သူတို့ကို အိမ်မက်လေးဆိုရင် လုံလောက်ပြီ
Vol. 011 Ch. 1076
“တစ္ဆေလောကကိုသွားတာက ဒုတိယအခွင့်အရေးလား” ရှောင်ချီသည် သိချင်စိတ်ဖြင့်မေးလေသည် “လူတစ်ယောက် သေသွားရင် ဒီအတိုင်းပဲ အဆုံးသတ်သွားပြီမဟုတ်ဘူးလား”
“ငါပြောနိုင်သလောက်ဆိုရင် အဲလိုပဲ ဒါပေမဲ့ မတူတဲ့အမြင်နဲ့ကြည့်ရင် သေဆုံးတာက ဘဝအတွက် အခွင့်အရေးအသစ်တစ်ခုပဲ” ဘိုင်ရှန်း ပြောလေ သည်။
ရှီမာယူယူသည် မှင်တက်သွားသည်။
သေဆုံးတာက ဘဝအတွက် အခွင့်အရေးအသစ်ဟုတ်လား….
“ဘာလို့အဲလိုပြောရတာလဲ” ရှောင်ချီသည် ဆက်မေးလေသည်။
“လူတစ်ယောက်သေပြီးရင် သူတို့ရဲ့ဝိညာဉ်က တစ္ဆေလောကထဲကို ဝင် သွားတယ် ဒါက လူတိုင်းမြင်ရတဲ့ဟာပဲ ငါသိသလောက်ဆိုရင် တစ္ဆေလောက ကို ဝင်တဲ့ဝိညာဉ်တွေက ရှင်သန်နိုင်မယ်ဆိုရင် ဆက်ပြီးကျင့်ကြံလို့ရတယ် သူတို့ သန်မာသင့်သလောက်သန်မာပြီဆိုရင် ခန္ဓာကိုယ်ထုထည်အဖြစ် ဖန်တီးပြီး ဆက်ပြီးအသက်ရှင်လို့ရပြီ”
“ဒါဆိုရင် အရင်ဘဝကဖြစ်ခဲ့တာတွေကို မှတ်မိနိုင်သေးလား” ရှီမာယူယူ မေးလိုက်သည်။
“အဲဒါတော့ ငါလည်းမသိဘူး” ဘိုင်ရှန်း ပြောလိုက်သည် “ပြီးတော့ ငါက တစ်ခါမှအဲလိုမဖြတ်ကျော်ဖူးတာ အရင်ကကြားဖူးတာကို ပြောပြတာ”
ရှီမာယူယူသည် အရင်ကလည်း ထိုကဲ့သို့ ဆင်တူသောအကြောင်းအရာ ကို ကြားဖူးသည်ကို တွေးနေမိသည်။ ထိုအကြောင်းများသာ မှန်နပါက ရှီမန် မျိုးနွယ်ဝင်များသည် တစ္ဆေလောကမှာပဲရှိနေဦးမလား…
ဝူလင်းယူသည် ရှီမာယူယူ၏ မျက်လုံးထဲမှ မျှော်လင့်ချက် အရောင် တောက်သွားသည်ကို မြင်လိုက်ရာ သူမဆီမှ အဝေးသို့ ထွက်မသွားရက်ပေ။ သို့သော် သူသည် သူမအား ထိုမျှလောက် တင်းကျပ်စွာမနေစေလိုသဖြင့် ပြောလိုက်သည် “လူသားလောကနဲ့ နတ်ဆိုးလောက,ကနေ တစ္ဆေလောက ကို နေ့တိုင်း ဝိညာဉ်တွေအများကြီးသွားကြတယ် ဒါပေမဲ့ တစ္ဆေလောက,က ဘယ်တော့မှ လူဦးရေကျော်လွန်မသွားဘူး ဘာလို့လဲသိလား”
“ဘာလို့လဲဆိုတော့ အဲဝိညာဉ်တွေကသေပြီးသားမို့လို့လား” ရှီမာယူယူ ပြန်ဖြေလုကိသည်။
“ဝိညာဉ်တွေက တစ်ယောက်နဲ့တစ်ယောက် ဝါးမျိုပြီးပြီ တစ္ဆေလောက, ကလူတွေကလည်း ဝင်လာတဲ့ အရမ်းအားနည်းတဲ့ဝိညာဉ်တွေကိုကူသတ် ကြတယ် သူတို့မှာ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့တောင် စွမ်းရည်မရှိကြဘူး အဲဒါကြောင့် ဝိညာဉ်နည်းနည်းလောက်ပဲ အဲဒီမှာရှင်သန်နိုင်ကြတယ်”
“ကျွန်တော်သေလို့ တစ္ဆေလောကကိုသွားမယ်ဆိုရင်လည်း အတူတူပဲ ဖြစ်နေမလား” ရှီမာယူယူ မေးလိုက်သည်။
“ဘယ်လိုထင်လဲ” ဝူလင်းယူသည် သူမကို မေးခွန်းပြန်ထုတ်လေသည်။
ရှီမာယူယူ နားလည်သည်။ သူတို့သည် ဝိညာဉ်ကျမ်းကို အမြဲတစေ ကျင့်ကြံခဲ့သဖြင့် တခြားသူများနှင့် သေချာပေါက်ကွာခြားသည်။ သူတို့သာ တစ္ဆေလောကကိုသွားပါက အားနည်းခြင်းကြောင့် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်မည်မဟုတ်ပေ။
သူထိုသို့ပြောသဖြင့် အစောပိုင်းကဖြစ်ခဲ့သော သူမ၏မျှော်လင့်များ သည် အစိတ်စိတ်ကွဲသွားလေသည်။ သို့သော် လုံးဝပျောက်ကွယ်သွားသည် တော့မဟုတ်ပေ။ သူမ စိတ်အနက်ဆုံးတစ်နေရာတွင် မျှော်လင့်ချက် အနည်း ငယ်ရှိသေးသည်။ သူတို့သာ တကယ်ပဲ ရှင်သန်နိုင်မယ်ဆိုရင်…
ရှီမန်ဖန်သည် ရှီမာယူယူကို ကြည့်လိုက်သည်။ သူတို့နှစ်ယောက်လုံး သည် အခုချိန်တွင် အတွေးတစ်ခုတည်းကို သေချာပေါက်တွေးနေကြမည်။ တစ်နေ့တော့ သူတို့သေချာပေါက် တစ္ဆေလောကကိုသွားဖို့ နည်းလမ်းရှာပြီး ကြည့်ရမည်။
လက်ရှိသူမ မသိသည်မှာ တစ္ဆေလောကသို့ ထိုအတိုင်းပင်သွား၍ရ သလားဟူ၍ပင်…
“ဟုတ်ပြီ ဆက်သွားကြမယ်” ဘိုင်ရှန်း ပြေလိုက်သည် “ဒီမှာ ဘာအမွေ ပစ္စည်းမှမရှိဘူး မြန်မြန်လောပြီး တခြားဟာရှာရမယ်… ဘယ်သူလဲ”
“ဟီးဟီး… ရှာတွေ့တာပဲ” တောင်ဘက်မှ စူးရှသောအသံထွက်လာ သည်။ ထို့နောက်တွင် တောင်အနောက်မှ မီးခိုးအမည်းလုံးသည် ထွက်လာ လေသည်။
“တစ္ဆေလောကက လူလား” ဘိုင်ရှန်းသည် မျက်မှောင်ကြုတ်လိုက် သည်။ တစ္ဆေလောကမှလူကို ဒီလောက်မြန်မြန်တွေ့ရလိမ့်မည်ဟု သူ မထင် ထားပေ။
ကြည့်ရသည်မှာ ထိုလူများသည် အစောပိုင်းတိုက်ပွဲကြောင့် ဆွဲဆောင် ခံရခြင်းဖြစ်မည်။
သူတို့ပြောရင်းနှင့်ပင် တစ္ဆေလောကမှလူကို ချက်ချင်းတွေ့ရမည်ဟု ရှီမာယူယူ မထင်မိပေ။ ပြီးခဲ့သည့်တစ်ခေါက်က တစ္ဆေမျိုးနွယ်များသည် ပျော်ရွှင်စွာဖြင့် သူမကိုစောင့်ကြည့်နေခြ့သည်။ ထိုအရာသည် သူမအား ဒုက္ခ ရောက်စေသောအရာဖြစ်ပြီး သူမသည် တစ္ဆေမျိုးနွယ်နှင့်ပတ်သတ်ပြီး မကျေနပ်ချက်များပြည့်နေသည်။
ပြီးခဲ့သည့်တစ်ခေါက်က သူမကိုယ်အတွင်းတွင် တစ္ဆေလောကသား ရောင်ဝါရှိနေခြင်းကြောင့်သာမဟုတ်လျှင် ထိုသွေးစက်နှင့်တွေ့သည်နှင့် သူမ သည် သေဆုံးနေလောက်ပြီဖြစ်သည်။ သို့သော် သူမ တောင့်ခံပြီး ရှင်သန်နိုင် ခဲ့သည်ဆိုလျှင်တောင် တစ္ဆေမျိုးနွယ်ရောင်ဝါသည် ရှုဂျင်းနှင့် ဟော်လန်တို့ သူမကိုကုသရန်နည်းလမ်းရှာဖွေရန် လှုံ့ဆော်ပေးခဲ့သည်။
တစ္ဆေမျိုးနွယ်…
“မင်းတို့မှာရှိတာ အကုန်ထုတ်ပေး ပြီးတာနဲ့ မင်းတို့ဝိညာဉ်ကိုလည်း ထုတ်ပေးတော့ ဟီးဟီး လတ်ဆတ်လိုက်တဲ့ ဝိညာဉ်တွေ အရင်ကကောင် တွေထက် ပိုပြီးအရသာရှိမှာအသေအချာပဲ” တစ္ဆေမျိုးနွယ်ခေါင်းဆောင်သည် လူသားများကိုကြည့်ကာ ဆာလောင်သည့်အနေနှင့် ပါးစပ်သပ်လေသည်။ သူ သည် သားရည်များ မြေပေါ်သို့ကျတော့မည့်ပုံပေါ်သည်။
လတ်ဆတ်သော ဝိညာဉ်များသည် ကြီးမားသော အကျိုးကျေးဇူးရ သည်။ ပိုပြီးအားကောင်းခြင်းကို ထောက်ပံ့ပေးသည်။
တစ္ဆေမျိုးနွယ်တစ်ခုလုံးသည် တောင်အနောက်မှထွက်လာကြသည်။ သူတို့အင်အားသည် ရှီမာယူယူတို့အဖွဲ့၏ သုံးဆထက်ပင်များနေသေးသည်။
“လူတွေများလိုက်တာ” ရှောင်ချီပင်လျှင် သက်ပြင်းချလေသည်။
“ပြီးတော့ တစ်ယောက်စီကလည်း အရမ်းကိုရန်ငြိုးရှိနေတဲ့ပုံနဲ့” နီအန်းယိသည် ကြောက်သလိုဟန်လုပ်လေသည်။
“သူတို့က ခက်ထန်တယ်” ရှီမာယူယူ ခေါင်းညိတ်လေသည်။
“အဲလူတွေက အင်အားကြီးတာမဟုတ်ဘူး” ဝူလင်းယူ ပြောလိုက် သည်။
“ဒါပေမဲ့ အဲလိုဆိုရင်တောင် ကျွန်တော်တို့က သူတို့ပြိုင်ဘက်မဟုတ်ဘူး” နီအန်းယိ ပြောလိုက်သည်။
“ငါတို့ ဝင်ပါစရာမလိုပါဘူး” ဝူလင်းယူ ပြောလိုက်သည် “သူတို့ကိုရှင်းဖို့ အိမ်မက်လေးကိုသာအပ်ထားလိုက်”
“အိမ်မက်လေးက နတ်ဆိုးမျိုးနွယ်ကမလား သူမက တစ္ဆေမျိုးနွယ်ကို နိုင်ပါ့မလား”
“အရင်တုန်းက သူမျိုးနွယ်အမျိုးအစားက နတ်ဆိုးနဲ့ တစ္ဆေမျိုးနွယ်မှာရှိ ခဲ့တယ်” ဝူလင်းယူ ပြောလေသည် “အမှောင်သတ္တဝါတွေကို ရှင်းလင်းဖို့ ပြော နေတာဆိုရင်တော့ သူမက အတတ်နိုင်ဆုံးပဲ”
“ဒါဆိုလည်း ကောင်းပြီလေ” ရှီမာယူယူသည် အိမ်မက်လေးကို ခေါ် ထုတ်လိုက်သည်။
“ယူယူ နောက်ဆုံးတော့ အိမ်မက်လေးကိုခေါ်ထုတ်ပြီပေါ့” အိမ်မက် လေးသည် ပေါ်ထွက်လာကာ ပြုံးလေသည်။
“မင်းလေးကပဲ ဝိညာဉ်စေတီထဲမှာ ဟိန်းသံထောင်ချီနဲ့ တခြားသူတွေနဲ့ အလုပ်များနေတာမဟုတ်ဘူးလား” ရှီမာယူယူသည် သူမ ပါးပြင်လေးကို ဆွဲ ဆိတ်လိုက်သည်။
“အဲတော့ အိမ်မက်လေးကို ဘာခိုင်းမလို့ခေါ်တာလဲ” အိမ်မက်လေး သည် အလျင်စလိုပြန်သွားချင်သည့်ပုံနှင့် ရုတ်တရက် ကြည့်လေသည်။
“အင်း အဲတစ္ဆေမျိုးနွယ်ဝင်တွေက ငါတို့ကို ပိတ်ပြီးသတ်ချင်နေတယ်၊ ငါတို့ဝိညာဉ်တွေကို စားမယ်လို့တောင်ပြောနေတာ” ရှီမာယူယူ ပြောလိုက် သည်။
“ဘာ…” အိမ်မက်လေးဒ အသံသည် ရုတ်တရက်စူးရှသွားသည် “ဘယ်သူက ယူယူ့ရဲ့ဝိညာဉ်ကိုစားမယ်လို့ပြောရဲတာလဲ ဒီသခင်မကြီးက ရိုက်ပေးမယ်”
“….”
“ဖူး”
ရှီမာယူယူ ဆွံ့အသွားသည်။ အားလုံးသည် ရယ်ကွဲကြလေသည်။ အစောပိုင်းက တင်းမာနေသော လေထုသည် ချက်ချင်းပင် ပြိုကွဲသွားကာ ပေါ့ပါးသွားလေသည်။
အိမ်မက်လေးသည် လှည့်ကြည့်ရာ တစ်ဖက်ရှိတောင်ထိပ်တွင် တစ္ဆေ မျိုးနါယ်ကိုတွေ့လေသည်။ သူမသည် သူမ၏ စကတ်ကို ဒေါသဖြင့် ဆွဲဖြန့် လိုက်သည်။
“တစ္ဆေမျိုးနွယ်လား သေစမ်း သူတို့က ဒီလောက်အားနည်းနေတာကို ငါ့ ယူယူရဲ့ ဝိညာဉ်ကိုစားရဲသေးတယ်” အိမ်မက်လေးသည် အလွန်စိတ်ဆိုးနေ လေသည်။ သူမ၏ ဆက်ခံလာသောမှတ်ဉာဏ်ထဲတွင် တစ္တေမျိုးနွယ်သည် လူသားဝိညာဉ်များကို စားတတ်သည့်အကျင့်ရှိသည်ကို သူမသိသည်။ သူမ သည် တခြားသူ၏ ဝိညာဉ်ကိုစားလျှင် ဂရုမစိုက်ပေ။ သို့သော် ယူယူ၏ ဝိညာဉ်ကိုစားလိုပါက် မဖြစ်နိုင်ပေ။
“သူတို့ကို နိုင်နိုင်လား” ရှီမာယူယူ မေးလိုက်သည်။
“ဟင်း သူတို့ကများနေရင်တောင် ဒီအတိုင်းအောက်ခြေတပ်သားတွေပဲ” အိမ်မက်လေးသည် ပေါ့ပါးစွာပြောလေသည်။
ကလေးတစ်ယောက်၏ အထင်သေးခြင်းကိုခံရသဖြင့် တစ္ဆေမျိုးနွယ်ဝင် များသည် ဒေါသထွက်သွားကာ အော်လိုက်သ်ည “မင်းလောက်ကများ ငါတို့ တစ္ဆေမျိုးနွယ်ဝင်တွေကို အထင်သေးရဲတယ်”
“ဟင်း မင်းတို့ကိုအထင်သေးတော့ဘာလုပ်ချင်လဲ ငါ့ကိုကိုက်ရဲလား” အိမ်မက်လေးသည် လက်ပိုက်ထားကာ ရှောင်ချီ၏ မောက်မာသည့် ကိုယ်နေ ကိုယ်ထားအတိုင်း ကွက်တိပင်လိုက်တုထားသည်။
“မင်းတို့နှစ်ယောက်တော့ ဟိန်းသံလေးနဲ့ မဆော့ရတော့ဘူး” သူမ ညွှန်ကြားလိုက်သည်။
ဟန်းသံလေးသည် သူတို့ကို လမ်းမှားရောက်အောင် ရိုးရှင်းစွာပင် လုပ် နေသည်။
ရှီမန်ဖန်၏ ပခုံးတွင် လှဲလျောင်းနေသော ဟိန်းသံလေးသည် ရှီမာယူယူ ၏ ဒေါသရောင်ဝါသည် သူ့ဆီသို့ ခုန်ထွက်လာသည်ကို ခံစားမိလိုက်သည်။ သူမ မသိမသာပင် ရှီမန်ဖန်၏ လည်ပင်းအတွင်းသို့ ပုန်းကွယ်လိုက်သည်။
“ဖန်အာ မင်းရဲ့အစ်မကြီးကကြောက်ဖို့ကောင်းတယ် သူမ မျက်နှာက ကြောက်စရာကြီး သူမ မကြာခင်သွေးဆုံးတော့မယ်ထင်တယ်” ဟိန်းသံလေး သည် ရှီမန်ဖန်၏ နားရွက်နားသို့ ပြေးကပ်သွားပြီး လေသံဖြင့်ပြောလေသည်။
“မင်းခုနကပြောလိုက်တဲ့စကားကြောင့် သူမ မင်းကိုမပိတ်မိအောင်သာ သတိထားနေ” ရှီမန်ဖန် ပြောလိုက်သော်လည်း သူ့မျက်နှာမှအပြုံးသည် သစ္စာဖောက်နေသည်။
သူသည် အခုချိန် ရှီမာယူယူ ဒေါသထွက်နေသောပုံစံကို နှစ်သက် ကြောင်း ဘယ်တော့မှပြောမည်မဟုတ်ပေ။ သေချာတာပေါ့… သူ့ဆီကိုလာ တဲ့ ဒေါသမဟုတ်ရင်ပေါ့…
သူမ အရင်ပုံစံနှင့်ယှဉ်ကြည့်လျှင် သူမ၏ ပင်ကိုစရိုက်သည် ပြောင်းလဲမှု ကြီးမားခဲ့သည်။ သူမတွင် ဖိအားများစွာရှိနေသည်။ ထို့ကြောင့် သူမသည် ပြုံးလေ့ပြုံးထနည်းသွားကာ ဒေါသထွက်ခဲပြီး ရယ်မောသည်ပင် နည်းပါးသွား ခဲ့သည်။ သူ့(ဟိန်းသံလေး) အပေါ်အာရုံစိုက်သည်မှာတောင် ရှားပါးနေခဲ့ သည်။ အခု သူမသည် သူ့ကိုဒေါသထွက်ပြီး မျက်နှာအမူအရာပြောင်းသည် ကိုက ကောင်းလွန်းနေပြီ။
***