားသူများသည် ရှောင်ချီ၏ သရုပ်မှန်ကိုမသိကြပေ။ ထို့ကြောင့် သူမသည် အပင်အမျိုးအစားသားရဲဖြစ်မည်ဟု သူတို့တွေးမိကြ မည်မဟုတ်ပေ။

ရှောင်ချီကဲ့သို့ပင် ပန်းလေးသည်လည်း တခြားသောပန်းအမျိုးအစား ဝိညာဉ်သားရဲဖြစ်သည်။ သူတို့သည် အလွန်အားကောင်းသော်လည်း သူတို့၏ မှတ်ဉာဏ်များသည် ထိုမျှလောက်လက်ဆင့်မကမ်းနိုင်သဖြင့် ထုံးတမ်း အစဉ်အလာဟူ၍မရှိပေ။ ရှေးဟောင်းသွေးသားရှိသော အံ့ဖွယ်သားရဲများ ကဲ့သို့ပင်ဖြစ်သည်။ မင်္ဂလာသားရဲများသာ သူတို့သွေးသားကိုဖြည်လျော့ချိန် တွင် မှတ်ဉာဏ်များကို အမွေဆက်ဆံနိုင်ခြင်းဖြစ်သည်။

“ကောင်းပြီ မမှတ်မိရင်လည်း ထားလိုက်တော့” ရှီမာယူယူသည် သူမ မျက်နှာလေးမှ မျက်မှောင်ကြုတ်သည်ကို မမြင်ချင်သဖြင့် သူမခေါင်းကို ပုတ် ပြီးပြောလိုက်သည် “အဲဒါကမင်းအတွက် အကျိုးရှိမယ်ဆိုတာ သိနေသရွေ့ တော့ မှတ်မိသည်ဖြစ်စေ မမှတ်မိသည်ဖြစ်စေ အရေးမကြီးတော့ပါဘူး”

“အင်း” ရှောင်ချီသည် အသေးအဖွဲ့ကိစ္စများကို အာရုံစိုက်သည့်သူ မဟုတ်ပေ။ သူမ မတွေးနိုင်သဖြင့် အာရုံမစိုက်တော့ပေ။

သူမ မသိသည်မှာ သူမစိတ်ထဲတွင် ကူးခတ်နေသော မှတ်ဉာဏ်များရှိခဲ့ သည်။ သို့သော် အပင်အမျိုးအစား ဝိညာဉ်သားရဲများသည် အမှန်တကယ်ပင် အမွေဆက်ခံသည့် မှတ်ဉာဏ်များမရှိပေ…

“ဒါနဲ့ ဒီမှာဘာရတနာရှိတာလဲဆိုတာ မသိလိုက်ဘူး ကျွမ်းကျင်သူတစ် ယောက်ပါဝင်လာပြီး အကုန်လုံးကိုချေမှုန်းလိုက်တယ်ဆိုမှတော့ သူက အဲဒီ ရတနာရှိနေတယ်ဆိုတာကို မသိစေချင်တဲ့သဘောပဲ” ဘိုင်ရှန်း စဉ်းစားလိုက် သည်။

အားလုံး၏ စိတ်ဝင်စားမှုသည် ထပ်မံမြင့်တက်လာသည်။ ဟုတ်သားပဲ.. ဘယ်လိုရတနာမျိုးမို့လို့ ဧကရာဇ်ကျွမ်းကျင်သူတစ်ယောက်ကို သွေးဆောင် နိုင်ပြီး အကုန်လုံးကို တွေဝေမှုမရှိပဲ သတ်ပစ်စေတာလဲ….

သူတို့သည် သိချင်ရုံသာဖြစ်သည်။ သူတို့သည် သိအောင်လုပ်ရန် စွမ်းရည်ရော သတ္တိပါမရှိကြပေ။ သူတို့သာ ထိုလူနှင့်တွေ့လျှင် တစ္ဆေအဖြစ် နှင့်သာ သတင်းပို့ရတော့မည်ဖြစ်သည်။

“အဲအကြောင်းမစဉ်းစားတာကောင်းမယ် လောကအသေးထဲမှာ သေတဲ့သူက တစ္ဆေလောကကိုမသွားနိုင်ဘူး” ဘိုင်ရှန်း ပြောလိုက်သည်။

“တစ္ဆေလောကကိုမသွားနိုင်ဘူးဟတု်လား ဒီနေရာက တစ္ဆေလောကနဲ့ ဆက်စပ်နေတာမဟုတ်ဘူးလား”

သူတို့ တစ္ဆေလောကကိုမသွားနိုင်ဘူးဆိုရင် သူတို့ဘဝရဲ့ ဒုတိယ အခွင့်အရေးဆုံးရှုံးသွားတာမဟုတ်ဘူးလား။

“ဒီထာဝရရှင်သန်သူနယ်မြေက ထူးခြားတဲ့နယ်မြေပဲ လူတစ်ယောက် သေသွားရင် သူတို့ဝိညာဉ်က ဒီနေရာကနေထွက်မသွားနိုင်ဘူး ဘာကြောင့် လဲဆိုတာတော့ ဘယ်သူမှမသိကြဘူး”

“ကျွတ် ဒါဆိုရင် ကျွန်တော်တို့ သတိပိုထားတာကောင်းမယ် ဒီမှာသေ ရင် အကုန်လုံးပြီးသွားပြီ” နီအန်းယိသည် သူ့လည်ပင်းကိုပွတ်ရင်းပြောလေ သည်။

***

All Chapters