ပန်းလေးက အကြွေးဟောင်းများရှင်းခြင်း
Vol. 011 Ch. 1078
အိမ်မက်နတ်ဆိုးမျိုးနွယ်သည် ဂုဏ်မြင့်ကာ စွမ်းအားကြီးခဲ့ပြီး လူတိုင်း ကို အပေါ်စီးမှဆက်ဆံကာ လူသားများကို အထင်သေးဆုံးဖြစ်ခဲ့သည်။ သူတို့ နောက်ဆုံးမျိုးဆက်သည် လူသားတစ်ယောက်ကို သခင်အဖြစ်သတ်မှတ်ခဲ့ သည်ကို သိပါက ဟာသသဖွယ်မှတ်ယူကြလိမ့်မည်။ “မင်းတို့ပြောကြဦး တကယ်လို့ စာချုပ်သခင်သေသွားရင် စာချုပ်သားရဲလည်းသေမယ်၊ သူမ ခန္ဓာကိုယ်နဲ့ ချိတ်ဆက်နေတဲ့ ပစ္စည်းကအသုံးဝင်ဦးမှာလား” တစ်စုံတစ် ယောက်မေးလိုက်သည်။
“မသေချာဘူး” လော်လီ ပြောလိုက်သည် “အရင်တုန်းက သူမကို ငါတို့ အကုန်လုပ်ခဲ့တာပဲလေ ဒါပေမဲ့ သူမမှမသေတာ သူမခန္ဓာကိုယ်ပေါ်က ပစ္စည်းလည်း အသုံးမဝင်တာဖြစ်နိုင်တယ်”
“အဲဒါတကယ်ပဲဖြစ်နိုင်မယ်လို့ ခံစားနေရတယ်” နောက်နတ်ဆိုးမျိုးနွယ် ဝင်ပြောလိုက်သည် “သူမနှလုံးသားနဲ့ရင်းပြီး ကာကွယ်နေတဲ့ ရတနာရှိရင် တောင် ဘယ်လောက်တန်ဖိုးကြီးကြီး ကောင်းကင်ဥပဒေကို အနိုင်မရနိုင်ဘူး ဟုတ်တယ်မလား”
“စမ်းကြည့်ရင်သိမှာပဲ ဟုတ်တယ်မလား” လောလီ ပြောလိုက်သည်။
“ငါတို့အဲလူသားကိုသတ်မှာလား”
“သူမကိုသတ်ဖို့က မလွယ်ဘူး ဒါပေမဲ့ လူသားတစ်ယောက်ကိုသတ်ဖို့ ကမလွယ်ဘူးလား” လောလီသည် ရှီမာယူယူကို ဘာမှမဟုတ်သလို တွေးလေသည်။
“ဒါကိုအရင်ရှင်းရအောင် အိမ်မက်နတ်ဆိုးမျိုးနွယ်ကိုရပြီးရင် အတွင်းထဲ မှာ တိုက်ဖို့မလိုတော့ဘူး မဟုတ်ရင် ငါရက်စက်တယ်လို့မပြောနဲ့” လော့လီ သည် အားလုံးကိုအကြည့်ဖြင့် သတိပေးလိုက်သည်။
“ငါတို့ ဘယ်လိုခွဲမလဲဆိုတာ မဆွေးနွေးခင် ရတနာကိုယူရအောင်”
“ငါအဲလူသားကိုသတ်ရင် ဝေစုပိုရမှာလား” ဆွဲဆောင်မှုရှိသော မိန်းကလေးသည် ရှီမာယူယူကို လူသတ်ချင်စိတ်ပြည့်နေသောမျက်လုံးဖြင့် ကြည့်လေသည်။
“ဟင်း ဟွာနင် အဲအကြောင်းကို စဉ်းတောင်မစဉ်းားနဲ့ မင်းက အားနည်း တဲ့လူသားလေးတစ်ယောက်ကို သတ်တာနဲ့တင် အကျိုးအမြတ်ပိုရချင်နေ တယ် မင်းကို ဘာလို့အဲလောက်အများကြီးပေးရမှာလဲ”
“အခု အားလုံးရဲ့ထင်မြင်ချက်ကိုမေးနေတာပဲမလား” ဟွာနင်သည် ကြာပွတ်ကိုလှုပ်ရမ်းကာ သူတို့ကို ကလူသောအကြည့်ဖြင့် စနောက်လေ သည်။
“ဟင်း” တခြားသောနတ်ဆိုးမျိုးနွယ်ဝှု်များသည် သူမ အပြုအမူကို ဂရု မစိုက်ကြပေ။
သူတို့ သူမကိုသတ်မည်ဟု ဆွေးနွေးနေသည်ကို ရှီမာယူယူကြားသော အခါ သူမမျက်နှာမှ အပြုံးသည် ပိုကျယ်ပြန့်လာသည်။
အရမ်းကောင်းတယ်… သူတို့က တကယ်ပဲ နတ်ဆိုးမျိုးနွယ်ပဲ.. သူမ အသက်ကို ယူမယ်ဆိုတာကို ရှေ့မှာပင် တိုက်ရိုက်ဆွေးနွေးနေကြတယ်…
ဒါပေမဲ့ သူမအသက်က အဲလောက်လွယ်လွယ်နဲ့ ယူလို့ရမလား…
“ယူယူ ငါရှင်းမယ်” ပန်းလေးသည် ဝိညာဉ်စေတီတွင်ရှိနေကာ သူ့အသံ သည် မုန်းတီးမှုများ ပါဝင်နေသည်။
“ဘာဖြစ်လို့လဲ ပန်းလေး ဘာလို့အဲလောက် နိုးကြွနေတာလဲ” ရှီမာယူယူ မေးလိုက်သည်။
“အဲလူတွေက အရင်ကငါ့ကိုသတ်ဖို့ကြိုးစားဖူးတယ် သူတို့ငါ့ရဲ့ အမြစ် အစစ်ကိုရှာမတွေ့လို့သာမဟုတ်ရင် ငါဆိုတာရှိတော့မှာမဟုတ်ဘူး” ပန်းလေး ဒေါသထွက်လေသည်။
အခုမှပင် သူတို့သည် ရန်သူအချင်းချင်းတွေ့လေပြီ။
“သူတို့က အရင်တစ်ခေါက်က မင်းကိုဆိုးဆိုးဝါးဝါးရိုက်ခဲ့တယ် မင်းအခု ထွက်ရင် သူတို့ကို နိုင်ပါ့မလား” ဟိန်းသံထောင်ချီသည် စိုးရိမ်လျက်ရှိသည်။
“ပြီးခဲ့တဲ့တစ်ခေါက်က သူတို့လူများပြီး ကျွမ်းကျင်သူတွေလည်းပါတယ် ဒီတစ်ခေါက်ကတော့ သူတို့အပြင်ကအကူအညီမရှိပါဘူး” ပန်းလေး ပြန်တုန့် ပြန်လေသည် “ယူယူ ငါသူတို့ကိုနိုင်နိုင်တယ် ငါ့ကိုကိုင်တွယ်ခွင့်ပေးပါ ငါ ငါ့ရဲ့ အမုန်းတရားကိုလက်စားချေရမယ် အိမ်မက်လေးအတွက် လက်စားချေရ မယ်”
ရှီမာယူယူသည် ပန်းလေး စိတ်ပိုင်းဖြတ်ထားပြီး ယုံကြည်ချက်ရှိနေ သည်ကိုကြည့်ပြီး သူ့ကိုခေါ်ထုတ်လိုက်သည်။
“နောက်ထပ်မိန်းကလေးတစ်ယောက်ပဲ” အသည်းကွဲတောင်ကြားမှ လူတစ်ယောက်သည် ရှီမာယူယူပန်းလေးအားခေါ်ထုတ်လိုက်သည်ကို မြင် သောအခါ တိုးညင်းစွာပြောလိုက်သည်။
ပန်းလေး၊ ရှောင်ချီနှင့် အိမ်မက်လေးတို့သည် မတူညီကြပေ။ ရှောင်ချီ နှင့်အိမ်မက်လေးတို့သည် သူတို့ကြည့်ရသည်မှာ သေးငယ်သည်။ သူတို့၏ မျက်နှာလေးများသည် အရွယ်မရောက်သေးသည့် ကလေးငယ်များသဖွယ် ပင်။ သို့သော် ပန်းလေးသည် အရွယ်ရောက်ပြီးဖြစ်လေသည်။ သူမသည် သေးငယ်သော ဖွဲ့စည်းတည်ဆောက်မှုရှိကာ ငယ်ရွယ်ပုံပေါက်သေးသည်။
လော့လီနှင့် တခြားသူများသည် ပန်းလေး မဖွံ့ဖြိုးစဉ်အရွယ် မူလ အသွင်အပြင်ပုံစံနှင့် မြင်ဖူးသည်ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့သည် ပန်းလေး၏ လူသားအသွင်ကို မမြင်ဖူးကြပေ။
“ပန်းလေး အဲလူဆိုးတွေက ယူယူ့ကိုသတ်ချင်နေတယ်” ဟိန်းသံလေး သည် ရှီမန်ဖန်၏ ပခုံးပေါ်မှနေ၍အော်လေသည်။
သူသည် အစကတည်းကပင် တိုက်ပွဲအမျိုးအစား ဝိညာဉ်သားရဲမဟုတ် ပေ။ ထို့ကြောင့် တခြားသူများနှင့်ယှဉ်လျှင် တိုက်ပွဲစွမ်းအားမှာ များစွာအား နည်းလေသည်။ ထို့အပြင် သူ့ဒဏ်ရာမှာ လုံးဝမပျောက်ကင်းသေးသဖြင့် တိုက်ပွဲတွင်ဝင်ပါရန် မတတ်နိုင်သေးပေ။ သူအများဆုံးလုပ်နိုင်သည်မှာ ပန်း လေးကို အားပေးရန်ဖြစ်သည်။
“ဟင်း အဲပိုးကောင်လောက်ကများ ငါ့သခင်ကိုသတ်ရဲသေးတယ်” ပန်းလေး နှာမှုတ်လိုက်သည် “ငါ့သွေးကြွေးကိုလည်း ဒီနေ့ရှင်းဖို့ဖြစ်လာတာပဲ အဲတုန်းက ငါ့ရဲ့ခန္ဓာကိုယ်အစစ်ကိုဖျက်ဆီးခဲ့တယ် ဒီနေ့ကို မင်းတို့အပြစ် အတွက် သွေးပြန်ပေးဆပ်ရမယ်”
“သွေးကြွေးဟုတ်လား” နတ်ဆိုးမျိုးနွယ်ဝင်များသည် ပန်းလေးပြောနေ သည့်အကြောင်းအရာကို မသိပေ။ သို့သော် ပန်းလေး၏ မူလအသွင်အပြင်ကို မြင်လိုက်သည်နှင့် သူမပြောသည့်သွေးကြွေးဆိုသည်ကို နားလည်သွားကြ သည်။
ပန်းလေး၏ လက်ချောင်းဆယ်ချောင်းသည် အမြစ်၁၀ချောင်းဖြစ်သွား သည်။ မရေတွက်နိုင်သော အမြစ်ခွဲများသည် အမြစ်မှဖြာထွက်ပြီးနောက် ထို အမြစ်များသည် လူသားအရပ်တစ်ရပ်စာ ပန်းများဖြင့်ပြည့်သွားလေသည်။ ပန်းတိုင်းတွင် ရွှေရောင်အကြောများထွက်ပေါ်လာပြီး ပန်းလေး၏ သရုပ်မှန် ကို ပြသလေသည်။
“အသားစား ပန်းဘုရင်ပဲ” ဟွာနင်သည်လည်း ပန်းအမျိုးအစား နတ်ဆိုး သားရဲဖြစ်သောကြောင့် အသားစားပန်းဘုရင်ကိုမြင်သောအခါ တုန်ယင်လေ သည်။
လော့လီနှင့် တခြားသူများသည် အသားစားပန်းဘုရင်ကို သည်နေရာ တွင်တွေ့လိမ့်မည်ဟု ထင်မထားကြပေ။ သူမ အစောပိုင်းကပြောလိုက်သည့် သွေးကြွေးဆိုသည့်အကြောင်းကို တွေးပြီး တစ်ခါက သူတို့ အသားစားပန်းကို သတ်ခဲ့သည်ကို ပြန်တွေးပြီးအော်လိုက်ကြသည် “မင်းက အဲဒီအသားစားပန်း ပဲ အဲတုန်းက မင်းကိုသတ်လိုက်ပြီမဟုတ်ဘူးလား”
“ဟင်း အဲတုန်းက မင်းတို့က ငါ့ရဲ့အမြစ်တွေအကုန်လုံးကို မီးလောင် တိုက်သွင်းလိုက်တယ်လေ… ငါ့ရဲ့ ပင်မအမြစ်ကိုရှာမတွေ့လို့ ငါ့ကိုမရှင်း လိုက်နိုင်တာတော့ မင်းတို့အတွက် နှမြောဖို့ကောင်းတယ် အဲအစားငါက အသားစားပန်းဘုရင်ဖြစ်ခဲ့တယ်လေ” ပန်းလေးသည် သူတို့ကို မုန်းတီးစွာ ကြည့်လိုက်လေသည်။
“မင်း အသားစားပန်းဘုရင်ဖြစ်အောင် ငါတို့က ကူညီထားမှတော့ သွေးကြွေးရှင်းမယ့်အစား ငါတို့ကိုကျေးဇူးတင်သင့်တယ်” လော်လီသည် ပန်းလေး လက်စားချေမှုကို ကျေးဇူးတရားအဖြစ်ပြောင်းလာမလားဟု တရားမျှတမှုကိုပင်ပြောနေသေးသည်။
ပန်းလေးထွက်ပေါ်လာသည်နှင့် ပြိုင်ဘက်၏ရောင်ဝါမှာ ချက်ချင်းပင် အနည်းငယ်လျော့ကျသွားသည်ကို ရှီမာယူယူ သတိပြုမိသည်။ ပန်းလေး သည် သူတို့ကိုသတ်ချင်ပါက အရင်ကကဲ့သို့အလွတ်ပေးမည်မဟုတ်ပေ။
သူတို့သည် ပြေးမလွတ်သည်ကို သိသွားသည့်ပုံပင်။ မြွေများသည် တီကောင်အဖြစ်ပြောင်းကာ မြေပေါ်တွင် တွားသွားကြလေသည်။
တကယ်တော့ နတ်ဆိုးမျိုးနွယ်ဝင်များ ကြောက်မက်ဖွယ်ကောင်းသည် မှာ မထူးဆန်းပေ။ အသားစားပန်းဘုရင်သည် သာမန်အသားစားပန်းနှင့် ကွာ ခြားသည်။ အသားစားပန်းဘုရင်သည် အမြစ်အသစ်များကို အကန့်အသက် မရှိ ထုတ်နိုင်သည်။ အရေအတွက်အဆုံးမရှိဟူ၍ပင် ပြောရသည်။ သူမ၏ တစ်ချက်တည်းတိုက်ကွက်သည် လူသောင်းချီတိုက်ရသည်နှင့် ညီမျှသည်။ ထိုကဲ့သို့ တိုက်ခိုက်မှုစွမ်းရည်သည် ရှီမာယူယူကို ခြောက်လှန့်နိုင်ခြင်းမရှိ သဖြင့် သူမသည် နတ်ဆိုးလောကိုအနိုင်ယူနိုင်ခဲ့သည်။
ပြောစရာပင်မလိုပေ ရှီမာယူယူနှင့် စာချုပ်တည်ဆောက်ပြီးနောက်တွင် သူမသည် ယှဉ်မရနိုင်အောင် သန်မာလာပြီးနောက် အဆင့်တက်ခဲ့သည်။ အခုချိန်တွင် သူမသည် အရင်ကထက် အရွယ်ရောက်ကာ သန်လာလာလေ ပြီ။
“အဲလိုဆိုရင် မင်းကိုလည်းသတ်ပေးရမှာပေါ့ ပြီးရင် မင်းကို တစ္ဆေ ဘုရင်အဖြစ်ပြောင်းပေးမယ် အဲဒါပြီးရင်တော့ ငါ့ကိုကျေးဇူးတင်ရမယ်” ပန်းလေးပြောပြီးသည်နှင့် မရေမတွက်နိုင်သော ပန်းများသည် နတ်ဆိုးမျိုးနွယ်ဝင်များကို တိုက်ခိုက်လေသည်။
ပထမဆုံးသေသူမှာ ဟွာနင်ဖြစ်သည်။ အပင်အမျိုးအစားသားရဲဖြစ် သည်နှင့်အညီ ပန်းလေးရှေ့တွင် သူမ၏ တိုက်ခိုက်မှုစွမ်းရည် ကျရှုံးလေ သည်။ သူမသည် နှလုံးခုန်သံတစ်ချက်တည်းနှင့် ရှုံးနိမ့်ခဲ့သည်။
လော့လီနှင့်တခြားသူများသည် ပြန်တိုက်ခိုက်နိုင်မည့်အရာအားလုံးကို လုပ်ကြကာ ပန်းလေး၏ ပန်းများကိုဖျက်ဆီးခဲ့သော်လည်း ပန်းပွင့်သည့်အရှိန် ကို မထိန်းနိုင်ပေ။ ထို့အပြင် ထိုပန်းများသည် ပန်းလေးနှင့် မသက်ဆိုင်ပေ။
“အာ..” လော်လီသည် ပန်းဆယ်ချီအကြားတွင် ဝန်းရံခံနေရာကာ အနည်းငယ်ဖျက်ဆီးပြီးနောက်တွင် ကျန်ပန်းများ၏ စားခြင်းကိုခံလိုက်ရလေ သည်။
ပန်းထဲတွင် သေးငယ်သောသွားများစွာရှိကာ သွားတစ်ချောင်းချင်းစီ သည် အဆိပ်များရှိကြသည်။ လူတစ်ယောက် ပန်းအစားခံလိုက်ရသည်နှင့် ချက်ချင်းပင် ထုံသွားပြီး လှုပ်ရှားနိုင်မှုအာရုံ ဆုံးရှုံးလေသည်။ သူသည် ပန်း စားသည်ကို ဘာမှမလုပ်နိုင်ဘဲ မျက်လုံးဖွင့်ပြီးသာ ကြည့်ရုံသာရှိတော့သည်။
ထိုနေရာတွင် နတ်ဆိုးမျိုးနွယ်များ ဆယ်ဂဏန်းရှိကာ ပန်းလေးသည် သူတို့ကိုရှင်းရန် မိနစ်ဆယ်ဂဏန်းသာ သုံးလိုက်ရလေသည်။ ပြီးနောက်တွင် အောက်မှလူများအားလုံး မှင်တက်နေသည်ကို မြင်လိုက်ရသည်။
“မဖြစ်နိုင်လောက်အောင် အားကောင်းလိုက်တာ” လူတစ်ယောက် သည် ထုံထိုင်းစွာ ကြေညာလေသည်။
“သူမနဲ့ အိမ်မက်လေး ဘယ်သူပိုအားကောင်းလဲ သိချင်လိုက်တာ”
“ဘယ်သူက အားပိုကောင်းကောင်း ငါတို့ထက်တော့ နှစ်ယောက်လုံး အားပိုကောင်းတယ်”
“အမှန်ပဲ”
“ဒုတောင်ကြားခေါင်းဆောင်က အားအကောင်းဆုံးဖြစ်တုန်းပဲ အားကောင်းတဲ့ စာချုပ်သားရဲတွေက သူ့ဟာတွေပဲ”
“ငါတို့ ဒုတောင်ကြားခေါင်းဆောင်က လူသားရောဟုတ်သေးရဲ့လား ငါတို့ကလူသားတစ်ယောက်ရဲ့ နောက်လိုက်တွေလား မဟုတ်ရင် နတ်ဘုရား ရဲ့ နောက်လိုက်တွေလား”
“မေ့လိုက်တော့ နတ်ဘုရားဆိုတာက ကောလဟလပဲ ဒုတောင်ကြား ခေါင်းဆောင်က ဒီမှာရှိနေတာပဲ ဟီးဟီး သူက ငါတို့ ဒုတောင်ကြားခေါင်း ဆောင်ဖြစ်နေတာ ကောင်းလိုက်တာ သူသာ ငါတို့ရန်သူဆိုရင် ငိုချင်မိမှာပဲ”
***