နတ်မိစ္ဆာမျိုးနွယ်လိုက်ခြင်း… အိမ်မက်လေး၏ သရုပ်မှန်ပေါ်ပေါက်ခြင်း
Vol. 011 Ch. 1077
ရှီမာယူယူသည် သူတို့သူမအကြောင်း ပြောနေသည်ကို အနံ့ရသည်ဆို သည့်သဘောနှင့် ရှီမန်ဖန်နှင့် ဟိန်းသံလေးတို့ကို လှည့်ပြီးတစ်ချက် ကြည့် လိုက်သည်။ “အဟွတ် အဟွတ်” ရှီမန်ဖန်သည် တမင်ချောင်းဟန့်ကာ ရှီမာယူယူ၏ အကြည့်ကို မမြင်သလို ဟန်ဆောင်လေသည်။
ရှောင်ချီသည် အိမ်မက်လေး၏ ပခုံးကိုပုတ်ပြီး ပြောလိုက်သည် “နင် ပြောတာမှန်တကယ် အဲကောင်လေးတွေလောက်ကို ဘယ်သူကဂရုစိုက်မှာ လဲ”
“ဟင်း မသိနားမလည်တဲ့လူသားတွေပဲ” တစ္ဆေမျိုးနွယ် နှာမှုတ်လေ သည် “ခဏနေရင်သိလိမ့်မယ် တစ္ဆေမျိုးနွယ်က ဘယ်လောက်အားကောင်း လဲဆိုတာကို”
“နားညည်းလိုက်တာ” အိမ်မက်လေးသည် တစ်ချက်ကန်ကာ မိုးပေါ်သို့ ပျံတက်သွားလေသည်။ သူမ၏ အသံသည်နူးညံ့သော်လည်း တစ္ဆေမျိုးနွယ်စု ၏ နားတွင်တော့ ဖိအားပေးသကဲ့သို့ဖြစ်နေသည်။
“ဒါဘာအသံကြီးလဲ” တစ္ဆေမျိုးနွယ်စုသည် သူတို့နားရွက်များကို ဆုပ်ကိုင်ကာ အော်လေသည်။ သို့သော် သူတို့ နားရွက်များကိုကာထား သော်လည်း အသံသည် သူတို့ခေါင်းထဲအထိ စူးရှစွာ ထိုးဖောက်လေသည်။ တစ်စုံတစ်ယောက်က သူတို့ဦးနှောက်ကို ကြည့်ရန်ထုတ်ယူနေသလိုပင်။ သူတို့၏ ခေါင်းမှာပေါက်ကွဲမတတ်ခံစားရလေသည်။
“ဒါက အသံတိုက်ခိုက်မှုလား” ဖန်ကျိသည် အိမ်မက်လေးတိုက်ခိုက် သည်ကို ကြည့်ပြီး စိတ်လှုပ်ရှားစွာမေးလိုက်သည်။
“အဲလိုမျိုးပဲ” ရှီမာယူယူ ပြန်ဖြေလေသည်။
အိမ်မက်လေး၏ ထူးခြားမှုမှာ စိတ်စွမ်းအင်တိုက်ခိုက်မှုဖြစ်သည်။ ရှင်းပြ ရမည်ဆိုလျှင် အသံတိုက်ခိုက်မှုကိုသုံးသည်ဟု ပြော၍ရ၏ ။
“မြန်မြန် သူမကိုရပ်ခိုင်းလိုက်” တစ္ဆေမျိုးနွယ်ဝင်များသည် မခံနိုင်တော့ သဖြင့် အော်ကြလေသည်။
သို့သော် သူတို့သည် အခုချိန်တွင် အကြောသေသွားကြသည်။ အိမ်မက်လေးကို ရပ်ခိုင်းရန် မည်သူတွင်မှ စွမ်းရည်ရှိမနေပေ။
“အာ..”
“အား…”
တစ်ယောက်သည် တောင့်မခံနိုင်တော့ပေ။ အိမ်မက်လေး သူတို့ကို လုပ်သည့်အရာသည် သူတို့ကို ကိုယ့်ကိုယ်ကို သတ်သေရန်ဖြစ်စေသည်ကို မည်သူမှမသိကြပေ။
“အားကောင်းလိုက်တာ”
ထိုအဖြစ်အပျက်ကိုမြင်ကြသော အသည်းကွဲတောင်ကြားမှလူများသည် မှင်တက်ကြလေသည်။ တစ္ဆေမျိုးနွယ်ဝင်များသည် အမြဲတမ်းအရှုံးပေးရန် ခက်ခဲကြကာ သူတို့ကိုသူတို့သတ်သေမှုမှာလည်း နည်းပါးသည်။ အိမ်မက် လေးသည် အလွယ်တကူပင် ဖြေရှင်းနိုင်လေသည်။
ထိုအချိန် မကွာဝေးသောနေရာတွင် အနားယူနေသော နတ်ဆိုးမျိုးနွယ် သည် ရုတ်တရက် မတ်တတ်ရပ်လိုက်ကြသည်။
“ဒါက… ငါ အာရုံခံမိတာမမှားဘူးမလား” အနီရောင်ဆံပင်နှင့် မိန်းကလေး အော်လိုက်လေသည်။
“မဖြစ်နိုင်တာ” နောက်ထပ်နတ်ဆိုးမျိုးနွယ်ဝင်က အော်လိုက်သည် “ငါတို့ အိမ်မက်နတ်ဆိုးမျိုးနွယ်ကို ရှင်းပြီးပြီလေ ဒီမှာ ပေါ်လာစရာအကြောင်း မရှိဘူး”
“ဒါပေမဲ့ ဒီရောင်ဝါ မှန်နေတယ်… ဒါက နတ်ဆိုးမျိုးနွယ်မှာရှိဖူးတဲ့ ရောင်ဝါပဲ” အနီဆံပင်နှင့်မိန်းကလေးက အော်လိုက်သည်။
“ဒါပေမဲ့ အိမ်မက်နတ်ဆိုးမျိုးနွယ်က ပျက်သုဉ်းသွားပြီလေ ကျန်နေစရာ အကြောင်းမရှိဘူး”
“သူတို့မျိုးနွယ်က တကယ်ပဲပျက်သုဉ်းသွားလို့လား” နောက်ထပ် အနီဆံပင်နှင့် ယောက်ျားလေးက ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည် “အဲတစ်ယောက် ကျန်နေတာတော့မဟုတ်ဘူးမလား”
“လော့လီ ယိလင်းတိုင်းပြည်အောက်မှာ ပိတ်မိပြီး သေသလား ရှင်သလားမသိတဲ့ တစ်ယောက်ကိုပြောတာလား”
“ဟုတ်တယ်” လော့လီသည် တိုးညင်းစွာပြောလိုက်သည် “အဲကောင် သူမ အခုထိအသက်ရှင်သေးတာမဟုတ်ဘူးလား”
“ဒါပေမဲ့ သူမကို ယိလင်းတိုင်းပြည်မှာဖိနှိပ်ထားခဲ့ပြီလေ လွတ်လာစရာ အကြောင်းမရှိဘူး”
“မဖြစ်နိုင်ဘူးဆိုတာ ဘယ်မှာရှိလို့လဲ သူမ အဲမှာရှိသေးလားဆိုတာ မင်း မျက်စိနဲ့ ကိုယ်တိုင်မြင်ရလို့လား” လော့လီ ပြောလိုက်သည်။
သူပြောလိုက်သည်နှင့် အားလုံးသည် အာရုံစိုက်မိသွားကြသည်။ မှန် သည်။ အိမ်မက်နတ်ဆိုးမျိုးနွယ်တစ်ယောက် ယိလင်းတိုင်းပြည်တွင် ပိတ်မိ နေသည်ကို သူတို့သိထားသော်လည်း သွားစစ်ဆေးသည့်သူမရှိခဲ့ပေ။ နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် သူမ ထိုနေရာတွင် အသက်ရှိသေးလား ဆိုသည်ကို ဘယ်သူမှမသိကြတော့ပေ။
သူမသာ ထိုနေရာတွင်မရှိတော့ပါက ထိုအရာသည် သူမ ဖြစ်နိုင်ချေရှိ သည်။
သူမတွင်ရှိနေသော ရတနာအားတွေးလိုက်သည်နှင့် သူတို့သည် တစ် ယောက်ချင်းစီ သွေးဆောင်ခံရသလိုပင်။
ထိုအရာသည် လူတိုင်းပစ်မှတ်ထားသည့် ရတနာဖြစ်သည်။
“အဲဒါက သူမဆိုတာအခွင့်အလမ်းရှိမှတော့ ငါတို့သွားကြည့်သင့်တယ်”
“ဟုတ်တယ် သွားကြည့်ရင်သိမှာပဲ” လော့လီသည် ပြောပြီးနောက် ထိုဦးတည်ရာဘက်သို့ ပထမဆုံးပြေးသွားသူဖြစ်သည်။
“အာ…”
“နာတယ်”
“ငါ ထပ်မခံနိုင်တော့ဘူး”
တစ္ဆေမျိုးနွယ်ဝင်များသည် မနားတမ်းအော်လေသည်။ ခံနိုင်ရည်ရှိသူ များက ခံနိုင်ရည်ရှိနေတုန်းဆိုသော်လည်း မခံနိုင်တော့သည့်သူများသည် သတ်သေကြလေသည်။
အဝေးတစ်နေရာမှ လူအများအပြားသည် တစ္ဆေမျိုးနွယ်မှ လူတစ်ချို့ နှင့်အတူ သူတို့ဆီသို့လာနေသည်ကို ပျားများတွေ့သောအခါ ချက်ချင်းပင် ရှီမာယူယူကို သတင်းပို့လေ၏ ။
“အိမ်မက်လေး လူတွေလာနေပြီ မြန်မြန်လုပ်” ရှီမာယူယူသည် အိမ်မက်လေးကို ညွှန်ကြားလေသည်။
အိမ်မက်လေးသည် ခေါင်းညိတ်ကာ စူးရှမှုကို ပို၍တောင်မြင့်လိုက်လေ သည်။ တောင့်ခံနေဆဲဖြစ်သောသူများသည် နောက်ဆုံးတွင် မခံနိုင်တော့ သဖြင့် ဓားထုတ်ကာ သတ်သေကြလေသည်။
“ဖူး…”
လှုံ့ဆော်ခံရသောသူများသည် တစ်ယောက်ချင်းစီသတ်သေကြလေ သည်။ ထိုမြင်ကွင်းနှင့်ရင်ဆိုင်ရသောအခါ အသည်းကွဲတောင်ကြားမှလူများ သည် ရှီမာယူယူကို ပိုလေးစားကြလေသည်။
သူမဘေးမှာ ဒီလောက် အားကောင်းတဲ့စာချုပ်သားရဲတွေရှိတာပဲ…
အလျင်အမြန်ပင် ထောင်ချီသောတစ္ဆေမျိုးဝင်များသည် အိမ်မက်လေး ၏ သတ်ခြင်းကို ထိုအတိုင်းခံလိုက်ရလေသည်။ သူမ၏ တိုက်ပွဲစွမ်းရည် ခင်းကျင်းပြသမှုသည် ရေပုံးထဲသို့ ရေတစ်စက်ချလိုက်သလိုသာရှိသည်။
“ယူယူ အိမ်မက်လေးလုပ်ခဲ့တာဘယ်လိုနေလဲ” အိမ်မက်လေးသည် ချီးကျူးစကားကြားချင်သည့်အနေနှင့် ပြေးလာလေသည်။
“အိမ်မက်လေး အတော်ဆုံးပဲ” ရှီမာယူယူသည် ပြုံးပြီး သူမကို ချီးကျူး လိုက်သည်။
“တစ်ယောက်ယောက်လာနေပြီ” ဝူလင်းယူသည် သူတို့ကို သတိပေး လိုက်သည် “သူတို့ထဲမှာ နတ်ဆိုးမျိုးနွယ်ဝင်တွေလည်းပါတယ်”
“အိမ်မက်လေး ပုန်းချင်လား” ရှီမာယူယူ မေးလိုက်သည်။
“အိမ်မက်လေးက ဘာလို့ပုန်းရမှာလဲ” အိမ်မက်လေး ပြန်မေးလေ သည်။
“အာ…. ” ရှီမာယူယူသည် ဆွံ့အသွားသည်။ အိမ်မက်လေးက ယိလင်းတိုင်းပြည်အောက်မှာ ပိတ်မိခဲ့တာက နတ်ဆိုးမျိုးနွယ်တွေကြောင့်ဆို တာကို သူမကို ဘယ်လိုပြောရမလဲ။ သူမကို အဲအကြောင်းတွေပြောလိုက်ရင် သူမသရုပ်မှန်ကို ရှာဖို့ဆက်ကြိုးစားမလား။
“အဲလူတွေက အားမကြီးပါဘူး ပုန်းစရာမလိုဘူး” ဝူလင်းယူ ပြောလိုက် သည်။
“ဒါပေမဲ့ သူတို့က အိမ်မက်လေး အကြောင်းသတင်းလွှင့်ရင်ဘယ်လို လုပ်မလဲ” ရှီမာယူယူသည် စိုးရိမ်နေဆဲဖြစ်သည်။
“သူတို့လာနိုင်ပေမယ့် ထွက်သွားနိုင်မှာမဟုတ်ဘူး ဘယ်လိုလုပ် သတင်းဖြန့်နိုင်မှာလဲ” ဝူလင်းယူပြောလိုက်သည် “အဲလိုဖြစ်လာလို့ သတင်း ဖြန့်နိုင်တယ်ဆိုရင်တောင် နတ်ဆိုးလောကက မင်းကိုဘာမှလုပ်နိုင်မှာမဟုတ် ဘူး ပြီးတော့ ကိုယ်လည်းဒီမှာရှိနေတာပဲ”
ရှီမာယူယူ ပြုံးလိုက်သည်။ ထိုစကားတစ်ခွန်းသည် သူမနှလုံးသားကို နွေးထွေးမှုကို ပေးစွမ်းနိုင်သည်။
“ရောက်လာကြပြီ”
ရှီမာယူယူနှင့် တခြားသူများသည် အလျင်စလိုရောက်လာသော အရိပ်များကို ကြည့်လိုက်ကြသည်။ သူတို့တွင်ရှိနေသောရောင်ဝါများသည် တစ္ဆေမျိုးနွယ်ဝင်များနှင့် အနည်းငယ်ကွာခြားလေသည်။ သူတို့သည် ထိုနေရာတွင် ဒီအတိုင်းရပ်လိုက်သည်နှင့်ပင် ဖိနှိပ်နိုင်လေသည်။
“သူတို့အကုန်လုံးက ကျွမ်းကျင်သူတွေပဲ” ရှီမန်ဖန် ပြောလိုက်သည်။
“သူတို့ ဆယ်ဂဏန်းလောက်နဲ့များ ထောင်ချီတဲ့တစ္ဆေမျိုးနွယ်ဝင်နဲ့ယှဉ် ရင် အရမ်းနည်းတယ်” ဘိုင်ရှန်း ပြောလိုက်သည်။
“အား…” အိမ်မက်လေးသည် နတ်ဆိုးမျိုးနွယ်ဝင်မှ အနီရောင်ဆံပင်များ ကိုမြင်သောအခါ ရုတ်တရက်ပင် သူမခေါင်းကို ဆုပ်ကိုင်ကာ အော်လေသည်။
“အိမ်မက်လေး ဘာဖြစ်တာလဲ” ရှောင်ချီသည် အလျင်စလိုပင် အိမ်မက် လေးကို ဆုပ်ကိုင်လိုက်သည်။ သူမသည် ဘာဖြစ်မှန်းမသိလိုက်သဖြင့် ရှီမာယူယူအား အသနားခံသလိုကြည့်လေသည်။
ဝူလင်းယူလျှောက်သွားကာ အိမ်မက်လေးခေါင်းပေါ် လက်နှစ်ဖက်တင် လိုက်လေသည်။ သူမဆီသို့ ဝိညာဉ်စွမ်းအင် အနည်းငယ်ပေးပို့ပြီးနောက်တွင် သူမ မျက်လုံးများသည် ရုတ်တရက်ပိတ်သွားကာ သူမ သတိမေ့သွားလေ သည်။
ရှီမာယူယူသည် အိမ်မက်လေးကိုသယ်ကာ ဝိညာဉ်စေတီထဲတွင် သိမ်း လိုက်သည်။
ဝူလင်းယူသည် ထိုနတ်ဆိုးမျိုးနွယ်ဝင်များကိုကြည့်ပြီးပြောလိုက်သည် “အဲလူတွေက အဲနှစ်ကအိမ်မက်လေးကို ချိပ်ပိတ်ခဲ့တဲ့မှာပါတဲ့သူတွေပဲ”
“သူမ မှတ်ဉာဏ်ကိုကြည့်ရင်း သူတို့ကိုတွေ့တာလား” ရှီမာယူယူ မေး လိုက်သည်။
“ဖြစ်နိုင်တယ်” ဝူလင်းယူပြောလိုက်သည်။
အိမ်မက်လေး၏ မှတ်ဉာဏ်ထဲတွင် ပုန်းကွယ်နေသောရက်စက်မှု အကြောင်းကို တွေးလိုက်သည်နှင့် ရှီမာယူယူ၏ မျက်လုံးများအရောင် တောက်လာသည်။ သူမသည် အိမ်မက်လေး အတိတ်ကိုပြန်တွေးသည်ကို မမျှော်လင့်ခဲ့ပေ။
သူမ အတိတ်ကအကြောင်းတွေကို ပြန်တွေးလိုက်ရင် ပျော်ရွှင်မှုတွေက ဒီနေ့အထိ ရှိနေနိုင်ဦးမလား..
အိမ်မက်လေးကို ရှီမာယူယူ သိမ်းလိုက်သည်မှာ ၁မိနစ် ၂မိနစ်သာ ကြာသော်လည်း လော့လီနှင့် တခြားသူများအတွက် သံသယကိုအတည်ပြု ရန် လုံလောက်သောအချိန်ဖြစ်လေသည်။
“အဲတော့ ဒါကအိမ်မက်နတ်ဆိုးမျိုးနွယ်ပဲ” လော့လီသည် သူ့မျက်လုံး များကို လျှာနှင့်လျက်လိုက်သည့်အတိုင်းပင် အရောင်များတောက်လာလေ သည်။ သူသည် လုရာပါပစ္စည်းကိုကြည့်သည့်အတိုင်း ကြည့်နေသည်။
“ဒီလောက်နှစ်တွေကြာပြီးတော့ သူမ အဲဒါကိုဖျက်ဖို့ နည်းလမ်းရှာတွေ့ မယ်လို့ ဘယ်သူထင်မိမှာလဲ” အနီရောင်ဆံပင်မိန်းကလေး လော်လီသည် နှာမှုတ်ပြီးပြောလေသည် “ဒါကပိုတောင်ကောင်းသွားသေးတယ် သူမကို ယိလင်းတိုင်းပြည်အထိသွားကြည့်မယ့် အားကို ချွေတာပေးလိုက်တာပဲ”
“အဲဒီကဖောက်ထွက်လာတာ သူမ ကိုယ်တိုင်မဟုတ်မှာပဲစိုးရိမ်ရတယ်” နောက်နတ်ဆိုးမျိုးနွယ်ဝင် ပြောလိုက်သည် “အဲဒီအောက်ကလူက သူမရဲ့ စာချုပ်သခင်ဖြစ်ပုံရတယ်”
“ကျွတ် သူတို့ရဲ့ နောက်ဆုံးသွေးသားက လူသားကို သခင်အဖြစ် အသိအမှတ်ပြုတာကို အိမ်မက်နတ်ဆိုးမျိုးနွယ်သာသိရင် ဘယ်လောက် ဒေါသထွက်လိုက်မလဲ” လော်လီ ရယ်မောလေသည်။
***